Channel Myanmar

Sunny Deol

Jaat (2025) 6.5
Jaat (2025) Jaat (2025) ************** (Official WEB DL Quality ထွက်ရှိလာပြီမလို့ Updateပေးထာားပါပြီ)ဒီဇာတ်ကားလေးကတော့ IMDb rating 6.5/10အထိ ရရှိထားပြီး ဟင်ဒီစကားပြော Action/Thriller အမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပြီး ပရိတ်သတ် အချစ်တော်မင်းသားကြီး တစ်ဦးဖြစ်တဲ့ ဆန်နီ ဒီယော်လ်အပြင် ဘာဟုဘလီထဲက မယ်တော်ကြီး ရာမာယာခရိရှန်ကလည်း သမ္မတကြီးအဖြစ် လည်းကောင်း တမီးလ်မင်းသားကြီး ဂျဂါပသီ ဘာဘူကလည်း စီဘီအိုင် ရဲမှူးချုပ်အဖြစ် လည်းကောင်း ပါဝင် အားဖြည့်ထားကြပါတယ်။ဇာတ်လမ်း အကျဉ်း သီရိလင်္ကာနိုင်ငံ ဂျဖ်နာတောနက်မှာ သီရိလင်္ကာစစ်တပ်ရဲ့ စောင့်ကြည့်မှုအောက်မှာ အလုပ်ကြမ်းလုပ်နေကြရတဲ့ ရာနာတွန်ဂါနဲ့ သူ့ညီ ဆိုမလုတို့အဖွဲ့ဟာ တစ်နေ့မှာတော့ ရွှေချောင်းတွေနဲ့ ပြည့်နေတဲ့ သေတ္တာကြီးတစ်လုံးကို ရှာဖွေတွေ့ရှိသွားတယ်ဆိုရင်ပဲ သီရိလင်္ကာစစ်သား တွေကို ပုန်ကန်တိုက်ခိုက်ကာ လှေတစင်းနဲ့ အိန္ဒိယ နိုင်ငံရှိရာကို လှော်ခပ် ထွက်ပြေးလာကြပါတယ်။ဒီလိုနဲ့ အိန္ဒိယရဲ့ ကမ်းရိုးတမ်းကို ရောက်တယ်ဆိုရင်ပဲ အိန္ဒိယ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတော့တယ်။တရားမဝင် နယ်စပ်ဖြတ်ကျော်လာခဲ့ပေမဲ့လည်း ပါလာတဲ့ ရွှေချောင်းအချို့ကို ရဲတွေကိုပေးပြီး လာဘ်ထိုးတာကြောင့် ရဲတွေက အိန္ဒိယနိုင်ငံသားအဖြစ် သက်သေခံစာရွက်စာတမ်း လုပ်ပေးလိုက်တာပေါ့။တရားမဝင်ခိုးဝင်လုပ်သားတွေဟာ တရားဝင် နိုင်ငံသား ဖြစ်လာတဲ့အပြင် ဒုစရိုက်မှုပေါင်းစုံကျူးလွန်ကာ ကမ်းရိုးတမ်းဒေသတစ်လျှောက်က ရွာသားတွေကို အမျိုးမျိုး ဖိနှိပ်လာတဲ့အကြောင်း ဒေလီကသမ္မတကြီးဆီ သတင်း ရောက်သွားတဲ့ အခါမှာတော့...မတရားမှုတွေ လွှမ်းမိုးခံနေရတဲ့ ...
movie

Jaat (2025)

