Channel Myanmar

Sshivada Nair

L2: Empuraan (2025) 6.4
L2: Empuraan (2025) L2: Empuraan (2025) "နတ်ဆိုး" IMDb - 6.4/10နာမည်ကျော် တောင်ပိုင်းမင်းသားကြီးမိုဟန်လာလ် ပါဝင်ထားပြီး မလေယာလမ်ရုပ်ရှင်သမိုင်းမှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်နေတဲ့အပြင် 2025ခုနှစ် အိန္ဒိယရုပ်ရှင်တွေထဲမှာ ကမ္ဘာတလွှားရုံတင်တင်ချင်း ဝင်ငွေအများဆုံးရခဲ့တဲ့ ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၉ကထွက်ရှိထားပြီး လူကြိုက်များခဲ့တဲ့ Lucifer(2019)ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။နိုင်ငံရေးအရှုပ်၊ နိုင်ငံရေးမသမာမှုတွေကြားက လူမျိုးရေးရန်ပွဲတွေ အာဏာလုယူမှုတွေနဲ့ စခဲ့တဲ့ဇာတ်လမ်း။ရုပ်ရှင်ထဲက အဘွားအိုရဲ့စကားအတိုင်းဆို ငါတို့နိုင်ငံရဲ့ နိုင်ငံရေးဆိုတာက စီးပွားရေးခွင်တစ်ခု၊ အဲဒီနိုင်ငံရေးက ဟိန္ဒူလဲမသိဘူး မွတ်ဆလင်လည်းမသိဘူး၊ ယောကျ်ားမိန်းမတွေ စိတ်ဓာတ်တွေကိုယ်ကျင့်သိက္ခာတွေ မသိဘူးတဲ့။ နိုင်ငံရေးဆိုတာ ကစားပွဲတစ်ခု၊ အရာရာတိုင်းကိုရောင်းစားပစ်တဲ့ အရာတစ်ခုပဲတဲ့။ နိုင်ငံရေးကို ဘာသာတရားနဲ့တွဲလိုက်ရင် ယမ်းပုံပေါ် မီးချလိုက်သလိုပဲ၊ မီးတောက်က အကုန်ဝါးမျိုသွားတော့တာတဲ့။ဒီရုပ်ရှင်မှာလည်း ၂၀၀၂ခုနှစ် ဂူဂျာရတ်မှာဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းကို အခြေခံထားခဲ့ပါသေးတယ်။ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရေး၊ အုတ်အော်သောင်းနင်းဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းတွေကြားမှာ စတီဖန်တစ်ယောက် ဘယ်လိုဆက်ပြီး အကွက်ရွှေ့မလဲဆိုတာ ကြည့်ရှုကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 9.3 GB / 3.4 GB / 1.5 GB Quality…WEB DL ...
movie

L2: Empuraan (2025)

4K HEVC
Anand Sreebala (2024) 7.3
Anand Sreebala (2024) Anand Sreebala (2024) "အဖြစ်မှန်"ပရိသတ်အကြိုက်ဖြစ်စေမယ့် မလေယာလမ် မှုခင်းဒရာမာ ရုပ်ရှင်လေး လာပါပြီဇာတ်လမ်းအကျဉ်းကိုပြောရရင် တစ်ညမှာ မိဘနှစ်ပါးက ဥပဒေကျောင်းသူသမီးပျောက်လို့ ရဲစခန်းကိုလာတိုင်ပေမယ့် ရဲတွေက ချက်ချင်းတာဝန်ယူဖြေရှင်းဖို့ နှောင့်နှေးနေခဲ့ပါတယ်နောက်တစ်ရက်မှာတော့ ရဲတွေက မိန်းကလေးအလောင်းကို ရှာတွေ့ခဲ့ပြီး အမှုစုံစမ်းမှုက သိပ်မကြာလိုက်ဘဲ သေကြောင်းကြံမှုအဖြစ်သာ အမှုပိတ်ခဲ့ရာမှာတစ်နှစ်ကြာတော့ သတင်းရှာနေတဲ့ တီဗွီသတင်းထောက်မလေးဟာ အဆိုပါအမှုကို လူစိတ်ဝင်စားအောင် ပြန်လုပ်ဖို့အကြောင်းဖန်လာတဲ့အခါ ရဲတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ သူ့ကောင်လေး အာနန့်ကို အလွတ်စုံထောက်လုပ်ခိုင်းပါတော့တယ် အမှုမှန်ပေါ်ပေါက်လာမှာလားဒီဇာတ်လမ်းထဲမှာ ပရိသတ်တို့ ဆက်လက်အဖြေရှာလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပါ File size… 1.6 GB / 827 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Anand Sreebala (2024)

