Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Srijit Mukherji
5.3
Killbill Society (2025)
Killbill Society (2025) "ပန်းတစ်ပွင့်ရဲ့ပုံပြင်"ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ရသစုံကြည့်ရှုခံစားရမဲ့ ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ပူရ်နာဟာ အောင်မြင်လူကြိုက်များတဲ့ ဆိုရှယ်အင်ဖလူရန်ဇာဘ၀ကနေ သရုပ်ဆောင်ဘ၀ကို တက်လှမ်းနိုင်ခဲ့တဲ့ တက်သစ်စမင်းသမီးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့အလုပ်ကို မိသားစုကရော ချစ်သူကပါ မကြည်ဖြူပါဘူး။သူ့အိပ်မက်တွေကို ပုံဖော်ခွင့်ရတော့မယ် သူ့အနာဂတ်ဟာ တောက်ပနေပြီလို့ ထင်ရပေမဲ့ အနှောင့်အယှက်ကြီးကြီးတစ်ခု ၀င်လာခဲ့ပါတယ်။ တစ်နေ့တော့ သူ့အလုပ်နဲ့ပတ်သက်ပြီး ချစ်သူနဲ့ အကြီးအကျယ်စကားများရာကနေ ပြဿနာအစပျိုးလာတာ ဖြစ်ပါတယ်။ပူရ်နာတစ်ယောက် အညွှန့်တလူလူတက်ရမဲ့အချိန်မှာ အညွှန့်ချိုးခံရတဲ့အဖြစ်မျိုး ကြုံလိုက်ရတာပါ။ အဲဒီအဖြစ်ကြောင့် ပူရ်နာဟာ သတ်သေဖို့ကြိုးစားပေမဲ့လည်း မအောင်မြင်တာကြောင့် သူ့ကိုသတ်ဖို့ လူသတ်သမားကို ကိုယ်တိုင်ငှားရမ်းလိုက်ပါတယ်။ဒီလိုနဲ့ ပူရ်နာတစ်ယောက် ဘာတွေဆက်ကြုံတွေ့ရမဲ့၊ သူ့ကိုယ်သူသေအောင်လုပ်မဲ့ အကြံကအောင်မြင်ပါ့မလား ဆိုတာကို တွေးတောဆင်ခြင်စရာတွေနဲ့အတူ စိတ်၀င်တစားကြည့်ကြရမှာပါ။(ဒီစီးရီးအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~ToMo~KKKZ~Alex~ZweYan ဖြစ်ပါတယ်။) File size… 1.4 GB / 800 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cym~ToMo~KKKZ~Alex~ZweYan
movie
Killbill Society (2025)
6.4
Tekka (2024)
Tekka 2024 ကောက်ရိုးတစ်မျှင်IMdb 6.4/10လောကကြီးက တစ်ခါတလေ အရာရာကိုစွန့်လွှတ်ဖို့ တွန်းအားပေးလာချိန်မှာ ဆင်ခြင်တုံတရားကို အမှောင်ဖုံးလို့ လုပ်မိလုပ်ရာ ကောက်ရိုးတစ်မျှင်ကို ဆွဲမိတတ်ကြပါသတဲ့။လူ့အဆင့်အတန်းရဲ့ အောက်ဆုံးအလွှာက ဒေါသအိုး သန့်ရှင်းရေးသမားလေးအစ်လက်ခ်တစ်ယောက် အထက်လူကြီးတွေရဲ့ သက်သက်မဲ့စော်ကားမှုတွေကို ဒေါသနဲ့တန်ပြန်မိတဲ့အတွက် အလုပ်ပြုတ်သွားတော့တာပေါ့။အဲဒါနဲ့ပဲ အိမ်ကိုပြန်ရောက်လာတော့ သားဖြစ်သူကလည်း ကျောင်းလခမပေးနိုင်လို့ ကျောင်းထုတ်ခံလိုက်ရတဲ့အဖြစ်ဆိုးကို ရင်ဝကိုဆောင့်ကန်လိုက်သလိုပါပဲ။ စိတ်ပျက်နာကျည်းမှုတွေနဲ့ အထက်တန်းလွှာတွေရဲ့ နင်းပြားဘဝကို စိတ်ကုန်နေတဲ့ အစ်လက်ခ်တစ်ယောက် သူ့ရဲ့ရုံးအဆောက်အဦထဲမှာ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲတဲ့အထိ ဖြစ်သွားပါတော့တယ်။ဒီတော့ ACP မာယာတို့လည်း အစ်လက်ခ်ဆီကနေ ကလေးမလေးကိုကယ်ဖို့ ညှိနှိုင်းမှုလုပ်ဖို့လာရာကနေ အစ်လက်ခ်ရဲ့တောင်းဆိုမှုက ငွေမဟုတ်ဘဲ သူ့ရဲ့သန့်ရှင်းရေးအလုပ်ပဲဆိုတာကို သိလိုက်ရတာဖြစ်လို့ အားလုံး အဆင်ပြေလုဆဲဆဲမှာပဲ သမီးကိုကယ်ဖို့ ဘာမဆိုလုပ်ဖို့ အသင့်ဖြစ်နေတဲ့ ကလေးမလေးရဲ့အမေ ပူဂျာကလည်း အစ်လက်ခ်ကိုခြိမ်းခြောက်ဖို့ သူ့သားကိုပါ ပြန်ပေးဆွဲထားတာကို သိလိုက်ရချိန်မှာတော့...ဖခင်မေတ္တာနဲ့ မိခင်မေတ္တာရဲ့ အားပြိုင်မှုကြားမှာ ဒီကလေးနှစ်ယောက် မြေစာပင်မဖြစ်ရေးအတွက် ACP မာယာတို့အရာရှိတစ်သိုက် ဘယ်လိုတွေကြိုးစားသွားကြမလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.33 GB / 832 MB Quality…WEB DL 1080p HEVC/ ...
