Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Suraj Venjaramoodu
5.6
Padakkalam (2025)
Padakkalam (2025) "လေးယောက်ပေါင်း လောင်းကျော်"သဘာ၀လွန်ကိစ္စတွေကို စိတ်၀င်စားတတ်တဲ့သူတွေအတွက် ဟာသနှောထားတဲ့ မလေယာလမ်စကားပြော လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစပိုင်းမှာတော့ ဒဏ္ဍာရီလာမှော်၀င်ပစ္စည်းတစ်ခုအကြောင်း ပြောပြတာနဲ့ အစပျိုးထားပါတယ်။ တကယ့်ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသားလေးယောက်နဲ့ ထူးဆန်းတဲ့ဆရာတစ်ယောက်အကြောင်းဖြစ်ပါတယ်။ဇာတ်လမ်းစတာက ကောလိပ်ကျောင်းတစ်ခုမှာ သပိတ်မှောက်နေကြတဲ့အချိန်ပါ။ ဌာနမှူးဆရာကို မကျေနပ်လို့ ရာထူးကပယ်ရှားပေးဖို့ ကျောင်းသားတွေ ဆန္ဒပြကြတာပါ။ ကျောင်းသားတွေ ဌာနမှူးအသစ်တင်ချင်သူကတော့ အသစ်ပြောင်းလာတဲ့ ဆရာရန်ဂျစ်ပါ။အဲဒီမှာ သူများလိုလည်း ဆန္ဒမပြဘဲ သူတို့ကိစ္စနဲ့သူတို့ တိုင်ပတ်ပြီး လတ်လျားလတ်လျားလုပ်နေတဲ့ ကျောင်းသားလေးယောက်ရှိပါတယ်။ တစ်ခါတော့ သူတို့ထဲကတစ်ယောက်ကဆရာရန်ဂျစ် မှော်လိုလိုစုန်းလိုလို ထူးထူးဆန်းဆန်းလုပ်နေတာကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။အဲဒီလိုနဲ့ သူတို့လေးယောက်သား အဲဒီကိစ္စကိုအဖြေရှာဖို့ ဆရာရန်ဂျစ်နောက်ကို လိုက်စုံစမ်းကြရင်း အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပါတော့တယ်။နောက်ဆုံးမှာ သူတို့လေးယောက် ဆရာရန်ဂျစ်ရဲ့အမှန်တရားကို သိသွားကြမလား၊ ဆရာရန်ဂျစ်ကရော ဘယ်လိုလူဖြစ်နေမလဲ၊ ဘယ်လိုထူးဆန်းတာတွေ ကြုံရမလဲဆိုတာ ဆက်လက်အဖြေရှာပြီး ကြည့်ရှုလိုက်ကြပါဦး...။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size…2.1 GB / 1 GB Quality…WEB DL 1080p HEVC ...
movie
Padakkalam (2025)
6.2
ED: Extra Decent (2024)
ED: Extra Decent 2024 (မိသားစုရဲ့ အမှောင်ထု)ဒီဇာတ်ကားလေးကတော့ မလေယာလမ်ဘာသာစကားနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး dark comedy thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ဘီနူဟာ သူ့အစ်ကိုကြီးကို အရမ်းချစ်သူတစ်ယောက်ဖြစ်ပါတယ်။ငယ်စဉ်အခါတုန်းက ဘီနူတို့ညီအစ်ကို အတူတူ ဆော့ကစားကြရင်း ဘီနူက ဗိုက်ဆာတယ်ပြောလို့ ရှီဘီတစ်ယောက် တစ်ခုခုချက်ကျွေးဖို့လုပ်ရင်း မီးမတော်တဆမှုဖြစ်ကာ မီးလောင်ဒဏ်ရာများနှင့်ပင် ရှီဘီတစ်ယောက်ဆုံးပါးသွားခဲ့ရပါတယ်။ဒီကိစ္စတွေဖြစ်ပြီးတဲ့အခါမှာ ဘီနူတစ်ယောက် စိတ်ဒဏ်ရာများစွာနဲ့ စိတ်ကျရောဂါကို ခံစားရင်း နေလာခဲ့ရတာပေါ့။ ဖခင်ဖြစ်သူဟာလည်း ဘီနူကို ဘာမှပေးမလုပ်ဘဲ ဟိုဟာဖြင့် မလုပ်တတ် ဒီဟာဖြင့် မလုပ်တတ်ဆိုပြီး အမြဲ ဆူပူကျိန်းမောင်းလျက်ရှိပါတယ်။ဘီနူတစ်ယောက် အသက်အရွယ်ရလာတဲ့အချိန်ရောက်တော့လည်း အစိုးရစာမေးပွဲကို ဖြေလိုက်တိုင်းကျတာ သတ်မှတ်ထားတဲ့အသက်ကန့်သတ်ချက်ကိုကျော်သွားတဲ့အထိပါပဲ။ဒီလိုမျိုးနဲ့ပဲ ဘီနူတစ်ယောက်ဟာ ဘဝကို အလုပ်အကိုင်မရှိဘဲ ဖခင်ဖြစ်သူရဲ့ ပြောဆိုနှိမ်ချမှုတွေကိုခံရင်း ဘဝကို အဆင်ပြေသလိုလေး နေလာခဲ့ပါတော့တယ်။ဘဝကို အဆင်ပြေသလိုလေးနေလာခဲ့ရင်းကနေ ဘီနူတစ်ယောက် သည်းခံမှုတွေ ကုန်ဆုံးသွားတဲ့အချိန်မှာတော့ ............အစ်ကိုဖြစ်သူရဲ့ သေဆုံးမှုအတွက်နဲ့ ဘယ်လိုတွေ လက်စားချေသွားမလဲ ....... အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေတတ်တဲ့ ဘီနူတစ်ယောက် ဘယ်လိုပုံစံကိုပြောင်းလဲသွားမလဲ .......ဆိုတာကို ကြည့်ရှုရမဲ့အပြင် ဟာသနဲ့ ဒရာမာရောနှောပြီး တင်ဆက်ပေးထားတာဖြစ်လို့ ဘောလိဝုဒ်ပရိသတ်ကြီးတို့အတွက် ...
