Channel Myanmar

Sona Olickal

Mad Square (2025) 6.0
Mad Square (2025) Mad Square (2025) ရူးသွပ်မှုနှစ်ဆIMDb -6.1/102023 ခုနှစ်မှာ Madဆိုတဲ့နာမည်နဲ့ အင်ယာကျောင်းသားတွေ လေးယောက်ပေါင်း လောင်းကျော်တဲ့ဇာတ်ကားလေး ထွက်ရှိခဲ့ပြီး နှစ်နှစ်အကြာမှာတော့ Mad Squareဆိုတဲ့နာမည်နဲ့ sequelထပ်မံထွက်ရှိလို့လာပါပြီ။ဒီတစ်ခါမှာတော့ ဘွဲ့ရပြီး လူကြီးတွေဖြစ်သွားပေမဲ့ ပြဿနာရှာမပျက်တဲ့ အာရှို့ ဒီဒီ မန်နို့ခ်ျနဲ့ ရှီဗာတို့တစ်သိုက် ဒီတစ်ခါမှာရော ဘာတွေဘယ်လိုမွှေကြမလဲ ရှုစားကြပါဦး။သူငယ်ချင်းတစ်သိုက်ထဲမှာ အငြိမ်ဆုံးဖြစ်တဲ့လဒူတစ်ယောက် ထူးထူးဆန်းဆန်းပဲ ထောင်နန်းစံနေရပြီ ထောင်ထဲမှာ ဆရာကြီးဖြစ်နေလေရဲ့။ ထောင်သားတွေကလည်းရိုသေ ရဲတွေကလည်း လေးစားရတော့ ကျန်တဲ့ထောင်သားတွေလည်းတအံ့တဩဖြစ်ပြီး လဒူကို ဘာတွေလုပ်ခဲ့လို့ ဒီလောက်အားလုံးရှိန်နေရတာလဲလို့ လာမေးချိန်မှာတော့ လဒူတစ်ယောက် သိပ်ချစ်ရတဲ့ သူငယ်ချင်းမျောက်လောင်းလေးကောင်နဲ့ စွန့်စားခန်းကို ချပြဖို့ဖြစ်လာပါတော့တယ်။ကျောင်းတော်ကြီးကနေ ကိုယ်စီဘွဲ့ရပြီး လေးနှစ်တာကာလအကြာမှာတော့ ကိုယ်စီဗရုတ်လုပ်နေတဲ့ သူငယ်ချင်းတစ်သိုက် လဒူ မင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။တကယ်တမ်းကျတော့ သူ့ရဲ့သူငယ်ချင်းတွေရဲ့ ပြဿနာရှာနိုင်စွမ်းကို ကောင်းကောင်းသိထားတဲ့သူပီပီ ပွဲပျက်မှာစိုးနေတဲ့အတွက် လဒူတစ်ယောက် အာရှို့တို့လေးယောက်ကို တမင်အသိမပေးဘဲထားထားတာပါ။ဖုံးထားရဲ့သားနဲ့ တကွဲတပြားစီဖြစ်နေတဲ့ သူငယ်ချင်းလေးယောက်လုံးစုပြီး လဒူရဲ့မင်္ဂလာပွဲဆီကိုမှ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Mad Square (2025)

Kadakan (2024) 5.8
Kadakan (2024) Kadakan 2024 ကံစေ‌ရာ Imdb 6.5/10ပိုက်ဆံ _ လောကမှာမျက်နှာအကြီးဆုံး အရေးအကြီးဆုံးပေါ့ တရားသဖြင့်ရှာတဲ့ပိုက်ဆံက ကြာရှည်တတ်လို့ မတရားသဖြင့် ဖြတ်လမ်းကလိုက်ဖို့ကြံကြတဲ့လူငယ်တွေ တခြားတော့မဟုတ် သဲတွေကို ခိုးထုတ်ပြီးရောင်းရတာပါနေ့ဘက်ဆို အဖမ်းအဆီးကြမ်းလို့ အရုဏ်တက်မရောက်ခင် ညဦးတည်းက ရဲတွေမမြင်အောင် သက်စွန့်ဆံဖျား တောအုပ်ကြားက ဆိုင်ကယ်နောက် သဲအိတ်ကြီးတွေနဲ့ ပိုက်ဆံကို ပင်ပင်ပန်းပန်းရှာကြရတယ်ဒီလိုခိုးလုပ်ရတဲ့အလုပ်ကို ဆိုင်ကယ်ကဟောင်းနေတော့ ပျက်တဲ့အချိန်ပျက် တွန်းရတဲ့အချိန်တွန်းရပေါ့ဗျာ ဆိုင်ကယ်သစ်လေးဝယ်ချင်တာက ဒီကလေးရဲ့အိပ်မက် သူ့နည်းတူတခြားလူတွေက ဆိုင်ကယ်အကောင်းစားနဲ့ဆိုတော့ ပစ္စည်းတွေများများနဲ့ မြန်မြန်ငွေပိုရှာနိုင်တော့ မဝယ်နိုင်သေးတဲ့သူ့အနေနဲ့က ‌အားကျရုံမှတစ်ပါး မတတ်နိုင်ခဲ့ဘူးပေါ့ဒါပေမဲ့ လူ့ဘဝရဲ့ကံကြမ္မာအလှည့်အပြောင်းမှာ သူတို့ဘဝတွေထဲ ဘယ်လိုအန္တရာယ်တွေဝင်လာမလဲ သူတို့ကရော ဘယ်လိုတွေခုခံရင်ဆိုင်သွားမယ်ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.4 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kadakan (2024)