Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sonu Sood
7.3
Fateh(2025)
Fateh (2025) "အွန်လိုင်းကလူလိမ်များ သတိထား"IMDb - 7.3/10မင်းသားကြီး ဆိုနူးဆွဒ် ဒါရိုက်တာအဖြစ် ပထမဆုံး ဖန်တီးရိုက်ကူးတဲ့ရုပ်ရှင်။သူ့ကို မြန်မာပရိသတ်တော်တော်များများသိကြတာ Ramaiya Vastavaiya (2013)ရုပ်ရှင်မှာ ညီမဖြစ်သူကိုသိပ်ချစ်ပြီး မြင်းရုပ်ကလေးလုပ်ပေးတဲ့ အစ်ကိုကြီးအဖြစ်နဲ့ပေါ့။ဒီရုပ်ရှင်မှာတော့ သူကိုယ်တိုင်ပဲ အဓိကနေရာက ပါဝင်ထားပြီး အကြမ်းစားအက်ရှင်တွေနဲ့ ရှယ်ကြမ်းပြထားတာပါ။မင်းသမီးကလည်း ညှို့အားပြင်းလှတဲ့ ဂျာကွာလင်းဖာနန်ဒက်ပဲဖြစ်ပါတယ်။ခေတ်မီလာတာနဲ့အလျောက် ရာဇဝတ်မှုတွေကလည်း ခေတ်မီပြောင်းလဲလာခဲ့ကြတယ်။ ဒါကိုအမီမလိုက်နိုင်တဲ့ရိုးအလွန်းသူတွေအတွက်က ငွေကြေးရော အသက်ရောဆုံးရှုံးကြရတာကို ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပေါ့။နည်းပညာကို တီးမိခေါက်မိရှိပါတယ်ဆိုတဲ့သူတွေတောင် ခံကြရတာ ဒုနဲ့ဒေးလေ။ဒီရုပ်ရှင်မှာလည်း ဆိုက်ဘာရာဇဝတ်ကောင်တွေက ရိုးသားတဲ့လူတွေရဲ့စိတ်ကိုအသုံးချပြီး သူတို့အကျိုးအမြတ်အတွက် ဘာကိုမှမကြည့်ဘဲ မိုက်ရိုင်းရက်စက်ယုတ်မာကြတာကို မြင်တွေ့ရမှာပါ။ပန်ဂျပ်က ရွာလေးတစ်ရွာမှာ နို့ထွက်ပစ္စည်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ဖာတေ့ဂျ်။ ကျေးလက်သဘာ၀အတိုင်းရပ်ဆွေရပ်မျိုးတွေ မိသားစုလို ချစ်ခင်စွာနေထိုင်ကြတာပေါ့။တစ်နေ့တော့ ရွာသားတွေကို ကူညီချင်တဲ့တောသူမလေး နင်မ်ရတ်ကြောင့် တစ်ရွာလုံး အွန်လိုင်းကနေ လိမ်ညာခြင်းကိုခံလိုက်ရပါတော့တယ်။ဒီမှာပဲ အထူးတပ်ဖွဲ့ဟောင်းတစ်ယောက်ဖြစ်ခဲ့သူ ဖာတေ့ဂျ်တစ်ယောက် ငြိမ်မနေနိုင်တော့ဘဲ အွန်လိုင်းဒုစရိုက်လုပ်ငန်းကြီးကို ဖြိုဖျက်ဖို့ရာ ကြိုးပမ်းပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.1 GB / 1.1 GB Quality…WEB DL 1080p ...
