Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Smita Tambe
6.4
Sister Midnight (2025)
Sister Midnight (2025) အမှောင်ကျနေ့ရက်များမိဘတွေစီစဉ်ပေးထားတဲ့ အိမ်ထောင်ရေးတိုင်းဟာ ဇာတ်သိမ်းကောင်းနဲ့ကြုံရမှာပဲလို့ တွေးနေပြီဆိုရင်တော့ အခုရုပ်ရှင်လေးက သင့်အတွက်ပါပဲ။အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ မိဘစီစဉ်ပေးတဲ့အိမ်ထောင်ရေးကြောင့် ပြောင်းလဲသွားတဲ့ အူမာဆိုတဲ့ မိန်းကလေးအကြောင်းပေါ့။မိဘတွေ စီစဉ်ပေးထားတဲ့သူနဲ့ လက်ထပ်အပြီးမှာပဲ ပျောက်သွားပြီး နောက်တစ်ရက်မနက်မှ မူးရူးပြန်လာတဲ့ယောက်ျားဖြစ်သူဂိုပယ်ကြောင့် အူမာတစ်ယောက် ရှေ့ဆက်ရမယ့် နေ့ရက်တွေအတွက် ရင်လေးနေပါပြီ။ယောက်ျားဖြစ်သူဂိုပယ်ကလည်း တစ်နေ့တစ်နေ့ အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်၊ မူးရူးပြစ်တင်ဖို့လောက်သာသိတော့ တစ်စတစ်စနဲ့ လင်ဆိုးမယားတဖားဖားဖြစ်လာခဲ့ရတဲ့အူမာဒီလိုကနေ မုဆိုးတစ်ပိုင်း မိန်းမရိုင်းဖြစ်လာတဲ့အထိ အိမ်ထောင်ရေးမှာ ဘယ်လိုပြဿနာတွေ ရင်ဆိုင်ရမလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့Alex ~ ToMo ~ V ~ Zwe တို့ပဲဖြစ်ပါတယ်) File size… 1.4 GB / 700 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 47min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex ~ ToMo ~ V ~ ...
movie
Sister Midnight (2025)
7.4
Joram (2023)
Joram (2023) "ဂျိုရမ်"IMDb 7.4 ရထားတဲ့ ဟင်ဒီ thriller ရုပ်ရှင်ကားသစ်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေ ရွေးချယ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆုနဲ့ သရုပ်ဆောင်ဆုတွေ ဆန်ခါတင်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်ခေတ်ပျက်တစ်ခုမှာ တည်ထားပြီး အရာရာယိုယွင်းနေတဲ့ အုပ်ချုပ်ရေးနဲ့အတူ ငတ်မွတ်မှုတွေ အာဏာပိုင်တွေရဲ့ လျှို့ဝှက်ချက်တွေ ကြားထဲမှာ ရုန်းကန်ရတဲ့ လူတွေအကြောင်းကို တင်ဆက်ထားတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းကို အဓိကဇာတ်ကြောင်းနှစ်ခုနဲ့ တည်ဆောက်ထားပါတယ်... ဖခင်တစ်ယောက် ၃ လသားအရွယ် သမီးလေးကို ပိုက်ပြီး အာဏာပိုင်တွေရဲ့ လက်ကနေ ထွက်ပြေးနေရပုံကို ပြထားပြီး နောက်ထပ် ဇာတ်သွားတစ်ခုမှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုဇာတ်လမ်းကို ပုံဖော်ထားပါတယ်Dasru တစ်ယောက် ဘာဖြစ်လို့ ထွက်ပြေးနေရလဲ သူ့ရဲ့ အတိတ်က ဘာတွေများ အရှုပ်အရှင်းတွေ ရှိခဲ့လဲ... အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ကားလိပ်ချသည့်တိုင် ဇာတ်လမ်းရဲ့ လျှို့ဝှက်ဆန်မှု မပျောက်သွားပဲ သမီးအတွက် အရာရာကို ရင်ဆိုင်မယ့် ဖခင်တစ်ယောက်ရဲ့ သတ္တိကို မြင်တွေ့ရမှာပါအိန္ဒိယရုပ်ရှင်တွေရဲ့ သမာရိုးကျ ဒိုင်ယာလော့ခ်အခြေခံတဲ့ ရုပ်ရှင်တွေနဲ့ အတော်လေးကွဲထွက်ထားပြီး "အပြောထက် အပြ" ...