movie
ED: Extra Decent (2024)
6.4
L2: Empuraan (2025)
L2: Empuraan (2025) "နတ်ဆိုး" IMDb - 6.4/10နာမည်ကျော် တောင်ပိုင်းမင်းသားကြီးမိုဟန်လာလ် ပါဝင်ထားပြီး မလေယာလမ်ရုပ်ရှင်သမိုင်းမှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်နေတဲ့အပြင် 2025ခုနှစ် အိန္ဒိယရုပ်ရှင်တွေထဲမှာ ကမ္ဘာတလွှားရုံတင်တင်ချင်း ဝင်ငွေအများဆုံးရခဲ့တဲ့ ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၉ကထွက်ရှိထားပြီး လူကြိုက်များခဲ့တဲ့ Lucifer(2019)ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။နိုင်ငံရေးအရှုပ်၊ နိုင်ငံရေးမသမာမှုတွေကြားက လူမျိုးရေးရန်ပွဲတွေ အာဏာလုယူမှုတွေနဲ့ စခဲ့တဲ့ဇာတ်လမ်း။ရုပ်ရှင်ထဲက အဘွားအိုရဲ့စကားအတိုင်းဆို ငါတို့နိုင်ငံရဲ့ နိုင်ငံရေးဆိုတာက စီးပွားရေးခွင်တစ်ခု၊ အဲဒီနိုင်ငံရေးက ဟိန္ဒူလဲမသိဘူး မွတ်ဆလင်လည်းမသိဘူး၊ ယောကျ်ားမိန်းမတွေ စိတ်ဓာတ်တွေကိုယ်ကျင့်သိက္ခာတွေ မသိဘူးတဲ့။ နိုင်ငံရေးဆိုတာ ကစားပွဲတစ်ခု၊ အရာရာတိုင်းကိုရောင်းစားပစ်တဲ့ အရာတစ်ခုပဲတဲ့။ နိုင်ငံရေးကို ဘာသာတရားနဲ့တွဲလိုက်ရင် ယမ်းပုံပေါ် မီးချလိုက်သလိုပဲ၊ မီးတောက်က အကုန်ဝါးမျိုသွားတော့တာတဲ့။ဒီရုပ်ရှင်မှာလည်း ၂၀၀၂ခုနှစ် ဂူဂျာရတ်မှာဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းကို အခြေခံထားခဲ့ပါသေးတယ်။ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရေး၊ အုတ်အော်သောင်းနင်းဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းတွေကြားမှာ စတီဖန်တစ်ယောက် ဘယ်လိုဆက်ပြီး အကွက်ရွှေ့မလဲဆိုတာ ကြည့်ရှုကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 9.3 GB / 3.4 GB / 1.5 GB Quality…WEB DL ...