movie
Fateh(2025)
6.3
Simmba (2018)
ဘောလီဝုဒ်ရဲ့ နာမည်ကြီးမင်းသား ရန်ဗီးဆင့်ရဲ့ ၂၀၁၉ ထွက် နာမည်ကျော် ရုံတင်ဇာတ်ကားကြီးအကြည်ထွက်လာလို့ အမြန်ဆုံးနင်ဆက်ပေးလိုက်ပါတယ်ဒါရိုက်တာကလည်း တခြားသူမဟုတ်ဘဲ အက်ရှင်အသားပေး ဒါရိုက်တာကြီး ရိုဟစ် ရှက်တီဖြစ်တဲ့အတွက်အက်ရှင်အလန်းစားတွေ မျှော်လင့်နေသူတိုင်းအတွက် အကြိုက်တွေ့မှာ အမှန်ပါပဲနောက်ခံသီချင်းအလန်းစားတွေနဲ့ ကြမ်းမှကြိုက်သူတွေကတော့ လုံးဝကို လက်လွတ်မခံပါနဲ့=============================================ဆင်(မ်)ဘား နာမည်အပြည့်အစုံကတော့ ဆန်ဂရမ် ဘာလေရောင်သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ် သူကောင်းစားရေး "ဒါ ၂၁ ရာစုပဲ၊ ဒီမှာ လူတိုင်းဟာ ရည်ရွယ်ချက်တစ်ခုအတွက်နဲ့ပဲရှင်သန်နေကြတာ အဲ့ဒါက ကိုယ့်ကောင်းစားရေးအတွက်ပဲ"ငယ်စဉ်ကတည်းက ခါးပိုက်နှိုက်လုပ် မရိုးမသားငွေရှာတဲ့ ဆင်(မ်)ဘားတစ်ယောက် တနေ့ ရဲအဖမ်းခံရပါလေရာ၊သူ သြဇာရှိလွန်းတယ်ထင်တားတဲ့သူခိုးခေါင်းဆောင်က ရဲအရှေ့ရောက်တော့ ခွေးရှေ့က ကြောင်လေးလိုဖြစ်သွားပြီး ပိုက်ဆံတွေပေးလိုက်ရတာ မြင်လိုက်ရတယ်အဲ့ဒိအချိန်မှာ သူသိလိုက်ရတာ လောကမှာ သြဇာအာဏာအရှိဆုံးကယူနီဖေါင်း၊ ယူနီဖေါင်းဝတ်ထားတဲ့သူကို လူဆိုး လူမိုက်မှန်သမျှ ကြောက်ရတယ် သူ့အတွက် ပိုက်ဆံရှာဖို့ အလွယ်ဆုံးနဲ့ အာဏာရှိဖို့က ရဲလုပ်မှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ရဲတစ်ယောက်ဖြစ်အောင်လုပ်ပြီးအကျင့်ပျက်ချစား၊ လာဘ်ယူတဲ့နေရာမှာ နာမည်ကျော်တဲ့ ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ မီရာမာ(ရ်) ရဲစခန်းကို ပြောင်းရွေ့မိန့်ကျတဲ့အခါမှာတော့ သူ့ဘဝအတွက် ကြီးမားတဲ့အပြောင်းလဲကြီး တစ်ခုဖြစ်လာပါတော့တယ် ခံစားချက်မဲ့ လောဘသားလို့ထင်ထားတဲ့ ဆင်(မ်)ဘားဟာအဲ့ဒိမြို့မှာ ညီမလေးတစ်ယောက်လို သံယောဇဉ်ရှိတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်အဲ့ဒိညီမလေးကို သူလာဘ်ယူနေတဲ့ လူဆိုးလူမိုက်တွေ ...
