Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sol Kyung-gu
6.0
Another Public Enemy (2005)
Another Public Enemyပြည်သူ့လိုအပ်ချက်ကို အပိုင်နင်း ဖောင်ဒေးရှင်းကို ဗန်းပြပြီး မသမာတဲ့နည်းပေါင်းစုံနဲ့ ပိုက်ဆံတွေ အထုပ်လိုက်အထည်လိုက် တရားမဝင် သိမ်းကျုုံးယူ... ပိုက်ဆံကသာ ဒုတိယဘုရားသခင်အဖြစ် သတ်မှတ်ထားတဲ့ မြောင်ဆွန်းလုပ်ငန်းစု ဒါရိုက်တာ ဟန်ဆန်းအူ...လောကကြီးမှာ ပိုက်ဆံနဲ့အာဏာက အရေးကြီးဆုံးဆိုတာကို သိအောင် လောကဒဏ်ကနေ သင်ယူခဲ့ရပြီး မတရားမှုတွေကို တိုက်ဖျက်ဖို့ အမှုစစ်ဖြစ်လာခဲ့တဲ့ အမှုစစ်ဂန်ချောဂျွန်...မိသားစုအခြေအနေရော အကျင့်စရိုက်ပါ မတူညီတဲ့ သူတို့နှစ်ယောက်ဟာ အတန်းဖော်သူငယ်ချင်းတွေဖြစ်ကြသလို ဂန်ချောဂျွန် ဘယ်လောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြိုးစား မိသားစုနောက်ခံကောင်းတဲ့ ဟန်ဆန်းအူ ဆီမှာပဲ မတရားဖိနှိပ်ခံခဲ့ရပြီး...တနေ့ မျဥ်းပြိုင်နှစ်ခုလို သူတို့နှစ်ယောက် ရာဇဝတ်ကျူးလွန်သူနဲ့ အမှုစစ်အဖြစ် ပြန်တွေ့ကြတဲ့အခါ...နိုင်ငံကြီးနဲ့ပါချီပြီး လုပ်စားကြတဲ့ လူချမ်းသာ နဲ့အာဏာရှင် ဟိုက်ပါ သူခိုးအကြီးစား ရာဇဝတ်သားဆိုတာ နိုင်ငံ့အဆိပ်ပင် ပြည်သူ့ရန်သူ ဖြစ်ပြီး အာဏာနဲ့ပိုက်ဆံရဲ့ အင်အားကြီးမားမှုနဲ့ ဥပဒေကြား အားပြိုင်မှုကို ပုံဖော်ထားတဲ့ နိုင်ငံရေးမှုခင်းရုပ်ရှင်ကောင်း old but ...
movie
Another Public Enemy (2005)
6.2
Lucid Dream (2017)
Lucid Dream 2017Lucid Dream ဆိုတာ လူတစ်ယောက်က အိပ်မက်ထဲမှာရောက်နေပေမယ့် ဒါဟာအိပ်မက်ပဲလို့ သူ့မှာ အသိစိတ်ရှိနေတာမျိုး အဲဒီ အိပ်မက်ကို Control လုပ်နိုင်တာမျိုးကို Lucid Dream လို့ခေါ်ပါတယ် အပြင်မှာ ကိုယ်အမှတ်မထင်ဖြစ်သွားတဲ့ အရာတွေကိုတောင်မှ Lucid Dream ထဲမှာပြန်မက်လိုက်ရင် ရှင်းရှင်းလင်းလင်းမြင်နိုင်စေလောက်တဲ့ အိပ်မက်မျိုးပေါ့ဒီဇာတ်ကားမှာတော့ မင်းသားကြီး Go Soo နဲ့ Sol Kyung Gu တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းစုံထောက်ချွဲဒယ်ဟိုဟာ လူချမ်းသာတွေ အာဏာရှိလူတန်းစားတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို အမြဲတမ်းဖော်ထုတ်လေ့ရှိတဲ့ သတင်းထောက်တစ်ယောက်ပါဒါကြောင့်လည်း အာဏာရှိလူတန်းစားတွေ လူကုံထံတွေက သူ့ကို အမြင်မကြည်ကြပါဘူးသူ့မှာ အရမ်းချစ်ရတဲ့ တစ်ဦးတည်းသောသားလေး ချွဲမင်အူရှိပါတယ် အမိမဲ့သားလေး မင်အူက သတင်းထောက်ချွဲရဲ့ဘဝမှာ အရေးအပါဆုံးသူပေါ့တစ်ရက် သားအဖနှစ်ယောက် ကစားကွင်းတူတူသွားရင်း မင်အူလေး ပြန်ပေးဆွဲခံခဲ့ရပါတယ် ဒီပြန်ပေးဆွဲမှု ၃ နှစ်ကြာတဲ့အထိ ဘာသဲလွန်စတစ်ခုမှ မရခဲ့ဘူးအဲဒီအချိန်မှာ LUCID DREAM ကနေတစ်ဆင့် ပြန်ပေးသမားတွေ တရားခံတွေကို ...
