Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tan Kai
5.8
The Bodyguard ( 2024 )
CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မြင်တွေ့နေကျ ကိုယ်ရံတော်မျိုးမဟုတ်တဲ့ အမျိုးသမီး ကိုယ်ရံတော်ကိုအဓိကထားပြီး ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် နာမည်ကြီး ဇီဝဆေးဝါးလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောသားဖြစ်သူကဖော်မြူလာအသစ်တစ်ခုကို စမ်းသပ်သုတေသနလုပ်နေရင်း အောင်မြင်လုဆဲဆဲမှာတော့ အဲ့ဒီဆေးဝါးသုတေသနအချက်အလက်ကိုလိုချင်တာကြောင့် လိုက်လံနှောင့်ယှက်နေတဲ့လူတစ်စုရန်ကနေကာကွယ်ပေးဖို့ အဖေဖြစ်သူက ကိုယ်ရံတော်ငှားပေးခဲ့ရာကနေမှ လင်သခင်လေးနဲ့ ကိုယ်ရံတော်မလေး ကျုံးရှောင်နန်တို့ဆုံတွေ့ခဲ့ကြပါတယ်လင်သခင်လေးရဲ့ ဘေးကင်းလုံခြုံမှုအတွက် ဒေသခံရဲစခန်းကတာဝန်ခံခဲ့ပြီး ရဲမှူးကိုယ်တိုင်ကလည်းလိုက်လံကာကွယ်ပေးနေပေမယ့် စခန်းမှူးကိုယ်တိုင်က မသမာသူဘက်ကဖြစ်နေခဲ့တာမို့လို့ သူတို့ဘယ်ပဲသွားသွားလုပ်ကြံခံခဲ့ရပါတယ် အဲ့လိုနဲ့နောက်ဆုံး ဘယ်သူမှမသိတဲ့နေရာကို အရောက်သွားပြီးတော့ ဆေးဝါးစမ်းသပ်မှုကို အပြီးသတ်နိုင်ခဲ့တဲ့အချိန်မှာတော့ သူတို့ဆီကို မသမာသူအုပ်စုကရောက်ရှိလို့လာပါတော့တယ် ယုံကြည်ရသူတွေကြီးပဲသိတာမို့လို့ ဘယ်သူက သစ္စာဖောက်သွားတာလဲဆိုတာကို ဒီအက်ရှင်ကားလေးမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်နော် Filesize : 1.27 GB / 668 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK
movie
The Bodyguard ( 2024 )
5.7
Eliminate Violence and Give You Peace ( 2024 )
ဒီရုပ်ရှင်လေးကတော့ ဒုစရိုက်သမားတွေနဲ့ ရဲတပ်ဖွဲ့တို့ အချင်းချင်း လက်ရုံးရည်နဲ့ နှလုံးရည် ယှဉ်ပြိုင်ကြတဲ့ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-1999 ခုနှစ်မှာ တရုတ်နိုင်ငံမှ တိုင်းပြည်လိုအပ်ချက်ကြောင့် ငွေစက္ကူအသစ် သိန်း၁၀၀၀ ရိုက်နှိပ်ပြီး ကျန်းယန်ဘဏ်မှ တစ်ဆင့် ဖြန့်ဝေဖို့ ရထားနဲ့ သယ်ဆောင်လာခဲ့ပါတယ်။ အဲ့ဒီငွေတွေကို လက်နက်ကိုင် ဓားပြတစ်ဖွဲ့က ဘူတာမှာတိုက်ခိုက်လုယက်သွားခဲ့တဲ့အတွက် မှုခင်းရဲအဖွဲ့ခေါင်းဆောင် ချန်ရုန်က လိုက်လံ စုံစမ်းနေပါတယ်။အဲ့လို လိုက်လံစုံစမ်းခြင်းကနေ သဲလွန်စ အသစ်တွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ချန်ရုန်ရဲ့ ဦးဆောင်မှုအောက်မှာ ရဲတပ်ဖွဲ့ဝင်တို့ အခက်အခဲတွေ အန္တရာယ်တွေကို မမှုပဲ ဒုစရိုက်သမားတွေကို ဖမ်းဆီးနိုင်ဖို့ အစွမ်းကုန်ကြိုးစားရပါတော့တယ်..အခက်အခဲတွေကြားထဲက ပေးဆပ်စွန့်လွှတ်မှုတွေကြားမှာ လုပ်ငန်းစဉ်အောင်မြင်နိုင်ပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie
Eliminate Violence and Give You Peace ( 2024 )
5.7
Chinese Paladin Prequel: The Wine Sword Fairy ( 2024 )
ရှူရှန်းဂိုဏ်းဟာ လူ့ပြည်မှာ ပုန်းအောင်းနေတဲ့ မိစ္ဆာတွေကို လိုက်လံနှိမ်နင်းတဲ့ ဂိုဏ်းဖြစ်ပါတယ်။ ရှူရှန်းဂိုဏ်းက နင်အဆင့်တပည့် စီးထူကျုံးဟာ ထူးခြားတဲ့သွေးစီးဆင်းနေတဲ့အတွက် အရက်မသောက်ရရင်မူးနေတက်ပြီး အရက်သောက်ရမှ နိုးကြားနေတတ်သူ ဖြစ်ပါတယ်။စီးထူကျုံးဟာ သိုင်းပညာမှာ ကျွမ်းကျင်ပေမဲ့ လွတ်လပ်ခြင်းကို နှစ်သက်သူ ဖြစ်တဲ့အတွက် ဂိုဏ်းစည်းကမ်းတွေကို မလိုက်နာပဲ အကြီးအကဲတွေအတွက် ခေါင်းကိုက်စရာတပည့်တစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာ ယုန်မိစ္ဆာမလေး ဖုန်းရှောင်ရွှိနဲ့ တွေ့ဆုံခဲ့ပြီး သူ့စိတ်ထဲမှာ ဖုန်းရှောင်ရွှိကို ရင်းနှီးနေသလို ခံစားနေရပါတယ်။ဖုန်းရှောင်ရွှိကလည်း သူ့ကိုယ်သူ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က စီးထူကျုံးရဲ့ချစ်သူဖုန်းရှောင်ရှန်းရဲ့ ညီမလေးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ နောက်နေ့မှာ ဖုန်းရှောင်ရွှိကို ဆရာဦးလေးက ရှူရှန်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဖုန်းရှောင်ရွှိကနေပြီးတော့ သူ့ဂိုဏ်းတူညီလေး နန်ကုန်းဟွမ်ဟာ ဝံပုလွေမိစ္ဆာဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ နန်ကုန်းဟွမ်ကို ကာကွယ်ပေးဖို့အတွက် စီးထူကျုံးတို့တစ်တွေ ရှူရှန်းမှ ထွက်ပြေးခဲ့ပြီး ယွိကျိုးမြို့ကို ရောက်ရှိလာပါတယ်။သူတို့တစ်တွေ ရှူရှန်းဂိုဏ်းရဲ့ လိုက်လံဖမ်းဆီးခြင်းက လွတ်မြောက်နိုင်ပါ့မလား...... ဖုန်းရှောင်ရွှိကရော ဘာအတွက် စီးထူကျုံးကို လာရောက်ချဉ်းကပ်နေတာလဲ...... စီးထူကျုံးရဲ့ ထူးခြားတဲ့ သွေးမျိုးရိုးကရော ဘယ်က ဖြစ်လာတာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : ...
movie
Chinese Paladin Prequel: The Wine Sword Fairy ( 2024 )
6.2
The Coldest City ( 2023 )
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်နိုင်ငံကို ကျူးကျော်ထားတဲ့ ဂျပန်တွေဟာ လက်နက်ချခဲ့ပါတယ်အဲဒီအချိန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက တုန်းပေဆိုတဲ့ မြို့လေးမှာ အုပ်ချုပ်သူမဲ့နေတဲ့ အခြေအနေမှာ ဒုစရိုက်သမားတွေနဲ့ ပြည့်နှက်နေသလို မကောင်းတဲ့ အင်အားစုတွေဟာ ဒီမြို့လေးမှာ ကြီးစိုးနေပါတယ်။ သူငယ်ချင်းရဲ့ မိသားစုဖြစ်တဲ့ ဖန်းမိသားစုတစ်စုလုံး အသတ်ခံလိုက်ရတာအပြင် ဖူရှန်းဘဏ်က လူ ၃၇ ယောက် အသက်ပေးလိုက်ရတဲ့ အမှုကြောင့် လက်စားချေဖို့အတွက် ပင်းမြို့ကို ရောက်လာခဲ့တဲ့ လက်ဖြောင့်သေနတ်သမား ကုညန့်၊ဒီကိစ္စရဲ့ အဓိက တရားခံဖြစ်တဲ့ လီမိသားစုက သခင်ကြီး လီဟွမ်နဲ့ သားဖြစ်သူ လီချင့်၊ ကုညန့်ကို ကူညီပေးမယ့် လုပ်ကြံသတ်ဖြတ်သူ လောင်ကျောင်း၊ ပင်းမြို့မှာ နေရာရဖို့ မကောင်းမှုအားလုံးကို ကျူးလွန်နိုင်တဲ့ လောဘဇောတိုက်နေတဲ့ စီးပွားရေးသမားတွေ...