movie
Simmba (2018)
2018
5.2
Paltan (2018)
Paltan (2018) IMDb - 5.2/10တောင်းဆိုမှုတွေကြောင့် အဟောင်းထဲက အကောင်းစားရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Om Shanti Om (2007)က ဗီလိန်လူချောကြီး အာဂျွန်ရမ်ပယ်လ်၊ နွားရုပ်ကလေးလုပ်ပေးတဲ့ အစ်ကိုကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Ramaiya Vastavaiya (2013)က ဆိုနူးဆွတ်၊ ထာ၀ရထက်တစ်ရက်ဆိုပြီး နာမည်ကြီးခဲ့တဲ့ Sanam Teri Kasam(2016)က မင်းသားဟာရှ်ဗာဒန်ရိန်း မင်းသားကြီး တိုက်ဂါးရှရော့ဖ် စတဲ့ ဒိတ်ဒိတ်ကြဲမင်းသားတွေ ပါဝင်ထားတဲ့ ရုပ်ရှင်။1967ခုနှစ်က တရုတ်နဲ့ အိန္ဒိယစစ်တပ်ကြား နယ်စပ်ကပဋိပက္ခ။ တပ်စုအသစ်တစ်ခုရောက်လာတိုင်း မော်စီတုန်းရဲ့ မော်ဝါဒက စစ်သေနကနည်းဗျူဟာတွေနဲ့ ရန်လာစကြတဲ့ တရုတ်စစ်တပ်ကို စိတ်ဓာတ်ရေးရာအရ ပြန်အနိုင်ယူဖို့ကြိုးစားကြတဲ့ တပ်စုအသစ်။ပြတ်သားတဲ့ ဗိုလ်ချုပ်ရောက်လာချိန်မှာ နှစ်ဖက်တပ်တွေ အခြေအနေတင်းမာကုန်ပြီး တစ်ဘက်နဲ့ တစ်ဘက် စစ်မြှူနေကြပုံကို အသည်းတလှပ်လှပ်နဲ့ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ KKKZ ~ Linn ~ Thaw တို့ပဲဖြစ်ပါတယ်) File size… 3.2 GB / 1.6 GB Quality…WEB ...
movie
Paltan (2018)
4.4
Aashiq Banaya Aapne (2005)
Aashiq Banaya Aapne (2005) သူငယ်ချင်းချစ်သူဒီတစ်ခါတော့ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးကြီးတွေပါဝင်ထားတဲ့သုံးပွင့်ဆိုင် Bollywood အချစ်ကားကောင်းလေးကို CM ပရိသတ်ကြီးတစ်ဖန် ပြန်ခံစားနိုင်အောင်တင်ဆက်ပေးမှာဖြစ်ပါတယ်အနုပညာကျောင်းသားလေးကာရန်ဟာ စနီဟာပြုံးပျော်နေတာကိုမြင်ရရုံနဲ့တင်ကြေနပ်နေသူတစ်ဦးပါ သူ့ရဲ့ခံစားချက်တွေကိုဖွင့်ဟမပြပေမဲ့ သူ့သူငယ်ချင်းမလေးကိုတစ်ဖက်သတ်ကြိတ်ကြိုက်နေတာပေါ့တစ်နေ့မှာကာရန့်ငယ်သူငယ်ချင်းဗစ်ကီပေါ်လာပြီး ကာရန်နဲ့စနီဟာတို့ရဲ့အနုပညာကျောင်းမှာတက်ရင်း သူငယ်ချင်းသုံးယောက်အဖွဲ့ကျသွားပါတော့တယ် ကာရန်နဲ့မတူတာက ဗစ်ကီကသူ့ခံစားချက်တွေကို စနီဟာကိုပွင့်ပွင့်လင်းလင်းထုတ်ပြတတ်ပြီး စနီဟာရဲ့အာရုံစိုက်မှုကိုရယူတတ်သူတစ်ဦးပါစနီဟာတစ်ယောက်ဗစ်ကီရဲ့ဆွဲဆောင်မှုနောက်ပဲပါသွားမလား သူ့ရဲ့သူငယ်ချင်းဟောင်းကာရန်ကိုပဲ ရွေးချယ်မလားဆိုတာကိုတော့ ဇာတ်ကားလေးကို ကြည့်ရှုခံစားကြည့်ရှုခံစားရင်းအဖြေရှာကြည့်လိုက်ပါတော့..(အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်) File size… 2.2 GB / 1.08 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Aashiq Banaya Aapne (2005)
