Channel Myanmar

Steve Kahan

Scrooged (1988) 6.9
Scrooged (1988) Scrooged (1988)~ IMDb - 6.9/10, Rotten Tomatoes - 71% ~ခရစ္စမတ်ကတော့ ထပ်ရောက်လာပေမဲ့ ခရစ္စမတ်ရဲ့အရသာကိုလည်း အပြည့်အဝရပြီး တကယ်လည်းကောင်းတဲ့ ရုပ်ရှင်တွေက မထွက်သလောက်ရှားနေပါပြီ။ ကျွန်တော်တို့တွေ မကြည့်ရသေးတဲ့ထဲလည်း ကုန်သလောက်ဖြစ်နေပြီ။ ခရစ္မမတ်ရဲ့အရသာကိုလည်း အပြည့်အဝရသလို တကယ်လည်းကောင်းတဲ့ Superman ပထမဆုံးကားရဲ့ ဒါရိုက်တာ Richard Donner ရဲ့ Scrooged ကိုတော့ ကြည့်ပြီးတဲ့သူထက် မကြည့်ရသေးတဲ့သူပိုများမယ်လို့ ထင်ပါတယ်။ ပါရာမောင့်က ထုတ်ထားတဲ့ ဒီကားက ခရစ္စမတ်ရဲ့အရသာအပြည့်ရတာလည်းမဆန်းပါဘူး။ ခရစ္စမတ်ရဲ့အကျော်ကြားဆုံးဇာတ်လမ်းဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကိုပဲ မော်ဒန်ဗားရှင်းနဲ့ Black Comedy နှောပြီး ရိုက်ထားတာကိုး။ ထုံးစံအတိုင်း ခရစ္စမတ်ကာလမှာ အတိတ် အနာဂတ် ပစ္စုပ္ပန် ခရစ္စမတ်တစ္ဆေတွေရဲ့ခြောက်လှန့်ခြင်းခံရတဲ့ လူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ ပိုလည်းလက်တွေ့ကျလာသလို ကြည့်ရတာလည်းပိုအရသာရှိပါတယ်။ ဘီလ်မာရေးရဲ့ သရုပ်ဆောင်ချက်ကြောင့်လည်း ...
movie

Scrooged (1988)

1988
Superman I (1978) 7.4
Superman I (1978) Superman I (1978) Extended Cut===============================~ IMDb - 7.4/10, RT - 93%, Meta - 82% ~ဒီခေတ်လို စူပါဟီးရိုးကားတွေ ရေပန်းစားပြီး ဖောချင်းသောချင်းထွက်မလာခင်ခေတ်တုန်းက စူပါဟီးရိုးကားတော်တော်များများဟာ ဒီခေတ်လို CGI Effects တွေ နာမည်ကြီးသရုပ်ဆောင်တွေ တပုံတပင်နဲ့ သိပ်ခမ်းနားချင်မှခမ်းနားမယ်။ သိပ်လည်းမပေါများခဲ့တော့ တစ်ကားဆိုတစ်ကားဆိုသလို ကြည့်လို့ကောင်းခဲ့ပြီး ကျွန်တော်တို့ငယ်ဘဝရဲ့အမှတ်တရတွေဖြစ်ခဲ့ကြတာကိုတော့ ငြင်းမရဘူး။အဲဒီလိုစူပါဟီးရိုးတွေထဲကမှ စူပါမန်းကားတွေလည်း တော်တော်များများထွက်ခဲ့ပေမဲ့ ခရစ္စတိုဖာရိဗ်ရဲ့ပထမဆုံးကားတဖြစ်လဲ ဒီကားက သမိုင်းရဲ့ အခမ်းနားဆုံး စူပါမန်းကားတစ်ကားဆိုတာကတော့ ရုပ်ရှင်သမားတိုင်း လက်ခံထားရမယ့် အမှန်တရားတစ်ခုပဲ။ ဘာလို့ဆို ဒီစူပါမန်းက The Godfather ရဲ့ စာရေးဆရာ ဇာတ်ညွှန်းဆရာ မာရီယိုပူဇိုတစ်ယောက် The Godfather ရိုက်ပြီးတဲ့နောက် ပထမဆုံးဇာတ်ညွှန်းပြန်ရေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Godfather ကြီး မာလွန်ဘရန်ဒိုကိုယ်တိုင်လည်း စူပါမန်းအဖေ Jor-El အဖြစ်သရုပ်ဆောင်ခဲ့တယ်။ ...
movie

Superman I (1978)

1978
Assassins (1995) 6.3
Assassins (1995) Assassins (1995)_____IMDb - 6.3/10    ကြေးစားလူသတ်လောကရဲ့ ထိပ်သီး နံပါတ် တစ် လူသတ်သမား Syvester Stallone ရောဘတ် ရတ် ..... လွန်ခဲ့တဲ့ ၁၅ နှစ်က နံပါတ်တစ် ကြေးစားလူသတ်သမားကို ပြန်သတ်ပြီး ရောဘတ် ရတ်က ကြေးစားလောကမှာ နံပါတ် တစ် ဖြစ်လာခဲ့တယ် ။ ရောဘတ်ရတ်ရဲ့ အလုပ်တွေကို ကြားဖြတ်လုပ်ဆောင်ပြီး ကြေးစားလောကရဲ့ ထပ်သီး နံပါတ်တစ် လူသတ်သမား ဖြစ်ချင်နေတဲ့ Antonio Banderas မီဂူရယ် ဘိန်း ... နံပါတ်တစ် နေရာတစ်ခုစာအတွက် အားပြိုင်နေကြတဲ့ ကြေးစားလူသတ်သမား နှစ်ယောက် ကြားက စီးပွားရေးအရှုပ်ထုပ် ဖိုင်တွေ ခိုးလာတဲ့ သူခိုးမလေး အဲလက်ထရာ ။ သူခိုးမလေး အဲလက်ထရာက တကယ်တမ်းပစ်မှတ် ဖြစ်လာတဲ့အခါ ကြေးစားလူသတ်သမားနှစ်ယောက် ဘယ်လိုရုန်းကန်ကြမလဲ ။ သူခိုးမလေး လက်ထဲက ဖိုင်တွေက ဘာတွေမို့လဲ သူ ပစ်မှတ်လို့ သတ်မှတ်ခြင်းခံရတာလဲ ဆိုတာတော့.....    ဘာသာပြန်ကတော့ စည်သူထက် ဖြစ်ပါတယ် ...
movie

Assassins (1995)

1995