Channel Myanmar

Simon Russell Beale

An Ideal Husband (1999) 6.8
An Ideal Husband (1999)  An Ideal Husband (1999)IMDb Rating (6.8) / Rotten Tomatoes (85%) ဒီတစ်ခါမှာတော့ Oscar Wilde ရဲ့  ပြဇာတ်ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတဲ့ An Ideal Husband ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Rupert Everette, Jeremy Northam, Julian Moore နဲ့ Cate Blanchett တို့ကအဓိကပါဝင်ထားပါတယ်။ဆာရော့ဘတ်ချေလ်တန်နဲ့ လေဒီဂါးထရုချေလ်တန်တို့လင်မယားဟာ အင်္ဂလိပ်နိုင်ငံရေးလောကမှာ ဂုဏ်သိက္ခာကြီးမားပြီး လူအများရဲ့လေးစားအားကျခြင်းကိုခံထားရသူတွေပါ။ဒါပေမဲ့ မစ္စစ်ရှယ်ဗလီဆိုတဲ့အမျိုးသမီးတစ်ယောက် လန်ဒန်ကိုပြန်ရောက်လာချိန်ကစပြီး ရော့ဘတ်တစ်ယောက်အတွက် အိပ်မက်ဆိုးတွေဖြစ်လာပါတယ်။မစ္စစ်ရှယ်ဗလီဟာ ရော့ဘတ်ငယ်ရွယ်စဥ်ကမှားခဲ့ဖူးတဲ့အမှားတစ်ခုကိုအကြပ်ကိုင်ပြီး သူမလိုချင်တာတွေကို ခြိမ်းခြောက်တောင်းဆိုပါတယ်။အဲ့ဒါကြောင့် ရော့ဘတ်တစ်ယောက်လည်း သူငယ်ချင်းဖြစ်သူ လော့ဒ်ဂေါရင်းဆီကိုသွားပြီး အပူကပ်ကာ အကူအညီတောင်းရပါတယ်။လော့ဒ်ဂေါရင်းကလည်း မစ္စစ်ရှယ်ဗလီနဲ့ အတိတ်မှာပက်သက်မှုရှိခဲ့ဖူးပါတယ်။ ထိုမိန်းမအကြောင်းကို ကောင်းကောင်းသိနေတဲ့လော့ဒ်ဂေါရင်းကလည်း သူငယ်ချင်းဖြစ်သူကို ကူညီဖို့ကြိုးစားပါတယ်။ဒါပေမဲ့ မစ္စစ်ရှယ်ဗလီဆိုတဲ့မိန်းမက သူတို့အားလုံးကြားမှာ လင်မယားအချင်းချင်းပြဿနာတက်အောင် သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲအောင် ဝင်မွှေသွားခဲ့ပါတယ်။သူတို့အားလုံး မစ္စစ်ရှယ်ဗလီ မွှေသွားတဲ့ပြဿနာတွေကို ...
movie

An Ideal Husband (1999)

1999
My Week with Marilyn (2011) 6.9
My Week with Marilyn (2011) My Week with Marilyn (2011)~ IMDb - 6.9/10, Rotten Tomatoes - 83% ~ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ...
movie

My Week with Marilyn (2011)

2011
Mary Queen of Scots (2018) 6.3
Mary Queen of Scots (2018) Mary Queen of Scots (2018)~ IMDb - 6.3/10, Rotten Tomatoes - 62% ~1500 ပြည့်နှစ်တွေက စကော့တလန်ဘုရင်မ မယ်ရီနဲ့ အင်္ဂလန်ဘုရင်မ အယ်လိဇဘက်တို့အကြောင်းကို ပြန်လည်ပုံဖော်ထားတဲ့ သမိုင်းကားကောင်းတစ်ကားပေါ့။ တိုင်းပြည်နှစ်ခုရဲ့ ကိုးကွယ်တဲ့ဘာသာ အယူအဆတွေ နိုင်ငံရေးရပ်တည်ချက်တွေ ကွဲပြားပုံနဲ့ နှစ်ဖက်ကောင်စီ၀င်၀န်ကြီးတွေရဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြားက ၀မ်းကွဲတော်စပ်တဲ့ ဘုရင်မ၂ဦးအကြောင်းကို ရိုက်ထားတာပါ။မယ်ရီက ကက်သလစ်ကိုးကွယ်သူဖြစ်ပြီး အယ်လိဇဘက်က ရိုမန်ကက်သလစ်ကိုးကွယ်သူဖြစ်ပါတယ်။ အဲဒီတုန်းက ဘာသာရေးကွဲလွဲချက်တွေပြင်းထန်တဲ့အတွက် ၂နိုင်ငံအမြင်မတူဘဲ စစ်ဖြစ်နိုင်တဲ့အခြေအနေပါ။ ဒါကို မယ်ရီက ၀မ်းကွဲအမ အယ်လိဇဘက်ဆီကနေ ဆက်ခံသူအဖြစ်တောင်းဆိုတဲ့အခါ ဒီအချက်က နိုင်ငံ၂ခုကြားက တင်းမာတဲ့အခြေအနေကို ပိုလှုံ့ဆော်လိုက်တာပါ။မယ်ရီက အသက်၁၅နှစ်မှာ ပြင်သစ်သားနဲ့ အိမ်ထောင်ကျခဲ့ပြီး မုဆိုးမအဖြစ်နဲ့ စကော့တလန်ကိုပြန်လာတာပါ။ အယ်လိဇဘက်က အိမ်ထောင်မရှိ ဆက်ခံသူမရှိတဲ့အတွက် မယ်ရီရဲ့ဖြစ်တည်မှုက အယ်လိဇဘက်ရဲ့အာဏာနဲ့ ထီးနန်းကို ခြိမ်းခြောက်နေခဲ့ပါတယ်။ သံတမန်တွေနဲ့ တွေ့ဆုံပြီး ...
movie