5.5
Tutak Tutak Tutiya aka Devi(L) (2016)
Tutak Tutak Tutiya (2016) "ရွာသူမတစ္ဆေ"ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် မဆလာ comedy/horror ရုပ်ရှင်အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်မွန်ဘိုင်းကို နယ်ကနေတက်လာတဲ့ လူတွေအားလုံးမှာ အိပ်မက်ကိုယ်စီရှိကြပေမယ့် ခရစ်ရှ်နားမှာတော့ ခေတ်ဆန်တဲ့ မိန်းကလေးနဲ့ လက်ထပ်ရမယ်ဆိုတဲ့ အိပ်မက်တစ်ခုပဲ ရှိပါတယ်အင်္ဂလိပ်စာ ဂရမ်မာမှန်မှန် ပြောတတ်တဲ့ ခေတ်ဆန်တဲ့ မိန်းကလေးတွေကိုမှ ရွေးလိုက်ပေမယ့် သူ့ကိုဘယ်သူမှ ပြန်မကြိုက်ကြတာမို့ လူပျိုဂုဏ်ကို ဆက်ထိန်းထားနေရင်းမှမွေးရပ်မြေရွာက အဘွားဆုံးခါနီးလို့ ရွာပြန်ရပြီး လမ်းမှာ နွားကျောင်းနေတဲ့ ရွာသူမနဲ့ ကတောက်ကဆဖြစ်လိုက်ပါသေးတယ်ဖြစ်ချင်တော့ အဘွားမဆုံးခင် နွားကျောင်းသူမရဲ့ လက်ကိုမှ ဆွဲကိုင်သွားတဲ့အတွက် ခရစ်ရှ်နားမိဘတွေက အဲဒီကောင်မလေးနဲ့ အတင်းအကျပ်ပေးစားလိုက်ရာမှာ horror ဇာတ်လမ်းတစ်ပုဒ် ဘယ်သို့ ဘယ်ပုံဖြစ်လာမှာလဲ ဆိုတာကတော့ ...ဟုတ်သော်ရှိ မဟုတ်သော်ရှိ ခဏတာတော့ ရယ်မောလို့ရမယ့် ဇာတ်ကားလေးကို အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.18GB / 1.1GB Quality…WEB DL 1080p / 720p Format… mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard ...
movie
Tutak Tutak Tutiya aka Devi(L) (2016)
6
Shootout at Wadala (2013)
Shootout at Wadala (2013) "ရေကုန်ရေခမ်း" IMDb - 6/10ရုပ်ရှင်ကားဟောင်းတွေထဲက အကောင်းစားဖြစ်တဲ့ action-crimeအမျိုးအစား ဘောလိဝုဒ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကို ကြည့်လိုက်မယ်ဆိုရင် အာနေးလ်ကပူးရ် ဂျွန်အီဘရာဟင်မ် မာနို့ဂျ်ဘတ်ဂျ်ပါယီနဲ့ ကန်ဂနားတို့လို တကယ့် ဘောလိဝုဒ်အကျော်အမော်တွေ ပါဝင်ထားကြပါတယ်။ရဲကားတစ်စီးပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ဂန်းစတားကြီးတစ်ယောက် ပြောပြတဲ့ဇာတ်လမ်းကို ရဲအရာရှိတစ်ဦး နားထောင်နေတာကနေ အစပြုပါတယ်။ဒီဂန်းစတားကြီးက အရင်ကတော့ လိမ္မာယဉ်ကျေးတဲ့ ကောလိပ်ကျောင်းသား တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ အစ်ကိုဖြစ်သူကတော့ လူမိုက်တစ်ယောက်ဖြစ်ပြီး ပြဿနာအမျိုးမျိုးရှာတတ်တဲ့သူတစ်ယောက်။ ဒီလိုပြဿနာရှာတတ်တာကြောင့်လည်း