4K HEVC
Dishkiyaoon (2014) 5.2
Dishkiyaoon (2014) Dhishkyaoon 2014 (ဂိုဏ်းစတားဖြစ်ချင်သူ ကိုလူဇိုး) IMDb- 5.2/10ဒီဇာတ်လမ်းမှာတော့ အိန္ဒိယရဲ့ ပရိုဂျူဆာ, စာရေးဆရာ မင်းသားဖြစ်တဲ့ Harman Baweja ပါဝင်ပြီးတော့ Addo AIရဲ့ Co-Founder,CEO ဖြစ်သူ Ayesha Khannaရဲ့ ပထမဆုံးသော ရုပ်ရှင်လောကကို စတင်ဝင်ရောက်ခဲ့တဲ့ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ဗီကီဟာ ၅နှစ်သားအရွယ်မှာတင် မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီးတော့ မိခင်သေဆုံးသွားကတည်းက အချစ်မခံရတော့တဲ့ကလေးတစ်ယောက်ပါ၊အဖေကတော့ ရှိပေမယ့် ဖခင်တွေရဲ့ထုံးစံအတိုင်းပဲ အလုပ်ကိုပဲ ကြိုးစားလုပ်ကိုင်နေသူဖြစ်တဲ့အပြင် သားဖြစ်သူနဲ့လည်း အလှမ်းဝေးလျက်ရှိပါတယ်။ဗီကီတစ်ယောက် ငယ်စဉ်က ကျောင်းမှာ ဂျီရတ်ဆိုတဲ့ကောင်လေးက အနိုင်ကျင့်တာတွေ ရှိခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့ ဂရုစိုက်ခြင်းကို မခံရတဲ့အတွက် သတိမထားမိတဲ့အပြင် ဗီကီက ပြောလာတာတောင် ဖခင်ဖြစ်သူမှာ အလုပ်ကပဲ အရေးကြီးနေသူဖြစ်တာကြောင့် သေချာ ဂရုမစိုက်ခဲ့ပါဘူး။ဒီလိုအချိန်မှာ ဗီကီ့အတွက် ချစ်စရာဆိုလို့ ကျောင်းက သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဂျီယာနဲ့ ကီတန်ပါပဲ။ဗီကီတစ်ယောက် သူတို့နယ်မြေရဲ့ လူမိုက်ဖြစ်သူ တိုနီ့ဆီမှာ သွားရောက်အကူအညီတောင်းဖို့ဖြစ်လာခဲ့ပါတယ်။တိုနီက ကူညီပြီးတော့ အကြံပေးလိုက်တဲ့နောက်မှာတော့ ဗီကီတစ်ယောက် ရာဂျတ်ကို ရင်ဆိုင်ဖို့ သတ္တိတွေရှိလာပါတော့တယ်။ ဒီလိုနဲ့ စာတတ်တဲ့ ဗီကီတစ်ယောက် ပညာမတတ်တဲ့ တိုနီ့ဆီမှာ စာရင်းမှတ်ဖို့ဖြစ်လာရင်းနဲ့ ဗီကီတစ်ယောက် ဂိုဏ်းစတားဖြစ်ဖို့အတွက်က သူ့ရည်မှန်းချက်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲ ဗီကီတစ်ယောက် တိုနီ့ဆီမှာ နေရင်းကနေ ဂိုဏ်းစတားတစ်ယောက်ဖြစ်လာဖို့ ...
movie

Dishkiyaoon (2014)

