Channel Myanmar

Sonakshi Sinha

Kakuda (2024)
Kakuda (2024) Kakuda 2024 ကျိန်စာသင့်ရွာTGIFလေးမှာ ဘဝအမောတွေပြေပျောက်အောင် ဟာဒယရွှင်ဆေးလေးဖြစ်တဲ့ horror comedy ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီဗျ။ သရဲကားဆိုပေမဲ့ ဟာသဦးစားပေးထားတာဖြစ်တဲ့အပြင် castမှာဆိုရင်လဲ ဟင်ဒီနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ ဆိုနာ့ရှီးဆင်ယာနဲ့ ရီတေးရှ်တို့ ပါဝင်သရုပ်ဆောင်ထားတာကြောင့် အကြိုက်တွေ့စေမဲ့ ဟာသသရဲကားလေးပဲဖြစ်ပါတယ်မြို့တွေရဲ့အဝေးတစ်နေရာ လူသူနည်းတဲ့နေရာလေးမှာ သီးသန့်လေးဖြစ်နေတဲ့ရာတိုဒီဆိုတဲ့ရွာငယ်လေးလူသူအရောက်အပေါက်နည်းတဲ့အပြင် ဒီရွာလေးမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ အင်္ဂါနေ့တိုင်း ည ၇:၁၅ ရောက်တာနဲ့ အိမ်တိုင်းမှာရှိတဲ့ တံခါးပေါက်ငယ်လေးကို ဖွင့်ထားရပါသတဲ့။ ဒီတံခါးကိုမဖွင့်ထားရင်တော့ ကာကူဒါဆိုတဲ့သရဲက အိမ်ကယောက်ျားသားကို ကျိန်စာတိုက်ပြီး အဲဒီလူက နေ့ချင်းညချင်း ခါးကုန်းကြီးဖြစ်သွားပြီးတော့ ၁၅ ရက်နေရင် သေရတယ်ဆိုတဲ့အယူပါ။ဒါကို ချစ်သူဖြစ်တဲ့ ရာတိုဒီရွာသားဆန်နီက ယုံလည်းယုံ ကြောက်လည်းကြောက်ပေမဲ့ ခေတ်ပညာတတ်ဖြစ်တဲ့ အင်ဒီရာက‌တော့ မယုံပါဘူး။ ဒီလိုနဲ့ အိမ်ကအသည်းအသန် အိမ်ထောင်ချပေး‌တာကိုရှောင်ဖို့ ဆန်နီနဲ့ခိုးပြေးပြီး ရာတိုဒီရွာကိုသွားဖို့ အင်ဒီရာတစ်ယောက် အကြောင်းဖန်လာချိန်မှာတော့......(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ Thura ~ Cyrah ~ KKKZတို့ပဲဖြစ်ပါတယ်) File size…1.6GB / 721MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h ...
movie

Kakuda (2024)

2024
Bade Miyan Chote Miyan (2024) 5
Bade Miyan Chote Miyan (2024) Bade Miyan Chote Miyan (2024)Sultan (2016)၊ Bloody Daddy (2023)တို့လိုရုပ်ရှင်တွေရဲ့ ဖန်တီးသူ ဒါရိုက်တာကြီး Ali Abbas Zafarရဲ့လက်ရာ ဆရာကြီးအရှေးနဲ့ ဆရာလေးတိုက်ဂါးတို့တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်ကြီးကတော့ဖြင့် လူကြီးမင်းတို့ရှေ့မှောက်မှာ မြန်မာစာတမ်းထိုး ကြည်တောက်ရှင်းရယ်နဲ့ ရောက်ရှိလို့လာခဲ့ပါပြီ။ ဆိုနက်ခ်ရှီ၊ အာလေယာနဲ့ မာနူရှီတို့လို မင်းသမီးချောတွေလည်းပါဝင်အားဖြည့်ထားပါတယ်။နာမည်မရှိ၊ အကြောက်တရားမရှိ၊ မျက်နှာကိုတောင်မသိမမြင်ရဘဲ သူ့ကိုယ်သူကြမ္မာဆိုးလို့ခေါ်တဲ့ မကောင်းဆိုးဝါးလို ဗီလိန်ကြီးလိုချင်တာက လက်စားချေမှု။အားအပြင်းဆုံး အန္တရာယ်အပေးနိုင်ဆုံးလက်နက်ကို စစ်တပ်ယာဉ်တန်းနဲ့ သယ်ဆောင်လာတုန်းမှာပဲ ဖြတ်လုခံလိုက်ရပြီး လိုက်ပါစောင့်ရှောက်တဲ့လူတွေပါ အသတ်ခံလိုက်ရတယ်။ လုယူသွားတဲ့သူက လက်စားချေဖို့ ဆန္ဒပြင်းပြနေတဲ့ အကြမ်းဖက်သမားဗီလိန်ကြီး။ဒီလိုစိတ္တဇဆန်ဆန် ဗီလိန်ကို ရင်ဆိုင်နိုင်ဖို့က သူ့ထက်ပိုစိတ္တဇဆန်နိုင်မဲ့ စစ်သည်နှစ်ယောက်ကိုစုစည်းဖို့ပဲရှိတယ်ဆိုတဲ့ ဗိုလ်မှူးအမိန့်နဲ့ မီရှာတစ်ယောက် ဆရာကြီးအရှေးနဲ့ ဆရာလေးတိုက်ဂါးတို့ကို သွားပင့်ရပါတော့တယ်။ဘာအထောက်အထားမှမသိရတဲ့ ဗီလိန်ဆရာကြီးလိုချင်တဲ့ လက်စားချေမှုကဘာလဲ။ အရွှန်းတွေဖောက်ရင်း မျက်နှာကြောမတည့်ကြတဲ့ အရှေးနဲ့ တိုက်ဂါးတို့ကရော အဲဒီဗီလိန်ကိုတားဆီးနိုင်မှာလား။ အပစ်အခတ် အတိုက်အခိုက်ခပ်ကြမ်းကြမ်းတွေနဲ့ အိန္ဒိယအက်ရှင်ရုပ်ရှင်ကားကြီးပီသစွာ ပုံဖော်တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.5GB / 1.6GB  Quality…WEB ...
movie

