Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sunny Singh
6.1
The Bhootnii (2025)
The Bhootnii 2025 (ချစ်ခြင်းကိုတောင့်တနေတဲ့ အချစ်သရဲမလေး)(Official WEB DLမဟုတ်သေးတာကြောင့် ဇာတ်တ်ကားထဲမှာ ကြော်ငြာတချို့ပါတာကိုကြိုတင်သတိပေးအပ်ပါတယ်)နာမည်ကြီးမင်းသားကြီး ဆန်ဂျေးပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ ဟာသလေးတွေနှောပြီး ကြည့်ရှုရမဲ့ သရဲကားအသစ်စက်စက်ကြီးထွက်ရှိလို့လာပါပြီ။စိန့်ဗင်ဆင့်ဆိုတဲ့ ကျောင်းတော်ကြီးမှာ ထုံးတမ်းဓလေ့ပွဲတစ်ခုရှိပါတယ်။ အဲဒီဓလေ့ပွဲကတော့ သူတို့ကျောင်းဝင်းထဲမှာရှိတဲ့ အပျိုစင်သစ်ပင်ဆိုတဲ့ သစ်ပင်ကြီးကို နှစ်စဉ်နှစ်တိုင်း ချစ်သူများနေ့မှာ ပူဇော်လေ့ရှိတဲ့ဓလေ့ပဲဖြစ်ပါတယ်။အဲဒီလို အပျိုစင်သစ်ပင်ကြီးကို ပူဇော်ရင် အချစ်စစ်နဲ့တွေ့ရမယ်ဆိုတဲ့ အယူရှိကြပါတယ်။သို့ပေမဲ့လည်း အဲဒီသစ်ပင်ကြီးမှာ သရဲမတစ်ယောက်ရှိနေပြီး အဲဒီသရဲမဟာ ချစ်သူများနေ့မှာပဲ ပေါ်လာတတ်ပါတယ်။အဲဒီလို သရဲမက ပေါ်လာပြီဆိုရင်လည်း ယောက်ျားလေးတွေ တစ်ယောက်မဟုတ် တစ်ယောက် သတ်သေတာမျိုးက နှစ်စဉ်နှစ်တိုင်းကြုံတွေ့လာရပါတယ်။အဲဒီအကြောင်းကို ကျောင်းသူလေးတစ်ယောက်က သတိထားမိသွားရာကနေတဆင့် ကျောင်းမှ တာဝန်ရှိသူများက ဒီဖြစ်ရပ်ကို တားဆီးနိုင်ဖို့ လုပ်ကြတဲ့အခါမှာတော့ .........ကျောင်းမှ တာဝန်ရှိသူများမှ ဒီကျောင်းရဲ့ ကျောင်းသားဟောင်းဖြစ်တဲ့ ဘာဘာလို့ခေါ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို သိပ္ပံနည်းကျ ဖြေရှင်းပေးတဲ့သူကို ဒီကိစ္စတွေ ဖြေရှင်းပေးဖို့ ခေါ်လိုက်ရာကနေအပျိုစင်သစ်ပင်မှာရှိတဲ့ သရဲမက ဘယ်လိုအကြောင်းတွေကြောင့် ဒီသစ်ပင်ကြီးမှာရှိနေရတာလဲ ........ဒီသရဲမရဲ့ ဘဝ ဇာတ်ကြောင်းကရော ဘာလဲ ......ဘာဘာ တစ်ယောက်ရော ...