Heroes (2008) 5.7
Heroes (2008) Heroes (2008) သူရဲကောင်းများဒီတစ်ခါတင်ဆက်ပေးမှာကတော့ မင်းသားကြီးဆယ်လ်မန်ခန်းကိုယ်တိုင် ဒါရိုက်တာအဖြစ်ရောမင်းသားအနေနဲ့ပါ ရိုက်ကူးသရုပ်ဆောင်ထားတဲ့ heroes ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ဗျ..နိုင်ငံသားတွေဆီက အမြင်ကောင်းတွေရရှိခဲ့တဲ့ဇာတ်ကားတစ်ခုဖြစ်သလို ဒီဇာတ်ကားနဲ့ပဲ ဇာတ်ညွှန်းဆရာ Aseen Arora က Flimfare Awards ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်လမ်းဆုအတွက် ၊ အယ်လီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Vastal Sheth က Stardust Awards ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် လျာထားစရာရင်းဝင်ခဲ့ပါသေးတယ်ဇာတ်လမ်းအကျဉ်းကတော့ရုပ်ရှင်တက္ကသိုလ်ကျောင်းသားများဖြစ်ကြတဲ့ အယ်လီနဲ့ဆမ်မီတို့ဟာ ပေါက်ကရတလွဲတွေလုပ်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။ ဒီလိုနဲ့ သူတို့တွေဘွဲ့ယူဖို့အတွက် ရုပ်ရှင်တစ်ကားကိုရိုက်ကူးဖို့လိုအပ်လာကြတဲ့အခါမှာတော့ "အိန္ဒိယတပ်မတော်သို့ မဝင်သင့်တဲ့အကြောင်းအရင်းများ"ဆိုတဲ့ ခေါင်းစဉ်နဲ့ Documentary တစ်ခုရိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။အဲဒီနောက်မှာတော့ သူတို့ဟာ သတင်းအချက်အလက်တွေစုဆောင်းဖို့အတွက် စစ်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်မိသားစုတွေကို စာပို့ရမယ့်တာဝန်ကိုယူပြီး ဆိုင်ကယ်နဲ့ခရီးထွက်ခဲ့ကြပါတယ်။ပျော်ပျော်နေသေခဲ မော်တော်နေရေထဲ အိမ်မှာနေ အမေဆဲမယ့် အယ်လီနဲ့ဆမ်မီတို့ ဒီခရီးတလျှောက် ဘာတန်ဖိုးရှိတဲ့သတင်းအချက်အလက်တွေကိုစုဆောင်းနိုင်ခဲ့မလဲ?အိန္ဒိယတပ်မတော်ကိုမဝင်ရမယ့်အကြောင်းပြချက်တွေရော ဒီခရီးစဉ်အပြီးမှာ ပိုမိုခိုင်လုံလာနိုင်မလား? စစ်ပွဲအတွင်း ကျဆုံးစစ်သည်တို့ရဲ့မိသားစုတွေဘက်ကရော ဘာတွေဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ ဇာတ်ကားတလျှောက် ကြည့်ရှုခံစားပေးကြပါဦးဗျ။(ဇာတ်ကားနဲ့အညွှန်းကတော့ CM Bollywood Team မှ ရေးသားထားတာဖြစ်ပါတယ်) File size…2.89 GB / 1.45 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 19min Subtitle….Myanmar ...
movie

Heroes (2008)

Blank (2019) 6.1
Blank (2019) Blank (2019) "ကွက်လပ်"IMDb - 6.1/10 ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီအက်ရှင်ဇာတ်ကြမ်းကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသာကြီး ဆန်နီဒိုး၊ ငယ်ဘ၀ကတည်း ရုပ်ရှင်တွေ၊ ရှိုးတွေရိုက်ကူးခဲ့တဲ့ မင်းသားကာရန်တို့ အဓိကပါဝင်ထားကြပါတယ်။မြို့ထဲကို RDXထက် အဆပေါင်းများစွာ ပေါက်ကွဲအားပြင်းတဲ့ ဖောက်ခွဲရေးပစ္စည်း ၂၅ကီလိုကျော်ခိုးသွင်းလာတဲ့ သတင်းကိုသိရပေမဲ့ ဘယ်သူတွေ၊ ဘယ်နှစ်ယောက်၊ ဘယ်ကလာတာလဲ ဘာဆိုဘာမှန်းမသိရဘဲနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေ ဗျာများနေရချိန်။မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်လာတဲ့လူနာက အသေခံဗုံးခွဲတဲ့သူဖြစ်နေပြီး အတိတ်ကလည်း မေ့နေတဲ့အခါ...။ ဖောက်ခွဲရေးပစ္စည်းတွေကို အချိန်မီဖမ်းဆီးနိုင်မှာလား...။ အတိတ်မေ့နေတဲ့ အသေခံဗုံးခွဲသမားရဲ့ တကယ့်အကြောင်းအရင်းမှန်ကရော...။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Thura ~ ToMo ~ Alex ~ Zweတို့ပဲဖြစ်ပါတယ်။ File size… 1.5 GB / 784 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ Thura ~ ToMo ...
movie

