Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sukhwinder Chahal
8.0
Mittran Da Challeya Truck Ni(2024)
Mittran Da Challeya Truck Ni (2024)(အချစ်ရှာပုံတော်)ဒီကားလေးကတော့ ထရပ်ကားမောင်းရင်း အသက်မွေးဝမ်းကြောင်းပြကြတဲ့ သားအဖနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အဖေလုပ်သူက မိန်းမဖြစ်သူနဲ့ကွဲနေတာဖြစ်ပြီး ပတ်ဝန်းကျင်ကတော့အဖေ့မိန်းမဟာ သူ့ကိုပစ်ပြီး တခြားယောက်ျားနောက်လိုက်သွားတယ်လိုပြောကြပေမဲ့ အဖေကိုယ်တိုင်ကတော့ဒီအကြောင်းက မမှန်ကြောင်းအမြဲပြောလေ့ရှိပါတယ်။ သားဖြစ်သူဟာလည်း အိမ်ထောင်ပြုရမဲ့ အရွယ်ကိုရောက်နေပြီဖြစ်ပေမဲ့ အခုထိ အိမ်ထောင်မကျသေးတဲ့အတွက် အိမ်ထောင်ပြုဖိုအတွက်ကို တိုက်တွန်းလိုနေပါတယ်။ သားဖြစ်သူလိုချင်တဲ့အိမ်ထောင်ဖက်က သူချစ်တဲ့သူ၊ သူ့ဘဝကို စီမံခန့်ခွဲပေးနိုင်တဲ့ ဇနီးကောင်းလေးမျိုးကို လိုချင်နေသူပေါ့။ဒီလိုနဲ့ သားဖြစ်သူဟာ ချမ်းသာမှုကို လိုလားတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံမိကြရာမှာတော့ .........ထရပ်ကားမောင်းရင်း ဘဝကို အဆင်ပြေသလိုလေး နေနေတဲ့ သားဖြစ်သူနဲ့ ချမ်းသာချင်တဲ့ အမျိုးသမီးလေးတို ဘဝမှာ ဘာတွေ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမဲ့ ပန်ချာပီ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ် File size… 2.7 GB / 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 11min Subtitle….Myanmar ...
movie
Mittran Da Challeya Truck Ni(2024)
6.3
Bina Band Chal England (2023)
Bina Band Chal England (2023) "အင်္ဂလန်မှဖူးစာ"ဒီတစ်ခါမှာတော့ ပန်ချာပီ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ဂူမန်က ဂူလင်းဆိုတဲ့ကောင်မလေးနဲ့ UK မှာ စတွေ့ကာ ချစ်သူတွေ ဖြစ်လာကြတာဖြစ်ပြီး ကောင်မလေးမိဘတွေက UK မှာနေတဲ့ အရာရှိမျိုးရိုးဖြစ်ကာ ဂူမန့်မိဘတွေကတော့ ပန်ဂျာ့ဘ်ပြည်က ကျေးလက်တောင်သူတွေပါဂူမန်က သူ့မိဘတွေဟာ စာမတတ်တဲ့ကျေးလက်နေသူတွေ ဖြစ်တယ်ဆိုတာကို ယောက္ခမလောင်းကိုမပြောဘဲ ဖုံးကွယ်ထားပြီး ရွာကမိဘနှစ်ပါးကို သူလက်ထပ်တော့မယ့်အကြောင်း ဖုန်းဆက်လှမ်းပြောလိုက်တဲ့အခါမှာရွာကမိဘတွေက UK က သားဖြစ်သူ ပြန်မလာခင်မှာပဲ ဆွေမျိုးတွေအကုန်လိုက်ဖိတ်ပြီး အိမ်ကိုခေါ်ထားပြီးသားဖြစ်နေတော့ ဘယ်လိုအလွဲတွေဆက်ကြုံရမှာလဲ ကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Star ~ ToMo ~ Cym မှ ဖြစ်ပါတယ် File size… 2.5 GB / 1.25 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by KKKZ ~ Star ~ ToMo ...