movie
Lucid Dream (2017)
6.4
Public Enemy Returns (2008)
[Unicode]Public Enemy Return (2008)စုံထောက် မှုခင်းကားကြိုက်သူများအတွက် ဟာသ မှုခင်း အက်ရှင် ရသစုံတဲ့ ရှပ်ရှင်ကောင်းတစ်ခုပါဇာတ်လမ်းအကျဉ်းလေးတော့ စုံထောက်ဂန်ချောဂျွန်ဟာ အလုပ်မှာ ပြသနာအချို့ကြောင့် ဆိုင်းငံ့ခံထားရပြီး ငွေရေးကြေးရေးပါ အဆင်မပြေလာတဲ့ခါ ရဲအလုပ်ကနေ ထွက်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမယ့် ဂန်ချောဂျွန်ရဲ့ အထက်လူကြီး အဖွဲ့ခေါင်းဆောင်ဟာ ထွက်ခွင့်မပေးဘဲ အထက်တန်းကျောင်းသားလေး ဂျောင်ဟာယွန်း အသဆ်ခံရတဲ့ အမှုကို စုံစမ်းဖို့ ပါဝင်စေခဲ့ပါတယ်။အရာရာကို စိတ်ကုန်နေတဲ့ ဂန်ချောဂျွန်ဟာ တဖန်အမှုုပြန်လိုက်ရင်းက သဲလွန်စရခဲ့ပြီး ဟာယွန်းရဲ့ သူငယ်ချင်း၃ယောက်ကို စစ်ဆေးကြည့်လိုက်တော့....ကျောင်းသားတွေကို လေ့ကျင့်ပေးပြီး အလုပ်လုပ်ခိုင်းနေတဲ့ ကုမ္ပဏီတစ်ခုကို သိလိုက်ရတဲ့အခါရာဇဝတ်မှတ်တမ်းရှိတဲ့ ကုမ္ပဏီ ဥက္ကဌ လီဝမ်ဆုကို ထိပ်တိုက်ရင်ဆိုင်ရင်း အမှုဘယ်လိုဖော်ထုတ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။( အညွှန်းရေးသားထားသူကတော့ Deer ပါ ) [Zawgyi]Public Enemy Return (2008)စုံထောက် မှုခင်းကားကြိုက်သူများအတွက် ဟာသ မှုခင်း အက်ရှင် ရသစုံတဲ့ ရှပ်ရှင်ကောင်းတစ်ခုပါဇာတ်လမ်းအကျဉ်းလေးတော့ စုံထောက်ဂန်ချောဂျွန်ဟာ အလုပ်မှာ ပြသနာအချို့ကြောင့် ဆိုင်းငံ့ခံထားရပြီး ငွေရေးကြေးရေးပါ ...
