Channel Myanmar

Sri Priyanka

Kombu Vatcha Singamda (2022) 4.6
Kombu Vatcha Singamda (2022) Kombu Vatcha Singamda (2022)"ဦးချိုပါသော ခြင်္သေ့" ============================================၂၀၂၂ က ထွက်ရှိတဲ့ တမီလ်စကားပြော ကျေးလက် အက်ရှင်ဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆူမာသီဆိုတဲ့ကောင်မလေးဟာ အိမ်ထောင်ကျ ကလေးတစ်ယောက်ရပြီးနောက်မှာ မပြန်ဖြစ်တာ ၅ နှစ်ကြာပြီရှိတဲ့ သူ့ရဲ့မွေးရပ်မြို့လေးဆီကို ပြန်လာခဲ့ပါတယ်။ဒါပေမဲ့ သူ့ရဲ့ မွေးရပ်မြို့လေးဟာ သူမှတ်မိထားတဲ့ပုံစံနဲ့မတူဘဲ တိတ်ဆိတ်ခြောက်ကပ်နေပြီး သုသာန်တစပြင်လိုမျိုး လူသူကင်းမဲ့နေတာကို တွေ့လိုက်ရတယ်။အဲဒီလိုဖြစ်နေရတဲ့အကြောင်းအရင်းကို စုံစမ်းကြည့်တဲ့အချိန်မှာတော့ သူတို့မြို့လေးအတွက် အနစ်နာခံသွားတဲ့ လူငယ်ငါးယောက်ရဲ့အကြောင်းကို သိခဲ့ရပြီး အဲဒီလူငယ်ငါးယောက်ရဲ့အကြောင်းနဲ့ သူတို့ မြို့လေး ဘယ်လိုတိတ်ဆိတ်ခြောက်ကပ်သွားတာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ တွေ့ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.3 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kombu Vatcha Singamda (2022)

Kuiko (2023) 6.8
Kuiko (2023) Kuiko 2023 (ကိုလူကြမ်းတို့ဘဝအဖုံဖုံ)IMDb-7.7/10ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့ တမီးလ်မင်းသားကြီး Vidharth တို့ပါဝင်ထားတဲ့ Netflix ကနေထုတ်လွှင့်လာတဲ့ ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဒဿနပေါင်းများစွာနဲ့ ဘဝကြီးကိုပုံဖော်နေတဲ့ ကျောင်းဆရာတစ်ယောက်က ဆေးလိပ်ခိုးသောက်နေတဲ့ ကျောင်းသားတွေဆီက အကြံနဲ့ဆေးလိပ်လုသောက်ပြီး ဆေးလိပ်ဒဿနဖွင့်နေတဲ့အချိန် ကျောင်းအုပ်ကြီးနဲ့တွေ့ပြီး အလုပ်ထုတ်ခံလိုက်ရပါတယ် အလုပ်မရှိဝင်ငွေမရှိနဲ့ ချန်နိုင်းမှာလုပ်မဲ့ IPL ပွဲကြည့်ချင်စိတ်ပြင်းပြလာတော့ ရှေ့အကြွေးတွေမဆပ်ရသေးတဲ့ ဦးလေးဆီကိုပဲ မျက်နှာပြောင်တိုက် ထပ်ချေးငှားရတာပေါ့ဦးလေးဖြစ်သူဟာလည်း ငွေတိုးပေးစားနေပေမဲ့ အရမ်းသနားတတ်တော့ ငိုပြလိုက်ချေးလိုက် ပြန်မရလိုက်နဲ့ သဘောမနောကောင်းငွေတိုးရှင်ကြီးပါတဲ့။ ဇာတ်‌လိုက်ကျော်ယိုဂီဘာဘူကြီးကတော့ ဆော်ဒီရောက် အသဲကွဲသမားလေး။ မိခင်ဖြစ်သူနာရေးကြောင့် ဇာတိကိုပြန်လာမဲ့သူ။ဒီနာရေးမှာ အခေါင်းအတွက် ချေးငှားပေးရသူက သဘောမနောကောင်းငွေတိုးရှင်ကြီး။ IPL ပွဲသွားကြည့်ချင်တဲ့ အလုပ်လက်မဲ့ ဒဿနကျောင်းဆရာလေးက ဒီအခေါင်းကို လိုက်တာဝန်ယူစောင့်ရှောက်ပေးရမဲ့သူ။ ဒီသုံးယောက်ရဲ့ အလွဲအချော်လေးတွေက တဟားဟားရယ်မောရတာမဟုတ်ဘဲ ကြည့်ရင်းတွေးရင်းသဘောပေါက်ရင်းပြုံးမိရင်း ရှုစားရမဲ့ဇာတ်လမ်းတစ်ပုဒ်ပါအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.68GB  / 1.2GB Quality…WEB DL 1080p /720p Format…mp4 Duration…1h 54m Subtitle….Myanmar ...
movie

Kuiko (2023)

2023
Tamil Kudimagan (2023) 9.6
Tamil Kudimagan (2023) Tamil Kudimagan (2023) "တမီလ်နာဒူးနိုင်ငံသား"IMDB 9.3 တောင်ရထားတဲ့ တမီးလ် ဒရာမာ ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ တမီးလ်လ်မျက်နှာသိသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Cheran နဲ့ မင်းသမီး Sri Priyanka တို့ အားဖြည့်ထားပြီး critically လည်း အောင်မြင်တဲ့ ရုပ်ရှင်ပါအိန္ဒိယနိုင်ငံရဲ့ ဇာတ်အနိမ့်အမြင့်လူတန်းစား ခွဲခြားမှုကို မေးခွန်းထုတ်ထားတဲ့ ဇာတ်မျိုးပါပဲ မြို့ငယ်လေးတစ်ခုမှာ ချင်နာဆာမီဆိုတဲ့ ကောင်လေးက VAO ဆိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးစာမေးပွဲကိုအသွား ရပ်ကွက်ထဲက လူသေလို့ အသုဘချဖို့ လာခေါ်တာနဲ့ မလိုက်ချင်လိုက်ချင် လိုက်သွားရပါတယ်...။သူကိုယ်တိုင် ရိုးရိုးကျင့် မြင့်မြင့်ကြံပြီး ကြိုးစားနေပေမယ့်လည်း လူ့အသိုင်းအဝိုင်းက ချင်နာဆာမီတို့ မျိုးရိုးအလုပ်ဖြစ်တဲ့ အသုဘချတာကို သူတစ်ယောက်တည်း လုပ်သင့်တယ်လို့ ဇွတ်သတ်မှတ်ထားကြတာပါ...။ပြီးတာနဲ့ ဆိုင်ကယ်နဲ့ စာမေးပွဲဖြေဖို့လိုက်ပို့မယ်ဆိုပြီး ခေါ်တဲ့ လူကလည်း သောက်မြင်ကပ်ပုဒ်မနဲ့ လမ်းမှာ ဆီကုန်တယ်လို့ ညာပြီး စာမေးပွဲချိန်နောက်ကျအောင် တမင်ညစ်ပါတယ်ဒီဇာတ်နိမ့်လူတန်းစားမှာ အဖေက ဒါလုပ်ရင် သားက ဒါလုပ်ဆိုပြီး တသမတ်တည်း သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းကို တော်လှန်ချင်စိတ်ရှိတဲ့ ...
movie

Tamil Kudimagan (2023)

2023