movie
Bina Band Chal England (2023)
5.8
Lambran da Laana (2024)
Lambram Da Laana (2024) "အစဥ်အလာနဲ့ ချစ်ခြင်းတရားလွန်ဆွဲပွဲIMDB 5.8/10 ရရှိထားတဲ့အပြင် အသစ်စက်စက်ထွက်ရှိထားတဲ့ ဘောလီးဝုဒ်ဟာသဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မိသားစုအကြားကျိန်စာမိပြီး လပြည့်ညရောက်တိုင်း ဖခင်ဖြစ်သူနဲ့ ဦးလေးဖြစိသူထံဝိဉာဥ်ဝင်ပူးပြီး တစ်ရွာလုံးကို ခြောက်လှန့်နေလို့ ဗျာများနေရတဲ့ လမ်ဘာမိသားစု....မိသားစုထဲမှာ သားအကြီးဆုံးလည်းဖြစ်တဲ့အပြင် စစ်သည်တော်အဖြစ်နယ်စပ်မှာတာဝန်ထမ်းဆောင်နေပြီး ခေတ်အသိခေတ်အမြင်ရှိတဲ့ Jeet ...ရွာကိုပြန်လာပြီး ဖခင်နဲ့ဦးလေးကိုဆေးကုသပေးဖို့ပြောဆိုရင်း လိုက်ပို့ရာက ဆေးခန်းက Rano ဆိုတဲ့ကောင်မလေးကိုချစ်ကျွမ်းဝင်မိသွားခဲ့ရာက မိသားစုနဲ့အချစ်နဲ့အကြားမှာလွန်ဆွဲပွဲဆင်နွဲရဖို့ ဖြစ်လာတဲ့အခါမှာတော့.....ဇာတ်ကားလေးက အချစ်၊ ဟာသတွေနဲ့ ကြွကြွရွရွပေါင်းစပ်ထားတာမလို့ ကြည့်ရှုသင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကို CM Bollywood Team က ရေးသားပေးထားပါတယ်) File size… 2.14 GB/ 1.01 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Lambran da Laana (2024)
6
Blackia 2 (2024)
Blackia 2 (2024) "ဘလက်ကီရာ အပိုင်းနှစ်"IMDb 7.9 ရထားတဲ့ ပန်ဂျာဘီ မှုခင်းကားလေး တင်ဆက်ပေးလိုက်ပါတယ် စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်နဲ့ မှုခင်းကားကို ရှာနေတဲ့ ပရိသတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်လမ်းမျိုးပါဇာတ်ကြောင်းနည်းနည်းပြောရရင်တော့ ဇာတ်လမ်းအစမှာ ရွှေးကောက်ပွဲကာလမတိုင်ခင် ဂူနမ်ဆင်းဂ် ဆိုသူ လွှတ်တော်အမတ်တစ်ယောက်ကို လူသတ်မှုနဲ့ ဖမ်းဆီးလိုက်ပေမယ့် ...လူတစ်ယောက်က အစားဝန်ခံပေးလိုက်ပါတယ် ဂူနမ်ဆင်းဂ်ဟာ သူ့ကို ဝန်းရံထောက်ခံသူပေါများပြီး နာမည်တစ်လုံးနဲ့ မျက်နှာရနေပေမယ့် တစ်ချိန်က "ဘလက်ကီရာ" ဆိုတဲ့ လူဆိုးလူမိုက်ဖြစ်နေတာပါတစ်ချိန် ၁၉၇၀ ဝန်းကျင်က နယ်စပ် မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းက ဘဲတစ်ဗွေရဲ့ ပစ္စည်းတွေကို တစ်ကိုယ်တော် လုယူလိုက်ပြီးနောက် တဖြည်းဖြည်း နာမည်ကျော်လာပြီး မြေအောက်လောကမှတဆင့် ဘယ်လိုမျိုး လူတွေလေးစားမှုကို ရလာတာလဲမေးခွန်းများစွာနဲ့အတူ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ပရိသတ်ကြီးက ဆက်လက်အားပေးလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.1GB / 987MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard ...