movie
7.9
Oasis (2002)
[Unicode]Oasis (2002) ===========IMDB = 7.9 out of 10 Rotten Tomatoes = 90 out of 100 Directed By Lee Chang Dongတောင်ကိုရီယား New Waveဒါရိုက်တာလီချန်းဒုံကို Burning, Poetry, Peppermint Candyတို့နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ လီချန်းဒုံရုပ်ရှင်တွေဟာ အမှတ်တမဲ့ကြည့်လိုက်ရင် ကိုရီယားရုပ်ရှင်လို့ လုံးဝထင်စရာမရှိတဲ့ ဇာတ်ကောင်တွေ ဇာတ်ဝင်ခန်းတွေနဲ့။ အဆိုးဘက်ရောက်တဲ့ လူသားဆန်မှုတွေကို သိသာသာမီးမောင်းထိုး ပြတတ်ပါတယ်။ လီချန်းဒုံအခုထိရိုက်ထားတဲ့ ရုပ်ရှင်ခြောက်ကားပဲရှိပါတယ်။ Peppermint Candyနဲ့ Green Fishကလွဲလို့ ကျန်တဲ့လေးကားကို သူကိုယ်တိုင်ရေးခဲ့တာပါ။ Burningကတော့ မူရာကာမိကိုကျောရိုးယူပါတယ်။လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်လူတွေ သူတို့ရဲ့ သာမန်နေ့စဉ်ဘဝမှာ သာမန်လုပ်နေကြ အရာတွေကိုပဲ ရိုက်ပြထားတယ်လို့ ဖတ်လိုက်ရပါတယ်။ သူ့ရုပ်ရှင်တွေမှာလူဆိုးလူကောင်းမရှိဘူးလို့လည်း ဆိုပါတယ်။ ဒုတိယအချက်ကို ကျွန်တော်လက်ခံပေမယ့် ပထမအချက်ကိုတော့ လုံးဝငြင်းပါတယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်မဆန်ပါဘူး။ သူ့ရုပ်ရှင်တွေမှာ အဆိုးဘက်ရောက်တဲ့။လူသားဆန်မှုအတော်များပါတယ်။ သူမှားတာတော့လည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ဘဝတွေတိုင်းဟာ အမြဲတော့ သာယာတဲ့ကောင်းကင်တစ်ခုအောက်မှာ ရှိနေတာ မဟုတ်ပါဘူး။ သူမှန်ပါတယ် ။ ဒါပေမယ့် ...
movie
Oasis (2002)
7.7
Peppermint Candy (1999)
[Unicode]Peppermint Candy (1999)ဝေဖန်ရေးသမားတွေ အဆိုအရတော့ Burningနဲ့ Green fishတို့လိုကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Lee Chang Dongရဲ့ အကောင်းဆုံးကားဟာ Poetry(2010)ပါ။ သူရဲ့ ဒုတိယအကောင်းဆုံးကားကတော့ သူရဲ့ အစောပိုင်းလက်ရာတစ်ခုဖြစ်တဲ့ အခုဒီ Peppermint Candyပါပဲ။ ရုပ်ရှင်တစ်ကား ကောင်းမကောင်းဟာ ကြည့်ရှုသူအပေါ်မှာပဲ မူတည်တာမို့ ကျွန်တော်တော့ Peppermint Candyကို ပိုသဘောကျပါတယ်။Peppermint Candyဟာ Nolanရဲ့ mementoလိုမျိုး ဖြစ်ရပ်အချိန်စဉ်အလိုက် မပြထားတဲ့ ရုပ်ရှင်မျိုးပါပဲ။ အခန်းဖြတ်၇ခန်းကို သုံးထားပြီး အခန်းဖြတ်တိုင်းမှာ ခုနှစ် အချိန်အခါ ပါတာမို့ သိပ်ပြီး Mind-Blowingဖြစ်စေမယ့် ရုပ်ရှင်မျိုးတော့ မဟုတ်ပါဘူး။ မြင့်သန်းဘာသာပြန်ပြီး ဂျပန်စာရေးဆရာ ကဇူးအို အစ်ရှိဂူရိုးရေးထားတဲ့ လွင့်မျောနေသောကမ္ဘာကြီး၏အနုပညာသည်တစ်ဦးလို ခေတ်ကာလနှစ်ခုရဲ့ မျဉ်းပြိုင်ရသကို ပါးပါးလေးသုံးထားပြီး ၁၉၈၀ကျောင်းသားထကြွမှုကနေ ဇာတ်ကားထွက်ခဲ့တဲ့ ၂၀၀၀ခုနှစ်အထိ ကိုရီးယားသမိုင်းရဲ့အနှစ်နှစ်ဆယ်ကာလကိုသုံးထားပါတယ်။ဇာတ်ရဲ့အဖွင့်ရဲ့ ဦးဆုံးအခန်းမှာ ပြထားတာကတော့ ရထားတစ်စင်း မြစ်ကူးသံလမ်းတံတားပေါ် ခုတ်မောင်းနေတာပါပဲ။ မြစ်ကူးသံလမ်းတံတားရဲ့အောက်မှာ လူတစ်ယောက်ပက်လက်လှဲပြီး ရထားကိုငေးမောနေပါတယ်။ အချိန်ကတော့ ...