Bade Miyan Chote Miyan (2024)

2024
Son of Sardaar (2012) 4.2
Son of Sardaar (2012) Son of Sardaar (2012)မင်းသားကြီး အဂျေးသရုပ်ဆောင်ထားတဲ့ ဟင်ဒီစကားပြောဒီရုံကားက 2010 ကထွက်ရှိထားတဲ့ တမီလ်စကားပြော "Maryada Ramanna" ကို remake ပြန်လည်ရိုက်ကူးထားတာပါ တိုက်ဂါး မင်းသားကြီး Salman Khan လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်မွေးရပ်မြေ အိန္ဒိယကို မြေကွက်ရောင်းဖို့ပြန်လာတဲ့ အဂျေး ..ဒီမွေးရပ်မြေမှာကသူတို့မိသားစုနဲ့ ကမ္ဘာ့ရန်သူတွေဖြစ်တဲ့ စန်ဒူးမိသားစုရှိတယ်ပေါ့ဗျာ မျိုးဆက်သာတုန်းမယ် တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ တွေ့တာနဲ့အချင်းချင်းသတ်နေကြတဲ့ ဒီ၂ဖက်မိသားစု ဒီရန်ပွဲမှာ သူ့အဖေကနစ်နာသူအဖြစ်နဲ့ အသတ်ခံလိုက်ရတယ် ဒီ ရန်ငြိုးကို ဦးလေးဖြစ်သူက အဂျေးတို့ကိုပြန်ဆပ်ခိုင်းပြီး ရန်ကြွေးကိုမဆပ်ရသေးဘဲ မင်္ဂလာမဆောင်ရဘူးဆိုပြီး ရာဇသံပေးလို့ အဂျေးရဲ့မိခင်ဖြစ်သူက သားတွေခေါ်ပြီးထွက်ပြေးလာခဲ့ရာက အခုဒီမွေးရပ်မြေကို အဂျေးတစ်ယောက် မြေပြန်ရောင်းဖို့ဇာတ်လမ်းစလာခဲ့တာပေါ့ဖူးစာလူးလာ ဒူးကာလို့မရဆိုသလိုပဲရွာမှာ စောင့်ဆိုင်းနေတဲ့ သူတို့ရဲ့ကမ္ဘာ့ရန်ဘက်ကြီးရဲ့သမီးကိုမှ မြင်မြင်ချင်းချစ်မိသွားတဲ့ အဂျေးတစ်ယောက် ဘယ်လိုဇာတ်လမ်းနဲ့နှစ်ပါးသွားကြမလဲ တစ်ဖက်ကကလဲ့စား တစ်ဖက်ကချစ်ခြင်းမေတ္တာနဲ့ ဘယ်လမ်းကိုရွေးမယ်ဆိုတာကိုတော့...(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပြီး Khaing Swe Swe Theint မှ ဘာသာပြန်ဆိုပေးထားပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie

Son of Sardaar (2012)