လူဆိုးဂိုဏ်းကလိုက်ဖမ်းနေပြီး သူ့ကိုရိုက်နှက်တဲ့အချိန်မှာတော့ ညီဖြစ်သူပါ ဝင်ပါပြီး လူတစ်ယောက်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။အဲဒီကနေ သူ့ဘ၀အပြောင်းလဲကြီး ပြောင်းလဲပြီး အမှောင်ဒုစရိုက်ဂိုဏ်းထဲမှာ ကျင်လည်ကျက်စားတဲ့ လူမိုက်ကြီးတစ်ယောက်ဖြစ်လာခဲ့ပုံကနေ ဇာတ်ကြောင်းပြန်ရင်း စိတ်ဝင်စားဖွယ်တင်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thike Sanပဲဖြစ်ပါတယ်) File size…5GB / 1.6GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thike San
movie
Shootout at Wadala (2013)
2013
5.9
Tamilarasan (2023)
Tamilarasan (2023) IMDb - 6.2/10တမီးလ်အနုပညာလောကမှာ တေးရေး၊တေးဆို၊ရုပ်ရှင်အယ်ဒီတာ၊အသံဖမ်းအင်ဂျင်နီယာ၊ ဒါရိုက်တာအဖြစ်နဲ့ ဘက်စုံထူးချွန်လှတဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ၊ Ramaiya Vastavaiya (2013)ထဲမှာ ညီမဖြစ်သူကို သိပ်ချစ်ပြီး မြင်းရုပ်လေးလုပ်ပေးတဲ့ အကိုကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဆိုနူး၊ ပရိသတ်အချစ်တော် ဟာသမင်းသား လူရွှတ်ကြီး ယိုဂီဘာဘူတို့ပါဝင်ထားပါတယ်။ မင်းသား ဗီဂျေးအန်တိုနီက ဇာတ်လမ်းရဲ့နာမည်အတိုင်းပဲ တမီးလ်ရာဆန်နေရာကနေ ရဲတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း "ကျွန်တော့်ရင်ထဲကအထက်အရာရှိအပေါ် လေးစားမှုက အပြင်မှာရှိနေတဲ့အရာရှိအပေါ် လေးစားမှုထက်ပိုနေပါတယ် ကျွန်တော့်ရင်ထဲကအရာရှိက ဆရာခိုင်းတာကို မလိုက်နာဖို့ပြောပါတယ်" ဆိုတဲ့ အရာရှိတမီးလ်တစ်ယောက် ဆန္ဒပြပြည်သူတွေကို အသက်အန္တရာယ်ပြုဖို့ ငြင်းဆန်မှုကြောင့် တာဝန်ကရပ်ဆိုင်းခံခဲ့ရပါတယ်။ချစ်ရတဲ့ ဇနီးရယ်သားလေးရယ်နဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပေမဲ့ သားဖြစ်သူကို နှလုံးအစားထိုးကုသမှရမယ်ဆိုတဲ့ အဖြစ်ဆိုးကြီးနဲ့ကြုံလိုက်ရပါတယ်။သွားတက်မိတဲ့ဆေးရုံကလည်း သပွတ်အူလိုရှုပ်ထွေးလှတဲ့ လူကြီးချင်းလက်ဝါးရိုက်လုပ်နေတဲ့ ကိစ္စတွေများတဲ့ဆီဖြစ်နေတော့ နှလုံးအစားထိုးကုသဖို့ စာရင်းစောင့်နေရတာရယ် ငွေရေးကြေးရေးမပြည့်စုံတဲ့အတွက် ကုသစရိတ်လိုက်ရှာရတဲ့ အရာရှိတမီးလ်တစ်ယောက်၊ သားဖြစ်သူအတွက် အသက်ကိုပါ ပေးဆပ်ဖို့အသင့်ဖြစ်နေတဲ့ တမီးလ်ရာဆန်တစ်ယောက် သူ့အပေါ်ကျရောက်လာမယ့် ကံကြမ္မာဆိုးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thaik San ~ chiclon3 ~ Khin Khin ~ BpL ~ Yunni ~Zwe ...
