Channel Myanmar

Slamet Rahardjo

The Secret Recipe aka Rahasia Rasa (2025) 7.2
The Secret Recipe aka Rahasia Rasa (2025) The secret recipe 2025 အရသာရဲ့အရသာရေဆာဆိုတာ မဟာရာဆာစားသောက်ဆိုင်ရဲ့ စားဖိုမှူးကြီး၊ တစ်နည်းပြောရရင် နာမည်ကြီးအီတလီစားသောက်ဆိုင်ရဲ့ ခေါင်းဆောင်စားဖိုမှူးပေါ့။သူ့ရဲ့အိပ်မက်ကတော့ အင်ဒိုကနေတစ်ဆင့် အီတလီမှာ စားသောက်ဆိုင်ဖွင့်ချင်တာဖြစ်ပြီးတော့ ဒီအတွက် အရင်းအနှီးထုတ်ပေးမယ့်သူကတော့ သူ့ရဲ့ချစ်သူလေးဒင်ဒါရဲ့အဖေ ဘရိုတို သူ့ရဲ့ယောက္ခထီးလောင်းလေးပေါ့။ဒါပေမဲ့ ဟင်းလျာနဲ့ပတ်သက်ရင် ရေဆာနဲ့ မစ္စတာဘရိုတိုတို့ကြားမှာ ကွဲလွဲမှုက ကြီးမားနေပြန်ပါတယ်။ရေဆာကတော့ အီတလီအစားအစာကို အားသန်ပြီး မစ္စတာဘရိုတိုကတော့ မျိုးချစ်ပီပီ အင်ဒိုအစားအစာကို တန်ဖိုးထားသူပေါ့။ဒီလိုနဲ့ အီတလီစားသောက်ဆိုင်စာချုပ်အတွက် လက်မှတ်ထိုးမယ့်နေ့မှာ ဘရိုတိုက ရေဆာကို မူတီကာရာဆာဆိုတဲ့ လျှို့ဝှက်ဟင်းချက်နည်းစာအုပ်ပေးလိုက်ပါတယ်။ ဒီစာအုပ်က ဟင်းချက်နည်းတစ်ထောင်ရှိတာပေမဲ့ အခုတော့ တစ်ပိုင်းတစ်စပဲရှိတာပါ။‌ရေဆာအတွက် ဘရိုတိုရဲ့စမ်းသပ်မှုကတော့ မူတီကာရာဆာကို မှီငြမ်းပြီး မီနူးသစ်ထွင်ဖို့ပါပဲ။ဒါပေမဲ့ ရေဆာတစ်ယောက် အဖြစ်ဆိုးတစ်ခုနဲ့ကြုံပြီး အရသာခံနိုင်စွမ်း ပျောက်ဆုံးသွားချိန်မှာတော့(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team မှပဲဖြစ်ပါတယ်) File size… 1.2 GB / 646 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

The Secret Recipe aka Rahasia Rasa (2025)

A Business Proposal (2025)
A Business Proposal (2025) A Business Proposal 2025 ကံကြမ္မာ၏ချစ်ခွင့်ပန်ခြင်းKdrama ဖန်တွေကြား မသိတဲ့လူမရှိတဲ့ A Business Proposal ဇာတ်လမ်းတွဲရဲ့ ဇာတ်အိမ်ကိုယူပြီး ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ အင်ဒိုသရုပ်ဆောင် အချောအလှလေးတွေနဲ့ ပြန်ပြီးလွမ်းဆွတ်လိုက်ရအောင်လားရှင်ဆာရီကငွေကြေးအခက်အခဲကြောင့် သူငယ်ချင်းဖြစ်သူအစား blind date တွေ့ဖို့သွားခဲ့ပါတယ် ဒီကမ်းလှမ်းချက်နောက်မှာ မထင်ထားတဲ့မြှုပ်ကွက်ကတော့ တစ်ဖက်လူက သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့ စီအီးအိုဖြစ်နေတာပါပဲ ဒီအဖြစ်အပျက်လေးကနေစပြီး ဆာရီနဲ့ စီအီးအိုတို့ကြားက ဆက်ဆံရေးက ရှုပ်ထွေးပြီး ရယ်စရာကောင်းတဲ့ အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်လာပါတော့တယ်အလုပ်ခွင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် မနှစ်သက်ခဲ့ကြပေမဲ့ အတုအယောင် Blind Date ကနေ ပေါက်ဖွားလာတဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်သွားမလဲ အတုအယောင် ဆက်ဆံရေးကနေ သူတို့နှစ်ဦး တကယ့်အချစ်စစ်ကို ရှာတွေ့နိုင်မလားဆိုတာကတော့ ရင်ခုန်စရာကောင်းတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေပါပဲမူရင်း တောင်ကိုရီးယားနာမည်ကျော် ဇာတ်လမ်းတွဲကို အခြေခံပြီး အင်ဒိုနီးရှားပုံစံနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ဒီရုပ်ရှင်ဟာ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေ ရယ်မောပျော်ရွှင်ရမဲ့ဇာတ်ဝင်ခန်းတွေနဲ့ စိတ်အပန်းပြေနိုင်စေမဲ့ ဇာတ်ကားကောင်းတစ်ကားပါလို့ ညွှန်းဆိုရင်း တင်ဆက်ပေးလိုက်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ် ) File size… ...
movie

