Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shruti Marathe
5.7
Vanvaas (2024)
Vanvaas (2024) အတိတ်နှင့်ပစ္စုပ္ပန်IMDb 6.7/10မိသားစုဒရမ်မာ ကြိုက်နှစ်သက်သူတိုအတွက် ဟင်ဒီဒရမ်မာလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ကလေးသုံးယောက်နဲ့ မြေးတွေနဲ့ ဘဝကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းရမယ့် အရွယ် ရောက်ရှိလို နေပြီဖြစ်ဝာဲ့သူက စိတ်မကောင်းဖြစ်စရာတစ်ခုကတော့ မှတ်ဉာဏ်တွေရောထွေးလိုက် မေ့ပျောက်လိုက် ဖြစ်နေခြင်းရယ်ပါ။သူ့ဇနီးသည်နဲ့သူ အခုမှ ချစ်စကြင်နာစအရွယ်ရောက်လိုက်၊ ကလေးတွေ ဆယ်နှစ်တောင်မပြည့်သေးတဲ့အရွယ်ရောက်သွားလိုက်၊ ပစ္စုပ္ပန်ကာလကိုရောက်ရှိလာလိုက်နဲ့ သူ့မှတ်ဥာဏ်တွေဟာ ရောထွေးနေပါတယ်။သူဘာလုပ်နေတယ်၊ မနေ့ကဘာလုပ်ခဲ့တယ်၊ အခုလေးတင် ဘယ်ပစ္စည်းကို ဘယ်မှာထားခဲ့တယ်ဆိုတာကို မေ့ပျောက်လိုက်နဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်းကိုလည်းရင်ဆိုင်နေရပါတော့တယ်။တစ်နေ့ သူတိုတစ်မိသားစုလုံး ဂင်္ဂါမြစ်ဘေးက ဘုရားပွဲတစ်ခုကို ခရီးတိုလေးထွက်ဖို စီစဉ်ကြပါတယ်။ တစ်နိုင်ငံလုံးက ခရီးသွားတွေအပြင် ကမ္ဘာလှည့်ခရီးသွားတွေနဲ့ပါ စည်ကားနေတဲ့နေရာမို သွားလာ လည်ပတ်ရင်း သူနဲ့ကလေးတွေနဲ့ လူစုကွဲသွားပါတော့တယ်။ဖြစ်ချင်တော့ သူ့ကလေးတွေ ငယ်ရွယ်စဉ်ကလည်း ပွဲဈေးတစ်ခုမှာ လူစုကွဲ ပျောက်သွားလို သူတိုလင်မယားနှစ်ယောက် ခေါင်းမီးတောက် ရှာဖွေခဲ့ရဖူးတာပါ။သူ့အနေနဲ့ဒီမှတ်ဉာဏ်နှစ်ခုရောထွေးလို သူ့ကလေးငယ်လေးတွေကို ရှာဖွေနေသေးတယ်အမှတ်နဲ့ လိုက်လံမေးမြန်းနေပါတော့တယ်။သူ့ကလေးတွေကို သူပြန်ရှာတွေ့ပါ့မလား၊ သူ့မှတ်ဉာဏ်ပြဿနာနဲ့ ဘယ်လိုရှေ့ဆက်သွားမလဲ ဆိုတာကို အိန္ဒိယရိုးရာဓလေ့လေးတွေနဲ့အတူ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးမှုကိုပါ ကြည်နူးစွာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM ...
movie
Vanvaas (2024)
6.4
Devara: Part 1 (2024)
Devara: Part 1 (2024) "ဒေဗာရာ" IMDb - 6.4/10ဘောလိ၀ုဒ်ပရိသတ်တို့ စောင့်မျှော်နေကြတဲ့ တောင်ပိုင်းမင်းသား N.T.Rama Rao Jr၊ ဟင်ဒီမင်းသားကြီး ဆေ့ဖ်အလီခန်းတို့ရဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။တစ်လအတွင်း အိန္ဒိယက ခရစ်ကတ်ကမ္ဘာ့ဖလားပွဲကို လက်ခံကျင်းပရတော့မယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုရှိတာကို သတင်းရထားခဲ့ရော။ဒီမှာပဲ သံသယတရားခံတွေကို လိုက်ဖမ်းတဲ့အချိန် တကယ့်ခေါင်းဆောင်ကို ဘယ်မှာမှရှာလို့မရ။ သတင်းရဖို့အတွက်သွားရမဲ့နေရာက ပင်လယ်နီလို့ခေါ်တဲ့ ပင်လယ်ကမ်းစပ်တစ်နေရာက ရွာတစ်ခု။ ရန်သူရဲ့သွေးတွေနဲ့ ရဲရဲနီနေခဲ့လို့ ပင်လယ်နီလို့ခေါ်တဲ့နေရာ။အဲဒီနေရာက ဒေသခံတွေချစ်ကြတဲ့ ဒေဗာရာဆိုတဲ့လူတစ်ယောက်အကြောင်း။ ဘောလိ၀ုဒ်အက်ရှင်ဇာတ်ကြမ်းနှစ်ခြိုက်သူတွေ သဘောတွေ့စေမှာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 3.4 GB / 1.8 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Devara: Part 1 (2024)