movie
Tekka (2024)
7.5
Sherdil: The Pilibhit Saga (2022)
Sherdil: The Pilibhit Saga (2022)အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ Mirzapur ထဲက သဘာဝမင်းသားကြီး ပန်ကခ်ျထရီပတီဦးဆောင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်...ဟိုးဝေးလံခေါင်သီတဲ့ဒေသတစ်ခုမှာ ဂျန်ဒိုဆိုတဲ့ရွာလေးတစ်ရွာရှိတယ် မီးမရှိ ဆေးရုံမရှိ စာသင်ကျောင်းမရှိတဲ့ရွာလေးပေါ့ တောနီးချုပ်စပ်ရွာဖြစ်လို့ တောရိုင်းကောင်ကြီးတွေရောက်ရောက်လာတတ်ပြီး ရွာသူရွာသားတွေရဲ့စိုက်ခင်းတွေကို ဖျက်ဆီးသွားတတ်တယ်အဲ့ဒီရွာရဲ့သူကြီးကိုတော့ ဂန်ဂါရာမ်(ပန်ကခ်ျထရီပတီ)လို့ခေါ်တယ် သူဟာ ရိုးသားတဲ့တောသားဖြစ်ပေမယ့် ရပ်ရွာအကျိုးအတွက်ဆို ရှေ့တန်းက ဦးဆောင်မယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ပေါ့...ရွာမှာတောကောင်တွေ သောင်းကျန်းလို့ အစိုးရရုံးတွေဆီတက်တိုင်တော့လည်း အစိုးရရုံးတွေရဲ့ထုံးစံအတိုင်း ဟိုဌာနကဟိုစာတောင်းလာခဲ့ ဒီဌာနကဒီစာတောင်းလာခဲ့နဲ့ ဟိုလွှတ်ဒီလွှတ်ပေါ့..ဒီလိုနဲ့ သူဟာ အစိုးရရုံးတစ်ရုံးမှာ ကပ်ထားတဲ့ကြေညာစာမှာ တောကောင်အကိုက်ခံရတဲ့သူကို အစိုးရက ရူပီ၁၀သိန်းနစ်နာကြေးပေးမယ်ဆိုတာကို မြင်သွားတယ်...ဒီနစ်နာကြေးကို အရယူပြီး ရွာသားတွေရဲ့ပြဿနာတွေကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဖြေရှင်းပေးဖို့ သူကိုယ်တိုင်တောကောင်အစားခံဖို့ တောထဲထွက်လာတဲ့အခါမှာတော့ ဆက်လက်ပြီး ဘယ်လိုတွေ စိတ်လှုပ်ရှားစရာကောင်းမလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါ...ဒီဇာတ်ကားလေးမှာတော့ နုံချာဆင်းရဲပြီး ရိုးသားတဲ့တောသားပင်ဖြစ်လင့်ကစား ခေါင်းဆောင်ကောင်းတစ်ယောက်တို့မည်သည် ဘယ်လိုအရည်အချင်းတွေနဲ့ ပြည့်စုံအပ်သလဲဆိုတာကို ဖော်ကျူးရိုက်ကူးပေးထားလို့ ကျေနပ်အားရစေမှာအမှန်ပါပဲ File size…1.67GB / 782MB Quality…1080p HQ HD AAC5.1CH / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & BpL & Honeyey
movie
Sherdil: The Pilibhit Saga (2022)
2022