movie
L2: Empuraan (2025)
4K HEVC
6.4
Tiyaan (2017)
Tiyaan (2017)"ဗျာဒိတ်" ====================၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော ဘာသာရေး လျှို့ဝှက်သည်းဖို အက်ရှင်ရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ထဲမှာ နာမည်ကြီး မာလျာလမ်မင်းသားတွေဖြစ်ကြတဲ့ အင်ဒရာဂျိသ်ဆူကူမာရန်နဲ့ ပရီသ်ဗီရာ့ဂျ်ဆူကူမာရန်တို့အပြင် မင်းသားကြီး မိုဟန်လာလ်ကလည်း နောက်ခံစကားပြောသူအနေနဲ့ ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့ အေဒီ ၉ ရာစုလောက်တုန်းက တောင်တန်းတွေပေါ်မှာ တရားကျင့်နေတဲ့ ဂုရုကြီးတွေရဲ့ ဂုရုကြီးက သူသိထားတဲ့တရားတွေဟောဖို့ အိန္ဒိယမြောက်ပိုင်းလွင်ပြင် ကန္တာရထဲကို ဆင်းလာတယ်။အဲဒီကန္တာရထဲမှာ သူ့အဆုံးအမကိုလိုက်နာတဲ့သူတွေရဲ့ မျိုးနွယ်တွေ နေထိုင်ကြတယ်။ ဂီရီကတော့ အဲဒီမျိုးနွယ်ထဲကဆင်းသက်လာတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ယောက်၊ သူ့ကို တစ်ရွာလုံးက လေးစားကြတယ်။ဘာသာပေါင်းစုံ အတူတူနေကြတဲ့ သူတို့ရွာလေးကို မဟာရှေဆိုတဲ့ဘုရားကို ကိုးကွယ်တဲ့ လူကုန်ထံတစ်ယောက်က ဘုရားကျောင်းဆောက်ဖို့အတွက်ဆိုပြီး လူမိုက်တွေနဲ့ တစ်ရွာလုံးကို ရွှေ့ခိုင်းတယ်။ဂီရီက အဲဒီပြဿနာကို ဖြေရှင်းဖို့ကြိုးစားရင်းနဲ့ မိုဟာမက်ဆိုတဲ့ မူဆလင်လူငယ်တစ်ယောက်နဲ့အတူ ဘာသာရေးအဓိကရုဏ်းတစ်ခုထဲ အတူပိတ်မိသွားပြီး လွတ်မြောက်ဖို့ ကြိုးစားကြရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.4 GB / 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h ...
movie
Tiyaan (2017)
6.0
Narayaneente Moonnaanmakkal (2025)
Narayaneente Moonnanmakkal (2025)"လွမ်းငွေ့" =======================================ဘဝဆိုတာ တသမတ်တည်းမရှိသလို ကြိုတင်ခန့်မှန်းလို့လည်းမရပါဘူး။ လူရယ်လို့ဖြစ်လာရင် ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်တန်ရင်ခွဲခွာကြရမှာ ဓမ္မတာပါ။ဘဝရဲ့ ပုံမှန်လည်ပတ်နေတဲ့ ပုံသေနည်းတွေအရ မွေးကတည်းက အတူရှိလာတဲ့ မွေးချင်းတွေ၊ မိဘတွေနဲ့ နောက်ဆုံးအချိန်ထိ အတူရှိခွင့်ရတဲ့သူတွေဆိုတာလည်း အင်မတန်ရှားပါတယ်။ဒီရုပ်ရှင်ထဲမှာလည်း ငယ်ငယ်ကတည်းက အတူရှိခဲ့ကြတဲ့ ညီအစ်ကိုသုံးယောက်၊ အရွယ်ရောက်လာတဲ့အခါ တစ်ယောက်တစ်နေရာစီ လွင့်သွားကြတယ်။ကိုယ့်အသိုက်ကိုယ်ဆောက်ကြတယ်။ အဲဒီလိုနဲ့ နှစ်တွေအကြာကြီးကြာတဲ့အချိန်မှာ သူတို့ရဲ့မွေးသမိခင်ကြီးရဲ့ နောက်ဆုံးအချိန်ရောက်လာလို့ ညီအစ်ကိုသုံးယောက်လုံး မိသားစုကိုယ်စီနဲ့ မွေးရပ်မြို့လေးကိုပြန်လာကြတယ်။စကားတွေပြောကြတယ်။ အရက်အတူတူသောက်ကြတယ်။ သူတို့ရဲ့ သားသမီးတွေ အချင်းချင်း မိတ်ဖွဲ့ကြတယ်။အဲဒီလိုနဲ့ ကြည့်ရှုခံစားသူတွေက ညီအစ်ကိုသုံးယောက်ရဲ့ဘဝတွေကို တတိယလူရှုထောင့်ကနေ တဖြည်းဖြည်း မြင်လာရတယ်။ ဒီရုပ်ရှင်လေးဟာ ဇာတ်လမ်းဇာတ်အိမ် ရိုးရှင်းတယ်လို့ထင်ရပေမဲ့ အကွေ့အဝိုက်လေးတွေလည်းပါပြီး ပရိသတ်ကို ဖြည်းဖြည်းချင်း ဆွဲခေါ်နိုင်စွမ်းရှိပါတယ်။ရုပ်ရှင်ထဲမှာ နာမည်ကြီးသရုပ်ဆောင်တွေ မပါပေမဲ့ ရိုက်ထားတဲ့ဒါရိုက်တာကတော့ အင်ဒီးရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေမကြာခဏရတတ်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းကို တင်ဆက်သွားပုံတွေ၊ရုပ်ရှင်ဓာတ်ပုံတွေတော်တော်လှတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းပြီး အချိန်ပေးရကြိုးနပ်စေမယ့် ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်လို့ မာဆလာရုပ်ရှင်ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆိုတင်ဆက်ပေးလိုက်ပါတယ်...။ File size…1.3 GB / 700 ...
