Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sukanya Kulkarni
7.3
Naach Ga Ghuma (2024)
Nach Ga Ghuma (2024) "ကမောက်ကမ အိမ်ထောင်ရှင်မ"ခွီရမှကြိုက်တဲ့ ပရိသတ်ကြီးအတွက် သဘာ၀ကျကျ ရယ်ရမဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။အချစ်ဟာသကားတွေချည်းပဲ ကြည့်ရတာ ရိုးအီနေပြီဆိုရင် အပြောင်းအလဲအနေနဲ့ ဒီလိုဇာတ်လမ်းမျိုး ကြည့်သင့်ပါတယ်။အိမ်ရှင်မတစ်ယောက်နဲ့ သူ့မိသားစုရေးကို အခြေခံပြီး အိမ်တွင်းဟာသလေးတွေကို သဘာ၀ကျကျ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းမှာတော့ ရာနီဟာ အိမ်ရှင်မတစ်ယောက်ပီပီ မနက်မိုးလင်းတာနဲ့ ပျာယာခတ်အလုပ်များနေပုံနဲ့ အစပျိုးထားပါတယ်။ အလုပ်သွားမဲ့ ယောကျာ်းဖြစ်သူကိုနှိုးရ၊ သမီးအတွက်ပြင်ဆင်ပေးရနဲ့ အလုပ်များနေရတာက ရာနီ့ရဲ့နေ့စဉ်ကြုံနေရတဲ့ အိမ်ရှင်မဘ၀ပါ။အဲဒီကြားထဲ အလုပ်ချိန်အမြဲနောက်ကျတတ်တဲ့ အိမ်အကူ အစ်မအက်ရှာနဲ့ကလည်း အမြဲတကျက်ကျက်ပေါ့။နောက်ပိုင်းမှာတော့ ရာနီရဲ့အိမ်ရှင်မဘ၀ဟာ ဒီလိုပဲဆက်ဖြစ်သွားမလား၊ ဘာအပြောင်းအလဲတွေ ကြုံရမလဲ၊ ရာနီနဲ့အက်ရှာကြား ဘယ်လိုကမောက်မကတွေ ဖြစ်ဦးမလဲဆိုတာ ရယ်ရယ်မောမော ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။အိမ်ထောင်သည်တွေကြုံတွေ့ရတတ်တဲ့အိမ်ထောင်ရေး၊ မိသားစုရေးနဲ့ လူမှုရေးကိစ္စပေါင်းစုံကို သဘာ၀ကျကျ ဟာသလေးတွေနှောပြီး တင်ဆက်ထားတာမို့ ဘ၀အမောလေးတွေ ခဏတာပြေပျောက်စေမှာပါ။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size… 3.25 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h ...
movie
Naach Ga Ghuma (2024)
8.1
Sarfarosh (1999)
Sarfarosh (1999) "တာဝန်" IMDb - 8.1/10ဒီတစ်ခါမှာဆိုရင် ၁၉၉၉ က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရိုမန့်/အက်ရှင်ကားလေးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ဝါရင့်သရုပ်ဆောင် Naseeruddin Shah, အားလုံးသိကြတဲ့ မင်းသား Aamir Khan နဲ့ တစ်ချိန်က မင်းသမီးချော Sonali တို့ ပါဝင်ထားပြီး အမြတ်ငွေ လေးဆပြန်ရခဲ့တဲ့ ခေတ်ဟောင်းကားလေးပါအိန္ဒိယနိုင်ငံမှာ လက်နက်မှောင်ခိုမှုတွေ ဖြစ်ပွားစဥ် အကြမ်းဖက်မှုတွေများလာတာကြောင့် အစိုးရက မွန်ဘိုင်းအထူးစုံစမ်းရေးကို တာဝန်ပေးနေရတဲ့ အချိန် ကောလိပ်ကျောင်းသား အဂျေး (အမီခန်း)ရဲ့အဖေက အကြမ်းဖက်တစ်ယောက်ကို ဆန့်ကျင်ထွက်ဆိုဖို့အသွား ပြန်ပေးဆွဲခံလိုက်ရပြီးအကြမ်းဖက်တွေလက်ချက်နဲ့ သူ့အစ်ကိုကြီးကိုဆုံးရှုံးလိုက်ရတဲ့အပြင် အဖေကပါ စကားမပြောနိုင်တော့ဘူး ဖြစ်သွားတဲ့အခါ အဂျေးတစ်ယောက် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လူတိုင်းလေးစားရသူလဲဖြစ်၊ အဂျေးနဲ့ ချစ်သူကောင်မလေး ဆီမာတို့ အရမ်းသဘောကျတဲ့ ဂီတစာဆို ဂူဖမ်ဟာဆန်ဆိုသူမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့အခါမှာဆိုရင်တော့ .....အက်ရှင်ခန်းတွေသာမက ချစ်ခန်းကြိုက်ခန်းတစ်လှည့်စီ အရောင်အသွေးစုံလင်တဲ့ ဒီခေတ်ဟောင်းလက်ရာလေးကို ပရိသတ်ကြီးက ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.4GB ...
movie
Sarfarosh (1999)
1999
8.2
Baipan Bhari Deva (2023)
Baipan Bhaari Deva (2023) "မိန်းမသားတို့ ဘဝ"IMDb 8.2 ရထားပြီး ဘတ်ဂျက် ၅ ကုဋေသာ အကုန်ကျခံရိုက်ကူးထားပေမဲ့ ရုံတင်ငွေ ၉၂ ကုဋေအထိ (အမြတ် ၁၈ ဆ) ပြန်လည်ရရှိခဲ့ပြီး ထင်မထားပဲ ပေါက်ခဲ့တဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗြိတိန် ရုပ်ရှင်ဆုပေးပွဲ BAFTA မှာ ၁၉၈၂ က ဂန္ဒီရုပ်ရှင်နဲ့ အကောင်းဆုံးဇာတ်ပို့မင်းသမီးဆု ရရှိခဲ့ဖူးတဲ့ တစ်ဦးတည်းသော အိန္ဒိယမင်းသမီး Rohini Hattangadi ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ ညီအစ်မခြောက်ယောက်ရဲ့ အခက်အခဲကိုယ်စီနဲ့ သူတို့ရဲ့ ဘဝနေထိုင်မှုတို့ကို ဟာသလေးနှောပြီး တင်ဆက်ထားတာပါ စိတ်ဓာတ်ကျနေတဲ့ ဂျာရာ၊ ယောကျာ်းက အမြဲတမ်းတစ်ခုပြီးတစ်ခု ခိုင်းတာခံရတဲ့ ချာရူ၊ သမီးဖြစ်သူက ယောက္ခမကို အမေထက် ပိုဂရုစိုက်အလေးပေးနေလို့ စိတ်အားငယ်နေတဲ့ မိခင်တစ်ယောက်ဖြစ်သူ ရှာရှီ၊ အိမ်ထောင်ရေးပြဿနာကို ရင်ဆိုင်နေရတဲ့ ပါလာဗီနဲ့ ချွေးမကိုအလေးမထားတဲ့ ယောက္ခထီးကို ပိုင်ဆိုင်ထားသူ ဆာဒါနား တို့ရဲ့ ဘဝအခက်အခဲတွေ မိန်းမသားတို့ဘဝရဲ့ ကြမ်းတမ်းမှုတွေကို ...
movie
Baipan Bhari Deva (2023)
2023