A Business Proposal (2025)

Algrafi (2024)
Algrafi (2024)  Algrafi (2024) လုပ်ငန်းရှင် အဘိုးကြီးတစ်ယောက်ရှိတယ်။ ရိုမီရို ဂျူးလိယက်ဇာတ်ကို သိပ်ကြိုက်တဲ့အဘိုးကြီးပေါ့။သူက အရာရာကိုဇာတာခွင်နဲ့ တွက်ချက်လုပ်တယ်။ သူ့လုပ်ငန်းအောင်မြင်အောင် သူ့မြေးကို ဇာတာခွင်အံကိုက်တဲ့ မိန်းကလေးနဲ့လက်ထပ်ပေးရမယ်လို့ သူကမြင်တယ်။ဒီတော့ သူက သူ့မြေးကို အတင်းလက်ထပ်ခိုင်းတယ်။ ကောင်မလေး မိသားစုဘက်ကိုလည်းစည်းရုံးပြီးနားချတယ်။မိဘတွေသဘောတူပေမဲ့ ကလေးတွေက မကြိုက်ကြတော့ ကလေး၂ယောက်ပေါင်းပြီး လက်ထပ်ပွဲကို ဖျက်ဖို့ အကွက်ပေါင်းစုံဆင်ကြတာပေါ့။နောက်ပိုင်းမှာ သူတို့ရည်ရွယ်ချက်က အောင်မြင်လာကာမှ သူတို့တကယ်ချစ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ကြည့်ရမယ့် အင်ဒိုးနီးရှား အချစ်ဟာသကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(2.2 GB) / (890 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:52:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W
movie

Algrafi (2024)

2024
Bila Esok Ibu Tiada (2024) 5.7
Bila Esok Ibu Tiada (2024) Bila Esok Ibu Tiada (2024) "တစ်နေ့နေ့ အမေမရှိတော့တဲ့အခါ..."ဒီတစ်ခါ‌တော့ မိဘရှိသူတိုင်း သားသမီးရှိသူတိုင်း ကြည့်သင့်တဲ့ မိသားစု-ဒရာမာ အင်ဒိုနီးရှားဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။'ခလုတ်ထိမှအမိတ' ဆိုသလိုပဲ လူတော်တော်များများက အရေးမကြုံရင် မိဘကိုမေ့နေတတ်ကြပါတယ်။ ရှိနေတုန်း တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ အခုဇာတ်လမ်းလေးကလည်း မိဘနဲ့သားသမီးတွေကြားမှာ ဖြစ်တတ်တဲ့အဲဒီသဘာ၀ကို ရိုးရိုးလေးရိုက်ကူးပြသထားတာပါ...။ရာမီဟာ ချစ်ခင်ပွန်းရယ် သားသမီးလေးယောက်ရယ်နဲ့ ပျော်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ လောကဓံရဲ့မမြဲခြင်းတရားက သူတို့ရဲ့မိသားစုဘ၀လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။တစ်နေ့တော့ ခင်ပွန်းသည်ရုတ်တရက်ကွယ်လွန်ပြီး ရာမီ့ကိုခွဲခွာသွားပါတယ်။ အရွယ်ရောက်နေတဲ့ သားသမီးတွေကလည်း အလုပ်အသီးသီးနဲ့ ရာမီ့ကို ထပ်မံခွဲခွာသွားခဲ့ပြန်ပါတယ်။ဒီလိုနဲ့ အမေ့မွေးနေ့ကိုတောင်မေ့နေကြတဲ့ သားသမီးလေးယောက်နဲ့ အထီးကျန်နေတဲ့ ရာမီတို့ ဘယ်လိုရှေ့ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုမိသားစုပြဿနာတွေ ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးထဲကအတိုင်း အသက်အရွယ်ရလာတဲ့ မိအိုဖအိုတွေရဲ့အထီးကျန်မှုကို ကိုယ်တိုင်မိဘနေရာရောက်သွားရင်ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ခံစားနားလည်ပေးရင်း ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ToMo~Yunni တို့ ဖြစ်ပါတယ်။) File size…1.5 GB / ...
movie

Bila Esok Ibu Tiada (2024)