Blank (2019)

Gadar: Ek Prem Katha (2001) 7.3
Gadar: Ek Prem Katha (2001) Gadar: Ek Prem Katha (2001)IMDb-7.3/10ပူပူလောလောထွက်ရှိထားတဲ့ Gadar 2 ကြည့်ရှူပြီးသွားကြတဲ့ပရိသတ်တွေအတွက် 2001 ခုနှစ်ကထွက်ရှိခဲ့တဲ့ ပထမကား Gadar: Ek Prem Katha ကိုလည်း qualityကောင်းကောင်းနဲ့ တင်ဆက်ပေးလိုက်ပါတယ်လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကထွက်ရှိခဲ့တဲ့ကားဆိုပေမဲ့ သူ့ခေတ်သူ့အခါမှာ ဘက်ပေါင်းစုံကအောင်မြင်ခဲ့တဲ့ကားပါ ရုံတင်ငွေ 1.33 ဘီလီယံထိရရှိခဲ့ပြီး အမီးရ်ခန်းရဲ့ Lagaan နဲ့ ခေတ်ပြိုင်ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ် 1990 နှောင်းပိုင်းရုပ်ရှင်တွေထဲမှာ ကြည့်ရှုမှုဒုတိယအများဆုံးအနေနဲ့ စံချိန်တင်ခဲ့တဲ့ကား ၊ ပါဝင်တဲ့သရုပ်ဆောင်တွေကို ထူးချွန်ဆုတွေရရှိပြီး Nomination ပေါင်းများစွာဝင်စေခဲ့တဲ့ကားပါဇာတ်လမ်းအညွှန်း1947 အိန္ဒိယနဲ့ ပါကစ္စတန်ရယ်လို့ နှစ်နိုင်ငံခွဲခွဲပြီးချင်းအချိန်မှာတော့ ပြည်သူတွေကို ဘယ်မှာမဆိုစိတ်ကြိုက်နေထိုင်နိုင်ကြောင်း ခွင့်ပြုခဲ့ကြတယ် ဒါပေမဲ့ မတူညီတဲ့ ဘာသာရေးအယူအဆတွေနဲ့ လူသန်းပေါင်းများစွာရဲ့ သဘောထားကွဲလွဲမှူကနေ အဓိကရုဏ်းတွေဖြစ် သွေးချောင်းစီးခဲ့ရတယ်ဒီအဖြစ်ဆိုးတွေမတိုင်ခင် 1947 အစောပိုင်းမှာ အဆိုရူးလေးတာရာနဲ့ ဆာကီနာ‌တို့ဟာ ကျောင်းပွဲတစ်ခုကိုအကြောင်းပြုပြီးနီးစပ်ခဲ့ကြသူတွေ...ရှုပ်ထွေးလွန်းတဲ့ အဓိကရုဏ်းနဲ့ နှစ်နိုင်ငံမတည်ငြိမ်မှုတွေကြားက လူတွေရဲ့ခက်ခဲတဲ့ဘဝတွေ ဒီဖြစ်ရပ်ဆိုးတွေကြားက ပေါ်ထွက်လာာတဲ့ အချစ် ၊ မေတ္တာ ၊ စွန့်လွှတ်အနစ်နာခံ စတေးမှုတွေကို ရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့် ...
movie

Gadar: Ek Prem Katha (2001)