movie
The Bhootnii (2025)
7.1
Khel Khel Mein (2024)
Khel Khel Mein (2024) "အရင်းနှီးဆုံးသူစိမ်းများ" IMDb - 7.1/10Remakeမင်းသားကြီးရဲ့ ဘောလိ၀ုဒ်ဟာသဒရာမာရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်က Perfect Strangers (2016)ဇာတ်လမ်းကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာ။ နိုင်ငံတော်တော်များများ ပြန်ရိုက်ထားကြတဲ့အပြင် မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်ကိုက နှစ်ကားထိရှိတယ်။ 12th Man (2012)နဲ့ 1001 Nunakal (2022)တဲ့။ဒီရုပ်ရှင်မှာတော့ အရှေးကူးမား၊ တာ့ပ်ဆီး၊ ပရေ့ဂ်ယာဂျေစ်ဝယ်လ်နဲ့ ဗာနီကပူးရ်တို့လို နာမည်ကျော်သရုပ်ဆောင်တွေပါဝင်ထားကြပါတယ်။အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အလင်းဖွင့်ပေးချင်တဲ့ စေတနာကိုလည်းမြင်တွေ့ရမှာပါ။ဇာတ်အလမ်းအကျဉ်းပြောရရင် သူငယ်ချင်းသုံးယောက်ရှိတယ်၊ သုံးယောက်လုံးက အိမ်ထောင်သည်တွေ။ တစ်ကောင်ရဲ့ခယ်မ မင်္ဂလာဆောင်ရှိရာမြို့ကို သွားကြဖို့ စီစဉ်ထားကြတယ်၊ သွားကြတယ်ပေါ့။ မင်္ဂလာဆောင်မှာတွေ့ကြပြီး သူငယ်ချင်းစုံတွဲသုံးတွဲ အတူတူရှိနေရာကစ ဂိမ်းတစ်ခုကစားဖို့ လုပ်ကြတဲ့အချိန်မှာတော့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေ၊ သိုဝှက်ထားတဲ့ စိတ်ခံစားမှုတွေ ဘွင်းဘွင်းကြီးပေါ်လာပြီး ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ ကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 1.74 GB / 845 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15min Subtitle….Myanmar ...
movie
Khel Khel Mein (2024)
Amar Prem Ki Prem Kahani (2024)
Amar Prem Ki Prem Kahani 2024ငယ်ငယ်လေးကတည်းက ရုပ်ရည်ချောမောမှုကြောင့်နဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့ရတဲ့ အာမာပရမ်။အာမာရဲ့ထူးခြားချက်ကတော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ကြားက ဘယ်ကောင်မလေးကိုမှ မကြိုက်ဘဲနဲ့ အကုန်လုံးကို ဖရန့်ဇုန်ထဲပစ်သွင်းပြီးတော့ နေလာခဲ့သူ။ အာမာ့မှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ် ဘာလဲဆိုတော့ သူဟာ ကောင်မလေးတွေကို တမင် ဖရန့်ဇုန်ထဲထည့်တာမဟုတ်ဘဲ ဘယ်ကောင်မလေးကိုမှ ချစ်လို့မရလို့ပါတဲ့ အကြောင်းကတော့ သူက ကောင်လေးတွေကိုပဲ စိတ်ဝင်စားနေတဲ့ အုံ့ပုန်းလေးဖြစ်နေလို့ပါပဲ ငယ်စဉ်ကတည်းက တိတ်တခိုးလေးကြိုက်နေတဲ့ကောင်လေးရှိခဲ့ပေမယ့်လည်း မိသားစုကိုမပြောရဲတဲ့အတွက် ကျားချင်ယောင်ဆောင်နေခဲ့ရပါတော့တယ်။ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ အခါမှာတော့ အာမာ့ကို သူ့မိသားစုက လက်ထပ်ပေးဖို့ လုပ်ကြပါတော့တယ်။ ဒီမှာပဲ အုံ့ပုန်းလေး အာမာဟာ လက်မထပ်ချင်တဲ့အတွက် သူ့ဦးလေးရှိတဲ့ လန်ဒန်ကို ထွက်ပြေးဖို့ အကြံထုတ်ပါတော့တယ်။ ဒီလိုနဲ့ လန်ဒန်ကို သွားတဲ့ လေဆိပ်မှာတင် ကောင်လေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးတော့ သူ့နှလုံးသားထဲကို နေရာယူသွားခဲ့ပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင် လန်ဒန်မှာ ဒီကောင်လေးနဲ့ ပြန်ပြီးတွေ့ဆုံမိကြတဲ့အခါမှာတော့ ........... အုံ့ပုန်းလေး အာမာနဲ့ အဲဒီကောင်လေးတို့ ဘယ်လိုတွေ ဇာတ်လမ်းဆက်ကြမလဲ .... သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းကရော သာယာဖြောင့်ဖြူးပါ့မလား ........... ဘယ်လို အခက်အခဲတွေနဲ့ရော တွေ့ကြုံသွားရမလဲဆိုတာတွေကို ကြည့်ရှုရမယ့် ရိုမန့်ဟာသအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ...