movie
Joram (2023)
2023
7.5
Jawan (2023)
Jawan (2023) "စစ်သည်တော်"IMDb-7.5/10ဒီနှစ်ထဲမှာပဲ ဒုတိယမြောက်အောင်မြင်မှုကိုစိုက်ထူခဲ့ပြန်တဲ့ King Khanရဲ့ရုပ်ရှင်ကားကြီး Jawanကို တင်ဆက်ပေးလိုက်ပါပြီ။King Khanရယ်လို့ ဂုဏ်ပုဒ်တစ်ခုရတဲ့အထိ အောင်မြင်ခဲ့တဲ့ အောင်မြင်နေဆဲ မင်းသားကြီးရှာရွတ်ခန်းရဲ့ အသက်၅၈မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂ရက်နေ့မှာပဲ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်ကိုရောက်ရှိလာခဲ့တာပါ။ပထန်မှာတုန်းက အမေရိကန်ဒေါ်လာ သန်း၁၃၀ဝန်းကျင်ထိရခဲ့ပြီး ဒီရုပ်ရှင်မှာတော့ သန်း၁၄၀ဝန်းကျင်ထိ ပြန်လည်ရရှိခဲ့ပါတယ်။ဒီကားမှာ ဘောလိ၀ုဒ်ရဲ့ဘုရင်ကြီး ကင်းခန်းနဲ့ တမီးလ်စတား မင်းသားကြီးဗီဂျေးစည်သူပတီတို့ အပြိုင်ကျဲထားတဲ့အပြင် အချောလေး ဒီပီကား မင်းသားကြီး ဆန်ဂျေးဒတ်နဲ့ ယိုဂီဘာဘူတို့လည်းပါဝင်အားဖြည့်ထားပါသေးတယ်။နောက်ပြီး မင်းသမီးချောအငယ်လေးတွေကိုလည်း တ၀ကြီးရှုစားရမှာပါ။ဥပဒေ...။ဥပဒေဆိုတာ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းအတွင်းမှာ မမှားသင့်တာမမှားရအောင်၊ မှားခဲ့ပြန်ရင်လည်း အမှားကိုသက်သေထူပြီး အပြစ်ဒဏ်ပေးဖို့ပဲလို့ အလွယ်ဆိုကြပါစို့။ဒီလို လူ့ယဉ်ကျေးအသိုင်းအဝိုင်းဆိုတာကြီးထဲမှာပဲ ဥပဒေကိုလက်တလုံးခြားလုပ်ရင်း ကိုယ်ကျိုးရှာတတ်တဲ့ အတ္တသမားကြီးတွေက ဥပဒေအထက်မှာရောက်နေတတ်ကြတာကလည်း ဓမ္မတာလို့ပဲဆိုကြရလေမလား။ဒီလို ဝိသမလောဘသမားတွေကို ပညာပေးမယ့် အဖွဲ့တစ်ဖွဲ့ရှိနေပါတယ်။ အာဇဒ်နဲ့မိန်းမပျိုလေးတသိုက်ပေါ့။သူတို့တွေ ရထားတစ်စင်းကိုပြန်ပေးဆွဲကြပေမယ့် ပြန်ပေးဆွဲရတဲ့ အကြောင်းအရင်းခံကြောင့်ပြန်ပေးဆွဲခံရသူ ရထားပေါ်ကခရီးသည်တွေပါ သူတို့နဲ့တစိတ်တဝမ်းတည်းဖြစ်ကုန်ပါရောလား။ ဥပဒေရဲ့အပြင်ကနေ မလွှဲမရှောင်သာလုပ်ကိုင်နေရသူဖြစ်ပေမယ့်ရေစက်ဆုံချင်တော့လည်း ပြန်ပေးညှိနှိုင်းရေး အရာရှိအမျိုးသမီးလေးနဲ့မှ အာဇဒ်တစ်ယောက် ဖူးစာဆုံပါရော။အာဇဒ်နဲ့အဖွဲ့က နောက်ထပ်မစ်ရှင်တစ်ခုကိုထပ်လုပ်တဲ့အချိန်...၊အာဇဒ်ရဲ့ ဖုံးကွယ်ထားတဲ့ဇာတ်ရုပ်ကိုမသိဘဲ ...