2001
4K HEVC
Gadar 2 (2023) 5.7
Gadar 2 (2023) Gardar 2 (2023)IMDb-5.7/10ကုဋေ ၇၀၀ နီးပါးနဲ့ Blockbuster ဖြစ်ခဲ့တဲ့ကားပါ 2023ခုနှစ်ရဲ့ တတိယဝင်ငွေအများဆုံးရုံတင်ကားလဲဖြစ်ပြီး Gadar 1 က သရုပ်ဆောင်‌တွေဖြစ်တဲ့ ၉၀ ခုနှစ်အစောပိုင်းတည်းက နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသားမင်းသမီးကြီးတွေ Sunny Deol နဲ့ Ameesha Patel တို့ကို ပြန်ရှုစားနိုင်မဲ့ကားပါ တာရာ အနေနဲ့ သရုပ်ဆောင်တဲ့ Sunny Deol ဆိုရင် ဒီ Gadar 2 နဲ့ပဲ ရုပ်ရှင်လောကကို ပြန်ဝင်လာခဲ့တာဖြစ်ပါတယ်၁၉၄၇ အရေးအခင်းကာလမှာ စစ်သားအယောက်လေးဆယ်ကိုသတ်ပြီး ပါကစ္စတန်နိုင်ငံကနေထွက်ပြေးသွားတဲ့ တာရာဆင်းဂ်နဲ့ ဆာကီနာတို့မိသားစုတို့ကို ပါကစ္စတန်ဗိုလ်မှူး ဟာမစ်ဒ်အစ်ဘာလ်က အသည်းအသန်အလိုရှိနေပါတယ်တာရာဆင်းဂ်တို့မိသားစုဟာ ဖြစ်ခဲ့တာတွေအားလုံးကိုမေ့ပစ်ပြီး ဘဝသစ်မှာအေးအေးချမ်းချမ်းနေဖို့ဆုံးဖြတ်ထားကြပြီးသား ဒါပေမဲ့ မရှောင်လွှဲနိုင်တဲ့ကံကြမ္မာတွေနဲ့ စစ်မီးတွေကြားနောက်တစ်ကြိမ်ပါဝင်လာရပြန်တယ် နိုင်ငံအတွက်တစ်ကြိမ်တစ်ခါတော့ ကူမယ်လို့စဉ်းစားထားတဲ့ တာရာဆင်းဂ်တစ်ယောက် သူ့ကိုအလိုရှိနေတဲ့ ဟာမစ်အစ်ဘာလ်နဲ့‌မှထိပ်‌တိုက်တွေ့ချိန်မှာတော့..အဆုံးမရှိတဲ့ ပဋိပက္ခတွေနဲ့ စစ်မီးတွေကြားမှာ ချစ်ခြင်းမေတ္တာတရားတွေ ကြွေလွင့်ခဲ့ရသလို ဒီအချစ်မေတ္တာတွေကြောင့်ပဲ စစ်မီးတွေရဲ့အပူကိုကျော်ဖြတ်လာနိုင်ရတာပါပဲတာရာဆင်းဂ်တို့ မိသားစုဝင်သုံးယောက်ကြားက ရိုးရှင်းတဲ့ ချစ်ခြင်းမေတ္တာနဲ့ နှစ်နိုင်ငံကြားကစစ်မီး ။ ဆန့်ကျင်ဘက်အရာနှစ်ခုနဲ့ ဒီကားက Blockbuster ထိဖြစ်ရတဲ့ အကြောင်းအရင်းကို ...
movie

Gadar 2 (2023)

