Channel Myanmar

Song Xiaobao

Out of Order (2025) 6.1
Out of Order (2025) ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် movieလေးကတော့ ပေါ့ပေါ့ပါးပါး ဟာသကားလေးဖြစ်တဲ့ ရှေ့နေဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်လမ်းထဲမှာ ကိုရီးယားရဲ့နာမည်ကြီးမင်းသားမာဒုန်ဆွတ်ပါဝင်သရုပ်ဆောင် ထားပါတယ် လူသန်ကြီး မာဒုန်ဆွတ်ကို  K Movies တွေထဲမှာနဲ့မတူပဲ ဒီဇာတ်ကားထဲမှာတော့ပုံစံတမျိုးနဲ့တွေ့ရမှာပါထိပ်တန်းရှေ့နေဖြစ်တဲ့ဟူကုံးဖျင်က ထက်မြက်ဖြောင့်မှန်ပြီး တရားခွင်မှာ မ‌ရေတွက်နိုင်တဲ့အမှုပေါင်းများစွာကိုဖြေ ရှင်းနိုင်ခဲ့တယ်။အမှုတစ်ခုဖြေရှင်းတဲ့အတောအတွင်း ဟူကုံးဖျင်က တရားခံရှေ့နေ လက်ထောက်ဖြစ်တဲ့ ရှဲရှောင်မန့် နဲ့ ဟိုတယ်မှာ ချိန်းတွေ့တယ်။ သူတို့နှစ်ဦး ပျော်စရာအချိန်တွေဖန်တီးချိန်မှာ အခန်းပြတင်းပေါက်မှာအမည်မသိ အလောင်းတစ်ခုရှာတွေ့မိတယ် ဒီမတော်တဆဖြစ်မှုကိုဖုံးကွယ်ဖို့အတွက် ဟူကုံးဖျင်က သူ့မဟာလက်ထောက်ဖြစ်တဲ့ ကျူးရှစ်ချီကို အမည်မသိအလောင်းဖယ်ထုတ်ဖို့အတွက် အကူညီခေါ်ရနောက်မှာ မထင်မှတ်တဲ့အရာတွေ ဖြစ်ပေါ်လာခဲ့တယ်။ဟူကုံးဖျင်က ဒီထူးဆန်းတဲ့အလောင်းအမှုကို သူဘယ်လိုဖြေရှင်းမလဲ။ သူ့လက်ထောက်ကရော သူနဲ့အတူ အံ့သြဖွယ်အမှုတွေကို အတူရင်ဆိုင်ဖြေရှင်းနိုင်မလား။ သူနဲ့ရှဲရှောင်မန့်တို့အကြား ရှုပ်ထွေးမှုလည်း ပြေလည်မလား ဆိုတာ ဒီဟာသဇာတ်ကားလေးကို‌‌ စောင့်မျှ်ောကြည့်ရှုကြပါဦးနော် Filesize : 1.50 GB / 888 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy Runtime : 1h 46 min Subtitle : Myanmar Subtitle ( ...
movie

Out of Order (2025)