movie
Peppermint Candy (1999)
1999
5.7
Tidal Wave(2009)
Tidal Wave(2009)(Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....)တစ်ချို့သော သူတွေကြိုက်တဲ့ရုပ်ရှင်အမျိုးအစားဟာ အနည်းငယ်ထူးဆန်းတယ်လို့ပြောရမလားပဲ...ကမ္ဘာကြီးပျက်တာ...ကပ်ဆိုးတွေအမျိုးမျိုးနဲ့ဒုက္ခရောက်တဲ့ ရုပ်ရှင်တွေဆို အရမ်းသဘောကျစွာ တစ်ကူးတကကိုရှာဖွေကြည့်လေ့ရှိကြတယ်....ဒီကိုရီးယားရုပ်ရှင်ဟာလည်း ကပ်ဆိုးတစ်ခုအကြောင်းကို နာမည်ကြီးသရုပ်ဆောင်များစွာနဲ့ဆောင်ရန်ရှောင်ရန်လေးတွေပညာပေးရင်း ဟာသလေးတွေနှောကာ မပျင်းမရိရအောင် ခပ်မိုက်မိုက်ရိုက်ကူးထားတာပါ....ဟယ်အွန်းဒယ်လို့ခေါ်တဲ့ ကမ်းခြေတစ်မြို့လေးတစ်ခုရှိတယ်... သိပ်လှတဲ့ အဲ့ဒီဟယ်အွန်းဒယ်ဆိုတဲ့မြို့လေးကို နှစ်စဥ်လူတစ်သန်းနီးပါး လာရောက်လည်ပတ်လေ့ရှိပါတယ် .... ကမ်းခြေမှာနေထိုင်ကြတဲ့ လူတွေရဲ့ဘဝရှင်သန်ရေးပုံစမျိုးစုံနဲ့လှုပ်ရှားနေရင်း မြို့လေးဟာလေး ကပိုကယိုလှပနေလေရဲ့...ဒီမြို့မှာရှိတဲ့ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်တဲ့ ပါမောက္ခဂင်ဟာ ထူးဆန်းတဲ့ကပ်တစ်ခုကျရောက်နိုင်တာကို သွားတွေ့မိတယ်...အဲ့ဒါက ကိုရီးယားနိုင်ငံမှာ ပထမဆုံးဆူနာမီငလျင်လှုပ်ခတ်နိုင်တယ်ဆိုတာပါပဲ...ဒါပေမယ့် ဘယ်သူမှမယုံကြည်ခဲ့ကြပါဘူ...း ပုံမှန်နေ့ရက်တွေလိုပဲ မြို့သူမြို့သားခရီးသွားတွေဟာ ပေါ့လျော့စွာ ဆက်လက်ကုန်ဆုံးခဲ့ကြပါတယ်...ပါမောက္ခဂင်ဟာ ငလျင်နဲ့ပက်သက်ပြီ အထက်ကအဖွဲ့အစည်းကိုနည်းမျိုးစုံတင်ပြခဲ့ပေမယ့်လည်းအားလုံးက လျစ်လျှူရှုခဲ့ကြတယ်....အဲ့ဒီလို လျစ်လျှူရှုခြင်းပြီးတဲ့နောက်မှာတော့....ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားကြည့်လိုက်ပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်....File Size :(2.1GB) (950MB) and (364 MB) Quality :Blu-Ray 1080p 5.1 CH, ...