movie
Narayaneente Moonnaanmakkal (2025)
6.9
Madanolsavam (2023)
Madanolsavam (2023) "အသုံးချခံ"အခုတစ်ခါမှာတော့ မလေယာလမ် ကျေးလက်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်မာဒါနန်ဟာ အဒေါ်နဲ့အတူတူနေထိုင်ပြီး ကြက်တွေမွေး၊ အလှဆင်ကာ ရောင်းချတဲ့အလုပ်ကို လုပ်ကိုင်ပါတယ်ပူစရာဆိုလို့ အိမ်ထောင်ပြုဖို့ မသေချာရုံကလွဲလို့ ဘဝရည်မှန်းချက် ရေရေရာရာမရှိဘဲ အနှောင့်အယှက်ကင်းကင်းနဲ့ အေးအေးချမ်းချမ်းနေရုံပါပဲတစ်နေ့မှာတော့ ဦးလေးဆိုသူက သူ့ကို ပါတီတစ်ခုက ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခိုင်းမယ်လို့ ပြောတာကြောင့် ဘုမသိဘမသိ လိုက်သွားပြီး ပြိုင်ဘက်ပါတီ နှစ်ခုကြားက ပြဿနာအရှုပ်အရှင်းများထဲ ဘယ်လိုရောက်သွားမလဲ ဆိုတာ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 2.12 GB / 1.04 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Madanolsavam (2023)
8.4
Mura (2024)
Mura (2024) "အကြံအစည်"ကျေးလက်အက်ရှင်-ဒရာမာဇာတ်လမ်းမျိုး နှစ်ခြိုက်ကြတဲ့ ပရိသတ်ကြီးအတွက် မလေယာလမ်စကားပြော ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းမှာ အာဏာရှိတဲ့လူတွေနဲ့ အခြေခံလူတန်းစားတွေကြားက ပြဿနာတွေကို မီးမောင်းထိုးပြထားပါတယ်။ဇာတ်လမ်းထဲမှာတော့ အညတရမိသားစုတွေကနေ ကြီးပြင်းလာတဲ့ သူငယ်ချင်းလေးယောက်ကို အခြေခံရိုက်ကူးထားပါတယ်။သူတို့လေးယောက်ဟာ လုယက်ဓားပြတိုက်ဖို့ ကြံစည်ထားပေမဲ့ တကယ့်လက်တမ်း အတိတ်ကလျှို့ဝှက်ချက်နဲ့ ဖုံးကွယ်ထားတဲ့ မြှုပ်ကွက်တွေပေါ်လာတဲ့အခါ သူတို့ရဲ့သစ္စာတရားကို အစမ်းသပ်ခံရပါတော့တယ်။နောက်ပိုင်း ရည်မှန်းချက်နဲ့ ရင်းနှီးခင်မင်မှုကြား လွန်ဆွဲရင်း ခက်ခက်ခဲခဲရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါ ဘယ်သူက ဘယ်ဘက်ကိုတိမ်းသွားမလဲ၊ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ကြရမှာပါ။အာဏာကိုလက်ကိုင်ထားတဲ့ လူကုံထံအသိုင်းအဝိုင်းက အညတရလူတန်းစားကို အကြမ်းဖက်မှုနဲ့ ရာဇ၀တ်မှုတွေကျူးလွန်ဖို့ ဘယ်လိုလက်ကိုင်တုတ်လုပ်ပြီး အသုံးချမလဲဆိုတာကလည်း စိတ်၀င်စားစရာပါပဲ။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size… 2.02 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood team
movie
Mura (2024)
5.2
Pokkiri Raja (2010)
Pokkiri Raja (2010) "ရာဂျာ" IMDb - 5.2Bramayugam (2024)ဖြူမည်းရုပ်ရှင်က မလေယာလမ်မင်းသားကြီး Mammootty၊ The Goat Life (2024)ထဲက မင်းသား Prithviraj Sukumaranတို့ရဲ့ ၂၀၁၀ကထွက်ရှိခဲ့တဲ့ မလေယာလမ်းအက်ရှင်ဇာတ်ကြမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ရွာတစ်ရွာထဲမှာ ရွာ့မျက်နှာဖုံးမိသားစုနှစ်ခုက နည်းနည်းမှမတည့်ကြ။ ဘုရားပွဲကျင်းပဖို့အတွက် ဦးစီးဦးဆောင်လုပ်ဖို့အရေး မိသားစုနှစ်ခုပေါင်းစည်းဖို့ ရွာလူကြီးကပြောပေမဲ့ နှစ်ဘက်လုံးလက်မခံလို့ မယ်တော်အရှင်မဆီက ဆုံးဖြတ်ချက်ကို လက်ခံဖို့သဘောတူခဲ့ကြတယ်။ ဒီမှာပဲ ကျောင်းဆရာမိသားစုက ဦးဆောင်ကျင်းပခွင့်ရပါရော။ဒါပေမဲ့ တစ်ဘက်မိသားစုကဆယ်ကျော်သက်ကောင်လေး ပွဲကိုဖျက်ဆီးဖို့လုပ်တဲ့အချိန် သေသွားခဲ့ရာကစ ကျောင်းဆရာရဲ့ သားအကြီးဖြစ်သူ ထောင်ကျသွားပါတယ်။ ဒီမှာပဲ သေသွားတဲ့မိသားစုဘက်က အငြိုးကြီးကြီးထားတော့တာပေါ့။ ထောင်ကျသွားတဲ့သားကြီး နှစ်ချီပြစ်ဒဏ်ခံပြီး ပြန်လွတ်လာတဲ့အချိန် သွားကြိုကြတဲ့အခါမှာတော့ အငြိုးတရားကြောင့်ဖြစ်ပေါ်လာတဲ့ သတ်ခန်းဖြတ်ခန်းအက်ရှင်ဇာတ်ကြမ်းတွေနဲ့ မိသားစုကြားက သံယောဇဉ်တွေ ချစ်ခြင်းတရားတွေကို ရှုစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 5.98 GB / 2.75 GB Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Pokkiri Raja (2010)