movie
Tamilarasan (2023)
2023
7.4
Samrat Prithviraj (2022)
Samrat Prithviraj 2022==================Samrat Prithviraj 2022IMDb 7.4ရရှိထားတဲ့ မင်းသားကြီးအာရှေးကူမားရဲ့ ရုံတင်ဇာတ်ကားကြည်တောက်ရှင်းထွက်ရှိလာပါပြီ... ဒီဇာတ်ကားကတော့ ရှေးခေတ်အိန္ဒိယနိုင်ငံရဲ့ကျော်ကြားတဲ့စစ်သူကြီးSamrat Prithviraj Chauhan အကြောင်းကို အခြေခံရိုက်ကူးထားတာပါ။IMDb 7.4ရရှိထားပြီး မင်းသားကြီးအာရှေးကူမားပါဝင်သရုပ်ဆောင်ထားတဲ့ဒီရာဇဝင်ကားသစ်ဟာဆိုရင်..ကြောက်လန့်ခြင်းမရှိ ရန်အပေါင်းကိုအောင်နိုင်တဲ့ ပရစ်ထဗီရာဂ်ျဆိုတာအခက်အခဲတိုင်းကိုရင်ဆိုင်နိုင်သူပါ တစ်နေ့မှာကန်နူးဂ်ျတိုင်းပြည်ရဲ့ဘုရင်ကပရစ်ထဗီရာဂ်ျ့တို့နေတဲ့ဒေလီမြို့ကို ပူဇော်ပွဲတက်ရောက်ဖို့ဖိတ်ကြားလွှာပို့ခဲ့ပါတယ် အဲ့ဒီဖိတ်ကြားလွှဲကဘယ်လိုမျိုးလဲ ရဲရင့်တဲ့ သူရဲကောင်းSamratဘယ်လိုဘယ်ပုံဖြေရှင်းရမလဲဆိုတာကို မင်းသားကြီးအာရှေးကူမားရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုနဲ့ဆွဲဆောင်မှုမှုရှိရှိကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းတပုဒ်ဖြစ်ပါတယ် File size…7.64GB / 2.58GB / 1.2GB Quality…4k HEVC AMZ WBE DL / 1080p TRUE WBE DL AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & Honeyey & Guu Guu Reviewed by : Yunni
movie
Samrat Prithviraj (2022)
2022
4K HEVC Web-DL
5.7
Ramaiya Vastavaiya (2013)
Ramaiya Vastavaiya (2013) ========================အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို Ramaiya Vastavaiya လို့ အမည်ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကတော့ Romantic Drama ဆိုတဲ့ အမျိုးအစားဖြစ်တဲ့အလျောက် လူငယ်လေးနှစ်ယောက် ဖူးစာစုံမက်ကာ ချစ်ကြိုက်ခဲ့ပြီး တူနှစ်ကိုယ်ပေါင်းဖက်ခွင့်ရဖို့ အခက်အခဲတွေ ကျော်လွှားရပုံကို ဟာသနှောရင်း ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်ရမ်လို့အမည်ရတဲ့ ကောင်လေးဟာ ဘီလီနာမိဘနှစ်ပါးကနေ ပေါက်ဖွားလာပြီး ဩစတြေးလျမှာ ကြီးပျင်းလာခဲ့တဲ့ မြို့ကြီးသားသူဌေးသားလေးပါ ဆိုနာဆိုတဲ့ ကောင်မလေးကတော့ အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီကို ဖခင်လိုမိခင်လို ဆည်းကပ်ရင်း အစ်ကိုတစ်ယောက်ညီမတစ်ယောက်ဘဝနဲ့ ဘဝကိုဖြတ်သန်းနေတဲ့ ရိုးရိုးသားသား ကျေးတောသူလေးပေါ့တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူက မင်္ဂလာပွဲကို လာဖို့ အိမ်ကိုဖိတ်ရင်း ရမ်နဲ့ဆိုနာတို့ ကံကြမ္မာစုံမက် ဖူးစာဖက်ကာ နှစ်ယောက်သားအတူ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ဒါပေမဲ့လည်း ရမ်ရဲ့မိခင်ဟာ ဒီအကြောင်းကို သိသွားပြီးတဲ့နောက် ရမ်ကို သူမမောင်ရဲ့စီးပွားရေးမိတ်ဖက်ရဲ့သမီးဖြစ်သူနဲ့ နေရာချထားပေးဖို့ စီစဥ်ပါတော့တယ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတယ်လို့ပဲ ပြောရမလား ရမ်ရဲ့အမေ ဆိုနာ့ကို ငွေကြေးချို့တဲ့တဲ့အတွက်ကြောင့် ပုတ်ခတ်ပြောဆိုနေစဥ် ဆိုနာ့အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီ ရောက်လာပါတော့တယ် ရမ်တစ်ယောက် အကြပ်တွေ့ပြီး အမေဖြစ်သူနဲ့နေခဲ့ရင် မချစ်နှစ်သက်တဲ့သူနဲ့ လက်ထပ်ပြီး ...
