Channel Myanmar

Sridevi

Court – State Vs. A Nobody (2025) 8
Court – State Vs. A Nobody (2025) Court - State vs. A Nobody (2025) "အညတရလူတစ်ယောက်အတွက်"တေလဂူးစကားပြော တရားခွင် ရုံကားအသစ်ဖြစ်ပြီး ၆၆.၇၅ ကုဋေအထိ ရုံတင်ငွေ ရရှိထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်တေဂျာဟာ ရှေ့နေပေါက်စတစ်ယောက်ဖြစ်ပြီး သူတို့ရှေ့နေရုံးခန်းက ဆရာကြီးနဲ့တကွ စီနီယာရှေ့နေတွေကျေးဇူးကြောင့် အလုပ်သက်တမ်း ၃ နှစ်အတွင်း အမှုတစ်ခုမှ ကိုယ်တိုင်မကိုင်ဖူးသေးဘဲ စိတ်ပျက်လျက်ရှိပါတယ်ကံအကြောင်းဖန်လာတော့ လေးရက်နေရင် စီရင်ချက်ချတော့မယ့် အားလုံးကလက်လျှော့ထားတဲ့ ၁၉ နှစ်အရွယ်တရားခံကောင်လေးနဲ့ ပတ်သက်သူတွေက အကူအညီတောင်းလာတဲ့အခါတရားလိုက ၁၇ နှစ်အရွယ်မိန်းကလေးရဲ့ အကောင်ကြီးကြီး အသိုင်းအဝိုင်းဖြစ်နေတာကြောင့်ရယ် အချိန်လည်းမရှိတော့တဲ့ ဒီကောင်လေးအတွက် တေဂျာတစ်ယောက် ကယ်တင်ရှင်ဖြစ်လာနိုင်မလား ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Zwe Yan ~ ToMo ~ Cherry ~ Yunni မှ ဖြစ်ပါတယ် File size… 1.8 GB / 940 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Court – State Vs. A Nobody (2025)

Puli (2015) 5
Puli (2015) Puli (2015) ကျားရဲဒီတစ်ခေါက်မှာတော့ဗီဂျေးနဲ့ ရှရူသီဟာဆန်တို့လို နာမည်ကြီးမင်းသား မင်းသမီးဒိတ်ဒိတ်ကြဲတွေပါဝင်တဲ့ကားဟောင်းလေးကို CM Bollywood fan တွေအတွက်တစ်ဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်မာရူဒီရာဟာ‌မွေးကင်းစမှာ မြစ်ထဲကနေမြောလာလို့လူမျိုးစုတစ်ခုကနေ ကယ်တင်ခြင်းခံထားရတဲ့ကောင်လေးတစ်ယောက်ပါ ထူးဆန်းတာကသူနဲ့အတူ ဥလေးတစ်လူံးပါလာပြီး အဲဒီဥကပေါက်တဲ့ငှက်ကလေးဟာလည်းလူစကားပြောတတ်နေပါတယ်ဒီလိုမွေးကတည်းကဆန်းကြယ်တဲ့ကံကြမ္မာနဲ့ကောင်လေးဟာ ထူးခြားတဲ့စွမ်းရည်တစ်ခုကိုလည်းပိုင်ဆိုင်နေပါသေးတယ် သူဟာကျားတစ်ကောင်လိုခွန်အားရှိပါတယ်တစ်နေ့မှာသူတို့ရွာကိုအနိုင်ကျင့်အုပ်ချုပ်နေတဲ့ဗီသယ်မျိုးနွယ်စုဟာ သူရဲ့အချစ်သည်းငြှာဖြစ်တဲ့ကောင်မလေး ပါဗလာမာလီကို ပြန်ပေးဆွဲသွားခဲ့ပါတော့တယ်မာရူဒီရာတစ်ယောက် မှော်ဘုရင်မ ယာဗာနာ နဲ့သူ့ရဲ့ စွမ်းအားကြီးမားလှတဲ့ စစ်သူကြီးဂျာလာဒါရန်ဂါကို ပြန်ခံတိုက်ခိုက်ပြီးသူ့ရဲ့ချစ်သူကောင်မလေးကိုပြန်ပြီးကယ်ဆယ်နိုင်ပါ့မလားဆိုတာကတော့....(အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်) File size… 4.5 GB / 2.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Puli (2015)

Bimbisara (2022) 6.4
Bimbisara (2022) Bimbisara (2022)အခုတစ်ခါ ထွက်ရှိလာတဲ့ကားလေးကတော့ တေလဂူမင်းသားချောလေးနန္ဒမူရီကလ်ယန်းရာမ်ပါဝင်သရုပ်ဆောင်ထားပြီး ဘတ်ဂျတ်ကုဋေ၄၀အကုန်ကျခံရိုက်ကူးထားတဲ့ရုံတင်ကားတကားပဲဖြစ်ပါတယ် ရုံတင်ငွေ၆၅ကုဋေနီးပါးအမြတ်ပြန်လည်ရရှိထားတဲ့အပြင် ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုကိုပါ ထပ်ဆောင်းရရှိထားတာကြောင့် ကြည့်သင့်တဲ့ရုပ်ရှင်ကားတခုပါနော်ဒီဇာတ်ကားလေးက စိတ်ဝင်စားဖို့တော့ကောင်းသား..။သက္ကရာဇ် ၅ရာစုနှစ်လောက် မင်းလုပ်အုပ်စိုးခဲ့တဲ့ ဗိမ္ဗိသာရဆိုတဲ့ ဧကရာဇ်မင်းတစ်ပါးရှိတယ် ဩဇာကြီးသလောက် အလိုရမ္မက်ကြီးတယ် ရက်စက်ကြမ်းကြုတ်တယ် စာနာထောက်ထားမှုမရှိဘူးသူ့ခေတ်သူ့အခါတုန်းက အနီးပတ်ဝန်းကျင်က ရှင်ဘုရင်တွေလည်း ကောင်းကောင်းမနေရ သူကျူးကျော်တိုက်ခိုက်လာမှာကို စိုးရွံ့ရ လက်ဆောင်ဆက်သရနဲ့ အခန့်မသင့်ရင် သူက ရှင်ဘုရင်တွေကိုပါ မချန်သတ်ပစ်တာ...ဒီရက်စက်တဲ့ မင်းတရားကြီးဟာ သူနေထိုင်တဲ့ ၅ရာစုနှစ်ကနေ ၂၁ရာစုနှစ်ကို တိုက်ရင်းခိုက်ရင်း မတော်တဆ ရောက်ရှိလာတဲ့အခါမှာတော့...။ဒီဖက်ခေတ်မှာလည်း ဒီဘုရင်ရဲ့အတောမသတ်နိုင်တဲ့ ရတနာသိုက်ကြီးကို ရှာဖွေနေတဲ့ လူတွေရှိနေတယ်...။သူ့ရာစုနှစ်ကို ပြန်ဖို့ ကြိုးစားနေတဲ့ မင်းတရားကြီးနဲ့ ရတနာသိုက်ကို လိုချင်နေတဲ့ လူတွေ ဆုံမိကြတဲ့အခါ....။ဇာတ်လမ်းက ဘယ်လိုစိတ်ဝင်စားဖို့ကောင်းလာမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါနော် File size…3GB / 1.5GB Quality…1080p True HD / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sora & BpL
movie

Bimbisara (2022)

2022