Channel Myanmar

Tara

Vaamana (2025)
Vaamana (2025) Vaamana 2025 ကလဲ့စားဂူနာက အေးချမ်းသာယာတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ သာမန်လူငယ်လေးတစ်ယောက်ပါ ရိုးသားကြိုးစားပြီးမိသားစုကို ချစ်မြတ်နိုးတဲ့သူတစ်ယောက်ဆိုလည်း မမှားဘူးပေါ့ ဒါပေမဲ့ သူ့ရဲ့ဘဝက မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် လုံးဝပြောင်းလဲသွားခဲ့ရပါတယ်အတိတ်မှာ ဂူနာနဲ့ သူ့ရဲ့မိသားစုက ရက်စက်ကြမ်းကြုတ်တဲ့ လူဆိုးဂိုဏ်းရဲ့သားကောင်တွေ ဖြစ်ခဲ့ရတာပါ အဲဒီအဖြစ်အပျက်ကြောင့်ပဲ ဂူနာက နာကျင်မှုတွေ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးသူ့ရဲ့နှလုံးသားထဲမှာ လက်စားချေလိုတဲ့စိတ်ဟာ အမြစ်တွယ်လာခဲ့ပါတော့တယ်လက်စားချေဖို့စောင့်နေတဲ့ ဂူနာက ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာကိုပါ ကြံ့ခိုင်အောင် လေ့ကျင့်ပြင်ဆင်ထားပြီး သူ့ရန်သူတွေကို တစ်ယောက်ပြီးတစ်ယောက် ချဉ်းကပ်ဖို့ ကြိုးစားတာကို ကြည့်ရှုရမှာပါဒီခရီးလမ်းမှာ ဂူနာက မထင်မှတ်ထားတဲ့ မိတ်ဆွေတွေနဲ့လည်း တွေ့ဆုံနိုင်သလို အန္တရာယ်ရှိတဲ့ ရန်သူတွေနဲ့လည်း ရင်ဆိုင်ရမှာဖြစ်လို့ လိုက်ပါကြည့်ရှုလိုက်ပါဦးနော်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…2GB / 1GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 14min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Vaamana (2025)

Kotee (2024) 6.5
Kotee (2024) Kotee (2024) "ကိုတီ"CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ ကန်နားဒါး သည်းထိပ်ရင်ဖို/ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရိုးသားမှုဆိုတာ မနည်းရှာဖွေယူရမယ့် ဂျာနာသာမြို့လို သူခိုးသူဝှက်ပေါများတဲ့နေရာမှာ အလုပ်မျိုးစုံလုပ်ရင်း အမေ၊ ညီလေး၊ ညီမလေးတို့ကို ရိုးရိုးသားသားလုပ်ကျွေးသူ 'ကိုတီ' ညီမ မင်္ဂလာဆောင်နိုင်ဖို့၊ ညီဖြစ်သူအတွက် လုပ်ငန်းထောင်ပေးနိုင်ဖို့၊ အိမ်လေးကို ပြုပြင်ဖို့ တစ်ကုဋေကို မခိုးမဝှက်ဘဲ ရှာမယ်လို့ ကြွေးကြော်ထားတဲ့ ကိုတီနဲ့ သူ့အလုပ်ရှင်တို့ ပြဿနာတက်ကြရာ ...သူ့ကို ဒေါသထွက်သွာစေတဲ့ စကားတစ်ခွန်းကတော့ "လူတိုင်းရဲ့အတွင်းစိတ်မှာ သူခိုးတစ်ယောက်ကိန်းအောင်းနေတယ်" ဆိုတဲ့ စကားပါပဲ ဒါကို တစ်စက်လေးမှ လက်မခံတဲ့ ကိုတီတစ်ယောက် ပိုက်ဆံချေးဖို့လိုလာတော့ ဂိုဏ်းခေါင်းဆောင်တစ်ဦးနဲ့ ပတ်သက်မိတဲ့အခါမှာ ပင်ကိုရိုးသားမှုကို သူဆက်ထိန်းနိုင်ဦးမလားဆိုတာ ပရိသတ်ကြီး အားပေးကြည့်ရှုပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Linn Lunn ~ ToMo ~ Alex ~ Yunni တို့ ဖြစ်ပါတယ် File size… 3.14GB / 1.70 GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard ...
movie

Kotee (2024)

2024
Tagaru Palya (2023) 8.7
Tagaru Palya (2023) Tagaru Palya (2023) "ချိုကုတ်မွှေတဲ့ ရိုးရာပွဲ"IMDb-8.9/10 ပရမ်ကူးမားလို့ နာမည်ကျော်တဲ့ ကန်နေဒါမင်းသားကြီး ပရမ်ရဲ့ သမီးချောလေး အမ်ရူသာပရမ်ရဲ့ ပွဲဦးထွက် ကန်နေဒါစကားပြော အိန္ဒိယဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေ။ကျေးလက်သဘာ၀နဲ့ ရိုးရာဓလေ့တွေအပြင် အချစ် ဟာသရောနှောထားပြီး ဆိတ်ကလေးတကောင်ပါ အဓိကပါဝင်ထားတာမို့ အပျင်းပြေစရာ ရုပ်ရှင်တစ်ကားဖြစ်စေမှာပါ။ သမီးဖြစ်သူကို ဆင်စီးမြင်းရံတာမြင်ချင်တဲ့ ဖခင်တစ်ယောက်အနေနဲ့ သမီးဖြစ်သူကောင်းကောင်းမွန်မွန် အိမ်ထောင်မှုတစ်ခုပြုနိုင်ရင် ရိုးရာပွဲကျင်းပဖို့ရည်မှန်းထားပါတယ်။သူ့ရည်မှန်းချက်အောင်မြင်သွားတဲ့အခါမှာတော့ ရိုးရာဓလေ့အတိုင်း တောထဲက ဘုရားကျောင်းမှာ ဆိတ်တစ်ကောင်ကို ယဇ်ပူဇော်ပြီး ရိုးရာပွဲကျင်းပဖို့စီစဉ်ပါတော့တယ်။ သားမက်လောင်းက မြို့ပေါ်က အင်ဂျင်နီယာဆိုတော့ တစ်ရွာလုံးကိုကြွားလုံးထုတ်ပြီး ရိုးရာပွဲကိုဖိတ်ခဲ့ပါရော။အသားနဲ့အရက်ပါမှာဆိုတော့ တစ်ရွာလုံးက ကာလသားကြီးငယ် မိန်းမပျိုအိုမကျန်လိုက်ကြတာပေါ့။ အဲဒီမှာပဲ အဖေ့စကားနားထောင်ပြီး လက်ထပ်ပါမယ်ဆိုတဲ့ သမီးဖြစ်သူရဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားပေါ်လာတဲ့အချိန်...။ ယဇ်ပူဇော်ဖို့ရာ သယ်လာခဲ့တဲ့ ချိုကုတ်နဲ့ဆိတ်ကလေးက အငြိမ်မနေပဲမွှေတဲ့အခါမှာတော့...။ အဖေဖြစ်သူတစ်ယောက် ဘယ်လိုတွေစီမံပြီး ဘယ်လိုဒုက္ခတွေ တွေ့မလဲဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပါပဲ)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie

Tagaru Palya (2023)

2023