movie
Ramaiya Vastavaiya (2013)
2013
7.6
Jodhaa Akbar(2008)
Jodhaa Akbar(2008) IMDb.....7.6,,,,,Rotten....79% ((( ပြသချိန် ၃ နာရီ ၃၀ မိနစ် ကြာမြင့်ပြီး 1080p,720pတို့ဖြင့် အကောင်းမွန်ဆုံးတင်ဆက်ပေးထားပါသည်.....))) ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယပြည့်ရဲ့ ဆယ့်ခြောက်ရာစုသမိုင်းနောက်ခံ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး လက်ရှိ အိန္ဒိယလို့ခေါ်တဲ့နေရာကို အုပ်စိုးခဲ့ပြီး မဂိုအင်ပါယာကို စတင်ထူထောင်သူလို့ ယူဆကြတဲ့ ကြီးကျယ်တဲ့ မဂို ဧကရာဇ် Akbarနဲ့ အမက်ဘုရင်ရဲ့သမီးတော် ငယ်ရွယ်သွက်လက်တဲ့ မင်းသမီးလေးတစ်ယောက်တို့အကြောင်းကို အဓိကအခြေခံရိုက်ကူးထားတဲ့ Action, Drama, History ဇာတ်ကားဖြစ်ပါတယ်.... ဟိန္ဒူဖြစ်တဲ အမက်ဘုရင်ဟာ သူ့ရဲ့ ထီးနန်းကို ထိပါးလာမဲ့ နန်းတော်တွင်း ပြဿနာနဲ့ သူ့နိုင်ငံကိုတိုက်တော့မဲ့ မဂိုဧကရာဇ်ကြောင့် သူ့ သမီးတော် ဂျိုဓ ကို မွတ်စလင် ဧကရာဇ်Akbarနဲ့ ထိမ်းမြှားစေခဲ့ပါတယ်။ Akbarဟာလည်း ဒီလက်ထပ်မှုက ခိုင်မာတဲ့ မဟာမိတ်တစ်ခု ငြိမ်းချမ်းရေးတစ်ခုကို ဖြစ်စေမယ်လို့ ယူဆပြီး လက်ခံခဲ့ပါတယ်။ ဟိန္ဒူ မွတ်စလင် ဇာတ်ဘာသာ အကွဲတွေကြောင့် အစပိုင်းမှာ ဂျိုဓဟာ အခြေအနေ မဟန်ရင် အဆိပ်သုံးဖို့အထိအမျိုးမျိုး ပြင်ဆင်ခဲ့ပေမဲ့ မွတ်စလင်ဘုရင် အက်ဘာဟာ သူထင်သလို မဟုတ်ခဲ့ပဲ သူ့တောင်းတဲ့ သူ့ဘာသာကိုမပြောင်းနိုင်ကြောင်းနဲ့ သူယုံကြည်ရာဘာသာရဲ့ ဘုရားကျောင်းဆောက်ပေးဖို့တွေ တောင်းဆိုခဲ့ပေမဲ့ မွတ်စလင် ဘုရင်ဟာ လက်ခံခဲ့ပါတယ်။ အချိန်တွေကြာပြီးတဲ့နောက် သူတို့တစ်ယောက်ကို တစ်ယောက် မြတ်နိုးလာကြပေမဲ့ မတူညီတဲ့ ယဉ်ကျေးမှုနှစ်ခု မတူညီတဲ့ဘာသာနှစ်ခုရဲ့ အကျိုးဆက်အကြောင်းတရားတွေကြောင့် မဖြောင့်ဖြူးတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ဘယ်လိုတွေကြုံရဦးမလဲဆိုတာ အသင့်အတင့်မှန်တဲ့ သမိုင်းနဲ့ ကြည့်မြင်ခံစားကြရမှာပါ။ ကြာမြင့်ချိန်သုံးနာရီခွဲအတွင်းမှာ သမိုင်းရဲ့ ဖြစ်နေကြ ပြဿနာတွေဖြစ်တဲ့ စစ်ပွဲ .ဘာသာရေးပြဿနာ..ထီးနန်းကိစ္စတွေကို ဧကရာဇ်နဲ့ မင်းသမီးလေးရဲ့ အချစ်ဇာတ်လမ်းကလေးနဲ့ တခမ်းတနားတင်ပြထားတဲ့ ...
