Channel Myanmar

Sun Qian

Love Life Light / The Shop Of The Lamp ( 2024 )
Love Life Light / The Shop Of The Lamp ( 2024 ) သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကြားက အကောင်းဆုံးအဓိပ္ပာယ်ကိုနားလည်လိုပါသလား ? Shop of the lamp ဇာတ်ကားကိုသာကြည့်လိုက်ပါ ။ ဒီဇာတ်လမ်းလေးက အရမ်းကိုမှ လျို့ဝှက်ပြီး ဘာများဖြစ်လာမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရင်း အဆုံးသတ်ကျမှ ဇာတ်အိမ်အလွှဲအပြောင်းအကြီးကြီးနဲ့ ဒီလိုဒီလိုပါလားဆိုပြီး ဖြစ်သွားရမဲ့ horror ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ် ။ မကြည့်ခင် တစ်သျူးဆောင်ထားဖို့လည်း မမေ့ပါနဲ့နော် ။ဇာတ်လမ်းအကျဉ်းလေးကတော့ - သူနာပြုမလေးရွှီနျန့်က သူ့ချစ်သူနဲ့အတူတိုက်ခန်းတစ်ခုကိုပြောင်းသွားခဲ့ပါတယ် ။ အဲဒီပြောင်းတဲ့နေ့မှာပဲ ခပ်လှမ်းလှမ်းမှာလည်း ယာဉ်တိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ချစ်သူနဲ့ပျော်ပျော်ရွှင်ရွှင်ဘဝကိုဖြတ်သန်းဖို့ကြံရွယ်ထားတဲ့ သူမရဲ့ဘဝမှာ မထင်မှတ်ထားတာတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ် ။သူတို့ငှားနေတဲ့ အဆောက်အဦးကို အသစ်ထပ်ပြောင်းလာတဲ့ လျိုယွီရှန်းဆိုတဲ့ကောင်မလေးမှာ အရိပ် နှစ်ခု ရှိနေတာကို ရွှီနျန့်ကမြင်သွားခဲ့ပါတယ် ။ အဲဒါတင်မကသေးဘူး ။ အမြဲတမ်း လက်အိတ်စွပ်ထားတဲ့ ကျူးကျူးရဲ့မေမေ ၊ twinkle twinkle little star သီချင်းကိုအမြဲတမ်းသီဆိုနေတဲ့ အဘိုးအို ၊ နောက်ပြီး သူ့ကိုဆို မီးသီးမရောင်းပေးတဲ့ လမ်းဆုံက မီးသီးဆိုင်...ဒါ့အပြင် လူတစ်စုကိုတွေ့မိလားဆိုပြီး အမြဲတမ်းမေးမေးနေတဲ့ တစ်ကိုယ်လုံးသဲတွေဖုံးနေတဲ့ လူကြီးတစ်ယောက်.. ဒီလမ်းထဲမှာဘာတွေလျို့ဝှက်ထားမလဲ ? မီးသီးဆိုင်ကရော ဘယ်လိုဖြစ်တည်မှုမျိုးလဲ ? သူကအရာရာကိုထူးဆန်းနေတယ်‌ထင်ပေမဲ့ သူကိုယ်တိုင်ကမှ ပြဿနာရှိနေတာလို့ပြောလာတဲ့ မီးသီးဆိုင်ပိုင်ရှင်နဲ့ ရွှီနျန့် ...
movie

Love Life Light / The Shop Of The Lamp ( 2024 )

All These Years ( 2023 ) 5.9
All These Years ( 2023 ) သင်ရည်းစားဟောင်းနဲ့ ပြန်တွေ့တဲ့ အခြေအနေကို စဉ်းစားခဲ့ဖူးလား။ ပြန်တွေ့ရင် ဖက်ထားမိမလား၊ ထွက်ပြေးမိမလား။ ဒီကားလေးကတော့ မိုးအေးအေးနဲ့ အေးအေးဆေးဆေးကြည့်လို့ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ငယ်ငယ်ကတည်းက တရုတ်တို့ ထုံးစံအတိုင်း သားကိုပဲ အလေးပေးပြီး သမီးကို ဂရုမစိုက်တဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ ချန်ကျန့်ရှဟာ မိသားစုကနေ ရုန်းထွက်ဖို့အတွက် စာကြိုးစားပြီး ခရိုင်အထက်တန်းကျောင်းဖြစ်တဲ့ ကျန့်ဟွာအထက်တန်းကျောင်းကို တက်ခွင့်ရခဲ့ပါတယ်။ ကျန့်ဟွာအထက်တန်းကျောင်းမှာ ဆိုးသွမ်းပေမယ့်လဲ စိတ်ထားကောင်းတဲ့ လီရန်နဲ့ ခင်မင်သွားခဲ့ပြီး သူမဘဝအတွက် တစ်ခုတည်းသော အလင်းရောင် ဖြစ်သွားခဲ့ပါတယ်။သူတို့ဟာ အချင်းချင်းအတွက် အလင်းရောင်တွေ ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ ခွဲခွါခဲ့ရပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြန်တွေ့တဲ့အချိန်မှ "သူ့ကိုထပ်ခါထပ်ခါချစ်နေမိတယ် ထင်နေခဲ့တာ၊ တကယ်တော့ သူ့အပေါ်အချစ်တွေက မရပ်တန့်ခဲ့တာပါ။" ဆိုတာကို နားလည်သွားခဲ့ပါတယ်။အချစ်ကား ချိုချိုအေးအေးလေးကို မင်းသားရော မင်းသမီးရော ချောတာလေးမှ ကြိုက်တဲ့ပရိသတ်တို့အတွက် ဒီကားလေးကတော့ အကြည့်သင့်ဆုံး ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Family Runtime : ...
movie

All These Years ( 2023 )