2012
Double XL(2022) 5.8
Double XL(2022) Double XL (2022) Comedy, Drama IMDb 5.8/10 (2.6K)အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့ netflix movieဖြစ်တဲ့အပြင် မင်းသမီး ဆိုနခ်ရှီးဆင်ဟားနဲ့ မင်းသမီး ဟူမာကူရေရှီးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Body Shaming နဲ့ ပတ်သက်တဲ့ ပညာပေးဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်နော်။ဒီဇာတ်ကားမှာ တစ်ယောက်က ဒေလီမြို့မှာ အားကစားအစီအစဉ်တင်ဆက်သူဖြစ်ချင်နေတဲ့ ဖက်တီးမလေး ရာဂျ်ရှရီ...။နောက်တစ်ယောက်ကတော့ ဒေလီမြို့မှာနေပြီး သူ့ဒီဇိုင်းတွေ နိုင်ငံတကာကိုထိုးဖောက်သွားအောင် ခရီးသွားဖက်ရှင်ဗီဒီယိုလေး တင်ဆက်ချင်နေတဲ့ ဖက်တီးမလေး ဆိုင်ရား...။ရာဂျ်ရှရီဟာ အင်တာဗျူးဖြေရမှာကိုစောင့်နေခဲ့ပြီး ဆိုင်ရားကတော့ ဘတ်ဂျက်ရန်ပုံငွေထုတ်ပေးမှာကို စောင့်နေခဲ့ပါတယ်။ရှေ့ဆက်ပြီး သူတို့နှစ်ယောက် တွေ့ကြုံရမယ့် ဘဝခရီးကြမ်းတွေနဲ့ လူတွေရဲ့ကဲ့ရဲ့ထိုးနှက်ချက်တွေကို ခံနိုင်ရည်ရှိနိုင်ပါ့မလား...။သူတို့နှစ်ယောက်စလုံးရဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖေါ်နိုင်ပါ့မလား...။ဆိုတာကိုတော့ လောကကြီးအန်တုပြီး ရင်ဆိုင်မယ့် သူတို့နှစ်ယောက်ရဲ့စွမ်းဆောင်ချက်တွေမှာ ဆက်လက်ပြီး မြင်တွေ့ရဦးမှာဖြစ်ပါတယ်နော်။ဆိုတေးလို အစားလေးလျှော့ဖက်တီးမ နင်ဒီ့ထက်ဝရင်ကြည့်မလှဆိုတာကလည်း တကယ်မဟုတ်ပါဘူးနော်။ ဝမှလှနေတဲ့ ကစ်ကစ်ကိတ်ကိတ်လေးတွေ ရှိနေတာကိုလည်း သတိချပ်စေချင်ပါတယ်။ ကိုယ့်ဖြစ်တည်မှုကို ရှိရင်းစွဲအတိုင်းလက်ခံပြီး ကိုယ့်ဘဝကို ကိုယ့်သဘော ကိုယ့်ဆန္ဒနဲ့ ကိုယ်ကိုယ်တိုင်လျှောက်လှမ်းကြပါလို့ တိုက်တွန်းပေးလိုက်ပါတယ်။ File size…2.18GB / 1GB Quality…1080p HD RIP /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard ...
movie

Double XL(2022)

