Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Taiji Tonoyama
7.6
Drunken Angel (1948)
Drunken Angel (1948)~ IMDb - 7.6/10, Rotten Tomatoes - 94% ~ကူရိုဆာဝါရဲ့ အစောပိုင်းရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ ဒုတိယကမ္ဘာစစ်အပြီးကာလမှာရိုက်ခဲ့တဲ့ Drunken Angel ဟာ သူပထမဆုံးလွတ်လွတ်လပ်လပ် စိတ်တိုင်းကျ ရိုက်လို့ရခဲ့တဲ့ကားလို့ သူကိုယ်တိုင် ဆိုဖူးတယ်။ Toshiro Mifune နဲ့ ကူရိုဆာဝါ အတူရိုက်ခဲ့တဲ့ ၁၆ကားထဲက ပထမဆုံးကားလည်းဟုတ်တယ်။ A Guide to Japanese Gangster Films (2003) ဆိုတဲ့ စာအုပ်ထဲမှာ စစ်ပြီးခေတ် ယာကူဇာတွေကို ပုံဖော်ထားတဲ့ ပထမဆုံးရုပ်ရှင်ဖြစ်တယ်လို့လည်းဆိုတယ်။ယာကူဇာကားဆိုပေမဲ့ ကူရိုဆာဝါဟာ ယာကူဇာတွေကို နိမ့်ကျတဲ့သတ္တဝါတွေလို့ပဲမြင်ပုံပါပဲ။ ယာကူဇာဆိုတဲ့ ဂျပန်ဂန်းစတားတွေရဲ့ ကြီးကျယ်မြင့်မြတ်ခြင်းတွေ သိက္ခာတွေကို ရှုံ့ချပြီး ယုတ်ပတ်တဲ့လူတွေအဖြစ်သက်သက်ပဲ ပုံဖော်ထားတယ်။ ဒီလူတွေနဲ့ ဆန့်ကျင်ဘက်ကာရိုက်တာအနေနဲ့ နတ်သားငမူးလို့ခေါ်တဲ့ လူဆင်းရဲတွေကို နတ်သားလိုကယ်တင်နေသလို အမြဲလည်းမူးနေတတ်တဲ့ ဆရာဝန်ကာရိုက်တာကိုပါ အဓိကထားပြီး ...
movie
Drunken Angel (1948)
1948
6.7
[18+] Sex and Fury (1973)
Sex and Fury (1973)IMDb Rating (6.7) မလှည့်ဖြစ်တာကြာပြီဖြစ်တဲ့ ဂျပန်ဂန္ဓဝင် Pink Film လေးတွေဆီပြန်လှည့်ကြရအောင်ပါ။Pink Film ဆိုပေမယ့် ဇာတ်လမ်းဇာတ်ကွက်ခိုင်ခိုင်မာမာ ဇာတ်ကောင်အင်အားတောင့်တောင့်တင်းတင်းနဲ့တည်ဆောက်ထားတဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။၁၈၈၆ ဂျပန်နိုင်ငံရဲ့မေဂျီခေတ်မှာ ကျိုကိုဆိုတဲ့ကလေးမလေးရယ် ရဲဖြစ်သူ သူ့ဖခင်ဟာ အတူတူ လမ်းလျှောက်လာကြရင်း သူတို့လူစုကွဲချိန်မှာ သူ့ဖခင်ကိုလူ သုံးယောက်က သတ်ဖြတ်သွားတာခံခဲ့ရပါတယ်။သူ့ဖခင်အလောင်းဆီကို သူရောက်ချိန်မှာတော့ လက်ထဲမှာတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတဲ့ ဖဲချပ်သုံးခုကိုတွေ့ရှိခဲ့ရပြီး အဲ့ဒီဖဲချပ်တွေမှာ ဝက်ဝံ၊ သမင်နဲ့ လိပ်ပြာတို့ပါဝင်နေတာကိုတွေ့လိုက်ရပါတယ်။နောက်ဆယ့်ကိုးနှစ်အကြာမှာတော့ ကျိုတိုဟာ နာမည်ကျော် ဖဲဝိဇ္ဇာ ခါးပိုက်နှိုက်ဝိဇ္ဇာတစ်ယောက်ဖြစ်နေခဲ့ပြီ ဖြစ်ပြီး သူ့ဖခင်အတွက် သွေးကြွေးဆပ်ဖို့ကြိုးစားမှုတွေကိုခေတ်ကာလ နောက်ခံ၊ အဲ့ဒီခေတ်က ခြေရှုပ်နေတဲ့ နိုင်ငံရဲ့အကြီးပိုင်းထဲက မသမာသူတစ်စု၊ ဂိုဏ်းဂဏပြိုင်ဆိုင်မှုတွေနဲ့ ကြမ်းကြမ်းရမ်းရမ်းရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.5 GB) / (680 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Action,Crime Duration….01:30:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias
movie
[18+] Sex and Fury (1973)
1973
8.5
The Human Condition I: No Greater Love (1959)
The Human Condition Trilogy (1959 - 1961)~ IMDb - 8.3/10, Rotten Tomatoes - 73% ~၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။၁၉၅၉မှာပဲ ...