movie
Jawan (2023)
2023
4K HEVC
7.2
Ajji(2017)
လောကကြီးမှာ ရာထူးရာခံရှိသူတွေ ငွေကြေးဥစ္စာပေါကြွယ်ဝသူတွေဆိုတာအမှုကိစ္စတစ်ခုခု ကျူးလွန်ခဲ့ပြီးရင်တောင် သက်ဆိုင်ရာအကြီးအကဲတွေကိုအဆင့်ဆင့်လာဘ်ထိုး ဖုံးဖိရင်း ပြစ်ဒဏ်မခံရပဲ လွတ်မြောက်လေ့ရှိပါတယ်ဒီဇာတ်ကားလေးမှာလည်း အဘွားအိုတစ်ယောက်ရဲ့ ဆယ်နှစ်အရွယ် မြေးမလေး မန်ဒါဟာသူ့ရဲ့အိမ်အပြန်လမ်းမှာ လူယုတ်မာတစ်ယာက်ရဲ့ မတော်တရော်ပြုခြင်းခံရပြီးသူပြေးလွှားဆော့ကစားနေကျ နေရာအနီးတစ်ဝိုက်က အမှိုက်ပုံတစ်ခုမှာစွန့်ပစ်ခံထားရပါတယ်အဘွားအိုနဲ့မိသားစုအပေါင်းအသင်းတွေဟာ မြေးမလေးကို ရှာတွေ့တွေ့ချင်းမှာပဲရဲအရာရှိတစ်ဦးကို ကျိုးကြောင်းကုန်စင်ပြောပြပြီး အမှုဖွင့်ဖို့ကြိုးစားပါတယ်ဒါပေမဲ့လည်း ကလေးမရဲ့ထွက်ဆိုချက်တစ်ခုအရ တရားခံဟာအမတ်မင်းတစ်ဦးရဲ့ဖြစ်ကြောင်း သိရှိပြီးနောက်ပိုင်းမှာတော့အဆိုပါ ရဲရာရှိဟာ နစ်နာသူ ကလေးမလေးအတွက် တရားမျှတမှုကိုရှာဖွေပေးရမဲ့အစား နစ်နာသူနဲ့မိသားစုဝင်တွေကျူးလွန်မိနေတဲ့တရားမဝင်လုပ်ငန်းတွေကိုသာ အပြစ်ဖို့ပြောဆိုလာပါတယ်ဒီလိုနဲ့ တရားဥပဒေအရ သူ့မြေးမလေးအတွက် တရားမျှတမှုကို မရယူပေးနိုင်တော့ကြောင်းသိလိုက်တဲ့ အဘွားအိုကတော့ တရားမျှတမှုကိုရဖို့ထက်သူ့နည်းသူ့ဟန်နဲ့ လူမဆန်တဲ့ မဒိမ်းကောင်ကို လက်စားချေနိုင်ဖို့ကြိုးစားတဲ့အခါမှတော့သူ့ရဲ့ကြိုးစားအားထုတ်မှုကကော အရာရောက်ပ့ါမလားသူရည်မှန်းထားတဲ့အတိုင်း လုပ်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ရအောင်ဗျာ
movie
Ajji(2017)
2017