Channel Myanmar

Sreejith Ravi

Lovely (2025) 5.1
Lovely (2025) Lovely 2025ဒါရိုက်တာ ဒီလီရှ့်နာအေလ် ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဇာတ်ကားအသစ် 'Lovely' ထွက်လာပါပြီ။သရီးဒီပုံရိပ်ကို ဦးစာပေးထားပြီးတော့ စိတ်ကူးယဥ်ဇာတ်လမ်းနဲ့ ဟာသကို ရောယှက်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။လူ့ဘဝဆိုတာ မသေခင် ပျော်ပျော်နေသင့်လား ပိုက်ဆံရှာဖို့ အလုပ်လုပ်မလားရွေးနေရတဲ့ လူငယ်လေး ဘိုနေ၊ တစ်နေ့ ကနေဒါသွားဖို့ အနာဂတ်ကို စိတ်ပိုင်းဖြတ်တဲ့အချိန် မိသားစုက အစိုးရအလုပ်လုပ်ခိုင်းနေခဲ့ပါတယ်။တစ်နေ့ ကံစီမံရာဆိုတဲ့အတိုင်း အဆိုးအကောင်းဒွန်တွဲနေသရွေ့ ကြုံနေရမယ့် အခက်အခဲတစ်ခုကြုံလိုက်ရတယ်။ဒါကတော့ ထောင်ကျသွားတာဖြစ်ပါတယ်။ ကိုယ့်အမှားမဟုတ်ဘဲ မတရားထောင်ကျသွားတဲ့ ဘိုနေက ထောင်ထဲမှာ ယင်ကောင်လေး လပ်ဗလီးကို တွေ့ရင်းသူ့ရဲ့ ဘဝအပေါ် အမြင်က ဘယ်လိုပြောင်းလဲလာမလဲ။ ဘယ်လို မတရားသဖြင့် ထောင်ကျတဲ့အမှုကနေ လွတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်) File size…1.2 GB / 600 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 56min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Lovely (2025)

Rekhachithram (2025) 7.4
Rekhachithram (2025) Rekhachithram (2025) အတိတ်ရဲ့ပဲ့တင်သံ မှုခင်း သည်းထိတ်ရင်ဖို ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဒီနေ့ရဲ့သတင်းဌာနတိုင်းမှာ Facebook live တစ်ခုက နေရာတိုင်းမှာ ကြားနေရပါတယ်။လူတစ်ယောက်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူကျူးလွန်ခဲ့တဲ့အမှုကို ဝန်ခံပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခြင်းပါ။ ၁၈ တောင်မပြည့်သေးတဲ့ကလေးမလေးကို ဖျာလိပ်နဲ့ပတ်လို့ မြေမြှုပ်ခဲ့တဲ့နေရာမှာပဲ သူ့ဘဝကို အဆုံးသတ်သွားပါတယ်။သူက သူနဲ့အတူ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကိုပါ ဖော်ထုတ်သွားလေရဲ့။ ဒီလိုနဲ့ရဲတွေက သူဖော်ထုတ်သွားတဲ့သူတွေကို လိုက်လံစုံစမ်းရင်း အလောင်း‌မြှုပ်ခဲ့တဲ့နေရာကိုတူးဖော်ရာမှာ‌တော့ အရိုးစုနဲ့အတူ ခြေချင်းဝတ်လေးတစ်ခုကို တွေ့ပါတော့တယ်။Live မှာပြောခဲ့တဲ့နာမည် ရှိသူတိုင်းကို နေရာအနှံ့လိုက်လံမေးမြန်းရင်း တူးဖော်ရတဲ့အရိုးနဲ့အတူ ခြေချင်းဝတ်ပိုင်ရှင်ကိုပါလိုက်ရှာရာမှ ဖခင်တစ်ဦးက သူ့သမီးခြေချင်းဝတ်ပါလို့ ပြောလာတဲ့အချိန်မှာတော့........သူတို့ကျူးလွန်ခဲ့တာ ဘာပြစ်မှုပါလဲ၊ ကောင်မလေးကရော ဘာဖြစ်ခဲ့တာလဲ၊ အတူကျူးလွန်ခဲ့တဲ့သူတွေက ဘယ်လိုဆက်စပ်လို့ ဘယ်သူတွေလဲဆိုတာ ရုပ်ရှင်လေးကိုကြည့်ရှုရင်း အဖြေထုတ်ကြရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size…2.4 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 27min Subtitle….Myanmar Subtitle (Hard ...
movie

Rekhachithram (2025)