6.1
Adios Amigo (2024)
Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်းသြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသ ဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီး ဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီး ဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက် ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ...IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။(ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်) File size… 2.69GB / 1.25GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Adios Amigo (2024)
4.4
Grrr.. (2024)
Grrr.. (2024) "ဂါး!!"CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ မလေယာလမ် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်အမျိုးဇာတ်မတူညီလို့ အကြောင်းပြပြီး သတ်ဖြတ်မှုတွေ ပေါများတဲ့ ကီရယ်လာပြည်မှာ ရီဂျီမွန်ဆိုတဲ့ အမျိုးသားတစ်ယောက် ပျောက်ဆုံးသွားတယ်သူကတော့ သူတို့နယ်က အကောင်ကြီးကြီးနိုင်ငံရေးသမားရဲ့ သမီးဖြစ်သူနဲ့ ကြိုက်နေတာဖြစ်ပြီး မီဒီယာနဲ့ လူထုကတော့ သူ့အဖေက သဘောမတူလို့ သတ်လိုက်ပြီလို့ပဲ ထင်ကြေးပေးကြပါတယ်အဲဒီနေ့က သူနဲ့ သူ့ကောင်မလေး ရာချနာ နှစ်ဦးသဘောတူ လက်မှတ်ထိုးကြဖို့ ရာချနာ ချိန်းထားတဲ့နေရာကို သူသွားတဲ့နေ့ ဟိုရောက်တော့ ရာချနာက ဖုန်းလည်းမကိုင် ပေါ်လည်းမလာတာကြောင့် သူ့ချစ်သူက ပစ်သွားပြီအထင်နဲ့ အမူးသောက်ပြီး ဘယ်သို့ဘယ်ပုံ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံရမလဲဆိုတာကို ပရိသတ်ကြီး ကြည့်ရှုအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.14GB / 1.37GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Grrr.. (2024)
6.4
Nadanna Sambhavam (2024)
Nandanna Samhbavam (2024) "လွတ်မြောက်ရာ" IMDb - 6.4/10ခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ မလေယာလမ် မိသားစုဒရာမာ ရုပ်ရှင်ကားလေးပါ။ မလေယာလမ်းမင်းသားကြီး ဘီဂျူးမီနွန် သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဝေဖန်သူတို့ရဲ့ ဝေဖန်သံတွေအမျိုးမျိုးကြားက ရုံတင်ငွေ အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ကြေးရတတ်အသိုင်းအဝိုင်းတွေနေကြတဲ့ရပ်ကွက်ကို မိသားစုတစ်ခု အိမ်ပြောင်းလာတာကနေစပါတယ်။ ချစ်စရာသမီးလေးရယ် ဇနီးချောလေးရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုတစ်ခုကိုဦးဆောင်နေတဲ့ အူနီ။ နေတတ်ထိုင်တတ်တဲ့သူ့ကို ပတ်ဝန်းကျင်က အမျိုးသမီးတွေက အထင်ကြီးလေးစားပြီး အရောတဝင်ရှိကြတာပေါ့။ဒါကိုပဲ မကြိုက်ကြတဲ့ ခင်ပွန်းသည်တွေ ယောကျ်ားသားတွေက ဒီဘဲ ဘာအထာလားဖြစ်ကြရော။ အမြင်မကြည်တာတွေကနေစပြီး တစ်စတစ်စနဲ့ ပြဿနာတွေတက် ရုံးရောက်ဂါတ်ရောက်ဖြစ်ရာကစ ပိုပိုပြီးကြီးထွားလာတဲ့ ပြဿနာတွေကြားမှာ ဒီမိသားစုလေး ပျော်ရွှင်စွာနေနိုင်ပါ့မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Nadanna Sambhavam (2024)
