Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shiv Panditt
7.9
Nesippaya (2025)
Nesippaya (2025) "ချစ်သူသည်သာ..."ဒီတစ်ခါတော့ အချစ်-အလွမ်း-အကြမ်း-ဒရာမာ ရသစုံကြည့်ရှုခံစားရမဲ့ တမီလ်စကားပြော အချစ်-အက်ရှင် ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။အာဂျွန်ဆိုတဲ့ကောင်လေးဟာ ဒီယာဆိုတဲ့ကောင်မလေးကို မြင်မြင်ချင်းမှာပဲ အရူးအမူးချစ်မိသွားပါတယ်။ ဒီယာကစစချင်းငြင်းပေမဲ့ အာဂျွန်ရဲ့ဇွဲကြောင့် ချစ်သူဘ၀ရောက်ရှိခဲ့ကြပါတယ်။ဒါပေမဲ့ အကြောင်းကြောင့် နှစ်ဦးသားကွဲကွာသွားခဲ့ပြီး အလုပ်ကိုယ်စီနဲ့ တစ်ယောက်တစ်နိုင်ငံဆီ ကွာဝေးခဲ့ကြပါတယ်။နှစ်တွေအတော်တော်ကြာတော့မှ ပြဿနာအကြီးကြီးတစ်ခုကြောင့် နှစ်ယောက်သားပြန်ဆုံရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီပြဿနာကတော့ ဒီယာတစ်ယောက် လူသတ်မှုတစ်ခုနဲ့ ပတ်သက်နေခဲ့တာပါပဲ။နှစ်တွေဘယ်လောက်ကြာကြာ ကျောင်းတော်ကအချစ်ဟောင်းကိုမမေ့နိုင်သေးတဲ့ အာဂျွန်တစ်ယောက် ဒီယာရဲ့ပြဿနာထဲ ဘယ်လို၀င်ပါလာမလဲ...၊ဒီယာရော စွပ်စွဲခံနေရတဲ့အမှုက လွတ်မြောက်ပါ့မလား၊ နောက်ဆုံးမှာ သူတို့နှစ်ဦးအတွက် ပျော်စရာဇာတ်သိမ်းခန်းလေးရှိပါ့မလားဆိုတာ... ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 2.4 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 24min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Nesippaya (2025)
5.6
7 Hours to Go (2016)
7 Hours To Go! (2016) "ကျည်ခုနစ်တောင့် လူခုနစ်ယောက်" IMDb - 5.6/102016ခုနှစ်ကထွက်ရှိခဲ့တဲ့ အိန္ဒိယမှုခင်းဒရာမာဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးပါရစေ။ မင်းသား ရှစ်ဗ်ပန်ဒစ်နဲ့ မင်းသမီး ဆန်ဒီပါဒါးတို့ အဓိကသရုပ်ဆောင်ထားတဲ့ဇာတ်လမ်း။အာဂျွန်ဆိုတာ နယ်မြို့လေးကရဲတစ်ယောက်။ ချစ်သူနဲ့တွေ့ဖို့ မွမ်ဘိုင်းကိုအလာ ချစ်သူက မွမ်ဘိုင်းတရားရုံးချုပ်မှာရောက်နေတဲ့အတွက် ချစ်သူရှိရာကိုအသွား...။ဇာတ်အလှည့်အပြောင်းတွေကြောင့် ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ အာဂျွန်ကနေ မွမ်ဘိုင်းတရားရုံးချုပ်မှာ ဓားစာခံခုနစ်ဦးဖမ်းထားတဲ့ ပြန်ပေးသမားဖြစ်သွားခဲ့ပါတယ်။သူနဲ့ညှိုနှိုင်းဖို့အတွက် အာဂျွန် တောင်းဆိုတာကတော့ မွမ်ဘိုင်းရဲ့ ခပ်ကြမ်းကြမ်းရဲအရာရှိအမျိုးသမီး ရှုကလာ။ ရှုကလာရောက်လာချိန်မှာ အာဂျွန်တောင်းဆိုတာက သူ့အတွက်အမှုတစ်ခုလိုက်ပေးဖို့ ဓားစာခံခုနစ်ယောက်နဲ့ အလဲအလှယ်လုပ်ပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Alex ~ KKKZတို့ပဲဖြစ်ပါတယ်) File size…2 GB / 1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ ToMo ~ Alex ~ ...