7.9
Dharmaveer (2022)
Dharmaveer Mukkam Post Thane (2022) "စံပြ"IMDb 7.9မာရသီစကားပြော ကိုယ်ရေးအတ္ထုပတ္တိရုပ်ရှင်တစ်ပုဒ်ကို ရှုစားရမှာပါသတင်းထောက်မလေးက 'အာနန်ဒီဂေ' ဆိုသူ နိုင်ငံရေးသမားတစ်ယောက် ကွယ်လွန်ခြင်းနှစ် ၂၀ ပြည့် အောက်မေ့သတိရအခမ်းအနားအတွက် သတင်းတင်ဆက်ပေးရဖို့ ဖြစ်လာတယ်ဒီသတင်းအတွက် ဘောလိဝုဒ်ပါတီတစ်ခုကို သွားရမယ့်အရေးကို ဆုံးရှုံးလိုက်ရတာကြောင့် ဘာမှန်းမသိတဲ့ ဒီလူ့ကို နေရင်းထိုင်ရင်းတင်းနေပါလေရောအဲဒီမကျေနပ်ချက်တွေကို သုံးဘီးသမားက ကြားတဲ့အခါ ကိုယ်မသိတဲ့လူကို သိအောင်လုပ်ဖို့ ဂူးဂဲလ်ကအချက်အလက်တွေနဲ့ မပြည့်စုံနိုင်ကြောင်း၊ သူတို့အရပ်ကပြည်သူတွေရဲ့နှလုံးသားထဲမှာ အာနန်ဒီဂေဟာ အမြဲရှိနေတဲ့အကြောင်း၊ သိချင်ရင် သူတို့လူတွေကို မေးမြန်းသင့်ကြောင်း ပြောလာပါတယ်လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဆုံးပါးသွားတဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ ဘဝဇာတ်လမ်း၊ ပြည်သူတွေက သူကိုဘာလို့ဒီလောက်တန်ဖိုးထားကြလဲဆိုတာကို ဆက်လက်ကြည့်ရှုအားပေးရအောင်ပါအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Zwe Yan ~ Linn Lunn ~ ToMo ~ Yunni မှ ဖြစ်ပါတယ် File size… 2.9 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 56m Subtitle….Myanmar ...
movie
Dharmaveer (2022)
6.6
Alibaba Ani Chalishitale Chor (2024)
Alibaba Ani Chalishitale Chor 2024 (သံသယ)ယောက်ျားလေးနဲ့ မိန်းကလေးက တကယ်ပဲ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်နိုင်ရဲ့လား ဒီနေ့ခေတ်မှာ တကယ်ထိလွယ်ရှလွယ်ပြီး ပွဲဖြစ်နိုင်တဲ့မေးခွန်းမျိုးပါ။ဒီဇာတ်ကားထဲမှာတော့ ခင်မင်မှုနဲ့ ဖောက်ပြန်မှုက အရမ်းပါးတဲ့ မျဥ်းကလေးတစ်ခုလို့ ဆိုထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စုံတွဲသုံးတွဲနဲ့ ယောက်ျားလေးတစ်ယောက် ပါတီလုပ်ရကနေ အစပြုပါတယ်။ ပါတီမှာပျော်ပါးကြရင်း မီးရုတ်တရက်ပျက်သွားတဲ့အခါ အနမ်းပေးတဲ့အသံနဲ့ ပါးရိုက်ခံရတဲအသံကို တစ်ပြိုင်နက်ကြားလိုက်ကြရတယ်။ မီးပြန်ရလာတော့လည်း လက်သည်မပေါ်ဘဲ အီလည်လည်နဲ့ပါတီပြီးသွားတော့တယ်။ပါတီရဲ့ အဖြစ်အပျက်ကိုမကျေနပ်နိုင်သူက ဝက်ဘ်ဆိုက်ထောင်ပြီး မိမိသံသယရှိသူကို အမည်မဖော်ဘဲ ရေးလို့ရတယ် ဆိုလာတဲ့အခါ........ပါဝင်သူတွေက မကျေနပ်နိုင်ဘဲ စုံစမ်းဖို့ ကြိုးစားကြတဲ့အခါ လင်နဲ့မယားကြား အချစ်ဆုံးသူငယ်ချင်းတွေကြား အထင်အမြင်လွဲမှုတွေ အရင်ကဖုံးကွယ်ထားခဲ့တဲ့ သံသယတွေ ပိုပြီးရှုပ်ထွေးလာတော့တယ်။ ဒီလိုအရာတွေကြားမှာ ကာယကံရှင်တွေကို ရှာတွေ့နိုင်ပါ့မလား အချင်းချင်း အရင်လိုပြန်ဖြစ်ကြပါ့ဦးမလားဆိုတာ ဒီကားလေးမှာ စီးမျောကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…1.67GB / 657MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Alibaba Ani Chalishitale Chor (2024)
2024