movie
The Human Condition I: No Greater Love (1959)
1959
7.7
Kuroneko (1968)
Kuroneko (1968)~ IMDb - 7.7/10, Rotten Tomatoes - 96% ~Kuroneko ခေါ် The Black Cat ဟာ တိုဟိုက ထုတ်ခဲ့တဲ့ တိုဟိုကို ဂုဏ်တင်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲ ပါခဲ့တယ်။ အဖြူအမဲကားကိုမှ တိုဟိုစကုတ်ဖော်မတ်နဲ့ ရိုက်ထားတယ်။ အဖြူအမဲကားဆိုပေမဲ့ မြင်ကွင်းအပြည့်ရတဲ့ ဖရိန်နဲ့ပဲ ရိုက်ထားတယ်။ ကာလာနဲ့ကားတွေလည်း ဂျပန်မှာရှိနေတာ ဆယ်စုနှစ်နှစ်ခုလောက်ကြာပြီဖြစ်တဲ့ ကာလပေမဲ့ အဖြူအမည်းနဲ့ပဲ ချထားတယ်။ ကောင်းတော့လည်းကောင်းပါတယ်။ သူ့အပြတွေဟာ အဖြူအမည်းနဲ့မှာ Composition နဲ့ Tone က အသေကြည့်ကောင်းတယ်။ ကူရိုဆာဝါရဲ့ Rashomon ကထက် အပြတွေက ကြည့်ကောင်းခဲ့တယ်။ဇာတ်ကတော့ ဂျပန်မြေရှင်ပဒေသရာဇ်ခေတ်မှာ ဇာတ်အိမ်တည်ထားတယ်။ စစ်နယ်ရှင်တွေ တိုက်ပွဲတွေကြမ်းနေခဲ့တဲ့ ခေတ်ပဲ။ ဆာမူရိုင်းတွေ ကြီးစိုးခဲ့တဲ့ ခေတ်ပေါ့။ ဒီကာလမှာ ဆာမူရိုင်းတွေက တော်တော်လေး အာဏာကြီးခဲ့သလို ဘာလုပ်လုပ်တင့်တယ်နေခဲ့တယ်။ ...
movie
Kuroneko (1968)
1968
6.6
(21+)In the Realm of the Senses (1976)
လူတွေစည်းပေါက်သွားတဲ့အခါ အထိန်းကွပ်မဲ့သွားတဲ့အခါ ဆင်ခြင်တုံတရားတွေ ပျက်သုဉ်းသွားတဲ့အခါ လူတစ်ယောက် ချစ်မိရင် ဘယ်လောက်ထိချစ်သွားလဲ ဘယ်လောက်ထိပေးဆပ်လဲ အသက်ကိုတောင်ပဓာနမထားပဲ ဖြစ်သွားခဲ့တဲ့ အဖြစ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဇတ်အိမ်ကောင်းကောင်း ဆက်တင်လှလှလေးတွေနဲ့ ဆင်ဆာမဖြတ်ပဲ ပြန်လည်ပုံဖေါ်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် သရုပ်ဆောင်ချက်တွေ အကြည့်တွေ အရီ အပြောတွေက ပိုင်နိုင်လွန်းလှပါတယ် ဂျပန် Adult ကားလေးတစ်ကားဖြစ်ပြီး အခုထိ ကြည့်ဖူးသူတွေ ရင်ထဲမှာ တသသ ဖြစ်နေတာ Review တွေလိုက်ရှာဖတ်ရင် သိနိုင်ပါတယ် ခရမ်းသီးပုပ်လဲ ၈၅ ရထားပါတယ်ဆာဒါက အိမ်ထောင်သည် တစ်ယောက်ပါ တစ်ချိန်က Date Girl လဲဖြစ်ခဲ့ဖူးပါတယ် စီးပွါးရေးပျက်ပြီးနောက် စားသောက်ဆိုင်လေး တစ်ခုမှာ အလုပ်ဝင်လုပ်ပါတယ် သူမရဲ့အကြည့်တွေက စူးရဲလှပြီး ကျားရဲတစ်ကောင်လို ရဲရင့်နေပါတယ် အဲဒါကို ပိုင်ရှင် အိမ်ထောင်သည် သူဌေးက သတိထားမိလိုက်ပါတယ် သူမရဲ့ ငယ်ရွယ်နုပျိုမှုကိုလည်း သတိထားမိလိုက်ပါတယ်တစ်နေ့မှာတော့ ပိုင်ရှင် ဖန်ဆင်းထားတဲ့ ညွတ်ကွင်းထဲ ဆာဒါ ငြိတွယ်မိ သွားပါတယ် အဲအချိန်မှစပြီးတော့ ဆာဒါရဲ့ တိမ်မြုပ်နေတဲ့ သဘာဝတရားတွေ ဝုန်းကခဲ ထကြွသောင်းကြမ်းပါတော့တယ် လူရှေ့မရှောင်သူရှေ့မရှောင် ဖြစ်ချင်သလိုဖြစ်နေကြတော့တာပါပဲ သူမရဲ့ တောင့်တမှုတွေ ရန်လိုမှုတွေ မနာလိုမှုတွေ က သူ့မရဲ့အကြည့်တွေမှာ အရမ်းအသက်ပါလွန်းလှတယ် ဖြစ်ရပ်မှန်လည်းဖြစ် ဆင်ဆာဖြတ်မထားပဲ ကွက်ကွက်ကွင်းကွင်း ဖေါ်ပြချက်တွေများလှတာကြောင့် DS fans တွေအတွက် တင်ဆက်လိုက်ပါတယ် File ...
movie
(21+)In the Realm of the Senses (1976)
1976