Garudan (2024) 7.5
Garudan (2024) Garudan 2024 (လျှို့ဝှက်မှုတို့၏နောက်ကွယ်) IMDb 7.6/10အာဒီနဲ့ ကာရူနာတို့ဟာ ငယ်သူငယ်ချင်း ဆိုးဖော်ဆိုးဖက်ဖြစ်ကြပြီး ဘဝအခြေအနေလည်း တူညီကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ သူတို့ဘဝတွေ ဘယ်လောက်ထိ တူညီလည်းဆိုရင် သူတို့ရဲ့ဖခင်နှစ်ယောက်ဟာ ကားအက်စီးဒန့်တစ်ခုတည်းမှာတင်ပဲ အသက်ဆုံးပါးသွားခဲ့ပါတယ်။အာဒီကတော့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လော်ရီကားတွေနဲ့ လုပ်ကိုင်နေပြီးတော့ ကာရူနာကတော့ တော်ဝင်မိသားစုဝင်ဖြစ်ပေမယ့် အခွံသာကျန်ခဲ့တဲ့ ဒီမိသားစုမှာ အုတ်ဖုတ်လုပ်ငန်းကိုလုပ်ကိုင်ရင်း ကာရူနာရဲ့အုတ်တွေကို အာဒီရဲ့ လော်ရီကားတွေနဲ့ သယ်ပြီးတော့ ဈေးကွက်ရှာကြပါတယ်။ဖခင်တွေသေဆုံးသွားပြီးနောက်မှာတော့ သူတို့သူငယ်ချင်းနှစ်ယောက်ကို ကာရူနာရဲ့အဘွားဖြစ်သူ ဆယ်လာရီက စောင့်ရှောက်ထားခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာ ဘယ်လောက်ပဲ ဆိုးမိုက်နေပါစေ ဘုရားကျောင်းကိုတော့ အသွားမပျက်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကွမ်ဘိုင်အမ်မန်လို့ခေါ်တဲ့ ဘုရားကျောင်းရဲ့ အကြီးအကဲဟာ သူတို့ရဲ့အဘွား ဆယ်လာရီဖြစ်နေလို့ပါပဲ။ သူတို့သူငယ်ချင်းနှစ်ယောက်အကြောင်းကိုပြောတဲ့အခါမှာ ချော့ခ်ကန်ကိုလည်း မေ့ထားလို့မရပါဘူး။ချော့ခ်ကန်ဟာလည်း မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဘုရားကျောင်းမှာ ကြီးပြင်းလာရင်းကနေ ကာရူနာနဲ့ ခင်သွားရင်းကနေ ချော့ခ်ကန်ကိုပါ အိမ်ကိုခေါ်လာခဲ့ပါတော့တယ်။အသက်တွေကြီးလာတဲ့အခါမှာ ချော့ခ်ကန်ဟာ ကာရူနာရဲ့ သစ္စာရှိလူယုံတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ချော့ခ်ကန်ရဲ့ သစ္စာရှိမှု, ကိုယ့်ကိုယ်ကိုယ် လေးစားယုံကြည်မှုတို့ကို စမ်းသပ်စစ်ဆေးတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ........သူတို့နဲ့ ဆက်စပ်နေတဲ့ ကွမ်ဘိုင်အမ်မန်ဘုရားကျောင်းကရော ဘယ်လိုအကြောင်းအရာတွေ ပေါ်ပေါက်လာဦးမလဲ ..... သူတို့သူငယ်ချင်းတွေရဲ့အကြောင်းကို စုံစမ်းနေတဲ့ အင်စပက်တာနဲ့ရော ဒီကိစ္စတွေက ...
movie

Garudan (2024)