Pusaka (2024) 5.5
Pusaka (2024) Pusaka (2024)ဝီဆန်းကို စံအိမ်ကိုရှေးဟောင်းပစ္စည်းစုဆောင်းသူ သူဌေးကြီးတစ်ယောက်က ပိုင်ဆိုင်ပြီး သူသေဆုံးသွားတဲ့နောက်မှာတော့ သူစုဆောင်းထားတဲ့အင်ဒိုနီးရှားရိုးရာအမွေအနှစ်ရှေးဟောင်းပစ္စည်းတွေကို စံအိမ်ကြီးနဲ့အတူ ပြတိုက်အဖြစ်အသွင်ပြောင်းဖို့ သားနဲ့သမီးကို သေတမ်းစာကတစ်ဆင့် တာဝန်ပေးသွားခဲ့ပါတယ်။လူနေအိမ်တစ်ခုကို ပြတိုက်အဖြစ်အသွင်ပြောင်းဖို့ရာမှာ ဆာဗေးလုပ်ဖို့ရောက်လာတဲ့ ပရောဂျက်ဝန်ထမ်းတစ်စု၊အိမ်ရှင်သူဌေးကြီးရဲ့သားနဲ့သမီးဖြစ်တဲ့ ရန်ဒီနဲ့ဘီယန်တို့ မောင်နှမတို့ဟာ အလုပ်တွင်စေဖို့အတွက် စံအိမ်ကြီးမှာပဲအိပ်ရဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီညမှာပဲ စံအိမ်ကြီးရဲ့လျှို့ဝှက်အခန်းတစ်ခု မတော်တဆပွင့်သွားခဲ့ပြီး အဲ့ဒီအခန်းထဲမှာရှိတဲ့ ကြောက်စရာကျိန်စာသင့်စ္စည်းတစ်ခုဟာ သူတို့ထဲက တစ်ယောက်ကိုပူးကပ်သွားခဲ့ပြီးနောက်မှာတော့သူတို့အတွက် တစ်သက်မမေ့နိုင်စရာညတစ်ညကိုကြုံတွေ့ရဖို့ဖြစ်လာပါတော့တယ်။ထိတ်လန့်ခြောက်ခြားဖွယ် အနိဌာရုံမြင်ကွင်းတွေနဲ့၊ရက်ရက်စက်စက်သတ်ဖြတ်မှုတွေ သွေးထွက်သံယိုတွေ ဒင်းကြမ်းပါဝင်တဲ့အတွက်ကြည့်ရဲမှကြည့်စေချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (800 MB) / (480 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Horror, Thriller Duration….01:31:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Pusaka (2024)

2024
The Heart of Suhita (2023) 8.6
The Heart of Suhita (2023) The Heart Of Suhita (2023) IMDb - 8.6/10မိုးအေးအေးမှာ အချစ်ဒရာမာအေးအေးလေးနဲ့ ခံစားကြည့်ရှုချင်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Rating 8.6 ထိရရှိထားပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့မို့ အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်း အာလင်နာဆူဟိတာဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်ကတည်း သိတတ်လိမ္မာပြီး ကိုယ့်ဖြစ်ချင်တာကိုလည်း ရအောင်လုပ်တတ်တဲ့သူတစ်ဦးပါ။ အိုင်အန်ဝါဆိုတဲ့ အစ္စလာမ်ဘော်ဒါကျောင်းမှာ ကြီးပြင်းခဲ့ရပြီး ဂုစ်ဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံခဲ့ပါတယ်။ဂုစ်ဟာ အာလင်နာကို နည်းနည်းလေးမှတောင်စိတ်မဝင်စားပေမဲ့ နှစ်ဖက်မိဘရဲ့ပေးစားမှုကြောင့် နှစ်ယောက်သားလက်ထပ်ဖြစ်ခဲ့ကြပါတယ်။ အာလင်နာဟာ ယောက္ခထီး ယောက္ခမတွေရဲ့ အချစ်ကိုရပေမဲ့ ခင်ပွန်းအချစ်မခံရတဲ့သူတစ်ယောက်ပေါ့။ တစ်ဖက်မှာလည်း ဂုစ်ဟာ ရန်းဂနစ်ဆိုတဲ့ကောင်မလေးကိုသာ စိတ်ဝင်စားနေတဲ့အခါ... ရှေ့ဆက်သူတို့‌တွေဘာတွေဆက်ဖြစ်မယ်ဆိုတာ ဇာတ်အိမ်ခိုင်မာပြီး ငြိမ့်ငြိမ့်လေးနဲ့ အဆုံးထိဘယ်လိုဆွဲခေါ်သွားမယ်ဆိုတာ ကြည့်ရှုခံစားဖို့ တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Alex~KKKZ~ToMo~Cherry တို့ပဲဖြစ်ပါတယ်။) File size…1.99GB / 900MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Moon~Alex~KKKZ~ToMo~Cherry
movie

The Heart of Suhita (2023)

2023