တစ်မြို့လုံးမှာ ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေတွေကြားမှာ ကုညန့်ရဲ့ လက်စားချေဖို့ အစီအစဥ်ဟာ အောင်မြင်နိုင်ပါ့မလား လုပ်ကြံသတ်ဖြတ်သူဖြစ်တိုင်း မကောင်းတဲ့သူမဟုတ်ဘူးဆိုတာကို သက်သေပြသွားမယ့် လောင်ကျောင်းကရော ကုညန့်ကို ဘယ်လောက်အထိ ကူညီသွားမလဲ ဆိုတာ ဒီဇာတ်ကားလေးမှာ အားပေးကြပါဦးဒီဇာတ်ကားဟာ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲကာလမှာ တိုင်းပြည်ကာကွယ်ရေးမှာ တစ်တပ်တစ်အားပါဝင်ခဲ့ကြတဲ့ လုပ်ကြံသတ်ဖြတ်သူတွေနဲ့ သေနတ်သမားတွေကို ကိုယ်စားပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် Quality : ...
movie
The Coldest City ( 2023 )
6.3
Detective vs. Sleuths ( 2022 )
CM ကနေ ဒီတစ်ခါမှာတော့ စိတ္တဆန်ဆန် လူသတ်မှုတွေကို ဖော်ထုတ်မယ့် Detective vs. Sleuths ဆိုတဲ့ စုံထောက်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဟောင်ကောင်မှာ စိတ္တဇဆန်ဆန် လူသတ်မှုတွေ ဖြစ်ပွားခဲ့ပြီး တစ်ချိုအမှုတွေဆို နှစ်နဲ့ချီပြီး မဖော်ထုတ်နိုင်ဘဲ ရှိနေဆဲအချိန်မှာ အဲ့လိုအမှုတွေကို တစ်ကိုယ်တော် ဖော်ထုတ်နေတဲ့ အံ့ဖွယ်စုံထောက် လီကျွင့်ကတော့ ရဲတပ်ဖွဲအတွက် မျက်စိနောက်စရာဖြစ်လိုနေပါတယ်ဘာလိုလဲဆိုတော့ သူတံတားအောက်မှာ ရေးလိုက်တဲ့ စာလုံးအတိုင်း အမှုတွေ ဖြစ်ဖြစ်လာနေလိုပဲ ဖြစ်ပါတယ် စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် တာဝန်ကနေ ရပ်နားခံလိုက်ရတဲ့သူ့ကို လူတွေက ရူးနေပြီလို သတ်မှတ်ကြပေမယ့် သူကတော့ သူ့ကိုယ်သူအံ့ဖွယ်စုံထောက် ဆိုတာကို သက်သပြဖို အမြဲကြိုးစားခဲ့ပါတယ် လုယက်လူသတ်မှု အလောင်းပျံအမှု ကွင်းဆက်လူသတ်မှု သားသတ်သမားအမှု အစရှိတဲ့အမှုတွေမှာလူသတ်တရားခံရဲ့လှည့်ကွက်တွေကို အံ့ဖွယ်စုံထောက်ကြီး လီကျွင့်က ဘယ်လိုဖြေရှင်းသွားမှာလဲဒီလိုစိတ္တဇလူသတ်မှုတွေ အစတည်ရာကရော ဘယ်ကနေ လာတာလဲ ဟောင်ကောင်ကားပရိသတ်တွေအတွက်တော့ ရင်းနှီးလောက်တဲ့ သရုပ်ဆောင်တွေကပဲ ပါဝင်ထားတာဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်တွေကလည်း အရမ်းမိုက်တာမိုလို စုံထောက်ကားကြိုက်တဲ့သူတွေ အနေနဲ့တော့ သဘောကျမိမှာအမှန်ပဲဖြစ်လို ဒီကားလေးကို ကြည့်ကြည့်ဖို ညွှန်းပေးချင်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime ...
movie
Detective vs. Sleuths ( 2022 )