2022
Khandaani Shafakhana (2019) 4.0
Khandaani Shafakhana (2019) Khandanni Shafakhana (2019) ======================== ဟိုတလောက FB ပေါ်မှာ ပွဲဆူသွားစေခဲ့တဲ့ “Sex Education” ဆိုတဲ့ ခေါင်းစဉ်လေးကို မှတ်မိကြတယ်မလား   ဒီဇာတ်ကားလေးဟာ လူတွေ “Sex Education” ကိုတကယ်ပဲလိုအပ်သလား မလိုအပ်ဘူးလားဆိုတာကို   မီးမောင်းထိုးပြသွားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ   ဒီဇာတ်ကားထဲမှာတော့ အိန္ဒိယနိုင်ငံသားတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုကို   ဘယ်လောက်ထိအလေးထားကြလဲဆိုတာကို ကွင်းကွင်းကွက်ကွက်ရိုက်ပြထားပါတယ် တော်တော်လည်းကြမ်းကြပါတယ်   ဘယ်လောက်ကြမ်းသလဲဆိုရင် တီဗီမှာလိင်မှုကိစ္စနဲ့ပတ်သတ်တဲ့   ကြော်ငြာတစ်ခုကိုထည့်လိုက်မိတဲ့ မားမားဂျီးဆိုတဲ့သမားတော်တစ်ယောက်ဟာ   ၂၅နှစ်တိတိ သူအလုပ်လုပ်လာခဲ့တဲ့ဆေးကုမ္ပဏီကနေ   မဆိုင်းမတွအလုပ်ထုတ်ခံလိုက်ရပါတယ် နောက်ဆုံး အသတ်ခံရတဲ့အထိဖြစ်သွားခဲ့ပါတယ်   ဖြစ်ချင်တော့ သူ့ရဲ့သေတမ်းစာအရ မားမားဂျီးဟာ သူ့ရဲ့တူမလေးဖြစ်သူ   ဘေဘီဘင်ဒီ ကို သူပိုင်တဲ့လိင်ဆေးကုသခန်းကို အမွေပေးသွားခဲ့ပါတယ်   သတ်မှတ်ချက်အရ ဘေဘီဘင်ဒီဟာ ဆေးခန်းမှာခြောက်လတိတိအလုပ်လုပ်မှသာ   အမွေကိုလုံးဝပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်   Sex ဆိုတဲ့ စကားလုံးကိုပြောရင်တောင် ရွံ့ရှာတဲ့အကြည့်နဲ့ကြည့်ကြတဲ့ နိုင်ငံမှာ   မိန်းကလေးတစ်ယောက်က လိင်ဆေးကုသခန်းမှာ အလုပ်လုပ်တယ်ဆိုရင်   ဘယ်လောက်တောင်ပြောဆိုကြမလဲဆိုတာကို တွေးစရာမလိုပါဘူး   ဒါပေမယ့်ဘေဘီဘင်ဒီဟာ လက်ခံလိုက်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ရှင်းပါတယ် ပိုက်ဆံမရှိလို့ပါ   မကြာခင်မှာ အိမ်ကလည်းအကြွေးမဆပ်နိုင်လို့ အပိုင်သိမ်းခံရတော့မယ်   ရှိတဲ့မောင်လေးကလည်း ဘာအလုပ်မှမလုပ်တဲ့ငပျင်း အဲ့တော့ ကံကောင်းပြီးရလာတဲ့   အမွေကိုလက်ခံလိုက်ဖို့ကလွဲပြီး သူ့မှာရွေးချယ်စရာမရှိပါဘူး   အဲ့ဒီတော့ ဘေဘီဘင်ဒီတစ်ယောက် ဘယ်လိုပြဿနာတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ   လူမှုအဖွဲ့အစည်းတစ်ခုလုံးမှာစွဲညှိနေတဲ့ရှေးအယူအဆတွေကို ဘယ်လိုပြောင်းလဲမလဲဆိုတာကို   တခွီခွီနဲ့ရယ်ပြီး ကြည့်ရမှာဖြစ်ပါတယ် ရသလည်းစုံပါတယ် တကယ့်ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ   ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thet ...
movie

Khandaani Shafakhana (2019)

Dabangg 3 (2019) 3.7
Dabangg 3 (2019) (Unicode)ရဲမေကြီး ပြီးသွားတော့ ရဲသားကြီး အလှည့်ရောက်လာပါပြီ။၂၀၁၉ခုနှစ်ထွက် မင်းသားကြီး ဆယ်လ်မန်ခန်း(Salman Khan)ရဲ့ ဟာသ၊အက်ရှင် ဇာတ်ကားကြီးပါ။လူဆိုးလူမိုက်တွေ ဖမ်းဆီးရာမှာ ဒီအင်စပက်တာကြီးကတော့ ထိတ်ထိတ်ကြဲပဲဗျ။လူကုန်ကူးဂိုဏ်းတစ်ခုကို ဖမ်းဆီးရင်း ဂိုဏ်းခေါင်းဆောင်က အတိတ်က ရန်ကြွေးရှိဖူးသူ ဖြစ်နေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့....။အင်စပက်တာကြီးဆိုတာ ဒီလူမိုက်ကြီးကြောင့် ဖြစ်လာရတာ၊ ဒီလူမိုက်ကြီးကြောင့် ဘဝပျက်ခဲ့ရတာ၊အချစ်အတွက် အကြွေး၊ ပျက်စီးခံဘဝအတွက် အကြွေးတွေကို လူမိုက်ကြီးဆီ ပြန်ပြီး လက်စားချေဖို့ ဖြစ်လာပါတော့တယ်။လူမိုက်ကြီးကတော့ ရင်းနှီးပြီးသား ခန်နာဒါးမင်းသား Sudeep ပါပဲ။ကဲရှေ့ဆက် ဘယ်လို ဖြစ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦးဗျ။ဟာသလည်း ပါနေတော့ အက်ရှင်ပိုင်းမှာ အိုဗာတွေ ပါနေပါတယ်။ ဒါကိုတော့ သည်းခံရမယ်ဗျာ။ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ...
movie

