Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tang Xu
5.9
Acupuncture Needle ( 2024 )
ဆေးပညာက လူကိုကုသပေးနိုင်သလို သေအောင်သတ်နိုင်တယ်တဲ့။ မှုခင်းရုပ်ရှင်ကြိုက်နှစ်သက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် Acupuncture Needle ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကျန်းမြို့ မြို့ပြင်က လန်ထင်တည်းခိုခန်းမှာ အမျိုးသမီးအလောင်းတစ်လောင်းကို တွေ့တယ်ဆိုပြီး တိုင်ကြားလာပါတယ်။ သွားရောက်စစ်ဆေးပြီးနောက် ရဲတပ်ဖွဲ့တွေက သေသူက မြို့နယ်ဆေးရုံက အလုပ်သင်ဆရာဝန် ထုံဟွဖြစ်ကြောင်း သိခဲ့ရပါတယ်။အလောင်းမှာ အပြင်ဒဏ်ရာတစ်စုံတစ်ရာ ရှာမတွေ့ဘဲ သေဆုံးသွားတာ ဖြစ်တဲ့အတွက် တရားခံကို ရှာမရ ဖြစ်နေပါတယ်။ ဒီအမှုကို လိုက်လံစစ်ဆေးချိန်မှာ မှုခင်းအဖွဲ့ အဖွဲ့ခေါင်းဆောင်ရွှီခိုင်ဟာ ရဲဖြစ်တဲ့လုထင်ရဲ့ မိဘကလည်း ဒီအမှုနဲ့ ပတ်သက်နေကြောင်း သိခဲ့ရပါတယ်။မှုခင်းရဲ့ နောက်ကွယ်က အတိတ်ကအကြောင်းအရာတွေ တဖြည်းဖြည်း ပြန်လည်ထွက်ပေါ်လာချိန်မှာတော့...... တရားခံအစစ်က ဘယ်သူဖြစ်မလဲ...... အပြင်ရော အတွင်းရော ဒဏ်ရာမမြင်ရအောင် လူကို ဘယ်လိုနည်းနဲ့ သတ်ခဲ့သလဲ...... လူသတ်ရတဲ့ အကြောင်းရင်းကရော ဘာကြောင့်လဲ..... ဆိုတာကို ရုပ်ရှင်ထဲမှာပဲ ဆက်ပြီးအဖြေရှာလိုက်ရအောင်နော်။ Filesize : 1.03 GB / 579 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres ...
movie
Acupuncture Needle ( 2024 )
6
My Dad is an Alien ( 2024 )
သမီးအတွက် အဖေကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကြိုးစားနေတဲ့ လောင်ကျင်းဟာ သမီးလေးကိုတစ်ယောက်ထဲပျိုးထောင်လာခဲ့တယ်။ သမီးလေးမူလတန်းကျောင်းကောင်းကောင်းမှာတက်ရဖို့အတွက် ထမင်းကြော်ရောင်းရင် အဆင့်မြင့်ကွန်ဒိုအတွက်စရံငွေပေးနိုင်အောင်ကြိုးစားခဲ့တယ်။အရာအားလုံးအဆင်ပြေလို့ထင်ရတဲ့အချိန်မှာ ဦးနှောက်မှာကင်ဆာကြိတ်ရှိနေမှန်းသိလိုက်ရတဲ့အခါ...... အာကာသယာဉ်အရမ်းကြိုက်တဲ့သမီးလေးကို သူဟာဂြိုလ်သားပါ ကမ္ဘာကြီးကို ကယ်တင်ဖို့ ထွက်သွားရတော့မယ်ဆိုပြီး လိမ်ညာခဲ့တယ်။ သမီးလေးစိတ်မထိခိုက်ရအောင်ပြောခဲ့တဲ့ အဖြူရောင်မုသာဝါဒတွေကို ထိန်းဖို့ကြိုးစားရင်း သူ့ရဲ့နောက်ဆုံးအချိန်တွေကို သမီးလေးနဲ့အတူဖြတ်သန်းတဲ့ ရင်နင့်စရာကောင်းတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 1.39 GB / 791 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Family Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
My Dad is an Alien ( 2024 )
6.3
Come Back Home ( 2022 )
ဒီနေ့မှာဆိုရင် CM ကပရိသတ်ကြီးကို နာမည်ကြီးဟောင်ကောင်မင်းသား “Donnie Yen” ရဲ့ ဇာတ်ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့ -အေးခဲလှတဲ့ဆောင်းရာသီတစ်ခုအချိန်မှာ ရှန်းကျန့်ခရီးသွားအဖွဲ့နဲ့အတူ မိသားစုတစ်စုဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ချန်ပိုင်တောင်ဆီကို မောင်းနှင်လာခဲ့ကြပါတယ် မူလအစတုန်းကတော့ အရမ်းကိုမှပျော်ရွှင်စရာကောင်းတဲ့ ခရီးစဥ်တစ်ခုဖြစ်ခဲ့ပေမဲ့လို့ ဖခင်ဖြစ်သူ အားသယ်(Donnie Yen) ရဲ့ ပေါ့ဆမှုတစ်ခုကြောင့် အသက် (၈) နှစ်အရွယ်သားဖြစ်သူ ပျောက်ဆုံးသွားမှု ဖြစ်ပေါ်လာခဲ့တဲ့အခါမှာတော့...?သူတို့လင်မယားနှစ်ယောက်ဟာ သားဖြစ်သူပျောက်ဆုံးသွားခဲ့သည့်အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေဆီကို အကူအညီတောင်းခံခဲ့ကြပြီး ရှာဖွေရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့ကြပါတော့တယ် ရှာဖွေရင်း ရှာဖွေရင်းနဲ့ ပုံမှန်ဘေးကင်းချိန်သတ်မှတ်ချက် (၄၈) နာရီအထိ ကျော်လွန်လာခဲ့ပေမဲ့လဲ ကလေးရဲ့အရိပ်အယောင်ကိုတောင်မတွေ့ခဲ့ရပါဘူး တောင့်တင်းခိုင်မာတဲ့လူကြီး အရွယ်တွေတောင် တောင့်ခံနိုင်ဖို့ ခဲယဥ်းလှတဲ့ ဒီရာသီဥတုအလယ်မှာ အသက် (၈) နှစ်အရွယ်ကလေးငယ်လေးတစ်ယောက် တောင့်ခံနိုင့်ပါ့မလားဆိုတဲ့ သံသယတွေက ကယ်ဆံရေးအဖွဲ့တွေဆီ ရိုက်ခတ်လာခဲ့တဲ့အခါမှာတော့...?❐ သူတို့ရဲ့ကယ်ဆယ်ရေးလုပ်ငန်းစဥ်ဟာ ဘာတွေဆက်ဖြစ်သွားမှာလဲ? ❐ အရာရာအားလုံးကိုအံတုပြီး သူတို့တွေဆက်လက်ရှာဖွေကြမလား? ❐ ပျောက်ဆုံးနေတဲ့ ကလေးငယ်လေးကရော ဘေးကင်းကင်းနဲ့အိမ်ကိုပြန်ရောက်နိုင်ပါ့မလား? ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ရှင် ဟောင်ကောင်မင်းသားကြီး “Donnie Yen” ရဲ့ဇာတ်ကားလေးဖြစ်တာမို့ ပိုလို့တောင်လက်မလွှတ်သင့်ပါသေးတယ် အခုပဲကြည့်လိုက်ရအောင်လားနော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres ...
movie
Come Back Home ( 2022 )