2024
7
Higuita (2023)
Higuita 2023 လှည့်ကွက် Imdb -7.9'ပန်ညာနိုဒ်မူကွန်ဒါ' တဲ့ ကန်နူရ်မြို့မှာတည်ရှိတဲ့ဒီလူက သူ့ရှေ့ကားပိတ်ရပ်ရင်တောင် ပိတ်ရပ်တဲ့ကောင်အသေပါ ဒီလောက်တောင်အာဏာရှိတဲ့နိုင်ငံရေးသမားတစ်ယောက် သူ့ကိုကာကွယ်ပေးတဲ့ဘော်ဒီဂတ်တိုင်းလိုလို လုပ်ကြံခံရပြီး သေဆုံးတတ်တာက ပုံမှန်လိုတောင်ဖြစ်နေလေရဲ့ သတင်းစာတွေ TV သတင်းတွေမှာဆို မတွေ့ချင်မှအဆုံးပေါ့အယာပါဒါ့စ် သူကတော့ဖခင်ဆုံးသွားပြီးနောက် လေလွင့်နေသူတစ်ဦး ဖခင်ကရဲဝန်ထမ်းဖြစ်လို့ စည်းမျဉ်းအရဆက်ဆံသူက ၂နှစ်အတွင်းတာဝန်ဆက်လက်ထမ်းဆောင်ခွင့်ရှိပေမဲ့ ရဲအလုပ်ကိုကြောက်လို့ မလုပ်ချင်လို့ဆိုတဲ့အကြောင်းနဲ့ပတ်ရှောင်လာခဲ့တာ နှစ်အတော်ကြာသွားတာပေါ့ နောက်ဆုံးအမေဖြစ်သူက ကျိန်ဆဲပါလေရော သူ့ထက်အငယ်သမီးမိန်းကလေးရှိသေးတော့ နင့်ညီမကိုပဲ ရဲထဲဝင်ခိုင်းမယ် နင်ကသုံးစားမရဆိုပြီးပြောတာကျ သူကလက်သင့်မခံပါဘူး ဒီလိုနဲ့ သူတို့မြို့က ပါတီခေါင်းဆောင်ကိုအကျိုးအကြောင်းသွားပြောပြီး အဖေရဲ့ရာထူးကို သူ့ကိုပေးဖို့အပူကပ်ရတော့တယ် နိုင်ငံရေးဆိုတော့လည်း အပေးရှိအယူရှိရတာပေါ့သူကဘာပြန်ပေးရမလဲဆိုတော့ ကန်နူရ်ကိုသွားပြီး ပန်ညာနိုဒ်မူကွန်ဒန်ကို ဘော်ဒီဂတ်သွားလုပ်ပေးရမှာပါ သူငယ်ချင်းတွေကလည်း မင်းသွားတာနဲ့သေမှာဆိုပြီးဝိုင်းတား တစ်ဖက်ကလည်း ပါတီကိုကတိပေးပြီးသားဖြစ်နေလေတော့ အယာပါတစ်ယောက် ဘာတွေဆက်လုပ်သွားမလဲ သွားတိုင်းသေတဲ့ဒီရာထူးကို သူကိုင်တွယ်နိုင်မှာလားဆိုတာကိုတော့ ။။။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ Sue ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size… 2.08GB /1.06GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie
Higuita (2023)
2023
5.1
Oru Yamandan Premakadha (2019)
Oru Mandan Premakadha (2019)"မီးတောက်ငယ်လေးတစ်ခု"ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 5.1 ရရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးဟာဆိုရင်တော့ဖြင့် B.C Noufal ရိုက်ကူးထားပြီး 2019 မှာ ထွက်ရှိခဲ့တဲ့ မလေယာလမ်စကားပြော အချစ်ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ မင်းသား Dulquer Salmaan ဟာ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ လူငယ်လေး လာလူအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လာလူဟာ ဆေးသုတ်သမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်စရာတွေ မကောင်းမှုတွေ တူတူလုပ်လိုက်နဲ့ တစ်ရက်တစ်ရက် အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။လာလူဟာ လူငယ်သဘာဝ ပျော်တတ်ပါးတတ်ပေမဲ့ မိသားစုနဲ့ ပတ်သက်ရင်တော့ အလေးထားတတ်သလို ဖခင်ဖြစ်သူရဲ့ ဆန္ဒတွေကိုလည်း အလေးထားပါတယ်တဲ့။ တစ်နေ့မှာတော့ သတင်းစာတစ်ခုကနေ ပျောက်ဆုံးနေတဲ့ အမျိုးသမီးလေး တစ်ယောက်ကို မြင်ပြီး ချစ်မိသွားပါေတာ့တယ်။ ဘယ်ကမှန်းမသိ ဘယ်လိုလူမှန်းမသိတဲ့ မိန်းကလေးဖြစ်သူ ဒီယာကို ချစ်မိသွားတဲ့အခါ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရင်း ...