2024
Nitham Oru Vaanam (2022) 7.7
Nitham Oru Vaanam (2022) Nitham Oru Vaanam (2022)—————————————————IMDb _ 7.7/10ဝတ္ထုဇာတ်လမ်းတွေဟာ ကျွန်တော်တို့နဲ့ဘယ်တော့မှသက်ဆိုင်မှာမဟုတ်တဲ့ ကမ္ဘာတွေကို ခေါ်သွားပေးနိုင်တဲ့စွမ်းအားရှိပါတယ်..ငယ်ငယ်ကတည်းက စကားပြောရတာထက် စာအုပ်တွေဖတ်ပြီး စာအုပ်ထဲက ဇာတ်ကောင်အတိုင်း ကိုယ့်ကိုယ်ကိုမြင်ယောင်ခံစားတတ်တဲ့ Arjun ဆိုတဲ့လူငယ်လေးတစ်ယောက်အပေါ်အခြေတည်ပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်.. Introvert ဖြစ်တဲ့အပြင် OCD ပါရှိနေတဲ့ Arjun တစ်ယောက် တစ်ဘဝလုံးလူ့ဂွစာဖြစ်လာခဲ့ပြီးနောက်မှာ တစ်ယောက်သောသူနဲ့တွေ့ပြီး နှစ်လအကြာမှာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်.. ဘဝကြီးဟာစိုပြေလာပြီလို့ထင်ရပေမယ့် မထင်မှတ်ထားဘဲ လက်ထပ်ပွဲဖျက်သိမ်းခံလိုက်ရတဲ့အခါ စိတ်ဓာတ်ကျဖို့ဖြစ်လာရပါတော့တယ်..အဲ့လိုနဲ့ အသိဒေါက်တာတစ်ယောက်ရေးထားတဲ့ ဝတ္ထု၂ပုဒ်ကိုဖတ်ကြည့်မိတဲ့အခါ ဇာတ်သိမ်းပိုင်းတွေကို မသိရသေးပါဘူးတဲ့.. perfectionist ဖြစ်လွန်းတဲ့စိတ်ကြောင့် ပြင်ပလောကမှာတကယ်ရှိနေတဲ့ ဒီဝတ္ထုထဲက ဇာတ်သိမ်းတွေကို ရှာဖို့ ခရီးထွက်လာတဲ့ Arjun တစ်ယောက် Shubathra နဲ့တွေ့ပြီး အတူခရီးထွက်ကြတဲ့အခါ ဘာတွေကြုံတွေ့ပြီး ဝတ္ထုလေးတွေကရော ဘယ်လိုအဆုံးသတ်မလဲ Arjun ရဲ့ဘဝကရော ဘာတွေပြောင်းလဲသွားမလဲ .. အတော်လေးကို စိတ်ဝင်စားဖို့ကောင်းပြီး အဆုံးထိကြည့်ချင်အောင်ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်းလေးပါဇာတ်ကားကောင်းလေးကို နုံချာတဲ့review လေးကြောင့် အရသာပေါ့သွားစေမှာစိုးလို့ ကိုယ်တိုင်ကိုယ်ကျ CM Website မှာ ဒေါင်းကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ် File size…2.17GB /  1.05GB  Quality…1080p True  ...
movie

Nitham Oru Vaanam (2022)

2022
12th Man (2022) 7.2
12th Man (2022) 12th Man(2022)IMDb 7.2ရရှိထားပြီး မာလာယာလမ်း သဘာဝမင်းသားကြီးမိုဟမ်လယ်တော့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့တောင်ပိုင်းရုပ်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ် အမြဲစည်းလုံးနေခဲ့တဲ့သူငယ်ချင်း၁၁ယောက် ဂိမ်းကစားကြရင်းတစ်ယောက်ရဲ့လျှို့ဝှက်ချက်တစ်ယောက်သိကုန်ကြပြီး အဖွဲ့ထဲကတစ်ယောက်ကထူးဆန်းစွာသေဆုံးသွားတဲ့အခါ....ကောလိပ်ကျောင်းသားဘဝတွေတည်းကလက်တွဲမဖြုတ်ဘဲတစ်တွဲတွဲဖြစ်လာခဲ့တဲ့သူငယ်ချင်း၁၁ယောက်ဟာ ဘဝကိုယ်စီနဲ့ဖြတ်သန်းနေကြပါတယ် တစ်နေ့တော့ သူငယ်ချင်းထဲကတစ်ယောက်ရဲ့လူပျိုပါတီမှာတွေ့ဆုံကြဖို့အပန်းဖြေခြံတစ်ခုဆီခရီးထွက်ခဲ့ကြပါတယ် ဒီခြံထဲမှာဆော့ကစားရင်းအရက်သမားချန်ဒရာဆီလ်ဆိုတဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံခဲ့ပြီးကတောက်ကဆလေးတွေရှိခဲ့ကြပါတယ် ဒီလိုနဲ့ညဘက်ရောက်တော့ပါတီပွဲလုပ်နေရင်းဂိမ်းဆော့ကြမယ်ဆိုပြီး လျှို့ဝှက်ချက်ဖော်တဲ့ဂိမ်းကစားရာက အချင်းချင်းခိုက်ရန်ဖြစ်ပြီးကိုယ်စီအခန်းတွေကိုပြန်လာခဲ့ကြပါတယ် ဇာတ်လမ်းကဒီမှာတင်ပြီးမသွားပါဘူး၁၁ယောက်ထဲက မိန်းကလေးတစ်ယောက်ညဘက်ကြီးအသတ်ခံလိုက်ရပါတယ်ဒီကောင်မလေးကိုသတ်တာဟာအရက်သမားလို့ယုံကြည်နေကြပေမယ့်မြှုပ်ကွက်တွေရှိနေတဲ့အတွက်အရမ်းစိတ်ဝင်စားစရာကောင်းနေမှာပါ ဒီအရက်သမားရဲ့ဘဝဇာတ်ကြောင်းအမှန်ကရောဘယ်သူဖြစ်မလဲလူသတ်သမားက ၁၁ယောက်ထဲကပဲလားဆိုတာ သိချင်ဇောတွေတစ်ဟုန်ဟုန်နဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အခုပဲအပြေးဒေါင်းလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်)  File size…1.8GB / 871MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Poe & Yunni  
movie

12th Man (2022)