Trouble Makers ( 2019 ) 5.7
Trouble Makers ( 2019 ) အိမ်ထောင်ရေးသက်တမ်းကြာလာတဲ့အခါ လင်မယားကြားမှာပြောစရာစကားတွေနည်းသွားပြီး သံသယတွေများလာတတ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ကိုယ့်ထင်ကြေးနဲ့သံသယတွေလျှောက်တွေးရင်း လင်မယားကြားမှာ မလိုအပ်တဲ့ပြဿနာတွေဖြစ်လာတဲ့အကြောင်း ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။မာစန်းဟာအသက်လတ်ပိုင်းရောက်လာတဲ့အခါ အရင်လိုမသန်စွမ်းတော့တာကြောင့် မိန်းမကိုအရင်လိုပျော်ရွှင်မှုတွေမပေးနိုင်ဖြစ်ရပါတယ်။ အဲဒါကမိန်းမဖြစ်သူက သူ့ကိုမချစ်တော့လို့လား အပြင်မှာတခြားတစ်ယောက်ရှိနေပြီလားဆိုပြီး သံသယဝင်ကာ အသက်ငယ်ငယ်သရုပ်ဆောင်မလေးကိုငှားပြီး ယောင်္ကျားကို စမ်းသပ်လိုက်မိတဲ့အတွက်အခြေနေတွေပိုဆိုးသွားခဲ့ပါတယ်။အစမ်းသပ်ခံလိုက်ရတဲ့ မာစန်းဟာလဲမကျေမချမ်းဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်ကိုပြန်ငှားပြီး မိန်းမကိုပြန်လက်စားချေဖို့စီစဉ်ပါတယ်။ တဖြည်းဖြည်းနဲ့ မိန်းမဖြစ်သူက သူများလက်ထဲပါသွားနိုင်တာကိုတွေးရင်း ကြောက်လာတဲ့အတွက် ရပ်တန့်ဖို့ကြိုးစားပေမယ့် သူနောက်ကျသွားပါပြီ။ မာစန်းတစ်ယောက် မဟေသီကိုပြန်ရအောင်ကြိုးစားခွင့်ပြန်ရနိုင်ပါဦးမလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Trouble Makers ( 2019 )

Dreams of Getting Rich ( 2021 ) 5.9
Dreams of Getting Rich ( 2021 ) “အသက် (၃၀) အရွယ် မိဘမဲ့တစ်ယောက်ဖြစ်သူ ၊ ရွာမှာ ရှိတဲ့ အလုပ်မှန်သမျှကို လုပ်ကိုင်ပြီး ရွာက ကျွေးတာကမ်းတာကိုပဲစားရသူ ၊ ဆင်းရဲပြီး အရပ်မှာ ၅ ပေပဲရှိလို့ လူစဥ်မမှီတဲ့ သူတစ်ယောက်အဖြစ် ရပ်တည်နေရသူ - စုန့်ရှောင်ပေါင်”စုန့်ရှောင်ပေါင်တစ်ယောက် ချမ်းသာချင်တဲ့အတွက် သူ့အစ်ကို(၂) ဖြစ်သူကို ပူဆာပြီး ရှန့်ကျန့်မြို့ကြီးဆီ ပိုက်ဆံရှာဖို့ထွက်လာခဲ့ပါတယ် ။ ပိုက်ဆံရှာဖို့ ထွက်လာတဲ့ ရှောင်ပေါင် တစ်ယောက် ပိုက်ဆံမရတဲ့အပြင် စွန့်ပစ်ခံထားရတဲ့ ကလေးငယ်တစ်ယောက်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာက အကြောင်းဖန်လာခဲ့ပါတော့တယ် ။ ကိုယ်တိုင်ကမိဘမဲ့ တစ်ယောက်ဖြစ်တာမို့ ကလေးငယ်လေးကိုလဲ မစွန့်ပစ်ရက်ပဲ ဆင်းရဲမွဲတေတဲ့ ကြားကနေ မွေးစားခဲ့ပါတယ် ။ကလေးတစ်ယောက်နဲ့ နေစရာအိမ်မရှိတဲ့ ရှောင်ပေါင် နဲ့ အစ်ကို (၂) တို့နှစ်ယောက်ဟာ အဘိုးတစ်ယောက်ရဲ့ ကူညီမှုနဲ့ နေစရာရရှိခဲ့ပြီး တစ်ချိန်ထဲမှာပဲ ရှောင်ပေါင်ဟာ မာလုဆိုတဲ့ မိန်းကလေးနဲ့ တွေ့ဆုံခဲ့ပါတယ် ။ကလေးငယ်လေးနဲ့အတူ ကံကြမ္မာအရ တွေ့ဆုံကြရတဲ့ သူစိမ်းတွေဟာ ဆွေမျိုးရင်းလိုဖြစ်လာပြီး နွေးထွေးတဲ့ မိသားစုလေးအဖြစ်ပြောင်းလဲ လာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဒါတွေဟာ ကြာရှည်မခံခဲ့ပါဘူး ။ အရွယ်ယောက်လာတဲ့ ကလေးငယ်လေးဟာ ...
movie

Dreams of Getting Rich ( 2021 )