Mary Queen of Scots (2018)

2018
The Outfit (2022) 7.5
The Outfit (2022) The Outfit (2022) ~ IMDb - 7.5/10, RT - 86%, Meta - 69% ~အင်္ဂလိပ် အမျိုးသား အပ်ချုပ်ဆရာတစ်ဦး၊ အရေတွန့်နေတဲ့ အသားအရည်နဲ့၊ ကျွမ်းကျင်ပိုင်နိုင်တဲ့ လက်တွေနဲ့၊ ချီကာဂိုမြို့ပေါ်က ကျော်ကြားသူကြီးပေါ့။ သူ့ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်သလိုပါပဲ။ ဒါပေမဲ့ ဘွိုင်း ဆိုတဲ့ ပုဂ္ဂိုလ်တွေဦးဆောင်တဲ့ ဂိုဏ်းတစ်ခုရယ်၊ လာ ဖောင်တိန်း ဆိုတဲ့ ပြင်သစ်အမျိုးသမီးတစ်ယောက်ဦးဆောင်တဲ့ ဂိုဏ်းတစ်ခုရယ်၊ မှုခင်းနှိမ်နင်းရေး FBI အဖွဲ့ရယ်၊ သူတို့ကြားမှာ သူ့အပ်ချုပ်ဆိုင်လေးက အေးချမ်းသလိုလိုနဲ့ ငရဲတွင်းတစ်ခု ဖြစ်နေပါတော့တယ်။ဒီလိုနဲ့ အောက်ဖစ် ဆိုတဲ့ အဖွဲ့တစ်ခုကလည်း ကြားကဝင်ရှုပ်လာပြန်တယ်။ ဂိုဏ်းအဖွဲ့နှစ်ခုကြား ဘယ်သူမှန်းမသိရတဲ့ အောက်ဖစ် ကို ကြောက်ကြ လန့်ကြရပေါ့။ ဘွိုင်းအဖွဲ့ထဲကို လျှို့ဝှက်အသံဖမ်းစက်တစ်လုံး ရောက်လာပြီး ရာဇဝတ်မှုတွေကို ဖော်ထုတ်နိုင်တဲ့ အသံတွေ ဖမ်းမိသွားတဲ့အခါမှာ ဇာတ်လမ်းက ရုပ်လုံးကြွလာပါတယ်။ ...
movie

The Outfit (2022)