La Tomatina (2023)
La Tomatina (2023) La Tomatina (2023)"ပဉ္စမ မဏ္ဍိုင်" ===========================၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော နိုင်ငံရေး လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ထဲက လာတိုမာတီနာဆိုတာကတော့ ဆိုရှယ်မီဒီယာမှာအခြေစိုက်တဲ့ အလွတ်တန်း သတင်းဌာနတစ်ခုပဲဖြစ်ပါတယ်။သတင်းဌာနဆိုပေမဲ့ အဲဒီသတင်းဌာနကို လူတစ်ယောက်တည်းက လည်ပတ်နေတာပါ။သူ့ရဲ့ သတင်းဌာနဟာ အစိုးရကို ဆန့်ကျင်ထောက်ပြတဲ့ ဟောဟောဒိုင်းဒိုင်း သတင်းတင်ဆက်မှုတွေကြောင့် နိုင်ငံပိုင်သတင်းဌာနတွေထက်တောင် လူတွေရဲ့ယုံကြည်မှုကို ပိုမိုရရှိလာပါတယ်။ဒါပေမဲ့ သူတင်တဲ့တချို့သတင်းတွေထဲမှာ အစိုးရရဲ့ အထူးလျှို့ဝှက်အချက်အလက်တွေပါ ပါဝင်လာတာကြေင့်အစိုးရဘက်က အေးဂျင့်လေးယောက်ပါဝင်တဲ့ အထူးတပ်ဖွဲ့တစ်ခုဖွဲ့ပြီး သူ့ကို ထောက်လှမ်းဖို့ကြိုးစားရင်း နောက်ကွယ်ကရှုပ်ထွေးမှုတွေတဖြည်းဖြည်းပေါ်လာပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပဲဖြစ်ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym ~ Star ~ KKKZ နဲ့ Zwe Yan တို့ပါ။) File size…1.3 GB / 679 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 56min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK
movie

La Tomatina (2023)

Marco (2024) 7.4
Marco (2024) Marco (2024) "မာကို"ဘတ်ဂျက် ကုဋေ ၃၀ နဲ့ရိုက်ပြီး ရုံတင်ငွေ ၁၁၅ ကုဋေ ရထားတဲ့ မလေယာလမ် အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ်မျက်မမြင် ဗစ်တာဆိုတဲ့လူဟာ ခွေးတစ်ကောင်လို အနံ့ခံတော်ပြီး အထိအတွေ့အာရုံလည်း ကောင်းလှသူပါအဲဒီအာရုံကြောင့်ပဲ တစ်ညမှာ သူနဲ့ သူ့ငယ်ချင်းဝါဆင်တို့ လမ်းလျှောက်လာတုန်း ဝါဆင်အသတ်ခံလိုက်ရတဲ့အခါ လူသတ်သမားကို မှတ်ထားနိုင်ခဲ့တယ်ဒါကို လူဆိုးတွေသိသွားတဲ့အခါမှာ ရက်ရက်စက်စက်အသတ်ခံလိုက်ရတဲ့ ဗစ်တာအတွက် သူ့အစ်ကို ဂိုဏ်းခေါင်းဆောင်ဂျော့နဲ့ မာကိုတို့က ဘယ်လိုလက်စားပြန်ချေသွားမှာလဲ ဆိုတာကတော့အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.6 GB / 769 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Marco (2024)

