Channel Myanmar

Suman Ranganathan

Sidlingu 2 (2025) 6.7
Sidlingu 2 (2025) Sidlingu 2 (2025) ( ဆင်းဒ်လင်ဂူ ၂ )ဒီဇာတ်ကားက မူရင်း Sidlingu ထက် ပိုပြီး ရှင်းလင်းနူးညံ့ပြီး ဘဝအဓိပ္ပာယ်ရှာဖွေမှုကို ဦးတည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်မိမိဘဝမှာ ဆုံးရှုးခဲ့ရတဲ့ မိဘ,မိတ်ဆွေ,ချစ်သူတွေ အကြောင်းကို မေ့ဖျောက်ဖိုကြိုးစားပြီး ဘဝအသစ်ကိုစတင်ဖို ကြိုးစားနေတဲ့ ဆဒ်လင်ဂူရဲ့ဘဝခရီးစဉ်ကို ဒီကားထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ် ..အရာအားလုံးဆုံးရှုးထားတဲ့ကြားမှာ ဆဒ်လင်ဂူဟာဆီသမ်မာတို မိသားစုနဲ့တွေ့ဆုံပြီး မိသားစုရဲ့နွေးထွေးမှု ချစ်ခြင်းမေတ္တာတွေကို ခံစားခဲ့ရပြီး ဘဝကိုတစ်ဖန် အသစ်ကပြန်စဖို အခွင့်အရေးတွေရခဲ့ပါတယ် တစ်ချိန်တည်းမှာပဲ ဆဒ်လင်ဂူက နီဗေဒီတာဆိုတဲ့ဆရာမလေးကို ချစ်ကျွမ်းဝင်ခဲ့ပြန်ပါတယိ ဒါပေမဲ့ဆဒ်လင်ဂူရဲ့ ရှေးဟောင်းကားတစ်စီးကိုပိုင်ဆိုင်ချင်တဲ့ဆန္ဒတစ်ခုကြောင့် မိသားစုနဲ့ချစ်ခြင်းမေတ္တာတွေကြားမှာ တင်းမာမှုတွေဖြစ်ပြီး တရားရင်ဆိုင်ရတဲ့အထိဖြစ်လာခဲ့ပါတယ်ဆဒ်လင်ဂူတစ်ယောက် ဘဝမှာတန်ဖိုးထားရတဲ့အရာကငွေပစ္စည်းမဟုတ်ဘဲ မိသားစုနဲ့ချစ်ခြင်းမေတ္တာဖြစ်တယ်ဆိုတာ နောက်ဆုံးမှာ နားလည်သိရှိသွားမလာဆိုတာ ဒီဇာတ်လမ်းမှာ ခံစားကြည့်ရှုပေးကြပါဦးရှင်( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ် ) File size…2.3 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30min Subtitle….Myanmar ...
movie

Sidlingu 2 (2025)

Hum Tumhare Hain Sanam (2002) 5.4
Hum Tumhare Hain Sanam (2002) Hum Tumhare Hain Sanam (2002) ကိုယ်ဟာမင်းလေးအပိုင်ပါ အချစ်လေးဒီတစ်ခါ CM Bollywood ပရိသတ်ကြီးကို Up to date ဇာတ်ကားတွေပဲကြည့်နေရမှာ ပျင်းနေမှာစိုးလို့ Old School ရွှေလိုရှားတဲ့ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်...ခုချိန်ထိနာမည်ကြီးနေဆဲဖြစ်တဲ့ ရှရွတ်ခန်းနဲ့ ဆလူးဘိုင်လို့ချစ်စနိုးခေါ်ရတဲ့ ဆယ်လ်မန်ခန်းတို့အပြိုင်ပါဝင်ထားတဲ့အပြင် အဲ့ခေတ်တုန်းက လှချက်ကကျက်သရေရှိလွန်း ငြိမ်းချမ်းလွန်းပါတယ်ဆိုတဲ့ မင်းသမီး မာဒူရီဒီဆစ်တို့နဲ့အတူ ဘောလီးဝုဒ်ရွှေခေတ်ဇာတ်ကားဆိုတာ ဒါမျိုးပါလားဆိုပြီး အဆိုအကမြိုင်မြိုင်နဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းခံစားရမယ့် အချစ်ဇာတ်ကားလေးပါပဲ ဇာတ်လမ်းလေးကတော့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါ ရှရွတ်ခန်း(ဂိုပါ)နဲ့ မာဒူရီ(ရာဒါ) တို့က ငယ်သူငယ်ချင်းတွေဖြစ်ပြီး ကလေးဘဝမှာကွဲကွာသွားခဲ့တာပါ.. ဆလူးဘိုင်(ဆူရာ့ဂ်ျ)ကတော့ ရာဒါရဲ့မိခင်ကမွေးစားထားတာဖြစ်ပြီး ရာဒါနဲ့အတူကြီးပြင်းလာခဲ့တာပါ... အရွယ်ရောက်လာတဲ့အခါမှာ ဂိုပါနဲ့ရာဒါတို့ ပြန်ဆုံစည်းကြပြီး လက်ထပ်လိုက်ကြသလို ဆူရာ့ဂ်ျကလည်း အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာပါတယ်။ဒါပေမဲ့ ငယ်သူငယ်ချင်းဆူရာ့ဂ်ျကို သံယောဇဉ်မပြတ်တဲ့ ရာဒါကြောင့် အချစ်ကြီးတဲ့ဂိုပါဟာ သံသယတွေဝင်ပြီး ရာဒါနဲ့ပြသနာတက်ပါတော့တယ်... တွေ့ဖူးနေကျ သုံးပွင့်ဆိုင်ဇာတ်လမ်းမျိုးပဲဆိုပေမယ့် အဲ့‌ခေတ်အခါမှာတော့ ကြည့်သူတိုင်းမျက်ရည်လေးတစ်စမ်းစမ်းနဲ့ အားလုံးကိုထိုင်သနားရမှာပါပဲ ဒီကားထဲပါတဲ့သီချင်းတိုင်းက နားထောင်လို့ကောင်းသလို ပေါက်လဲပေါက်ခဲ့တဲ့သီချင်းတွေဖြစ်ပါတယ်အဲ့တော့ အဆိုအကအစုံနဲ့ အချစ်ဒရာမာကားကောင်းလေးကို ဘောလီးဝုဒ်ပရိသတ်ကြီးလက်ဝယ်သို့ ‌အရောက်တင်ဆက်ပေးလိုက်ရပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size… 3 GB ...
movie