Dabangg 3 (2019)

2019
Laal Kaptaan (2019) 7.6
Laal Kaptaan (2019) (Unicode)IMDb ratings : 7.6/10Genre : Action,Dramaဒီတစ်ခါ ဘောလိ၀ုဒ်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Saif Ali Khan , Sonakshi Sinha တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ ကြည့်ပျော်ရှုပျော် ဇာတ်ကားတစ်ကားပါ။ဒီကားအညွှန်းရေးရမှာက ကျွန်တော့်အဖို့ တော်တော့်ကို ခက်ခဲပါတယ်။အိန္ဒိယနိုင်ငံမှာ ဇာတ်အနိမ့်အမြင့်နာမည်တွေ ၊ မျိုးနွယ်နာမည်တွေနဲ့ ကိုးကွယ်တဲ့ဘာသာပေါင်းများစွာရှိတဲ့အတွက် လက်လှမ်းမမီတာကြောင့်ပေါ့။ဇာတ်လမ်းစစချင်းကတည်းက သတ်တာဖြတ်တာတွေ ၊ သွေးထွက်သံယို ပြကွက်တွေနဲ့ စထားတာမို့၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များ အုပ်ထိန်းသူနဲ့ကြည့်သင့်ပါတယ်။၁၈ ရာစု၀န်းကျင်ကို အခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့ ဒီကားက ဟောလိ၀ုဒ်က ရိုက်ပြခဲ့တဲ့ Bounty Hunter ကားတွေနဲ့ တော်တော်လေး တူပါတယ်။အဓိက ဇာတ်ကောင်က ဆုကြေးအထုတ်ခံထားတဲ့သူတွေကို လိုက်သတ်မယ်။ပြီးရင် သတ်ထားတဲ့သူရဲ့ခေါင်းကို ဖြတ်ယူပြီး ထုတ်ထားတဲ့သူဆီ ငွေသွားတောင်းမယ်။ ...
movie

Laal Kaptaan (2019)

2019
Mission Mangal(2019) 6.6
Mission Mangal(2019) Mission Mangal(2019)အညှှနြး************************(Zawgyi)မိုဘိုင်းဖုန်းဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်တစ်ခုကို ကျွန်တော်တို့ ပြန်သွားကြည့်ရအောင်... အဲ့လိုအချိန်တစ်ခုရဲ့ စကားဝိုင်းတစ်ခုမှာ "နောင်ကျရင် လူတွေက ရန်ကုန်နဲ့ မန်းလေး ဆက်သွယ်စကားပြောဖို့ကိုငါးလက်မလောက်ပဲရှိတဲ့ ပစ္စည်းလေးရှိရုံနဲ့ စကားပြောလို့ရတော့မှာ" လို့ ကျွန်တော် ပြောလိုက်ရင်ခင်ဗျားတို့အကုန်လုံး ဝိုင်းလှောင် ဝိုင်းဟားကြမှာပါ "သိပ္ပံအောင်မြင်မှုဆိုတာ တစ်ချိန်တုန်းကတော့ ဟာသတစ်ပုဒ်လိုပါပဲ" တဲ့ISRO ဆိုတဲ့ အိန္ဒိယအာကာသ သုတေသနအဖွဲ့က သိပ္ပံပညာရှင် ရာကိရှ်ဒါဝမ်မှ သူ့ကို ဝေဖန်လာတဲ့သူကို ပြန်ချေပလိုက်တဲ့စကားပါ...ဒါဆို သူက ဘယ်လိုဟာသတွေ ပြောလိုက်တာပါလိမ့် မားစ်ဂြိုဟ်ကိုလေ့လာဖို့ ဂြိုဟ်တုလွှတ်တင်မယ်လို့ ပြောလိုက်တာပါ... အဲ့ဒီအချိန်တုန်းက မားစ်ကိုသွားဖို့ ကြိုးစားရာမှာ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ အမေရိကန်လည်း ပါဝင်ပါတယ်...သူတို့တွေ အောင်မြင်ခဲ့လားဆိုတော့ မအောင်မြင်ခဲ့ပါဘူး...ရုရှားဟာ ရှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီး အမေရိကန်ဟာလည်း လေးကြိမ်တိုင်အောင် ကျရှုံးထားတာပါ... ဒါကို အိန္ဒိယသိပ္ပံပညာရှင် ရာကိက ဘာပြောလဲဆိုတော့ "ပထမဆုံးအကြိမ်မှာကို အောင်မြင်အောင် လုပ်ပြမယ်" တဲ့ဒီလိုစကားပြောရအောင်သူ့မှာ ဘယ်လိုယုံကြည်ချက်တွေ ...
movie

