Channel Myanmar

Sulthan Hamonangan

Dilan 1983 : Wo Ai Ni (2024)
Dilan 1983 : Wo Ai Ni (2024) ဒီတစ်ခါအလှည့်ကျတာကတော့ Netflix မှ အင်ဒိုနီးရှား ကလေးကားလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီလန်လို့အမည်ရတဲ့ကျောင်းသားလေးက အရှေ့တီမောမှာ ၂ နှစ်နီးပါးနေပြီးတဲ့နောက် အရင်မြို့ အရင်ကျောင်းကို ပြန်လာခဲ့ရပါတယ်။ အတန်းထဲမှာ အရင်က သူရဲ့ဆိုးဖော်တေဖက်ငယ်သူငယ်ချင်းတို့အပြင် မေလီယန် မယ်ရီအွိုင်းလို့ခေါ်တဲ့ ခပ်ချောချောတရုတ်မလေးတစ်ယောက်ကလည်း ကျောင်းသူသစ်အနေနဲ့ ရောက်ရှိလို့နေပါတယ်။ဒီတော့ လူကြီးမကျ ကလေးမကတဲ့ ငဆိုး ငပေ ငတေ ငပွေလေး ဒီလန်တစ်ယောက် တရုတ်မလေးကို ဝေါ်အိုက်နီတွေဖြစ်ကာ အိမ်ထောင်စုဇယားထဲ မင်းပါးပါးနဲ့မားမားကိုထည့်ချင်လာပါတော့တယ်။ ကျောင်းသားကားပီပီ ကလေးလို ဆိုးလိုက်ဆော့လိုက် တရုတ်ဘုံကျောင်းက နဂါးဖြစ်ချင်နေတဲ့ အတန်းကြီးလူဆိုးကောင်တွေနဲ့ ရန်ဖြစ်လိုက်နဲ့ပဲ ဇာတ်လမ်းလေးကို သယ်လာတာမလို့ ပေါ့ပေါ့ပါးပါး အပျင်းပြေကြည့်ရှုချင်သူတွေအတွက် အချိန်ဖြုန်းစရာ ဇာတ်ကားကောင်းတစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ဒီလန်တစ်ယောက် ကံကောင်းစေမယ့် တရုတ်ဘုံကျောင်းက နဂါးပဲဖြစ်မလား .. ပါးပါးနဲ့မားမားကိုပဲ အိမ်ထောင်စုဇယားထဲက ပြန်ထုတ်ပေးလိုက်ရမလား ဆိုတာကိုတော့ ဇာတ်လမ်းအဆုံးမှာ သိရပါလိမ့်မယ်ဗျ။ Filesize : 1.59 GB / 884 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama, Romance, Family, ...
movie

Dilan 1983 : Wo Ai Ni (2024)