Hum Tumhare Hain Sanam (2002)

Ravike Prasanga (2024) 9.3
Ravike Prasanga (2024) Ravike Prasanga 2024 (လိုချင်တဲ့ဒီဇိုင်းအတိုင်းမရလို့ စက်ချုပ်ဆရာကို တရားစွဲခဲ့သူ) IMDb-9.3/10ဆန်ဗီလို့ခေါ်တဲ့ အသက်၂၈နှစ်အရွယ်ရှိနေပြီး အိမ်ထောင်မကျသေးတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူ့မိသားစုကတော့ ဆန်ဗီအိမ်ထောင်ကျရေး ဒို့အရေးဆိုပြီးတော့ကို အားသွန်ခွန်စိုက် ကြင်ဖက်ရှာပေးလို့နေပါတယ်။မိသားစုက ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဆန်ဗီကတော့ ကြင်ဖက်တွေ့သမျှကောင်လေးတိုင်းကို ပုလို့,ဝလို့,ထိပ်ပြောင်လို့နဲ့ မျိုးစုံအကြောင်းပြချက်ပေးပြီး ငြင်းနေပါတော့တယ်။ဒီလိုနဲ့ တစ်ရက်မှာတော့ ဆန်ဗီလေးဟာ ကောင်လေးတစ်ယောက်ကိုတွေ့ပြီး စိတ်ဝင်စားရာကနေ ဝိတ်ချဖို့အကြောင်းဖြစ်လာပြီး သူတို့မြို့ရဲ့ နာမည်ကြီးစက်ချုပ်ဆရာ ချန်ဒရာဆီမှာ အဲဒီကောင်လေးနဲ့ဆုံရမယ့် ပွဲတစ်ခုကို တက်ဖို့အတွက် ဒီဇိုင်းထွင်ပြီး အဝတ်အပ်ပါတော့တယ်။ဒီဇိုင်းကိုလည်း ဘယ်သူ့ကိုမှ မပြဖို့မှာထားခဲ့ပေမယ့် ကံမကောင်းချင်တော့ စက်ချုပ်ဆိုင်ကို လာတဲ့အန်တီတစ်ယောက်ကမြင်ပြီး ဒီဇိုင်းကလည်း ပျံ့သွားပါတော့တယ်။ ဒါတင်မဟုတ်သေးဘဲ ဆန်ဗီက သူဝိတ်ချနေတာ ကျတော့မှာဆိုပြီး စက်ချုပ်ဆရာကို သူ့အတိုင်းထက် ၆လက်မလျော့ချုပ်ခိုင်းပါတော့တယ်။ ဆန်ဗီလေးဟာ လေ့ကျင့်ခန်းလုပ်သလောက် စားသူဖြစ်တဲ့အတွက် ဝိတ်ကကျမသွားတော့ အင်္ကျီရလို့ ဝတ်ကြည့်တဲ့အခါမှာတော့ မတော်ဘူးဖြစ်နေပါတော့တယ်။ဒီလိုနဲ့ ဆန်ဗီဟာ စက်ချုပ်ဆရာ ချန်ဒရာကို တရားစွဲဖို့ အကြောင်းဖန်လာခဲ့ပြီးတော့ နောက်ပိုင်းမှာ မည်သို့မည်ပုံဖြစ်သွားမလဲဆိုတာကိုတော့ ပရိသတ်ကြီးက ဆက်လက်ကြည့်ရှုပေးကြပါဦးနော်(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ BpL~ Alex~ ToMo~V~KKKZ တို့ပဲဖြစ်ပါတယ်) File size…2.4GB ...
movie

Ravike Prasanga (2024)

2024