Mission Mangal(2019)

2019
Kalank (2019) 3.5
Kalank (2019) 2019ခုနှစ်မှာ Endgame နဲ့ အပြိုင် ရုံတင်ပြီးဝေဖန်မှု အမျိုးမျိုး ကြုံခဲ့ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကြီး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားထဲမှာ ပါဝင်ကြတဲ့ မင်းသားမင်းသမီးတွေကိုတော့အထူးတလည် မိတ်ဆက်စရာ မလိုဘူး ထင်ပါတယ်။ဇာတ်ကောင် တစ်ခုချင်းစီကို မိတ်ဆက်ပေးရမယ် ဆိုရင်ဇဖာရ်(ဗာရွန်)ကတော့ ပန်းပဲဆရာ တစ်ယောက်ဖြစ်ပြီးပြည်တန်ဆာတွေနဲ့ ရင်းနှီးနေတဲ့ နာမည်ဆိုးရပ်ကွက်နေ အစ္စလာမ် ဘာသာဝင်တစ်ယောက်၊မိဘစွန့်ပစ်ခံ(တရားမဝင်မွေးဖွားသူ) အဖြစ် မြင်တွေ့ရမှာပါ။အလီယာကိုတော့ နာကျင်မှုတွေနဲ့ ခံစားနေရတဲ့ရု(ပ်) အဖြစ် မြင်ရမှာပါ။အစ်မတော်ရဲ့ နောက်ဆုံးဆန္ဒကို ဘဝနဲ့ ရင်းပြီးဖြည့်ဆည်းပေးလိုက်ရသူပါ။ဆန်းဂျေးကိုတော့ ရု(ပ်)ရဲ့ ယောက္ခမ နေရာမှာမြင်ရမှာပါ။အာဒိသယကိုတော့ ဆန်ဂျေးရဲ့သား သတင်းစာတိုက်ပိုင်ရှင် ဒေ့ဗ်အဖြစ် မြင်တွေ့ရမှာပါ။ဒေ့ဗ်ဟာ မင်းသမီးကြီး Sonakshi (ဆာ့သ်ယာ)ရဲ့ခင်ပွန်းပါ။တစ်ဖက်မှာ အိန္ဒိယသွေးစည်းရေးကို ကြိုးပမ်းနေပြီးတစ်ဖက်မှာ ဇနီးဆန္ဒကို ဖြည့်ဆည်းနေကြသူတွေပါ။ဟီး တော်တော် နားလည်ရခက်တဲ့ ဆက်ဆံရေးတွေဗျ။ဒီလိုနဲ့ အလီယာမှာ ဆန္ဒတစ်ခု ဖြစ်လာခဲ့တယ်။ ဒါကလည်း ဇာတ်လမ်းကို အထွတ်အထိပ်ထိဆွဲခေါ်သွားမယ့် ဆန္ဒတစ်ခုပါ။သူတို့တွေရဲ့ အရှုပ်တော်ပုံကြီးကိုမျက်ဝါးထင်ထင် မြင်တွေ့ခံစား ကြည့်ကြပါဦးဗျာ။ဝေဖန်မှုတွေ ...
movie

Kalank (2019)