movie
Oru Yamandan Premakadha (2019)
2019
8.0
Mukundan Unni Associates™ (2022)
Mukandan Unni Associate ==================== imdb rating 8.0/ 1.5k၂၀၂၃ မှာထွက်ရှိလာတဲ့ ဒီကားလေးက အင်ဒီယန်း မာလာရမ် စကားပြောရုပ်ရှင်ဖြစ်ပြီး ရှားရှားပါးပါးblack comedy အမျိုးအစားဖြစ်ပါတယ်။ Night crawler ကြည့်ဖူးတဲ့သူတွေဆိုရင် အဲ့ထဲက မင်းသားဘယ်လောက်တောင် သောက်ခွက်ဖြတ်ရိုက်ချင်စရာကောင်းလဲသိမှာပါခုဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ရှေ့နေမူကန်ဒန်ရဲ့ မအောင်မြင်တဲ့ဘဝကနေ အောင်မြင်လာအောင် ဘယ်လိုတက်ကျမ်းတွေကို ဘယ်လိုသုံးပြီး အိန္ဒိယကားများထုံးစံ နိုင်ငံရေး ကျန်းမာရေး ရဲ တရားသူကြီး ရှေ့နေ တစ်ခုမကျန် ပတ်လှောင်ထားတာကိုတွေ့ရမှာပါဒီမင်းသားရဲ့ ယဉ်ယဉ်လေးရူးနေတဲ့ပုံစံနဲ့ ဇာတ်ကိုသယ်သွားတဲ့ပုံက ဇာတ်လမ်းပြီးသွားတာတောင် မသိလိုက်ရလောက်အောင် ဇာတ်ရှိန်လုံးဝမကျတဲ့ထိပါပဲ အဲ့တော့ ပရိသတ်များခံစားဖို့အတွက် ဒီအောင်မြင်ကြီးပွားရေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.39GB / 829MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ThuRein Lynn
movie
Mukundan Unni Associates™ (2022)
2022
6.7
Heaven (2022)
Heaven(2022) Imdb-6.7/10 ဒီဇာတ်ကားမှာတော့ အခြားဘောလိဝုဒ် လူသတ်သမားရှာဖွေတဲ့ကားတွေနဲ့မတူညီဘဲ လူသတ်သမားလူဆိုးကိုကြိုတင်ပြထားတာတွေ အရိပ်အမြွက်ပြောထားတာတွေနည်းနည်းလေးမှ မရှိတဲ့ စုံစမ်းရေးရဲအရာရှိတစ်ယောက်ရဲ့ အမှုကိုနည်းစနစ်ကျကျလိုက်လံစုံစမ်းဖော်ထုတ်ပုံကို အသေးစိတ်စိတ်ဝင်စားဖွယ်ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ်စုံစမ်းစစ်ဆေးရေးရဲအရာရှိပီတာကူရီရှင်းကယ် တနေ့မှာတောအုပ်ထဲမှာပုပ်ပွသေဆုံးနေတဲ့အလောင်းတစ်လောင်းကို ရှာတွေ့ရာကနေ အဲ့ဒီအလောင်းကနေရနိုင်သမျှသဲလွန်စတွေကိုအသုံးချပြီး လူသတ်သမားကိုလိုက်ဖို့ကြံစည်ပါတော့တယ်ရဲအရာရှိပီတာက ဖြောင့်မတ်ပြီးအလုပ်ကြိုးစားတဲ့ရဲတစ်ယောက်ဖြစ်ကာ သူ့အမေနဲ့သူ့ရဲ့မိတဆိုးသားလေးပဲရှိတဲ့မိသားစုကိုတောင် အချိန်မပေးနိုင်ဘဲ အေးတိအေးစက်ဆက်ဆံတတ်တဲ့အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ပါတယ် ဒီကားမှာတော့ ဗီလိန်နဲ့ဇာတ်လိုက် battleဆိုင်တာတွေ Tempoအတက်အကျဖြစ်အောင် အဓိကမရိုက်ပြထားဘဲ ရဲအရာရှိတစ်ဦးရဲ့ဘဝကို ထင်ဟပ်စေမဲ့လူမှုရေးတာဝန်လစ်ဟင်းမှုတွေ ဖွင့်မပြောပေမဲ့ခံစားတတ်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာတွေ(စာရေးသူရဲ့ အဖေအတိုင်းပါပဲ)၊ကို ကွက်ကွက်ကွင်းကွင်း အသားပေးရိုက်ပြထားလို့ ကြည့်ရှုသင့်တဲ့ drama mystery ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…1.8GB / 861MB Quality…1080p HQ AVC AAC5.1CH / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Allena & Kham Mon & Kevin Ag & Yunni
movie
