Channel Myanmar

Syska Bowie

Temurun (2024) 6.6
Temurun (2024)  Temurun (2024)IMDb Rating (6.6)ဒေဝီနဲ့ဆီနာတို့ဟာမောင်နှမရင်းတွေဖြစ်ပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီးနဲ့အတူနေထိုင်ပါတယ်။ဆီနာကတော့ အစ်ကိုကြီးဖြစ်ပေမယ့် ဘာကိုမကျေနပ်လို့မကျေနပ်မှန်းမသိ လောကကြီးကိုအရွဲ့တိုက်နေပြီးသူတို့မိခင်ကြီးရဲ့ကိစ္စအ၀၀နဲ့ အိမ်ထောင့်တာဝန်တွေကို ဒေဝီကပဲတာဝန်ယူထားရတာပါ။တစ်ညမှာတော့ သူတို့အိမ်ကို မျက်နှာဖုံးစွပ်လူဆိုးတွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သူတို့ရဲ့မိခင်သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီလူဆိုးတွေဟာ ဆီနာကိုလာရှာတာဖြစ်ပြီး သူမရှိတဲ့အတွက် တွေ့တဲ့သူကိုရန်ရှာသွားခဲ့တာပါ။မိခင်သေဆုံးသွားတဲ့နောက် ကိုယ်စိတ်နှလုံးဂျုံးဂျုံးကျသွားတဲ့ ဒေဝီဟာ သူတို့အမေရဲ့ဝိဉာဉ်ကိုမကြာခဏမြင်လာရပါတယ်။အဲ့ဒီအခြေအနေမှာပဲ ငယ်စဉ်ကတည်းက မိခင်ကိုရောသူတို့ကိုပါစွန့်ခွာသွားခဲ့တဲ့ သူတို့ရဲ့ဖခင်က သူနဲ့အတူလိုက်ခဲ့ဖို့လာခေါ်တဲ့ အချိန်မှာတော့ဒေဝီအနေနဲ့ ဖခင်ကိုရော အစ်ကိုကိုပါစိတ်နာနေပေမယ့် ရွေးစရာလမ်းမရှိတဲ့အတိုင်း သူတို့ဖခင်ခေါ်ဆောင်ရာ သူတို့ရဲ့ အမွေခံ စံအိမ်ကြီးကိုလိုက်ခဲ့တဲ့နောက်မှာတော့..။အဲ့ဒီအိမ်ကြီးကိုရောက်တဲ့ အချိန်မှာ သူတို့မိခင်ရဲ့ခြောက်လှန့်မှုတွေ ရပ်တန့်သွားမှာလား?သူတို့မိဘနှစ်ပါးကွဲကွာခဲ့တဲ့ ကိစ္စရဲ့အဖြေက ဘာဖြစ်မလဲ?သူတို့ရဲ့ခေါ်ဆောင်လာတဲ့ ဖခင်ဖြစ်သူရဲ့ရည်ရွယ်ချက်တွေကရော ရိုးသားရဲ့လား?... အစရှိတာတွေကိုကျောချမ်းစရာ ရှုစားကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.1 GB) / (550 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Thriller Duration….01:27:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Temurun (2024)

2024