movie
Tidal Wave(2009)
7.0
Birthday (2019)
Birthday(2019)IMDb....7.0(unicode)နိုင်ငံခြားမှာနေရင်း မိသားစုအတွက် ငွေတွေတတ်နိုင်သလောက်ရှာပြီးပြန်လာတဲ့ ဖခင်ဖြစ်သူ ဂျောင်အီတစ်ယောက်ရဲ့ မိသားစုအိမ်ပြန်လမ်းဟာ တခြားသူတွေနဲ့ တူပုံမရဘူး.... သူ့ပုံစံကပျော်ရမယ့်အစား ဝမ်းနည်းကြေကွဲမှုတွေမျက်နှာပေါ်မှာအပြည့်.... သမီးလေးအတွက်အရုပ်လေးဝယ်ရင်း အိမ်တံခါးခေါက်တဲ့သူ့ကို ဇနီးဖြစ်သူက တံခါးမဖွင့်ပေးခဲ့သလို တစ်သက်လုံးအိမ်ပြန်မလာလည်းရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ကြိုဆိုခဲ့လေရဲ့....ဖခင်ဖြစ်သူဟာ နိုင်ငံခြားမှာနေပြီး မိန်းမပွေရှုတ်တာလည်းမဟုတ်..ရှာသမျှလည်းအိမ်ကိုပို့တယ်...မိန်းမဖြစ်သူရဲ့ ဒီလိုကြိုဆိုမှုကိုလည်း အပြစ်မဆိုခဲ့ဘူး....ဘာကြောင့် ဒီလိုဖြစ်နေကြတာလဲ...သမီးလေးနဲ့ မိန်းမဆီ နွေးထွေးတဲ့မိသားစုလေး အဖြစ်သူပြန်တည်ဆောက်လို့ရပါ့မလား...တခြားဘာအကြောင်းတွေရှိသေးလဲ... ကားနာမည် Birthdayဆိုတာနဲ့ရော ဘယ်လိုသက်ဆိုင်နေတာလဲဆိုတာကိုတော့ ခံစားကြည့်ပါဦး....ဒီကားက မိသားစုကားတစ်ကားပါ..အေးသလိုထင်ရပေမယ့် ဘာကြောင့်လဲဆိုတာတဖြည်းဖြည်းဆွဲခေါ်သွားပြီး ကြည့်ရှုသူကိုဖမ်းစားနိုင်တဲ့ကားပါ..သရုပ်ဆောင်တွေကလည်း နာမည်ကြီး မင်းသားမင်းသမီးတွေကြီးပါပဲ...ခံစားကြည့်လိုက်ပါဦး...IMDb...7.0တောင်ရရှိထားတာမို့ ထွေထွေထူးထူးမညွှန်းတော့ပါဘူးနော် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Fliex ပဲဖြစ်ပါတယ်... File Size : (945 MB) Format…mp4 Duration…02:00:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Fliex Encoded by Phyo Pyae
movie
Birthday (2019)
2019
5.8
Idol ( 2019 )
Zawgyi*******ဒီကားလေးကတော့ပြည်သူတွေဖက်ကနေရပ်တည်ပြီးတရားမျှတမှုရှိတယ်လို့နာမည်ကျော်တဲ့ကိုမြောင်ဟီ သားဖြစ်သူရဲ့ကားမတော်တဆမှုတစ်ခုကြောင့်လူသေမှုဖြစ်သွားတာကိုသားကိုဖြောင်းဖြပြီး အမှုရင်ဆိုင်ခိုင်းပြီးတဲ့နောက်သားသေဆုံးမှုကြောင့်အရူးတစ်ပိုင်းဖြစ်ခဲ့တဲ့ဂျွန်စစ်အမှုအဖြစ်အပျက်ကိုအစဆုံးသိတဲ့ ဘိုနမ်ကို၂ယောက်သားမတူညီတဲ့အကြောင်းပြချက်တွေနဲ့လိုက်ရှာကြရင်းဘယ်လိုတွေဆက်ဖြစ်လာမလဲအမှုမှန်ပေါ်လာမလားဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်..... Unicode*******ဒီကားလေးကတော့ပြည်သူတွေဖက်ကနေရပ်တည်ပြီးတရားမျှတမှုရှိတယ်လို့နာမည်ကျော်တဲ့ကိုမြောင်ဟီ သားဖြစ်သူရဲ့ကားမတော်တဆမှုတစ်ခုကြောင့်လူသေမှုဖြစ်သွားတာကိုသားကိုဖြောင်းဖြပြီး အမှုရင်ဆိုင်ခိုင်းပြီးတဲ့နောက်သားသေဆုံးမှုကြောင့်အရူးတစ်ပိုင်းဖြစ်ခဲ့တဲ့ဂျွန်စစ်အမှုအဖြစ်အပျက်ကိုအစဆုံးသိတဲ့ ဘိုနမ်ကို၂ယောက်သားမတူညီတဲ့အကြောင်းပြချက်တွေနဲ့လိုက်ရှာကြရင်းဘယ်လိုတွေဆက်ဖြစ်လာမလဲအမှုမှန်ပေါ်လာမလားဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်..... Translated & Reviewed By MineEncoded By LK
