Channel Myanmar

Takamaru Sasaki

Samurai Rebellion (1967) 8.3
Samurai Rebellion (1967)  Samurai Rebellion (1967)IMDb Rating (8.3) / Rotten Tomatoes (100%) The Human Condition Trilogy, Harakiri , Kwaidan တို့ရဲ့ ဒါရိုက်တာ Masaki Kobayashiရဲ့ ဆာမူရိုင်းရုပ်ရှင်ပါ။ Kobayashiဟာ သူ့ခေတ်သူ့အခါရဲ့ ဂျပန်လူနေမှုအသိုင်းအဝိုင်းကို အကောင်းဆုံးပုံဖော်နိုင်တဲ့သူအဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့သူဖြစ်ပြီး ဆာမူရိုင်းကားဆိုလို့ Harakiriနဲ့Samurai Rebellion လောက်ပဲ ရိုက်ခဲ့တာပါ။ ဒါပေမဲ့ ဒီ၂ကားလုံး ဆာမူရိုင်းမာစတာပိစ်ကားတွေထဲ စာရင်းဝင်ပါတယ်။ Ratingရော ပရိသတ်အသိအမှတ်ပြုမှုရော ထိပ်ဆုံးမှာတွေချည်းပါပဲ။ ကူရိုဆာဝါတို့နဲ့ အပြိုင်ပေမဲ့ ကူရိုဆာဝါလို ရိုက်သမျှကားတိုင်းတော့ အသိအမှတ်ပြုမခံရဘူးပေါ့။ ဒါပေမဲ့ သူ့အသိအမှတ်ပြုခံရတဲ့ကားတွေကလည်း ပုဂ္ဂလိကအမြင်အရတော့ ကူရိုဆာဝါထက် ကြမ်းတဲ့ကားတွေချည်းပါပဲ။ သူနဲ့ ကူရိုဆာဝါ မကွာတဲ့တစ်ချက်ကတော့ Tatsuya Nakadaiနဲ့ Toshiro Mifuneတို့ကိုပဲ ဇာတ်ဆောင်မင်းသားအဖြစ်သုံးကြတာပဲ။ ခိုဘာယရှိကတော့ Tatsuya Nakadaiကို အဓိကသုံးတယ်။ ဒါပေမဲ့ ...
movie

Samurai Rebellion (1967)

1967
The Human Condition I: No Greater Love (1959) 8.5
The Human Condition I: No Greater Love (1959) The Human Condition Trilogy (1959 - 1961)~ IMDb - 8.3/10, Rotten Tomatoes - 73% ~၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။၁၉၅၉မှာပဲ ...
movie

The Human Condition I: No Greater Love (1959)

1959
Throne of Blood (1957) 8.1
Throne of Blood (1957) Throne of Blood (1957)~ IMDb - 8.1/10, Rotten Tomatoes - 96% ~ကူရိုဆာဝါဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ရှိတ်စပီးယားဝတ္တုတွေကို မှီငြမ်းပြီး ရုပ်ရှင်၃ကားရိုက်ဖူးတယ်။ Macbeth ကို မှီငြမ်းပြီး Throne of Blood (1957) ကို ရိုက်ခဲ့၊ Hamlet ကို မှီငြမ်းပြီး The Bad Sleep Well (1960) ကို ရိုက်ခဲ့သလို King Lear ကို မှီငြမ်းပြီး Ran (1985) တို့ကို ရိုက်ကူးခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကို ယူပြီး ဂျပန်ရဲ့ ရေခံမြေခံမှာ ပြန်အသက်သွင်းလိုက်တာတွေပါပဲ။ ဒဲ့ကြီးတော့မဟုတ်ဘဲ ပြင်သင့်တာပြင် ရိုက်ထားတယ်။ ဒါပေမဲ့ သူပြင်ရိုက်ပုံတွေကတော့ တော်တော်လေးပြည့်စုံသလိုတော့ ခံစားရတယ်။ ဆန်းတော့လည်းမဆန်းလှပါဘူး။ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲကိုး။တကယ်ဆို ကူရိုဆာဝါက ရှိတ်စပီးယားရဲ့ ...
movie

Throne of Blood (1957)

1957–