movie
Amar Prem Ki Prem Kahani (2024)
Wild Wild Punjab (2024)
Wild Wild Punjab (2024)IMDb-5.7/10ဘော်ဒါမကောင်း သူကောင်းမဖြစ်ခွီလဲခွီ ဘော်ဒါကိုလဲ ပြန်သတိရစေနိုင်မယ့် netflixက ပူပူနွေးနွေးထွက်ရှိထားတဲ့ ဘော်လိဝုဒ်အခွီဟာသကားလေးကို တင်ဆက်ပေးချင်ပါတယ်အသဲကွဲလို့ သတ်သေမလို့ပါဆို ဘေးကနေ ထိုင်မြှောက်ပေးတဲ့ သူငယ်ချင်းမျိုး ရှိလား အိမ်မပိုင်လို့ ပြဿနာတက်နေပါတယ်ဆို အိမ်မပိုင်တဲ့ကောင်ကိုမှ ဝိုင်းဒုက္ခပေးတဲ့ သူငယ်ချင်းမျိုး ပိုင်ဆိုင်ထားလား မကောင်းတာလုပ်မယ်ဆို နှစ်ခါခေါ်စရာမလို အရောက်ပို့ပေးမယ့် သူငယ်ချင်းမျိုးရော တွေ့ဖူးလား သေလောက်အောင် ချမ်းသာနေပါစေ ကျပ်မပြည့်တဲ့ဘော်ဒါရော ကြုံဖူးကြလားဘာတွေဘယ်လိုပဲဖြစ်နေပါစေ အခက်အခဲကြုံလာတဲ့အခါ ကိုယ့်ဘက်မှာ ရှိနေပေးကြမှာက ဒီစောင်ရူးဘော်ဒါတွေပါပဲ ဒီကားလေးမှာတော့ သူငယ်ချင်း ၄ ယောက် ဂယက်ထကြတာကို ကြည့်ရှုရမှာပါ ဘဝဖိအားတွေခံရတဲ့အခါ, ဘယ်အရာကမှ ကိုယ့်ကိုမပျော်ရွှင်စေတော့တဲ့အခါ ငယ်တုန်းက ဂယက်အတူတူထခဲ့ကြတဲ့ သူငယ်ချင်းတွေအကြောင်း ပြန်တမ်းတတာကလည်း ထွက်ပေါက်လေးတစ်ခု ဖြစ်နိုင်ပါတယ်အဲဒီထွက်ပေါက်လေးကို ရရှိဖို့ CM Bollywood Team မှ ဘာသာပြန် တင်ဆက်ပေးလိုက်ပါပြီနော်(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်) File size… 2.5GB / 1.23GB Quality…WEB DL 1080p ...