movie
Idol ( 2019 )
2019
6.6
The Tower (2012)
The Tower (2012)_______IMDb - 6.6/10၂၀၁၂မှာထွက်ခဲ့ပြီး ကျွန်တော်အကြိုက်ဆုံးခရစ်စ်မတ်စ်ရုပ်ရှင်ကားတွေထဲက တစ်ကားလို့ပြောလို့ရပါတယ် Tower Skyလို့ခေါ်တဲ့အဆောက်အအုံအကြောင်းရိုက်ပြထားတာဖြစ်ပြီး လူသားချင်းစာနာမှုကိုဦးစားပေးရိုက်ပြထားတဲ့ ကြည့်လို့တန်မယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဒဲဟို ဟာsingle fatherဖြစ်ပြီး သူ့အလုပ်အတွက် သူ့သမီးဟန်နာနဲ့အစီအစဉ်အားလုံးကိုပါဖျက်လိုက်တာပဲဖြစ်ပါတယ် အစားအသောက်တန်းရဲ့မန်နေဂျာဖြစ်သူ ယွန်းဟီးဟာ ဒဲဟိုရဲ့သမီးလေးကိုအဲ့ညမှာထိန်းကူပေးခဲ့ပါတယ် အဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်မီးသတ်ဌာနရဲ့မီးသတ်ခေါင်းဆောင်ယောင်ကီဟာ သူ့မိန်းမအတွက်ပထမဆုံးပိတ်ရက်ကိုယူခဲ့ပါတယ် နှင်းမကျတဲ့ထူးထူးဆန်းဆန်းခရစ်စ်မတ်စ်ပွဲဖြစ်နေတာကြောင့်Tower Skyဟာ ပါတီတက်သူတွေကို ဟယ်လီကော်ပတာနှစ်စီးနဲ့နှင်းတွေကြဲချစေပြီးပါတီကိုပြည့်စုံစေခဲ့ပါတယ် ဒါပေမယ့် အားလုံးမမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် အဲ့မတော်တဆမှုကဘယ်လိုမျိုးလဲ? မန်နေဂျာဒဲဟိုနဲ့မီးသတ်ခေါင်းဆောင်ယောင်ကီတို့ဟာ အားလုံးကိုကယ်ဖို့ကိုယ်ကျိုးစွန့်ခဲ့ပြီး သူတို့ကိုယ်တိုင်နဲ့သူတို့ချစ်တဲ့လူတွေကိုဘယ်လိုသက်ရောက်မှုတွေဖြစ်သွားမလဲဆိုတာ...၂၀၁၂မှာထွက်ခဲ့ပြီး ကျွန်တော်အကြိုက်ဆုံးခရစ်စ်မတ်စ်ရုပ်ရှင်ကားတွေထဲက တစ်ကားလို့ပြောလို့ရပါတယ် Tower Skyလို့ခေါ်တဲ့အဆောက်အအုံအကြောင်းရိုက်ပြထားတာဖြစ်ပြီး လူသားချင်းစာနာမှုကိုဦးစားပေးရိုက်ပြထားတဲ့ ကြည့်လို့တန်မယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဒဲဟို ဟာsingle fatherဖြစ်ပြီး သူ့အလုပ်အတွက် သူ့သမီးဟန်နာနဲ့အစီအစဉ်အားလုံးကိုပါဖျက်လိုက်တာပဲဖြစ်ပါတယ် အစားအသောက်တန်းရဲ့မန်နေဂျာဖြစ်သူ ယွန်းဟီးဟာ ဒဲဟိုရဲ့သမီးလေးကိုအဲ့ညမှာထိန်းကူပေးခဲ့ပါတယ် အဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်မီးသတ်ဌာနရဲ့မီးသတ်ခေါင်းဆောင်ယောင်ကီဟာ သူ့မိန်းမအတွက်ပထမဆုံးပိတ်ရက်ကိုယူခဲ့ပါတယ် နှင်းမကျတဲ့ထူးထူးဆန်းဆန်းခရစ်စ်မတ်စ်ပွဲဖြစ်နေတာကြောင့်Tower Skyဟာ ပါတီတက်သူတွေကို ဟယ်လီကော်ပတာနှစ်စီးနဲ့နှင်းတွေကြဲချစေပြီးပါတီကိုပြည့်စုံစေခဲ့ပါတယ် ဒါပေမယ့် အားလုံးမမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် အဲ့မတော်တဆမှုကဘယ်လိုမျိုးလဲ? မန်နေဂျာဒဲဟိုနဲ့မီးသတ်ခေါင်းဆောင်ယောင်ကီတို့ဟာ အားလုံးကိုကယ်ဖို့ကိုယ်ကျိုးစွန့်ခဲ့ပြီး သူတို့ကိုယ်တိုင်နဲ့သူတို့ချစ်တဲ့လူတွေကိုဘယ်လိုသက်ရောက်မှုတွေဖြစ်သွားမလဲဆိုတာ... File Size - 929 MB File Format - mp4 IMDb rating - 6.6/10 Quality - Blu-ray1080p Running Time - 2h 1min Translated by Amara Encoded by sithu
