Channel Myanmar

Surya Saputra

Bolehkah Sekali Saja Kumenangis (2024) 7.3
Bolehkah Sekali Saja Kumenangis (2024) Bolehkah Sekali Saja Kumenangis (2024)IMDb Rating (7.3) ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Reka Wijaya ရဲ့ အိမ်တွင်းအကြမ်းဖက်မှုအကြောင်း ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား ဒရမ်မာတစ်ပုဒ်ပဲဖြစ်ပါတယ်။Tari ဆိုတဲ့ မိန်းမငယ်လေးက အကြမ်းဖက်တတ်တဲ့ သူ့အဖေ Pras ဆီကနေ သူ့အမေ Devi ကို ကာကွယ်ပေးရင်း အိမ်ကနေမထွက်နိုင် ဖြစ်နေတဲ့သူပါ။Pras က သူ့မိန်းမနဲ့သမီးကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံ၊ အရာရာချုပ်ချယ်‌နေပေမဲ့ Devi ကတော့ သူပြောင်းလဲသွားမှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့သမီးတွေအတွက် အရာအားလုံးကို ငြိမ်ခံဝပ်တွားနေခဲ့တယ်။ဒါပေမဲ့ အကြမ်းဖက်အိမ်ထောင်ဦးစီး အုပ်ချုပ်တဲ့ မိသားစုတစ်စုကြောင့်ရတဲ့ စိတ်ဒဏ်ရာတွေ၊ ရှုပ်ထွေးမှုတွေနဲ့ ဘာကိုမှ မပြောရဲမဆိုရဲတဲ့ Tari တစ်ယောက် သူ့ရဲ့ trauma တွေကိုကုစားပြီး ဘယ်လိုသတ္တိတွေမွေး ပြောင်းလဲမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။တကယ့်လက်တွေ့မှာ ဖြစ်နေရှိနေတဲ့ အကြမ်းဖက်တတ်တဲ့ ‌အိမ်ထောင်ဦးစီးဖခင်လက်အောက်မှာ ချုပ်ချယ်ညှင်းဆဲခံနေရတဲ့ သားသမီးတွေ၊ မိဘတွေဆီက ...
movie

Bolehkah Sekali Saja Kumenangis (2024)

2024
Dear Nathan: Thank You Salma (2022) 7.2
Dear Nathan: Thank You Salma (2022) Dear Nathan Thank You Salma (2022) IMDb 7.2 နသန်နဲ့ဆယ်မာတို့ရဲ့နောက်ဆုံးထွက် ‌ဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ် အမျိုးသမီးတစ်ယောက် Sexual Harassment လုပ်ခံရပြီဆိုရင် " ဘာလို့ညဘက်ကြီးတစ်ယောက်တည်းသွားလဲ ဘာတွေဝတ်ထားလို့လဲဒီအချိန်ကြီးသွားတာကိုး' စသဖြင့် 'လဲ'ပေါင်းများစွာသောမေးခွန်းတွေအမေးခံရတာက ထုံးစံလိုတောင်ဖြစ်နေပါတယ် တောင်းပန်ခံရမယ့်လူကတောင်းပန်နေရတဲ့ ဘဝထဲ မဟုတ်မခံနသန်တစ်ယောက်ဝင်ရောက်သွားခဲ့မိပါတယ်တစ်ဖက်မှာလည်းဆယ်မာက သူ့ကိုဂရုစိုက်မပေးဘူးဆိုပြီး ပြတ်ကြတော့မယ့်အနေအထားပါ ဒါပေမယ့် နသန်လိုက်ကူညီနေတဲ့ကိစ္စကို ဆယ်မာသိသွားတဲ့အခါမှာတော့ မတရားမှုကိုတိုက်ထုတ်ဖို့သူတို့ဘယ်လိုတွေကြိုးစားသွားမလဲ ဒီမတရားမှုကိုရော ဆယ်မာ့နှလုံးသားကိုပါ နသန်တစ်ယောက်အနိုင်ရယူနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.27GB  / 616MB Quality…1080p NF WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Dear Nathan: Thank You Salma (2022)

2022
Dear Nathan: Hello Salma (2018) 7.1
Dear Nathan: Hello Salma (2018) Dear Nathan Hello Salma (2018)IMDb 7.1 လူငယ်သဘာဝကိုမှပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲထိရောက်အောင်ဆွဲဆောင်နိုင်မယ့် ဇာတ်ကားမျိုးရှာနေပါသလား ဆယ်ကျော်သက် vibe အထူးသဖြင့် ဆယ်တန်းကျောင်းသားဘဝကိုပြန်သွားချင်သူတွေအတွက် သင့်လျော်တဲ့ဇာတ်ကားကောင်းဆိုလည်းမမှားပါဘူးနော်..မိန်းကလေးတွေကိုမလေးမစားပြောဆိုရင် အရမ်းမုန်းတဲ့ နသန်က ရန်ပွဲတိုင်းသူမပါမဖြစ်..သူ့ရည်းစားဆိုတာက တစ်ကျောင်းလုံးရဲ့ အဆင့်တစ်ဆယ်လ်မာ ဒီနှစ်ယောက်ကနားလည်မှုတွေနဲ့လက်တွဲခဲ့ကြတဲ့ချစ်သူတွေဒါပေမယ့် ပြဿနာတိုင်းကိုရန်ဖြစ်ပြီးဖြေရှင်းတတ်တဲ့ နသန့်အကျင့်ကိုတော့ | ဆယ်လ်ကနည်းနည်းလေးမှသဘောမကျဘူး ဒီလိုနဲ့ ရာထူးကြီးလူရဲ့သားက မိန်းကလေးတွေနဲ့ပတ်သက်ရင် အထိမခံရွှေပန်းကန် နသန်ကိုမှ သူ့ရည်းစားဆယ်လ်အကြောင်း သွားပုပ်လေလွင့်အပုပ်ချရာက ရန်ထဖြစ်ကြပါလေရော ဆရာက နသန်မမှားမှန်းသိပေမယ့်သူ့ရာထူးနဲ့ အကြပ်ကိုင်လာလေတော့ ခြေချုပ်မိနေတဲ့ဆရာတစ်ယောက် နသန့်ကိုကျောင်းနားခိုင်းပါတော့တယ်ဒီကိစ္စနဲ့ကတောက်ကဆဖြစ်ခဲ့ပြီး အတ္တကိုယ်စီရှေ့တန်းတင်ခဲ့ကြတဲ့ နသန်နဲ့ ဆယ်လ်တို့ရဲ့ ခံစားချက်အဖုံဖုံကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ် ကျီစယ်တတ်တဲ့ကံကြမ္မာကြောင့် သူတို့နှစ်ယောက်ကြားထဲဘယ်သူဝင်လာမလဲ ဘယ်ရထားမှာလွဲခဲ့လဲမသိတဲ့သူတို့နှစ်ယောက် တစ်ဘူတာတည်းမှာပြန်ဆုံနိုင်ကြမှာလား ကျောင်းခန်းထဲမှာ ရည်းစားထားခဲ့ဖူးကြရင်တော့ ဒီကားလေးက အဲဒီခုနှစ်တွေဆီပြန်ရောက်အောင်ဆွဲခေါ်သွားမှာအမှန်ပါပဲ File size…1.5GB / 700MB Quality…1080p WEB DL / 720p  Format..mp4 Duration….1h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Dear Nathan: Hello Salma (2018)

2018