Channel Myanmar

Sophie Desmarais

Canadian, Sniper (2023) 3.4
Canadian, Sniper (2023)  Canadian, Sniper (2023)ကမ္ဘာကြီးဟာ စစ်ပွဲတွေနဲ့ကင်းသွားတဲ့နေ့ရယ်လို့မရှိဘူးထင်ရတယ်။ဒီကားလေးကတော့စစ်မှုထမ်းသက်ပြည့်လို့မွေးရပ်မြေကိုပြန်လာတဲ့ စစ်ပြန်တစ်ယောက်ကြုံရတဲ့ အဖြစ်အပျက်တစ်ချို့နဲ့ သူကြုံခဲ့ရတဲ့စစ်ပွဲရဲ့ဒဏ်ရာဒဏ်ချက်တွေကမျက်မှောက်ထိပါလာပြီးသူ့ကိုဘယ်လိုတွေခံစားသက်ရောက်စေရသလဲတွေ့ရပါမယ်။ဒီဇတ်ကားရဲ့ရည်ရွယ်ချက်က စစ်သားတွေခံစားရလေ့ရှိတဲ့ Post Traumatic Stress Disorder ဆိုတဲ့ “ကြောက်စရာကောင်းတဲ့ ဒါမှမဟုတ်စိတ်ဖိစီးစရာအဖြစ်အပျက်ကြောင့်ဖြစ်လာတဲ့စိတ်ကျန်းမာရေး အခြေအနေကို” ပြချင်တာဖြစ်တယ်လို့ဆိုပါတယ်။ဒါရိုက်တာက သူ့သူငယ်ချင်းတစ်ယောက်စစ်တပ်ထဲဝင်ပြီး အာဖဂန်နစ္စတန်မှာ တာဝန်တစ်ကြိမ်ထမ်းဆောင်ပြီးအိမ်ပြန်လာတဲ့အချိန် သူ့ကိုယ်သူသတ်သေသွားတာကိုတွေ့လိုက်ရတဲ့အတွက် ဒီဇာတ်ကားကို ရေးသားရိုက်ကူးဖို့ ဖြစ်လာတယ်လို့ဆိုပါတယ်။စနိုက်ပါသမားတစ်ယောက်ရဲ့စနိုက်ပါကို ပစ်ခတ်လေ့ကျင့်နေချင်တဲ့စိတ်ကိုလည်းပြထားပါတယ်။အာဖဂန်နစ္စတန်စစ်ပြန်တစ်ယောက်ရဲ့ သဘာဝကိုချစ်တတ်တဲ့စိတ်ကိုလည်မသိမသာဖော်ပြထားတာတွေ့ရပါမယ်။ကြိုက်တာကဇာတ်ညွှန်းပါ။ဇတ်ကွက်နည်းနည်းစကားလုံးနည်းနည်းနဲ့ ဇာတ်ကားကိုပုံဖော်နိုင်တဲ့ဇတ်ညွှန်းရေးတဲ့သူရဲ့ကျွမ်းကျင်ပိုင်နိုင်မှုကိုချီးကျူးမိပါတယ်။စစ်မှုထမ်းတာပြီးလို့တပ်ကထွက်တယ်ဆိုတာသိသာအောင်နောက်ခံစကားပြောတာနဲ့သိစေတာမျိုးအဖေဖြစ်သူရဲ့နောက်ခံအကြောင်းအရာတွေကိုစကားနည်းနည်းနဲ့ပုံဖော်သွားတာမျိုးစစ်မှုထမ်းပြီးတဲ့နောက်ဘာလို့မွေးရပ်မြေကနေဒါမြောက်ပိုင်းကိုပြန်လာရတယ်ဆိုတာကိုပုံဖော်ပြတာမျိုးကဇတ်ကွက်အများကြီးပြစရာမလိုပဲဇတ်ရည်လည်စေတာမျိုးပါ။ကြိုက်တဲ့အချက်တွေအများကြီးပေမယ့်spoil တာဖြစ်မှာမို့ဒီလောက်ပဲပြောလိုက်ပါမယ်။စစ်နဲ့ပါတ်သက်ပြီးအင်မတန်ထိမိတဲ့အတွေးအခေါ်တွေခံယူချက်တွေတစ်ချို့ကိုလည်း ပါးပါးလေးချပြထားပါတယ်။နောက်ထပ်ကြိုက်တာက ရိုက်ချက်တွေပါ သမရိုးကျထက်ဆန်းတဲ့လှတဲ့ရိုက်ချက်တွေနဲ့ကနေဒါမြောက်ပိုင်းရဲ့အလှကဇာတ်ကားရဲ့ဆွဲဆောင်မှုတစ်မျိုးဖြစ်လာပါတယ် ။တေးဂီတကလည်း သမရိုးကျဇတ်ကားတွေနဲ့ကွဲထွက်နေပြီး ဇာတ်ကားနဲ့လိုက်ဖက်အောင် ဖန်တီးထားတာတွေ့ရပါမယ်။ဇာတ်ကောင်စရိုက်သရုပ်ဖော်တာကိုကြိုက်တယ်အတွေးစတွေပေးလို့တွေးရတာလည်းကြိုက်မယ် စစ်မှန်တာလည်းကြိုက်တယ်ဆိုရင်တော့ သမရိုးကျစစ်ကားတွေနဲ့ ကွဲထွက်နေတဲ့ဒီဇတ်ကားကိုကြည့်ဖို့ညွှန်းချင်ပါတယ်။ကနေဒါမင်းသားဖရန်ဆွာအားနို ( François Arnaud) ကစစ်ပြန်ကနေဒီယန်စနိုက်ပါသမားနေရာကသရုပ်ဆောင်ထားပါတယ်။ဒါရိုက်တာမိုက်ကယ် ကန်ဒင်စကိုင်း (Michael Kandinsky )ကရေးသား ရိုက်ကူးထားပါတယ်။ရုပ်ရှင်ပွဲတော်တွေမှာ ပရိသတ်အကြိုက်ဆုနဲ့ အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ဇတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)File size…(770 MB) / (500 MB) Quality….WEB-Rip 1080p HEVC ...
movie