movie
Jodhaa Akbar(2008)
2008
5.2
R… Rajkumar (2013)
ဒီတစ်ခါတော့ ဘောလီဝုဒ်ပရိတ်သတ်တွေအတွက် အလန်းစားCrime,Comedy,Action ကားကောင်းတကားကိုိ တင်ဆက်ပေးလိုက်ပါတယ်။Prabhu Deva ရိုက်တဲ့ ဇာတ်ကားဖြစ်တာကြောင့် ဇာတ်လမ်းက ခပ်မြူးမြူးနဲ့ ပေါ့ပေါ့ပါးပါးလေး တင်ဆက်ထားပြီးMusic ပိုင်းတွေ၊ Action ပိုင်းတွေကို အမှန်အကန် ပုံဖေါ်ထားပါတယ်။Rody Rahtore, Boss တို့လို ဇာတ်လမ်းမျ်ိုးတွေ ကြိုက်တဲ့သူတွေအတွက်တော့ လက်လွတ်မခံသင့်ပါဘူးဒိုဟရ်ပူးရ်ဆိုတဲ့ရွာလေးမှာ အစိုးရဆိုတာ ဘယ်ဆီနေမှန်းမသိ၊ တရားဥပဒေဆိုတာ ဘာမှန်းမသိ အဲ့ဒီရွာကို အဓိက ဗိုလ်ကျနေတဲ့ လူနှစ်ယောက်ရှိတယ်ရှိဗ်ရာဂျ်နဲ့ ပရ်မာ နှစ်ယောက်လုံးက ဘိန်းဘုရင်အကြီးစားတွေ ဖြစ်ကြသလို ကို်ယ်ကျိုးတွက်ဆို လူသတ်ဖို့ ဝန်မလေး ဒုစရိုက်မှုကို ခါးဝတ်ပုဆိုးလို ဖြစ်နေကြတယ်။အဖွဲ့နှစ်ဖွဲ့က တဖက်နဲ့တဖက် အမြဲလိုလို ချောင်းမြောင်းလုပ်ကြံနေကျ ဒါပေမဲ့ ရှိဗ်ရာဂျ်ကံကောင်းတယ်ပဲ ပြောရမလား ဂျာရ်ကူမားရ်ဆိုတဲ့ လူငယ်တစ်ယောက် သူ့ဆီရောက်လာတယ်bရာဂျ်ကူမားရ်ဆိုတာ ဇသိပ်ပြင်းတဲ့ မြွေပွေးလိုကောင်မျိုး သူနဲ့ ထိပ်တိုက်တွေ့မိသမျှ ဘယ်သူမှ အသက်ဆိုးမရှင်ကြဘူး" အသံတိတ်နေလိုက် ... မဟုတ်လို့ကတော့ အကြမ်းပတမ်းဖြစ်သွားမယ်"သူပြောသလို အသံတိတ်နေလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ် မဟုတ်ရင် တကယ့်ကို ...
movie
R… Rajkumar (2013)
2013