movie
7 Hours to Go (2016)
8.8
Shastry Virudh Shastry (2023)
Shastry Virudh Shastry (2023) မေတ္တာချင်းပြိုင်ဘယ်သူနိုင်IMDb 9/10 ယခုတစ်ခါမှာတော့ အမိုက်စား IMDb နဲ့ ချစ်ခြင်းမေတ္တာပြိုင်ကြမဲ့ မိသားစုတစ်ခုအကြောင်းဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ်အမေကချေးငွေအေးဂျင့် အဖေကဂိမ်းတီထွင်သူတစ်ယောက် သူတို့၂ယောက်စလုံးက မွန်ဘိုင်းမှာအလုပ်လုပ်တော့ ကလေးဖြစ်သူကိုမွေးရပ်မြေမှာအဘိုးအဘွားတွေနဲ့ထားခဲ့ရတယ်ပေါ့ မိုမိုဂျီဆိုတဲ့ဒီကလေးကအဘိုးအဘွားတွေရဲ့အချစ်တော်လေး ချစ်မွှေးလေးတစ်ယောက်ပါကလေးကသင်္ချာမတော်လို့ဆိုပြီး လူငယ်တွေသုံးတဲ့အက်ပ်တွေလိုက်သုံးပြီး သင်္ချာသင်ပေးတဲ့အထိ အဘိုးဘွားတွေကဖူးဖူးမှုတ်ထားတာ ဒါပေမဲ့အဖေဖြစ်သူကအလုပ်ပြုတ်ပြီးတော့မွေးရပ်မြေကိုပြန်ဖို့ဖြစ်လာတယ် မြေးကိုသည်းသည်းလှုပ်ချစ်တဲ့ဘိုးဘွားတွေက အဖေအမေလက်ထဲကလေးကိုသိပ်ပြီးမအပ်ချင်ကြဘူးတဲ့လေဒီလိုတစ်အိမ်တည်းမှာအခြေနေတွေတင်းမာလာချိန်မှာ အမေရိကန်ကသူငယ်ချင်းကဂိမ်းကုမ္ပဏီထောင်ဖို့ ဖခင်ဖြစ်သူမယ်လ်ဟာ့ကိုကမ်းလှမ်းလာတော့မဖြစ်မနေထွက်ရမဲ့အခြေအနေတွေကြား ကလေးကိုပါခေါ်သွားချင်တဲ့ဆန္ဒကို အဘိုးအဘွားတွေကသဘောမတူလေတော့ သားတရားစီရင်ခန်းလို တရားရုံးအမှုတက်ရင်ဆိုင်ကြရင်း... ကလေးကိုဘယ်သူကရသွားမလဲ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကတော့ ...(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 1.94GB / 874MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Shastry Virudh Shastry (2023)
2023
5.0
Laal Singh Chaddha (2022)
Comedy, Drama, Romanceကဲ ကဲ လူရှင်းမယ် လူရှင်းမယ် အားလုံးစောင့်မျှော်နေကြတဲ့ အမီခန်းရဲ့ ကားသစ်ကြီးလာပါပြီ 🎉.. Forrest Gump Remake ကားလည်းဖြစ် မင်းသားကလည်း မင်းသားကြီး အမီခန်းလည်းဖြစ်တော့ ကြည့်မကောင်းမှာ ပူစရာမလိုတော့ပါဘူးနာမည်ကြီးကားကို ပြန်ရိုက်ထားတဲ့ ကားဖြစ်တော့ အများကြီးတော့ ညွှန်းစရာလိုမယ် မထင်ပါဘူးနော်"လိုင်" ဆိုတဲ့ကောင်လေးဟာ ဉာဏ်ရည်အိုင်ကျူ နိမ့်ပါးတဲ့သူတစ်ယောက် ဖြစ်တဲ့အပြင် ခြေထောက်ကလည်း မသန်စွမ်းတဲ့သူတစ်ယောက်ပေါ့ ဒါပေမယ့် သူ့အမေက သူ့ကို သူဟာ ဘာမှကွဲပြားနေတဲ့သူ မဟုတ်ကြောင်းနဲ့ သူဟာ ဘာမဆိုတတ်စွမ်းနိုင်ကြောင်းကို အမြဲတမ်း သင်ပြပေးတယ်အမြဲတမ်း အနိုင်ကျင့်ခံရပြီး အပယ်ခံနေရတဲ့ သူတစ်ယောက် ကျောင်းရောက်တော့ သူ့ဘက်မှာရပ်တည်ပေးတဲ့ ပထမဆုံးသူတစ်ယောက်နဲ့ ဆုံတွေ့လိုက်ရတယ် သူကတော့ "ရူပါ" တဲ့အဲဒီလိုနဲ့ ရူပါဟာ သူ့ဘဝ သူ့အနာဂတ် သူ့အိပ်မက်ဖြစ်လာတယ် ရူပါတစ်ခွန်းဆို တစ်ခွန်း သူ မဆိုင်းမတွလုပ်တတ်လာတယ် သူ့အမေနဲ့ ရူပါဟာ သူ့ဘဝရဲ့ အကောင်းဆုံးလူတွေပေါ့အနိုင်ကျင့်တဲ့သူတွေလက်ထဲက ပြေးရင်းနဲ့ အပြေးသန်လာတဲ့ သူဟာ အပြေးသမားလည်း လုပ်ဖြစ်ခဲ့တယ် စစ်ထဲလည်း ဝင်ဖူးခဲ့တယ် ဘဝကြီးမှာ သူမလုပ်ဖူးတာ မရှိလောက်အောင် အစုံသူလုပ်ခဲ့တယ်"လိုင်" ဆိုတဲ့ ကောင်လေးဟာ ဉာဏ်ရည်နိမ့်ပါးသူဖြစ်လင့်ကစား လူတကာထက် ...