2023
4K HEVC
Yeh Raaste Hain Pyaar Ke(2001) 4.0
Yeh Raaste Hain Pyaar Ke(2001) Yeh Raaste Hain Pyaar Ke (2001)အခုတစ်ခါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးပါတော့မယ်...မင်းသားကြီး အဂျေး..မင်းသမီး မာဒူရီးနဲ့ ပါးချိုင့်မင်းသမီးလေး ပရီတီးဇင်ဒါးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားကောင်းပဲဖြစ်ပါတယ် cameo အနေနဲ့ မင်းသားကြီး ဆန်နီဒိုးကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်ဒီဇာတ်ကားမှာ ဗစ်ကီနဲ့ ဆာခရှီးတို့က ကားသူခိုးစုံတွဲ လူတွေကို နှစ်ကျပ်ကွက်ရိုက်ပြီး သူတို့ကားတွေကို ခိုးတယ် နှစ်ယောက်စလုံးက မိဘမဲ့...ဆာခရှီးကတော့ ဦးလေးမိသားစုမှာ ကပ်နေတယ်တစ်ရက် လူမိုက်တစ်ယောက်ကို မတော်တဆသတ်မိသွားရင်းနဲ့ သူတို့နှစ်ယောက်ဟာ အသက်ဘေးကြုံလာရပါတော့တယ်...ပြေးရင်းလွှားရင်းနဲ့ နှစ်ယောက်သား လမ်းကွဲသွားခဲ့ကြပြီး ကံကြမ္မာရဲ့လှည့်ကွက်တွေက သူတို့နှစ်ဦးအပေါ် ဘယ်လိုရက်စက်လာတော့မလဲဆိုတာကိုတော့ ဆက်လက်ပြီး ဇာတ်ကားထဲမှာ ရှုစားပေးပါဦးနော်...။ဒီဇာတ်ကားလေးမှာ ချစ်ခြင်းမေတ္တာ..သစ္စာတရားနဲ့ စာနာနားလည်မှုအကြောင်းကို အမိအရရိုက်ကူးပေးထားလို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်...။ File size…4.02GB / 1.8GB Quality…1080p WEBRIP /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Yeh Raaste Hain Pyaar Ke(2001)

2001
Chup (2022) 8.3
Chup (2022) အခုတစ်ခေါက်မှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အိန္ဒိယမှုခင်းကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်အမျိုးသမီးတစ်ယောက် အိမ်ပြန်လာတော့ အိမ်ထဲမှာမှောင်နေတယ် သူ့ယောက်ျားကို သူအော်ခေါ်နေရင်း လိုက်ရှာတော့ အိမ်သာထဲမှာ တွေ့လိုက်ရတာကတစ်ကိုယ်လုံးကို တိတိပပ လှီးဖြတ်ထားတဲ့ ဓားရာတွေနဲ့ သေဆုံးနေတဲ့ သူ့ယောက်ျားကို တွေ့လိုက်ရတော့တယ်သူ့ယောက်ျားက ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်ဖြစ်ပြီး သူသေတော့ သူ့နဖူးပေါ်မှာ အမှတ်အသားတစ်ခုရှိနေခဲ့တယ်အဲဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ရထားလမ်းပေါ်မှာ လူတစ်ယောက် ကိုယ်တစ်ပိုင်းပြတ်ပြီး သေနေပြီးသူကလည်း ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်ဖြစ်ကာ သူ့ရဲ့နဖူးမှာလည်း ပထမတစ်ယောက်လိုမျိုး အမှတ်အသားတစ်ခု ရှိနေခဲ့တယ်..အဲဒီလိုနဲ့ လူသတ်မှုတွေ ဆက်တိုက်ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး ရဲတွေကို ပဟေဠိပေးနေတဲ့ အဲဒီကွင်းဆက်လူသတ်သမားက ဘယ်သူဖြစ်မလဲ ဘာကြောင့် ဒီလိုတွေသတ်နေတာလဲဆိုတာ မှုခင်းကားကြိုက်တတ်သူတွေအဖို့ ဒီကားဟာ တကယ့်ကို ပဟေဠိတွေနဲ့ အဖြေညှိရမယ့် မှုခင်းကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ် File size...1.72GB / 788MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Yunni & Poe & OeliuJ
movie

Chup (2022)