The Last 7 Days (2025) Sebelum 7 Hari 5.4
The Last 7 Days (2025) Sebelum 7 Hari  The Last 7 Days (2025)IMDb Rating (5.4) တာရီဟာ ဆင်ဂယ်မိခင်တစ်ယောက်ဖြစ်ပြီး ဟာနစ်ဖ်နဲ့ဘီယန်းဆိုတဲ့ သားနဲ့သမီးဖြစ်သူတို့နဲ့အတူနေထိုင်ပါတယ်။သူ့မှာအလုပ်အကိုင်မယ်မယ်ရရမရှိလေလွင့်နေတဲ့ ကဒါးဆိုတဲ့မောင်တစ်ယောက်ရှိပြီး တစ်ရက်တော့ သူတို့ရဲ့မွေးရပ်အိမ်ကြီးမှာ မိခင်ဖြစ်သူ အသည်းအသန်ဖြစ်နေပြီဆိုတဲ့သတင်းစကားကြောင့် အိမ်ပြန်ဖို့ဖြစ်လာပါတော့တယ်။သူတို့ရဲ့မိခင်ဖြစ်သူဟာ သူတို့မောင်နှမနှစ်ယောက်ကို ငယ်စဉ်ကတည်းက အိမ်ပေါ်ကနှင်ချခဲ့တဲ့အတွက် တာရီက မိခင်ကိုအမြင်မကြည်ပါဘူး။ဒါပေမယ့်လည်း သူတို့ပြန်ရောက်ပြီးမကြာခင်မှာပဲ သူတို့ရဲ့မိခင်ဖြစ်သူဟာ ထူးဆန်းစွာသေဆုံးသွားခဲ့တဲ့အတွက် ရက်မလည်မချင်းနေရဖို့ဖြစ်လာခဲ့သလို ၊ သူ့အမေသေဆုံးချိန်ကစလို့ တစ်ယောက်ချင်းစီဟာ ထူးခြားတဲ့ဖြစ်စဉ်တွေနဲ့အခြောက်အလှန့်တွေခံလာရပါတယ်။အခြောက်အလှန့်တွေဟာ တစ်ရက်ထက်တစ်ရက်ပိုကြမ်းတမ်းလာခဲ့ပြီး သူတို့ရဲ့မိခင်ဖြစ်သူတစ္ဆေကပါ သူတို့ကိုကြုံတိုင်း ထွက်သွား လို့ပြောနေတဲ့အတွက် အိမ်ကနေအမြန်ထွက်သွားဖို့ကြိုးစားကြပေမယ့် အခြေအနေတွေက သူတို့ထွက်သွားဖို့မဖြစ်နိုင်အောင် တွန်းပို့ကြပါတော့တယ်။ယုံကြည်မှုဓလေ့အတော်များများမှာရှိကြတဲ့ ခုနှစ်ရက်မပြည့်မချင်း သေသူရဲ့ဝိဉာဉ်ဟာ လှည့်လည်သွားလာနေတယ်ဆိုတဲ့ အချက်ကိုအခြေခံပြီး အောက်လမ်းပညာနဲ့ပေါင်းစပ်ဇာတ်လမ်းဆင်ထားတဲ့ ဟော်ရာကားကောင်းတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.2 GB) / (660 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:47:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated ...
movie

The Last 7 Days (2025) Sebelum 7 Hari

2025
Guna Guna Istri Muda (2024) 5.0
Guna Guna Istri Muda (2024)   Guna Guna Istri Muda (2024)အိန်ဂျယ်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရပြီး သူ့အမေဖြစ်သူ ဆုံးပါးကာနီးမှာသွားတဲ့ ''လိုချင်တာတစ်ခုကို ဖြစ်တဲ့နည်းနဲ့ရအောင်ယူရမယ်'' ဆိုတဲ့ဆောင်ပုဒ်ကိုဆွဲကိုင်ကြိးပြင်းလာသူဖြစ်ပါတယ်။အရွယ်ရောက်လာချိန်မှာတော့ ချစ်သူ ရွိုင်းကို ပစ်ပြီး အိမ်ထောင်သည်ရှူးဂါးဒက်ဒီကြီးဖြစ်တဲ့ ဘာဟန်ကိုအရရယူပြီး မယားပြိုင်အဖြစ်ခံယူခဲ့သလို ဘာဟန်ရဲ့တူဖြစ်တဲ့ လီယိုကိုလည်း သွေးသားဆန္ဒအတွက် တပ်မက်ပြီး အရယူဖို့ကြံပါတော့တယ်။သူစွန့်ပစ်ခဲ့တဲ့ ချစ်သူဟောင်း ရွိုင်းရဲ့မိခင်က အစွမ်းထက်အောက်လမ်းဆရာမတစ်ဦးဖြစ်ပြီး သူ့သားအတွက် ကလဲ့စားချေဖို့ကြိုးစားချိန်မှာအိန်ဂျယ်က အဘွားကြီးရဲ့ပျော့ကွက်ဖြစ်တဲ့ ရွိုင်းကိုချုပ်ကိုင်ပြီး လီယိုကို အရယူဖို့ကြိုးစားသလို ဘာဟန့်မယားကြိးဖြစ်တဲ့ ဗီဗီယန်ကိုပါ အောက်လမ်းအတတ်တွေနဲ့ဒုက္ခပေးဖို့ကြံစည်ပါတော့တယ်။လတ်တလောခေတ်စားနေတဲ့ အလောင်ဇာတ်လမ်းတွေလို ဇာတ်အိမ်မျိုးကိုမှ အောက်လမ်းအတတ်တွေ မှော်ပညာပြိုင်ခန်းတွေနဲ့ထူးထူးခြားခြားရှူစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1 GB) / (680 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller Duration….01:37:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Guna Guna Istri Muda (2024)

2024