movie
Laal Singh Chaddha (2022)
2022
5.3
Boss (2013)
Boss 2013ဒီတစ်ခေါက်မှာတော့ IMDb 5.3ထိရရှိထားတဲ့Action_Comedyဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်နာမည်ကျော်မင်းသားကြီး Akshay Kumar ပါဝင်သရုပ်ဆောင်ထားတာကြောင့်ဇာတ်လမ်းဇာတ်ကွက် အတိုက်အခိုက်တွေမှာတော့အားရစရာနဲ့ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းတွင်းလူသတ်မှုကြောင့် ထောင်နန်းစံခဲ့ရတာကြောင့်ဘောစ့်(Akshay)ကို ဖခင်ဖြစ်သူကသားတစ်ယောက်လိုမဆက်ဆံတော့ပါဘူးကျခံရမယ့်ထောင်သက်အပြီးထောင်ထွက်လာချိန်မှာတော့ဂိုဏ်းစတားတစ်ယောက်ဖြစ်လာပေမယ့် အကူအညီလိုအပ်နေတဲ့လူတွေကိုလိုက်လံကူညီပေးရင်းဘဝကိုကုန်ဆုံးနေခဲ့ပါတယ် တစ်နေ့မှာတော့ဆက်ယာကန့်ဆိုတဲ့လူတစ်ယောက်က လူတစ်ယောက်ကိုသတ်ပေးဖို့စာချုပ်ချုပ်ဆိုလာပါတယ်အဲ့ဒီလူကတခြားမဟုတ်ပါဘူး ဘောစ့်ရဲ့ညီလေးဖြစ်တဲ့ ရှိဗ့်ပါ ရှိဗ့်ကတော့ရဲမှူးတစ်ယောက်ဖြစ်တဲ့ အက်ရှုမန်ရဲ့ညီမဖြစ်သူနဲ့ချစ်ကြိုက်နေတာပါဒါကိုသဘောမတူတဲ့ အက်ရှူမန်က ဘယ်လိုတွေလုပ်ကြံမလဲအဖေဖြစ်သူကသားတစ်ယောက်လိုမဆက်ဆံတာကြောင့်အက်ရှုမန့်ရန်ကနေ ဘယ်လိုအခက်အခဲတွေကြားကမိသားစုကိုကာကွယ်သွားမလဲဖုံးကွယ်ထားတဲ့ကျောင်းတွင်းလူသတ်မှုနောက်ကွယ်မှာရောဘာတွေရှိနေမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…2.2GB / 1.8Gb Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Haruko & Yunni
movie
Boss (2013)
2013
9.0
Shershaah (2021)
Shershaah 2021 --------------------------------- IMDB 9.0/10 User 3.9Kဒီနှစ်ထဲမှာ low budget နဲ့ဇာတ်ကားတွေချည်းမို့ ကားကောင်းတွေ နည်းခဲ့တယ်။ အဲ့ဒီအထဲ ဒီဇာတ်ကားကတော့ ကြိုက်မိပါတယ်။ဗစ်ကရမ်ဆိုတဲ့ ငနဲက ငယ်ငယ်လေး ကတည်းက ရန်ဖြစ်ဖို့လည်း လက်မရွံ့ခဲ့။ အကြောက်တရားက မရှိခဲ့။ကျောင်းတွင်း ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့တွေမှာဆို ကျောင်းသားအားလုံးကို ကျောင်းဝတ်စုံနဲ့ မြင်ရပေမဲ့ ဗစ်ကရမ်ကတော့ အိန္ဒိယစ်စဝတ်စုံကို ဂုဏ်ယူဝင့်ကြွားစွာ ဝတ်လာတတ်တယ်။ငယ်စဉ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်က အရွယ်ရောက်လာတဲ့အခါ စစ်သားကြီးဖြစ်ဖို့ပေါ့။သူကောလိပ်တက်စဉ်မှာတော့ အင်မတန်မှကို ချောမောလှပတဲ့ ချစ်သူတစ်ယောက်လည်း ပိုင်ဆိုင်ထားတယ်။အချစ်ရေးမှာရော သူ့ရဲ့ ရည်မှန်းချက် အိပ်မက်က