Channel Myanmar

Sushama Deshpande

Gharat Ganpati (2024) 7.9
Gharat Ganpati (2024) Gharat Ganpati 2024 ဂါရတ်စံအိမ်ရဲ့ချွေးမလောင်းဂါရတ်မိသားစုက အရှင်ဂါနေ့ရှ်ပူဇော်ပွဲကို ကျင်းပလာခဲ့တာ အခုဆို 124 နှစ်တိုင်ခဲ့ပြီပေါ့။ ရိုးရာကိုအလေးထားတဲ့ ရှေးရိုးစွဲမိသားစုပီပီ အခုခေတ်ရဲ့အယူအဆတွေကိုလည်း သိပ်လက်မခံကြပါဘူး။ဒီလိုနဲ့ တစ်ပတ်လုံးကျင်းပရတဲ့ ဂါနေ့ရှ်ပွဲတော်နေ့ ရောက်လာချိန်မှာတော့ ဂါရတ်မိသားစုကြီးရဲ့ သားဖြစ်သူ ကီတန်တစ်ယောက် ကောင်မလေးတစ်ယောက်ကို ခေါ်လာပြီးတော့ အိမ်ကိုရောက်ချလာပြီး စပရိုက်စ်တိုက်ပါတော့တယ်။အမှန်တော့ ဒီကောင်မလေး ကရီတီက ကီတန်နဲ့ အတူနေချစ်သူဖြစ်ပြီး တွဲနေတာ နှစ်နှစ်ကျော်နေပါပြီ။ ဒါပေမဲ့ ရှေးဆန်လွန်းတဲ့ မိသားစုကဆင်းသက်လာတဲ့သူပီပီ ကရီတီနဲ့သူ့ရဲ့ ပတ်သက်မှုကို လက်မခံနိုင်မှာစိုးတဲ့ကီတန်တစ်ယောက် ကရီတီကို သူငယ်ချင်းအနေနဲ့ပဲ မိတ်ဆက်ပေးပြီး မိသားစုထဲက လူကြီးတွေရဲ့ နှလုံးသားကို အပိုင်သိမ်းဖို့ကြံပါတော့တယ်။ဒါပေမဲ့ မိသားစုဝင်တွေကလည်း ကရီတီနဲ့ကီတန်ရဲ့ ဆက်ဆံရေးကို သေချာမသိပေမဲ့ သံသယဝင်နေကြတဲ့အခါမှာတော့.....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.4 GB / 1.12 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 19min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Gharat Ganpati (2024)

Ajji(2017) 7.2
Ajji(2017) လောကကြီးမှာ ရာထူးရာခံရှိသူတွေ ငွေကြေးဥစ္စာပေါကြွယ်ဝသူတွေဆိုတာအမှုကိစ္စတစ်ခုခု ကျူးလွန်ခဲ့ပြီးရင်တောင် သက်ဆိုင်ရာအကြီးအကဲတွေကိုအဆင့်ဆင့်လာဘ်ထိုး ဖုံးဖိရင်း ပြစ်ဒဏ်မခံရပဲ လွတ်မြောက်လေ့ရှိပါတယ်ဒီဇာတ်ကားလေးမှာလည်း အဘွားအိုတစ်ယောက်ရဲ့ ဆယ်နှစ်အရွယ် မြေးမလေး မန်ဒါဟာသူ့ရဲ့အိမ်အပြန်လမ်းမှာ လူယုတ်မာတစ်ယာက်ရဲ့ မတော်တရော်ပြုခြင်းခံရပြီးသူပြေးလွှားဆော့ကစားနေကျ နေရာအနီးတစ်ဝိုက်က အမှိုက်ပုံတစ်ခုမှာစွန့်ပစ်ခံထားရပါတယ်အဘွားအိုနဲ့မိသားစုအပေါင်းအသင်းတွေဟာ မြေးမလေးကို ရှာတွေ့တွေ့ချင်းမှာပဲရဲအရာရှိတစ်ဦးကို ကျိုးကြောင်းကုန်စင်ပြောပြပြီး အမှုဖွင့်ဖို့ကြိုးစားပါတယ်ဒါပေမဲ့လည်း ကလေးမရဲ့ထွက်ဆိုချက်တစ်ခုအရ တရားခံဟာအမတ်မင်းတစ်ဦးရဲ့ဖြစ်ကြောင်း သိရှိပြီးနောက်ပိုင်းမှာတော့အဆိုပါ ရဲရာရှိဟာ နစ်နာသူ ကလေးမလေးအတွက် တရားမျှတမှုကိုရှာဖွေပေးရမဲ့အစား နစ်နာသူနဲ့မိသားစုဝင်တွေကျူးလွန်မိနေတဲ့တရားမဝင်လုပ်ငန်းတွေကိုသာ အပြစ်ဖို့ပြောဆိုလာပါတယ်ဒီလိုနဲ့ တရားဥပဒေအရ သူ့မြေးမလေးအတွက် တရားမျှတမှုကို မရယူပေးနိုင်တော့ကြောင်းသိလိုက်တဲ့ အဘွားအိုကတော့ တရားမျှတမှုကိုရဖို့ထက်သူ့နည်းသူ့ဟန်နဲ့ လူမဆန်တဲ့ မဒိမ်းကောင်ကို လက်စားချေနိုင်ဖို့ကြိုးစားတဲ့အခါမှတော့သူ့ရဲ့ကြိုးစားအားထုတ်မှုကကော အရာရောက်ပ့ါမလားသူရည်မှန်းထားတဲ့အတိုင်း လုပ်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ရအောင်ဗျာ
movie

Ajji(2017)

2017