Heaven (2022)
2022
8.6
Jana Gana Mana (2022)
Jana Gana Mana (2022)ဧပြီလ၂၈ ရက်နေ့ကမှ ထွက်ရှိခဲ့တဲ့ Malayalam- language အိန္ဒိယကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။Central University မှာ ပါမောက္ခအဖြစ်နဲ့ ပညာရပ်တွေ သင်ကြားပို့ချပေးနေတဲ့ဆရာမလေး Saba Mariyam က ညတစ်ညမှာ ကျောင်းက ပြန်လာရင်း အဓမ္မပြုကျင့်ခံရပြီး မီးရှို့သတ်ခံလိုက်ရပါတော့တယ်။နဂိုကတည်းက စာသင်ရတာ နှစ်သက်ပြီး ကျောင်းသားတွေချစ်တဲ့ ဆရာမလည်းဖြစ်တဲ့အပြင်ကျောင်းမှာ ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်လုပ်ရင်း ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ရဲ့စကားအမှားကြောင့် ကျောင်းတွင်းဆန္ဒပြပွဲ ဖြစ်လာခဲ့ပါတယ်။ အဲဒီလိုကနေ ရဲတွေကကျောင်းထဲအထိ ရိုက်နှက်ထိန်းချုပ်တာကတစ်ဆင့် တစ်နိုင်ငံလုံးက ကျောင်းသားထုရဲ့ အရေးတော်ပုံ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ ကျောင်းသားအရေးတော်ပုံ စတင်ဖြစ်ပေါ်စေတဲ့ ဆရာမလေးသတ်ခံရတဲ့ မှုခင်းနောက်ကွယ်မှာတော့နိုင်ငံရေးတွေအထိပါ ပါဝင်နေမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ဒီတော့ ကျောင်းသားနဲ့ရဲတွေကြားအထိကရုဏ်းက ဘယ်လောက်ထိ ပြင်းထန်မလဲ။မှုခင်းနောက်ကွယ်မှာရော ဘယ်သူကတရားခံလဲဆိုတာကို ရင်ခုန်စရာကောင်းအောင်ကြည့်ရှုရမှာပါ။ ဇာတ်လမ်းရော သီချင်းတွေရောအနှစ်တွေချည်း ဖြစ်တဲ့အတွက် ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းပါရစေနော်။ File size…2.02Gb / 971MB Quality…1080p ...
movie
Jana Gana Mana (2022)
2022
5.9
Kodathi Samaksham Balan Vakeel(2019)
Kodathi Samasksham Balan Vakeel 2019ဟာသဆန်ဆန်နဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ မှုခင်းဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဘာလာခရစ်ရှ်နန်က ရှေ့နေ့တစ်ယောက်ဖြစ်ပြီးတော့ စကားထစ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်အလုပ်မှာထက်မြတ်သလောက် နေရာမရတဲ့သူပါ တစ်နေ့မှာ အဖေဖြစ်သူ ငွေလိုအပ်တာကြောင့်ယောက်ဖဖြစ်သူအပ်တဲ့ အမှုကို ကူညီဖို့လုပ်ရာကနေ အရှုပ်တွေဖြစ်လာတဲ့အခါ....အာနူရာဒါက အဖေတစ်ခုသမီးတစ်ခုနေတဲ့သူဖြစ်ပြီး အဖေဖြစ်သူက လူတစ်ယောက်နဲ့တွေ့ဖို့ထွက်သွားရာကနေ ပျောက်သွားတာကြောင့် ရဲစခန်းမှာ တိုင်ကြားချက်ဖွင့်ထားသူပါသူကလည်း ဘာလာခရစ်ရှ်နန်ရဲ့ အရှုပ်အထွေးမှာ ပါဝင်မိရာကနေ ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲစကားထစ်ရှေ့နေတစ်ယောက် ဒီအရှုပ်အထွေးကို ဘယ်လိုဖြေရှင်းမှာလဲဆိုတာဆက်လက်စောင့်ကြည့်ပါဦးနော် File size…2.4GB / 1.2GB Quality…1080p Web DL AAC 5.1ch /720p Format...mp4 Duration….2h 35min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Shwe Pyae
movie
Kodathi Samaksham Balan Vakeel(2019)