movie
Wild Wild Punjab (2024)
2024
5
Luv Ki Arrange Marriage (2024)
Luv Ki Arrange Marriage 2024 နှစ်ဆောင်ပြိုင်ချစ်ခြင်းIMDb-5.0/10တစ်နေ့တာပင်ပန်းတာတွေကို ဟာသနဲ့ဖြေဖျောက်လိုသူတွေအတွက် ဟင်ဒီဟာသကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ အချစ်ရေးရော ဟာသလေးတွေရောပါတဲ့အပြင် heavyမဖြစ်တာမလို့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းကို ရှုစားလိုသူတွေအတွက် အဆင်ပြေမှာပါ။မေတ္တာဆိုတာ တစ်ယောက်တည်းကိုပေးရင် အတ္တလို့သဘောထားတဲ့သူပီပီ မစ်ရှရာဟာ မိန်းမတိုင်းနဲ့ လက်ပွတ်တတီးနေတတ်သူပါ။ ပရမ်ကဘယ်လောက်ပဲ ဖြူစင်တဲ့ ၅၂၈ မေတ္တာ မိတ်ဆွေဆက်ဆံရေးလို့ပြောပြော ဒီမိန်းမတွေရဲ့ ကာမပိုင်ယောက်ျားတွေက မကြည်ဖြူတာကြောင့် လစ်ရင်လစ်သလို သမခံရသူပေါ့။ သားဖြစ်သူလပ်ဗ်က ဖိုက်တာဖြစ်နေလို့သာ မစ်ရှရာတစ်ယောက်ခံသာနေတာဆိုလည်းမမှားပါဘူး။တစ်နေ့ လပ်ဗ်တစ်ယောက် အီရှီကာဆိုတဲ့ ထက်ထက်မြက်မြက်မိန်းကလေးကို သဘောကျသွားချိန်မှာ ကိုမေတ္တာရှင်မစ်ရှရာကလည်း အီရှီကာရဲ့အမေကို သဘောကျမိလေတော့....တစ်ပြိုင်နက်မဖြစ်နိုင်တဲ့ ဒီသားအဖရဲ့အချစ်ရေးမှာ ဘ ယ်သူကဘယ်သူ့အတွက် စတေးသွားမလဲဆိုတာ ရှုစားကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲ ဖြစ်ပါတယ်) File size… 2.6GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Tea
movie
Luv Ki Arrange Marriage (2024)
2024
6.3
Akaash Vani (2013)
Akaash Vani 2013 ( ငယ်ကချစ်အနှစ်တစ်ရာ) IMDb 6.3တစ်ခေတ်တစ်ခါက နာမည်ကြီးလူကြိုက်များခဲ့တဲ့ရိုမန့် ဒရာမာဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ် တော်ကီအလန်းစားတွေနဲ့ စော်လိုက်နည်းကျင့်ချင်တဲ့ဘရိုတွေအတွက်တော့ ဒေါင်းကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲလိုတာမရ ရတာမလိုဆိုတာ လူ့ဆန္ဒပဲမဟုတ်လား နယ်မြို့လေးမှာကျောင်းတက်ရင်း ဒေလီမှာတက်ချင်တယ်ဆိုပြီး လာရင်းနဲ့ တစ်ကျောင်းတည်း တစ်ခန်းထဲမှာ တွေ့ဖြစ်သွားကြတဲ့ အာကတ်ရှ်နဲ့ ဗာနီတို့ ၂ယောက် ၂ယောက်သားက သရုပ်ဆောင်ပိုင်းမှာ ဝင်ပါရင်းနဲ့ အချင်းချင်းရင်းနှီးသွားကြတယ်အာကတ်ရှ်အဖို့ကတော့ ဗာနီကမြင်မြင်ချင်းအချစ်ဖြစ်ခဲ့တာပေါ့ တောကတက်လာတဲ့ တောသားလေးဖြစ်တာမို့ ရည်းစားတွေဘာတွေမထားဖူးတဲ့အာကတ်ရှ်နဲ့ ဘဲကြည်စော်ဖြစ်တဲ့ ဗာနီတို့ဇာတ်လမ်းက လွယ်ကူမနေခဲ့ဘူး ဒါပေမဲ့ လှတောသားစကားကြွယ်ဆိုသလို တောမှာနေခဲ့ပေမဲ့ စကားတစ်ပေါက် လျှမ်းလျှမ်းတောက်နေတဲ့အာကတ်ရှ်ရဲ့စကားတွေက ဗာနီ့အပြင်ကို ကြည့်ရှုသူတွေအတွက်ပါ ရယ်မောစရာတစ်ခုလိုဖြစ်နေမှာပါ ။။ဆိုတော့ အချစ်စစ်ရဲ့လမ်းမှာ ဆူးငြောင့်ခလုတ်တွေရှိစမြဲမို့ သူတို့ဘာတွေတွေ့ကြုံသွားမလဲဆိုဝာာကိုတော့....(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ BpL ~ ToMo တို့ပဲဖြစ်ပါတယ် ) File size…1.9GB / 811MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ...
movie
Akaash Vani (2013)
2013