2019
R… Rajkumar (2013) 5.2
R… Rajkumar (2013) ဒီတစ်ခါတော့ ဘောလီဝုဒ်ပရိတ်သတ်တွေအတွက် အလန်းစားCrime,Comedy,Action ကားကောင်းတကားကိုိ တင်ဆက်ပေးလိုက်ပါတယ်။Prabhu Deva ရိုက်တဲ့ ဇာတ်ကားဖြစ်တာကြောင့် ဇာတ်လမ်းက ခပ်မြူးမြူးနဲ့ ပေါ့ပေါ့ပါးပါးလေး တင်ဆက်ထားပြီးMusic ပိုင်းတွေ၊ Action ပိုင်းတွေကို အမှန်အကန် ပုံဖေါ်ထားပါတယ်။Rody Rahtore, Boss တို့လို ဇာတ်လမ်းမျ်ိုးတွေ ကြိုက်တဲ့သူတွေအတွက်တော့ လက်လွတ်မခံသင့်ပါဘူးဒိုဟရ်ပူးရ်ဆိုတဲ့ရွာလေးမှာ အစိုးရဆိုတာ ဘယ်ဆီနေမှန်းမသိ၊ တရားဥပဒေဆိုတာ ဘာမှန်းမသိ အဲ့ဒီရွာကို အဓိက ဗိုလ်ကျနေတဲ့ လူနှစ်ယောက်ရှိတယ်ရှိဗ်ရာဂျ်နဲ့ ပရ်မာ နှစ်ယောက်လုံးက ဘိန်းဘုရင်အကြီးစားတွေ ဖြစ်ကြသလို ကို်ယ်ကျိုးတွက်ဆို လူသတ်ဖို့ ဝန်မလေး ဒုစရိုက်မှုကို ခါးဝတ်ပုဆိုးလို ဖြစ်နေကြတယ်။အဖွဲ့နှစ်ဖွဲ့က တဖက်နဲ့တဖက် အမြဲလိုလို ချောင်းမြောင်းလုပ်ကြံနေကျ ဒါပေမဲ့ ရှိဗ်ရာဂျ်ကံကောင်းတယ်ပဲ ပြောရမလား ဂျာရ်ကူမားရ်ဆိုတဲ့ လူငယ်တစ်ယောက် သူ့ဆီရောက်လာတယ်bရာဂျ်ကူမားရ်ဆိုတာ ဇသိပ်ပြင်းတဲ့ မြွေပွေးလိုကောင်မျိုး သူနဲ့ ထိပ်တိုက်တွေ့မိသမျှ ဘယ်သူမှ အသက်ဆိုးမရှင်ကြဘူး" အသံတိတ်နေလိုက် ... မဟုတ်လို့ကတော့ အကြမ်းပတမ်းဖြစ်သွားမယ်"သူပြောသလို အသံတိတ်နေလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ် မဟုတ်ရင် တကယ့်ကို ...
movie

R… Rajkumar (2013)

2013
Ittefaq (2017) 7.5
Ittefaq (2017) အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့မှာ မိုးတွေသည်းနေပါတယ်...မိုးရေထဲမှာပဲ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနှစ်ခု...ဗစ်ကရမ်စီသီးဟာ ယူကေနိုင်ငံမှာ လူကြိုက်များတဲ့ ဝတ္ထုရေးဆရာတစ်ယောက်ပါ...သူဟာ ကတ်သရင်းဆိုတဲ့ foreigner အမျိုးသမီးနဲ့ အိမ်ထောင်တစ်ခုတည်ထောင်ခဲ့ပါတယ်...တစ်နေ့ သူပြန်လာတဲ့အချိန်မှာတော့ ကတ်သရင်း သေဆုံးနေခဲ့ပါတယ်...ချက်ချင်းပဲ သူရဲကိုဖုန်းဆက်တယ်...ရဲတွေက သူသတ်တယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်...ဗစ်ကရမ်ဟာ ကြောက်ကြောက်လန့်လန့်နဲ့ ခြေဦးတည့်ရာကားမောင်းပြေးပါတော့တယ်....ကားအရှိန်လွန်ပြီး တိမ်းမှောက်ခဲ့ပါတယ်...ဒဏ်ရာတွေနဲ့ ဗစ်ကရမ်ဟာ နီးစပ်ရာ အိမ်ထဲဝင်ပြီး အိမ်ပိုင်ရှင် မာယာဆိုတဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပါတယ်...ဒီကူညီပေးတဲ့အိမ်မှာလဲ လူသတ်မှုဖြစ်နေခဲ့ပါတယ်...မာယာခင်ပွန်းဖြစ်သူ ရှက်ကာ ဆိုတဲ့ သူသေဆုံးနေတာပါ...ဗစ်ကရမ်အမှုကို မွန်ဘိုင်းထိပ်တန်းစုံထောက် ဒေ့ဗ် တာဝန်ယူရပါတယ်...ဒေ့ဗ်ဟာ မာယာနဲ့ ဗစ်ကရမ်ရဲ့ ထွက်ဆိုချက်များကို နားထောင်ရပါတယ်....ဗစ်ကရမ်ထွက်ဆိုချက် ================ကျွန်တော် အိမ်ပြန်ရောက်တော့ ကတ်သရင်း အသက်မရှိတော့ပါဘူး...ကျွန်တော်ရဲကို ချက်ချင်းအကြောင်းကြားခဲ့တယ်..ဒါပေမဲ့ရဲတွေက ကျွန်တော့်ကို မိန်းမကို သတ်တယ် ရဲစခန်းလိုက်ခဲ့ဖို့ ခြိမ်းခြောက်ကြတယ်..ကျွန်တော်လဲ ကြောက်လန့်ပြီးထွက်ပြေးမိတယ်...ကျွန်တော် အိမ်တစ်အိမ်ကို အကူအညီတောင်းခဲ့တယ်..မာယာဆိုတဲ့အမျိုးသမီးကူညီပေးတယ်... ...
movie

Ittefaq (2017)