2022
Darr (1993) 7.9
Darr (1993)   Bollywood ရဲ့ King Khan လို့ လူသိများတဲ့ ရှာရွတ်ခန်း(SRK) ရဲ့ အကောင်းဆုံး ဇာတ်ရုပ်ကို ပြောပါဆိုရင် ဗီလိန်ဇာတ်ရုပ်ပဲ ပြောရလိမ့်မယ်။ အိန္ဒိယမှာ SRK နှင့် အမီတာဘချမ်း တို့ဟာ ပရိတ်သတ်အပေါ် လွှမ်းမိုးနိုင်လွန်းလို့ သူတို့ တော်ရုံ ဗီလိန် ဇာတ်ရုပ် သိပ်မရိုက်ကြဘူး ပရိတ်သတ် အတုယူ မှားမှာ ကြောက်လို့။ ဒီဇာတ်ကားမှာဆိုလည်း SRK က ရည်စား အိမ်ထောင် ရှိပြီးသား မိန်းကလေး တစ်ယောက်ကို စိတ္တဇ ဆန်ဆန် တဖက်သတ် ချစ်ရတဲ့ ဗီလိန် နေရာက သရုပ်ဆောင်ရပေမယ့် သူ့ သရုပ်ဆောင်ချက်တွေက ပရိတ်သတ် အမြင်မှာ ဗီလိန် မဟုတ်ပဲ ဟီးရိုးဖြစ်စေခဲ့ပါတယ်။ ============================================ "မင်းခံစားနေရတာတွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် မင်းရင်ထဲက ဝန်ထုပ်ဝန်ပိုးတွေ လျော့သွားမှာပေါ့" "ဝန်ထုပ်ဝန်ပိုး" "သူ့ ...
movie

Darr (1993)

1993
Ghayal Once Again (2016) မြန်မာစာတန်းထိုး 6.8
Ghayal Once Again (2016) မြန်မာစာတန်းထိုး IMDB-6.8 Rotten Tomatoes-78% Ajay တစ်ယောက် သူငယ်ငယ်တုန်းက ဖြစ်ခဲ့တဲ့ ပြဿနာတွေကနေ ရှင်းပြီးနောက်မှာ... သတင်းစာတိုက်မှာ သတင်းထောက်အဖြစ်ဝင်ရောက်လုပ်ကိုင်နေပါတော့တယ် အဲဒီမှာ သူ့ရဲ့ အကြောက်အရွံ့မဲ့မှုတွေ အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်တွေကြောင့် သူ့ကိုကြိတ်လေးစားနေတဲ့ အမာခံဖန်လူငယ်လေးယောက်ရှိပါတယ် တစ်နေ့ အဲဒီလူငယ်လေးယောက်က သတင်းလိုက်ရင်းသူတို့ရဲ့ကင်မရာမှာ လူသတ်မှုတစ်ခုပါလာတော့တဲ့အခါ... ဗီဒီယိုထဲမှာပါတဲ့လူတွေကလည်း မြို့ရဲ့ အာဏာအကြီးဆုံးလူနှစ်ယောက်ဖြစ်နေတဲ့အခါ... ကိုယ့်ဘက်မှာ အမှန်တရားပဲရှိတယ် သူ့ဘက်မှာက ငွေအားလူအားနဲ့ ဥပဒေကို ပြောင်းပြန်လှန်နိုင်တယ် အဲ့အချိန်မှာ အမှန်တရားကို မြတ်နိုး.အကြောက်အလန့်မရှိဘူးဆိုတဲ့ Ajay အနေနဲ့ ဘယ်လိုများရင်ဆိုင်မလဲ နိုင်ရောနိုင်ပါ့မလား... ဒီမေးခွန်းတွေရဲ့ အဖြေကိုသိချင်ရင်တော့... ဒီ RottenTomatoes က Best Movie လို့ပြောပြီး 78% ရထားတဲ့ကားမှာ ဆက်လက်ရှုစားကြရအောင်ဗျာ... (ဇာတ်လမ်းအညွန်းကို ရဲခန်.မင်းမှရေးပေးထားတာဖြစ်ပါတယ်) File size…(840MB) Quality…720p Bluray Format…mp4 Duration….02:07:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike ZawDownload Here (850 MB) Small File Size (450 MB)
movie

Ghayal Once Again (2016) မြန်မာစာတန်းထိုး

2016