Canadian, Sniper (2023)

2023
Days of Happiness (2023) 6.8
Days of Happiness (2023) Days of Happiness (2023)~ IMDb - 6.8/10, Rotten Tomatoes - 100% ~ခမ်းနားလှတဲ့စင်မြင့်တွေပေါ်မှာ သံစုံတီးဝိုင်းကြီးတွေနဲ့အတူ များပြားလှတဲ့ ဂီတပညာရှင်တွေကို ညွှန်ကြားရတဲ့ ဂီတမှူးတွေကို တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ မကြာမကြာတွေ့လေ့ရှိတာကတော့ အမျိုးသားဂီတမှူးတွေပဲဖြစ်မှာပါ။ ကမ္ဘာပေါ်မှာ ဂီတမှူးအဖြစ်အသက်မွေးတဲ့ အမျိုးသမီးအချိုးဟာ 36.4% ပဲ ရှိတာကြောင့် တော်ရုံတွေ့မိဖို့ကလည်း ကြုံတောင့်ကြုံခဲပါပဲ။ ဒီရုပ်ရှင်လေးကတော့ အမ်မာလို့ခေါ်တဲ့ ထူးချွန်ပြောင်မြောက်လွန်းတဲ့ အမျိုးသမီးဂီတမှူးလေးတစ်ဦးအကြောင်းပဲ ဖြစ်ပါတယ်။ကနေဒါနိုင်ငံ၊ မွန်ထရီရယ်ရဲ့ စင်မြင့်တွေမှာ တက်သစ်စကြယ်ပွင့်လေးဖြစ်တဲ့ အမ်မာလေးဟာ နှစ်ပေါင်းများစွာ သူ့ဖခင်ရဲ့ အလိုအတိုင်း သူ့ဖခင်ရဲ့ ချုပ်ကိုင်မှုအတိုင်း မျက်စိမှိတ် လိုက်နာလာခဲ့သူလေးပဲဖြစ်ပါတယ်။ ပက်ထရစ်ဟာ အမ်မာ့ ဖခင်ဖြစ်ရုံမက အမ်မာ့ရဲ့ အေးဂျင့်လည်းဖြစ်ပြန်ပါသေးတယ်။ ဒီတော့ ဘယ်ပွဲမှာ ဖျော်ဖြေလို့ ဘယ်အေဂျင်စီနဲ့ စာချုပ်ချုပ်မယ်ဆိုတာမျိုးတွေကအစ သူ့အဖေ ပက်ထရစ်ရဲ့ သဘောဖြစ်ပြီး အမ်မာဆိုတာ သူ့အဖေ ...
movie

Days of Happiness (2023)

2023