Anchakkallakokkan (2024) 7.0
Anchakkallakokkan (2024) Anchakkalakokkan (2024) အကြောက်တရား IMDb 7.3 CM ပရိသတ်ကြီးအတွက် မလေယာလမ်မှုခင်းဒရာမာ ရုပ်ရှင်ကားအသစ်တစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်ကျွန်တော်တို့ရဲ့ငယ်ဘဝမှာ ညအိပ်ရာဝင်ပုံပြင်တွေကနေနားထောင်ပြီး ကြောက်လန့်ခဲ့ရတဲ့ ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်စီတော့ရှိကြမှာပါ. အန်ချက်ခ်ကာလက်ခ်ခိုကမ်ဆိုတဲ့နာမည်ကလည်း ဇာတ်ဆောင်ဗာဆူဒီဗန်ရဲ့ ငယ်ဘဝမှာကြောက်ရွံ့ခဲ့ရတဲ့မလေယာလမ်ဒဏ္ဍာရီသတ္တဝါကြီးပါ.ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ၁၉၈၆ခုနှစ်ရွေးကောက်ပွဲနီးလို့အခြေအနေတင်းမာနေတဲ့အချိန်မှာ နယ်စပ်ဒေသရွာလေးတစ်ရွာမှာ‌မြေပိုင်ရှင်ကြီး ချာပရာတစ်ယောက်လုပ်ကြံခံလိုက်ရတာနဲ့ ဇာတ်လမ်းကိုအစပျိုးထားပါတယ်. နောက်နေ့မှာပဲ ရှက်တတ်ကြောက်တတ်သွေးမြင်မူးလဲတတ်တဲ့ ရဲပေါက်စဗာဆူဒီဗန်ဟာ အဲဒီရွာကိုကျပြီး စီနီယာနာဒါဗာရမ်ဘန်နဲ့အတူ လုပ်ကြံမှုကိုစုံစမ်းရဖို့ဖြစ်လာပါတော့တယ်.အခြေအနေတွေရှုပ်ထွေးနေတဲ့ကြားကနေ ဖခင်သေဆုံးမှုအတွက်ဒေါသထွက် ပြဿနာဖန်တီးဖို့ ချာပရာသားတွေက ရွာကိုရောက်လာတဲ့အပြင် ချာပရာကိုသူသတ်လိုက်တာပါလို့ ဝန်ခံလိုက်သူကလည်းရှိနေပါတယ်. ဒီလိုသုံးပွင့်ဆိုင်အနေအထားမှာ တစ်ဖက်နဲ့တစ်ဖက်ဘယ်လိုကြမ်းကြ ရမ်းကြမလဲ လူသတ်သမားကရောအစစ်ဟုတ်ပါ့မလား ရွေးကောက်ပွဲအချိန် လက်ဝဲယိမ်းလက်ယာယိမ်းတွေကရော ဘယ်လိုရှုပ်ထွေးကြဦးမလဲဆိုတာ ဒီဇာတ်ကားလေးမှာကြည့်ရှုပေးကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…2.19GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Anchakkallakokkan (2024)

2024
Enthada Saji (2023) 5.4
Enthada Saji (2023) Enthada Saji (2023)IMDb - 6.2/10ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ စိတ်ကူးယဥ်ဆန်ပြီးရယ်ရတာကို သဘောကျတဲ့သူတွေကို အကြိုက်တွေ့စေမယ့် မင်းသား Kunchacko Bobanနဲ့မင်းသမီးNivetha Thomasတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Enthada Saji ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်ဆာဂျီမိုဟာ ရည်မှန်းချက်မရှိပဲလေလွင့်ပျင်းရိနေတဲ့ အမျိုးသမီးလေးတစ်ယောက်ဖြစ်ပါတယ် သူ့သူငယ်ချင်းတွေတောင် မင်္ဂလာဆောင်ပြီးသွားကြပေမယ့် သူကတော့စေ့စပ်စွဲတစ်ခါပျက်ဖူးတဲ့အပြင် အခုချိန်ထိလည်း Faဖြစ်နေတာမို့ရပ်ထဲရွာထဲမှာ အပျိုဟိုင်းကြီးလို့ စနောက်လှောင်ပြောင်ခံနေရသူလေးပါ ဆာဂျီမိုဟာဒီလိုဒဏ်တွေကို သည်းမခံနိုင်တော့တာမို့ ချက်ကျောင်းမှာအမြဲလိုလိုသွားညည်းညူလေ့ရှိပါတယ်တစ်နေ့မှာတော့သူ့ညည်းညူတာတွေကို ကြားရတာများလာတဲ့အရှင်က ရုပ်တုထဲကနေအပြင်ကိုထွက်လာရာကနေ ဆာဂျီမိုရဲ့ဘဝဟာလည်းပြောင်းလဲသွားပါတော့တယ် ဆာဂျီမိုရဲ့ပျော်ရွှင်ခြင်းအခိုက်အတန့်တွေကြားမှာ ချက်ကျောင်းရဲ့ရုပ်တုဟာလည်းထူးဆန်းစွာပျောက်ကွယ်သွားတဲ့အချိန်မှာ အရှင်နဲ့သူထပ်ဆုံနိုင်ပါ့မလား ဒီလိုရုပ်တုထဲကထွက်လာတဲ့အရှင့်နောက်ကွယ်မှာလည်း ဘယ်လိုပဟေဠိတွေရှိနေမလဲဆိုတာ စိတ်ကူးယဥ်ဆန်စွာတခြားကားတွေနဲ့မတူပဲကြည့်ရှူ့ရမှာဖြစ်ပါတယ် File size…1.92GB/ 800MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~HayMan~Yunni~Khin Khin
movie

Enthada Saji (2023)

2023