ဘယ်လို အတားအဆီးဖြစ်လာမလဲ။အဲ့ဒါက ဗစ်ကရမ်ရဲ့အကြောင်းပါပဲ ။သူ့တာဝန်ထမ်းဆောင်ရတဲ့ နေမြေကတော့ အများသိတဲ့ စစ်သွေးကြွတို့ရဲ့ နယ်မြေ ကက်ရှ်မီးယားပါပဲ။ကက်ရှ်မီးယားကို သူစတင်ရောက်စဉ်မကြာမီမှာပဲ ဒေသခံတွေနဲ့ ရင်းနီးသွားတယ်။သတင်းပေးတွေရဲ့ သတင်းတွေအရ အကြမ်းဖက်သမားတွေကို ဘယ်လိုဖြိုခွင်းမလဲဆိုတာကိုလည်း စစ်ကားကောင်းတစ်ကားလို ကြည့်ရမှာပါ။အချစ်လည်း ပါသလို၊ စစ်ရေးလည်း ပါတာမို့ ကြည့်ရတာ ကျေနပ်မိစေမှာပါ။ သူတို့တပ်ရင်းရဲ့ မြင်မြင်သမျှတွေဟာလည်း တကယ့်စစ်သားတွေလို စကားလုံးအသုံးအနှုန်းတွေကအစ သဘာဝကျလှပါတယ်။ဒီလို ကားကောင်းတစ်ကားကို မိတ်ဆွေတို့ အပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ဪ မေ့လို့.. ရိုချင်တဲ့သူတွေအတွက်လည်း သီချင်းလေးက ကောင်းလွန်းလို့ စာတန်းထိုးပေးထားပါတယ်ဗျ။ File size…1.45GB and 2.18GB Quality…720p AMZN Web ...
movie
Shershaah (2021)
2021
8.1
Khuda Haafiz(2020)
Khuda Haafiz(2020)************** IMDb 8.1ရရှိထားတဲ့Action Thriller ဇာတ်ကား ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဆမီရ်ချောင်ဒရီနဲ့ နာရ်ဂိရှ်ချောင်ဒရီတို့ကို မိဘာတွေက ဝတ္တရားရှိတဲ့အတိုင်းလက်ထပ်ပေးလိုက်ကြပါတယ်။ နာရ်ဂိရှ် ချောင်ဒရီဟာ အကြောင်းအမျိုးမျိုးကြောင့်အလုပ်ထွက်လိုက်ရပြီး ဆမီရ်ချောင်ဒရီကလည်းလုပ်ငန်းအခွင့်အလမ်းတွေပိတ်သွားတာကြောင့် နှစ်ယောက်စလုံးက နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ အလုပ်လျှောက်တဲ့အခါ နာရရ်ဂိရှ်ကအလုပ်အရင်ရသွားပြီး ဆမီရ်က ကျန်နေတာကြောင့် နာရ်ဂိရှ်ကိုတစ်ယောက်တည်းနိုင်ငံခြားလွှတ်ဖို့စိတ်မချပေမယ့် လွှတ်လိုက်ရပါတယ်။ နာရ်ဂိရှ် ချောင်ဒရီကနိုင်ငံခြားရောက်ပြီးတဲ့နောက်ဖုန်းခေါ်လာခဲ့ပေမယ့်အလုပ်မရဘဲတစ်ခြားတစ်နေရာကိုခေါ်သွားနေကြကြောင်း သူ့ကိုနှိပ်စက်နေကြကြောင်း နဲ့လာပြန်ခေါ်ဖို့အတွက်ဆမီရ်ကိုပြောတော့ ဆမီရ်တစ်ယောက် နာရ်ဂိရှ်ဟာ အကြီးအကျယ်အန္တရယ်တောထဲရောက်နေပြီကိုသိတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲကြည့်ရှုပေးကြပါလို့.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်....File Size : (1.03 GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:10:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Khuda Haafiz(2020)