movie
Blackia 2 (2024)
2024
6
Kade Dade Diyan Kade Pote Diyan (2024)
ဒီဇာတ်ကားကတော့ IMDbမှာ rating 6.1 အထိ ရရှိထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂိုဂဲနဲ့ ကာမာလ်ဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပြီးတော့ လက်ထပ်ချင်နေကြတဲ့ ချစ်သူတွေပဲဖြစ်ကြပါတယ်၊ ဒါပေမဲ့လည်း ကာမာလ်ရဲ့ အဘွားကတော့ သူတို့နှစ်ယောက်လက်ထပ်မှာကို သဘောမတူချင်ဘူးတဲ့။အဲဒီတော့ ဂိုဂဲက ကာမာလ်ရဲ့ အဘွားဖြစ်သူ သေသွားပါစေဆိုပြီးတော့ ဆုတောင်းလိုက်တာ အဘွားက တကယ်ပဲ သေသွားပါတော့တယ်။ သူ့ဆုတောင်း တကယ်ပြည့်သွားတဲ့အချိန်မှာ ဂိုဂဲက လန့်သွားတာပေါ့။ အဲဒီလိုနဲ့ သူလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် အဆင်ပြေပြီလို့ ထင်ခဲ့ပေမဲ့ အဘွားရဲ့ ဝိညာဥ်ကို ပြန်တွေ့လိုက်ရတော့ သူ့ကို မြင်နေရပါတယ်ဆိုတဲ့အကြောင်းကို တခြားသူတွေကို သက်သေပြဖို့ လုပ်ပါလေရော။ဒါပေမဲ့လည်း သူကလွဲပြီး တခြားဘယ်သူမှမမြင်ရတော့ ဒုက္ခရောက်နေတော့တာပေါ့။ အဲဒီလိုနဲ့ တစ်ရက်ကျတော့ ဂိုဂဲကို ဘုရားကျောင်းက ဘုန်းကြီးကနေ သူ့အဘိုးဝိညာဥ်ကို ခေါ်ပြီး အကူအညီတောင်းခိုင်းဖို့ အကြံပေးတော့ အကြံအတိုင်း လုပ်ဖြစ်လိုက်ရော။ ဒါပေမဲ့ ဖြစ်ချင်တော့ အဘိုးရဲ့ ဝိညာဥ်ကို မြင်ရတာက ကာမာလ်တစ်ယောက်ပဲ ဖြစ်နေတယ်တဲ့။ ဒီလိုအရှုပ်တွေ၊ အမှားတွေကြားကနေ ...
movie
Kade Dade Diyan Kade Pote Diyan (2024)
2024
6.8
Aaja Mexico Challiye (2022)
Aaja Mexico Challiye (2022)IMDb-6.8/10ဘွဲ့ရပညာတတ်လူငယ်တွေနိုင်ငံရပ်ခြားကို ထွက်ကုန်ကြတာမြန်မာတစ်နိုင်ငံတည်းမဟုတ်ပါဘူး:3 Saunkan Saunkne ကားထဲက မယားနှစ်ယောက်နဲ့ အခွီမင်းသားကြီး Amy Virk က ဒီကားမှာတော့ မျက်ရည်လည်တဲ့အထိမတူတဲ့ဇာတ်ရုပ်နဲ့သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ပန်မန်ဟာ အများနည်းတူ အမေရိကန်သွားပြီး အလုပ်လုပ်၀င်ငွေတွေရှာချင်နေတဲ့တက်ကြွပန်ချာပီလူငယ်လေးတစ်ယောက်ပါ နိုင်ငံရပ်ခြားကိုပို့ပေးတဲ့ အေဂျင်စီတွေခြေချင်းလိမ်နေတဲ့အချိန်ကာလတစ်ခုပေါ့အမေရိကန်ကို သွားချင်လွန်းနေတဲ့ပန်မန်ကို အေဂျင်စီကတောင်းတဲ့မတန်တဆဈေးနဲ့ တစ်အိမ်လုံးကအနစ်နာခံပြီးပို့ပေးလိုက်ကြတယ် ခရီးစဉ်တစ်လျောက်တက်ကြွနေတဲ့ကောင်လေးဟာ လေဆိပ်အဆင်းမှာတော့ လွဲချော်မှုတွေစလာပြီ အေးဂျင့်ဆိုတဲ့လူကလည်းဖုန်းမကိုင်တော့ပါဘူး အဲဒီချိန်မှာပဲ သူ့လိုအမေရိကန်အိမ်မက်နဲ့အလိမ်ခံလိုက်ရတဲ့လူတွေနဲ့ဆုံဆည်းပြီး ဒုက္ခသုခတွေကြုံလာရပါတော့တယ်ဒီလိုနဲ့ပန်မန်အပါအ၀င် အမေရိကန်အိမ်မက်တွေနဲ့လူတွေဟာ အေးဂျင့်ကျေးဇူးနဲ့ အမေရိကန်မရောက်ပဲ မက္ကဆီကိုက တောကြီးထဲရောက်သွားချိန်မှာတော့.... စိတ်တောင်မကူးခဲ့ဖူးတဲ့ မက္ကဆီကိုတောကြီးထဲမှာ ဘယ်လိုရင်ဆိုင်ဖြတ်သန်းကြမလဲ သူတို့တွေ ဒီအခက်အခဲတွေကျော်ပြီးအမေရိကန်ကိုရောက်နိုင်ပါဦးမလား ရှူစားကြည့်ပါဦး File size…2.7GB / 1.25GB Quality…1080p WEB DL /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ Cherry
movie
Aaja Mexico Challiye (2022)
2022
6.3
Saunkan Saunkne (2022)
Saunkan Saunkne 2022=====================IMDb 6.4 ရရှိထားပြီး တစ်ချိန်လုံးထိုင်ရယ်နေရမယ့် Romance/Comedy ကားလေးလာပါပြီလက်ထပ်ပြီးတာနှစ်ကြာနေပေမယ့် ကလေးမရတဲ့လင်မယားနှစ်ယောက်..ကလေးရဖို့ဆရာဝန်တွေပယောဂဆရာတွေဆီ စုံနေအောင်ပတ်ပြပေမယ့် အကုန်လက်လျော့နေတဲ့အနေအထားမှာယောက္ခမဖြစ်သူကချွေးမကို ကိစ္စတစ်ခုတိုင်ပင်လာပါတယ် တခြားတော့မဟုတ်ပါဘူးသူ့သားမျိုးဆက်ပြတ်သွားမှာစိုးတာကြောင့် နောက်အိမ်ထောင်ထပ်ပြုခိုင်းဖို့ပါမျိုးဆက်ကြောင့်ရော သူကိုယ်တိုင်ကြောင့်ပါ ကလေးမရဖြစ်နေတဲ့ချွေးမလုပ်သူကမတတ်သာတဲ့အဆုံးသဘောတူလိုက်ပြီး တစ်ရွာဝင်တစ်ရွာထွက် ဒုတိယမိန်းမကိုသူကိုယ်တိုင်လိုက်ရှာပါတော့တယ် မယားငယ်ကို မယားကြီးကိုယ်တိုင်ကလိုက်ရှာနေရတဲ့အဖြစ်ဟာတွေးကြည့်ရုံနဲ့တင် ဂွကျနေမှာပါ ဒီမှာလည်းအလွဲအလွဲအမှားမှားတွေနဲ့နောက်ဆုံး အပြင်လူထက် အတွင်းလူကပိုစိတ်ချရတယ်ဆိုပြီး ညီမဖြစ်သူကိုသွားတွေးမိတဲ့အခါ...ဘာတွေဆက်ဖြစ်လာမလဲ ညီမဖြစ်သူကရော သူတို့အကြံကိုသဘောတူပါ့မလားတစ်လင်တစ်မယားစနစ်မဟုတ်ဘဲ တစ်လင်နှစ်မယားစနစ်နဲ့ ဗရုတ်ကျစရာမိသားစုကြောင့်၂နာရီခွဲကြာချိန်လေးမှာ ရယ်မောနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင် File size…2.3GB / 1.09GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Yunni & OeliuJ & Honeyey
movie
Saunkan Saunkne (2022)
2022