2017
Rowdy Rathore (2012) 5.8
Rowdy Rathore (2012) IMDB 5.8 နဲ့ RT 67% ထိရရှိထားတယ့် အက်ရှေးကူမားရ်ရဲ့ ဇာတ်ကားကောင်း တကားကို Bollywood Fan တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေး ကတော့ လူလိမ် သူခိုး ရှီဗားဟာ သူ့ကောင်မလေးကြောင့် ခိုးတယ့် အလုပ်ကို စွန့်လွန့်ဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံးအနေနဲ့ ဟဲဗီး တခုကို ခိုးတဲ့အခါမှာတော့ သေတ္တာထဲမှာ ခလေးတယောက်ကို ပါလာတာကို တွေ့လိုက်ရပါတယ်။ ခလေးကလည်း မြင်မြင်ချင်း သူ့ကို အဖေလို့ ခေါ်လိုက်တော့ သူကိုယ်တိုင် အံအားသင့်သွားပါတော့တယ်။ အမှန်တော့ ဒီခလေး အဖေဖြစ်သူက သူနဲ့ရုပ်တူတဲ့ ရဲအုပ် ဗစ်ကရန် ရာထော ဆိုတဲ့လူပဲ ဖြစ်ပါတယ်။ ဒီခလေး ဘာကြောင့် သူ့စီရောက်လာရတာလဲ့ ဘာတွေ ဆက်ဖြစ်ကြဦးလဲ့ ရဲအုပ် ဗစ်ကရန်ရာထောကကော ဘာဖြစ်သွားလို့လဲ့ ရှီဗားကကော ဒီပြသနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ ဆက်လက်ရှု့စားလိုက်ပါဦး ခင်ဗျ့ ရုပ်ရှင်ကားကလည်း သီချင်းအက အမိုက်စားတွေနဲ့ တခန်းတနားကြီး တင်ဆက်ထားလို့ လက်လွတ်မခံသင့်ဘူးလို့တော့ ထက်ပြောလိုက်ပါရစေ့ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ ကိုဇော်ထူးပဲဖြစ်ပါတယ်)File Size : 1GB  Quality : Bluray 720P Running Time ...
movie

Rowdy Rathore (2012)

2012
Force 2 (2016) 6.5
Force 2 (2016) ဒီဇာတ်ကားဟာ Force ပြီးလို့နောက်ငါးနှစ်ကြာမှ ထွက်ခဲ့တာဆိုပေမယ့် အောင်မြင်မှု့အနေနဲ့IMDB 6.5/10 နဲ့ RT90% အထိရရှိထား ပါတယ်။ အထူးသဖြင့် အက်ရှင်ခန်းတွေဟာ ဘောလီဝုဒ်ကားဆိုပေမယ့် ဟော်လီးဝုဒ်ကို တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကတော့ တရုတ်နိုင်ငံမှာ အိန္ဒိယတွက် သူလျှိုလုပ်ပေးနေတယ့် RAW အေးဂျင့်တွေကို တစုံတယောက်ရဲ့ သတင်းပေးမှု့ကြောင့် တရုတ်အစိုးရက သိခဲ့ပြီး အေးဂျင့်တွေကို လိုက်လံနှိမ်နင်းပါတော့တယ့် ဒီအေးဂျင့်တွေထဲမှာ ရဲဝန်ထမ်း ရက်ရှ်ဗါဒန် ငယ်သူငယ်ချင်း ဟရေ့ရှ်လည်းပါဝင်နေပါတယ်။့  ဟရေ့ရှ်က သူ့သူငယ်ချင်းစီကို စာအုပ်တအုပ်ကနေတဆင့် သတင်းပေးကို ဖော်ထုတ်ပြီး အကြောင်းကြားခဲ့ပါတယ်။ ဒီအချိန်မှာတော့ ရာရှ်ဗါဒန်အနေဲ့ သူငယ်ချင်းရဲ့ ကိစ္စကို ကိုယ်တိုင်ဝင်ပါဖြေရှင်းဖို့ဖြစ်လာရပါတော့တယ်။ ဒီဇာတ်ကားဟာလည်း Mystery / Crime အမျိုးအစားဖြစ်သလို တကားလုံးကို လှည့်ကွက်အပြည့်နဲ့ အချိန်ပေးရတာ တန်တယ့် ဇာတ်ကားကောင်းတကားပဲဖြစ်ပါတယ်။ အားလုံးပဲ လက်အလွတ်မခံပါနဲ့လို့ပဲ ထပ်ပြောချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ ကိုဇော်ထူးပဲဖြစ်ပါတယ်) File Size : ...
movie

Force 2 (2016)

2016