movie
The Tower (2012)
2012
8.3
Hope (2013)
Hope (2013)_____IMDb - 8.3/10"လူ" ဟုပင် မခေါ်ထိုက်သည့် မိစ္ဆာကောင် *************************************၁၂ နှစ်ဆိုသည့် အချိန်သည် အကုန်မြန်လွန်းလှသည်...။*************************************** ၂၀၀၈ ခုနှစ်လွန်ခဲ့သော ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံရသော ဂျို ဒို ဆွန်း (Cho Doo-Soon) ဆိုသည့် အသက် ၅၆ နှစ်အမျိုးသားကြီးသည် များမကြာမီ ၂၀၂၀ ဆိုလျှင် ထောင်က လွတ်လာတော့မည်ဖြစ်သည်။ယခု ၂၀၁၇ ခုနှစ်ဆိုတော့ နောက် ၃ နှစ်...။ထိုအချိန်တွင် Cho သည် အသက် ၆၈ နှစ် အဘိုးကြီးဖြစ်နေပေတော့မည်။သူသည် ယခု ထောင်ထဲတွင် ကျန်းမာရေးလည်း သိပ်မကောင်းဟု သတင်းရသည်။ထိုအသက် ၇၀ နားကပ်နေတော့မည့် အဘိုးကြီး ထောင်မှပြန်လွတ်လာတော့မည်...။ဒါကို တောင်ကိုရီးယားပြည်သူတို့က မကြည်ဖြူကြပါ..။ယခုတလော ထို အဘိုးကြီးအကြောင်းကို လူတွေကပြောနေကြသည်။"ထောင်ထဲမှာ တသက်လုံးနေရမှာ.."" ဟင်... မသေသေးဘူးလား!?!"" ဘုရား..ဘုရား ...
movie
Hope (2013)
2013
6.8
The Merciless (2017)
အားလုံးပဲ The King In Love Drama ထဲက သိပ်ချစ်တတ်တဲ့ အိမ်ရှေ့စံမင်းသားလေးကို မှတ်မိကြလားမသိဘူး ...ဟုတ်ပါတယ်... နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် Im Siwon ပါ...ဒါပေမယ့် ဒီတစ်ခါမှာတော့ Gentleman တို့ရဲ့ မေတ္တာကိုပါ ခံယူမှာပါတဲ့ခင်ဗျအခုတင်ဆက်ပေးမှာကတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေ ပြင်းထန်လာတဲ့ 2017 ထဲမှာပဲ ထွက်ရှိထားတဲ့မပူမအေး ဖြစ်နေဆဲ The Merciless ဆိုတဲ့ Crime Action အမျိုးအစားဇာတ်ကားလေးပဲ ဖြစ်ပါတယ်နာမည်နဲ့လိုက်အောင်ကို...ခင်မင်မှုဆိုတာဘာလဲ... သဲထဲရေသွန်လားကိုယ့်အတွက်ပဲ ကိုယ်ကြည်တတ်တဲ့ မိတ်ဆွေဟာ မိတ်ဆွေကောင်းဟုတ်ရဲ့လားအရာရာကို ခင်မင်မှု မေတ္တာတရားနဲ့ အနိုင်ယူနိုင်မလား ဆိုတာတွေကိုအကျဉ်းသားလေးတစ်ယောက်နဲ့ အကျဉ်းဦးစီးတို့ကြားထဲက သံယောဇဉ်လေးကို အခြေခံပြီး ရိုက်ကူးထားတာပါဒီကားလေးကနေတဆင့် ဘာတွေကို ယုံကြည်ရမယ် မယုံကြည်သင့်ဘူးဆိုတာလည်း နှိုင်းဆရနိုင်ချေရှိမှာပေါ့နော်...ဒီလောက်ဆိုရင်ကို ကြည့်သင့်နေပြီမို့ စေတနာအပြည့်နဲ့ တင်ဆက်ပေးလိုက်တာပါအဓိက သရုပ်ဆောင်တွေအနေနဲ့ကတော့ Im Siwon (Z:EA) နဲ့ Sol ...