2022
Radioactive (2019) 7.3
Radioactive (2019) ထက်မြက်တဲ့ မိန်းမ အစစ်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ကြည့်လိုက်ရအောင်။ မယ်ရီယာ ကျူရီ (သို့) မဒမ်ကျူရီ လို့ သိကြတဲ့ သိပ္ပံပညာရှင် အမျိုးသမီးရဲ့ အကြောင်း ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး နိုဘယ်ဆုရ အမျိုးသမီး၊ ကမ္ဘာ့ပထမဆုံး ပြင်သစ် အမျိုးသမီးပါမောက္ခ ဖြစ်ပြီး ကျူရီ မိသားစုဟာ နိုဘယ်ဆု ၅ ဆုရရှိခဲ့တဲ့မိသားစုလည်း ဖြစ်ပါတယ်။ မဒမ် ကျူရီ တွေ့ခဲ့တာကတော့ Radioactivity ဆိုတဲ့ ဓာတ်သတ္တိကြွမှု အကြောင်းပါပဲ။ ဒီအရာဟာကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပြီး သိပ္ပံပညာ တစ်ခေတ်ဆန်းစေခဲ့တာပါ။ ဓာတ်မှန်တွေ၊ ကင်ဆာကုထုံးတွေ စသဖြင့် အသုံးဝင်တာတွေ အများကြီး တိုးတက်လာခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်အတွင်းမှာ ပြင်သစ်နိုင်ငံအတွက် သူ့ရဲ့ နိုဘယ်ဆုက ရွှေတွေကို အရည်ကြိုပြီး သုံးပစ်ဖို့ လှူခဲ့ပေမယ့် ပြင်သစ်အစိုးရက ငြင်းပယ်ခဲ့ရပါတယ်။ ဒါပေမယ့် မဒမ်ကျူရီက စစ်မြေပြင်တစ်လျှောက်မှာ ဓာတ်မှန်ပါတဲ့ ကားပေါင်းများစွာကိုဦးစီးပြီး လူတစ်သန်းကျော်အထိ ဓာတ်မှန်ရိုက်ပေးခဲ့ လိုအပ်တဲ့ အကူအညီတွေပေးခဲ့ပါတယ်။ ဒါပေမယ့် ရေဒီယိုသတ္တိကြွမှုကို တွေ့ခဲ့တဲ့ပညာရှင်ပီပီ ဓာတ်ရောင်ခြည်သင့်ပြီး Aplastic Anemia သွေးအားနည်းရောဂါနဲ့ သေဆုံးခဲ့ရတာပါ။ ဒီရုပ်ရှင်မှာတော့ ပိုလန်ကနေ ပြင်သစ်ကို ပြောင်းလာကာစ သိပ္ပံပညာရှင်ဘဝ အောက်ခြေကနေ သူ့ရဲ့ အအောင်မြင်ဆုံးအချိန်တွေ၊ ကျဆုံးတဲ့အချိန်တွေ၊ အဆုံးသတ်ချိန်ထိ ပြသထားတာကို ...
movie

Radioactive (2019)

2019
Museo (2018) 7.3
Museo (2018) လတ်တလောထွက်ရှိလာတဲ့ကားကောင်းလေးတွေထဲကမှမက္ကဆီကိုကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့Museo(2018)ပါ။၆၈ကြိမ်မြောက်ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာSilver Bear for Best Screenplay ဆုကိုဆွတ်ခူးရရှိထားတဲ့ကားလေးပါ။Ratingတွေ အနေနဲ့ကလဲImbd Rating 7.3/10 နဲ့ Rotten Tomatoes 89% တောင်ရရှိထားတာမလို့ကားကောင်းလေးတစ်ကားဆိုတာကိုအထွေအထူးညွှန်းနေစရာမလိုလောက်ပါဘူး။ကားကောင်းလေးတစ်ကားဆိုတာသိပေမယ့်ကိုယ့်အကြိုက်နဲ့တူမတူဆိုတာကိုသိရှိနိုင်ဖို့ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးချင်ပါသေးတယ်။ဒီဇာတ်လမ်းလေးကို Narratorတစ်ဦးကပြန်ပြောပြနေတဲ့ပုံစံနဲ့စတင်ထားပါတယ်။ဂျူအန်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာအများနည်းတူအသက်ရှင်နေထိုင်ရမှာကို စိတ်ပျက်နေသူတစ်ဦးပါ။တစ်ခုခုထူးခြားသွားအောင်လုပ်ပြလိုက်ချင်ပေမယ့်ဘာလုပ်ရမှန်းမသိတဲ့သူလိုကိုယ်လိုကောင်လေးတစ်ယောက်ပေါ့။တစ်နေ့မှာတော့သူငယ်ချင်းဖြစ်သူနဲ့ အပြောင်းအလဲတစ်ခုခုကိုစတင်ကြမယ်ဆိုပြီးပြတိုက်ကိုဝင်ခိုးပါတော့တယ်။ခိုးရာပါအနုပညာလက်ရာတွေကို ထုခွဲရောင်းချပြီးသူ့ကိုလှောင်ပြောင်အထင်သေးတဲ့မိသားစုနဲ့ဝေးရာထွက်သွားတော့မယ်လို့ကြံရွယ်ပေမယ့်သူထင်တဲ့အတိုင်းဖြစ်လာပါ့မလား?ဒီပစ္စည်းတွေနဲ့ သူဘာဆက်လုပ်မလဲ?သရဲကားမဟုတ်သလိုစွန့်စားခန်းဖွင့်တဲ့ကားမျိုးလဲ မဟုတ်ပေမယ့်သိပ်ကောင်းတဲ့ Drama ကားကောင်းပါ။ရိုးရှင်းတဲ့ဇာတ်အိမ်ကိုမှ ရင်ခုန်လှုပ်ရှားပြီးစောင့်ကြည့်ရတဲ့ကားကောင်းလေးလို့ပဲညွှန်းပါရစေ။ File Size : (1 GB) and (295MB)Quality : Web DL720pRunning Time :2hr 08 minFormat : Mp4Genre : Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Aye Mon Kyaw Encoded by Moe Myint Lwin
movie

Museo (2018)

2018