movie
The Merciless (2017)
6.5
The Long Way Home (2015)
The Long Way Home (2015)_____Rotten -6.5/10 ၁၉၅၀ ခုနှစ် တောင်နဲ့မြောက်ကိုရီးယား ပြည်တွင်းစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားပါတယ် အဓိကသရုပ်ဆောင်အဖြစ် ကလေးသရုပ်ဆောင်ကနေတက်လာတဲ့ လူငယ်မင်းသားလေး Yeo Gin gu ပါဝင်သရုပ်ဆောင်ထားပါတယ်... စစ်ဖြစ်တဲ့အချိန်မှာ စစ်ပွဲတို့ ထုံးစံအတိုင်း ရသမျှသူဆွဲခေါ် တော့ တာပဲတောင် ကိုးရီးယားဖက်ကလည်း လယ်သမားပါမကျန်အကုန်စစ်ထဲခေါ်သွင်းသလို မြောက်ကိုရီးယားကလည်း ကျောင်းသားပါမကျန် စစ်ထဲလိုက်ပါရတယ်.. တောင်ကိုးရီးယားဖက်က ခြေမြန်တပ်သားတွေကို အရေးကြီးတဲ့ စာတစ်စောင်ကို ပို့ခိုင်းလိုက်ပါတယ်.. လမ်းမှာ ချုံခိုတိုက်ခိုက်ခံရရင်း စာက ကျပျောက်သွားပါတယ် အဲဒီအချိန်မှာပဲ မြောက်ကိုရီးယားတပ်လည်း အမေရိကန်ဗုံးကြဲလေယာဉ်ရဲ့တိုက်ခိုက်ခြင်းကြောင့် တင့်ကားတစ်စီးနဲ့နင့် ကံဆိုးစွာ စစ်ရေးဘာမှမကျွမ်းတဲ့ကျောင်းသားလေးတစ်ယောက်တည်း ကျန်ခဲ့ပါတယ် ကျောင်းသားလေးကို သူ့ရဲ့ခေါင်းဆောင်က သေခါနီးမှာ တင့်ကားကို သေချာစောင့်ရှောက်ခဲ့ဖို့ မှာသွားပါတယ်။ သူကလည်း တင့်ကားမမောင်းတတ် ဘယ်လိုများ တင့်ကားကို စောင့်ရှောက်သွားလဲနှင့် တောင်ကိုရီးယားရဲ့ အရေးကြီးစာကိုလည်း သူကောက်ရလိုက်တော့ ဘယ်လိုတွေများ ရှေ့ဆက်ဖြစ်ကြမှာလဲ အဲဒီမှာ မြောက်ကိုးရီးယားတင့်ကားတပ်က ကျောင်းသားစစ်သားလေးနဲ့ စာကိုလိုက်ရှာေနေတဲ့တောင်ကိုးရီးယားလယ်သမားစစ်သားတို့တွေ့ကြတဲ့အခါ ဘာတွေဖြစ်လာကြမလဲ……………… ဒီကားမှာ အဓိက အသက်ဝင်တာကတော့ အဓိကသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်တွေက တကယ်ကို အသက်ဝင်လှသလို ဇာတ်ညွှန်းရေးတဲ့သူကလည်း နာမည်ကျော်ဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းရေးဆရာကြောင့် ပြောင်မြောက်လှပါတယ် စစ်ပွဲရဲ့အဓိပ္ပါယ်မဲ့တိုက်နေရတဲ့သဘောတွေ စစ်ရဲ့အနိဌာရုံတွေနဲ့အတူ ဟာသတွေ ...
movie
The Long Way Home (2015)
2015