Channel Myanmar

Shilpa Shukla

Crazxy (2025) 5.3
Crazxy (2025) Crazxy(2025) "အတိတ်ရဲ့အရိပ်" IMDb - 7.3/10ဒီရုံတင်ကားကတော့ ခွဲစိတ်ဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာအဘီမန်ယူရဲ့ တစ်ကိုယ်တော်ဇာတ်လမ်းပေါ့ ရုံတင်ငွေအနေနဲ့လည်း ၁၅ကုဋေ ပြန်ရထားပါတယ်ဆရာဝန်တစ်ယောက်ဖြစ်ပေမဲ့ သမီးဖြစ်သူ ဉာဏ်ရည်မမီဘဲမွေးဖွားလာမှာမို့ မလိုချင်တဲ့ထိဖြစ်ပြီး ဇနီးဖြစ်သူနဲ့ပါ ကွာရှင်းခဲ့ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ ကားမောင်းနေရင်းက သမီးဖြစ်သူကို ပြန်ပေးဆွဲထားတယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့တယ်။သမီးနဲ့ဇနီးပေါ်မှာ သံယောဇဉ်သိပ်မရှိသူမို့ နောက်ပြောင်ပြီးခေါ်ဆိုတယ်လို့ပဲ ထင်ခဲ့တာပေါ့။ အဘီမန်ယူတစ်ယောက် သူ့သမီးကို ပြန်ကယ်ဖို့ရာ ဘယ်လိုတွေရင်ဆိုင်ဖြတ်သန်းရမှာလဲ။ပိုပြီးထူးခြားတာက ဒီကားမှာ ဒေါက်တာအဘီမန်ယူက တစ်ယောက်တည်းသော ဇာတ်ကောင်ပါ။ သူ့ရဲ့ အတွင်းစိတ်ခံစားချက်တွေ ရုန်းကန်လှုပ်ရှားမှုတွေကို နက်နက်ရှိုင်းရှိုင်း မြင်ရမယ်။သူ့သမီးကို ပြန်ပေးဆွဲသွားတဲ့လူက ဘယ်သူလဲ၊ သူကရော အချိန်မီကယ်တင်နိုင်မလား၊ ပြန်ပေးသမားနဲ့ သူနဲ့က ဘယ်လိုပတ်သက်မှုတွေရှိနေမလဲ။ဒီမေးခွန်းတွေရဲ့ အဖြေကို ရှာဖွေရင်းနဲ့ ဒတ်ပူးမင်းသားကြီး ရိုင်ယန်ရေးနိုးရဲ့ Buried (2010)လို ibeမျိုး ခံစားရမလားဆိုတာအားပေးကြည့်ရှုလိုက်ကြပါဦး။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…1.2 GB / 654 MB Quality…WEB DL 1080p HEVC / ...
movie

Crazxy (2025)

Yudhra (2024) 6
Yudhra (2024) Yudhra ( 2024 )ဒီဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်ထွက် ဟင်ဒီစကားပြော Action Thriller အမျိုးအစားဖြစ်ပြီး IMDb 6/10 ရရှိထားပါတယ်။ဇာတ်ကားအကျဉ်းကတော့- ရဲဌာနရဲ့ အတော်ဆုံးအရာရှိနဲ့ သူ့ဇနီးသည်ဟာ ပါတီပွဲကအပြန်မှာ မတော်တဆလား တမင်သက်သက်လားဆိုတာမသိတဲ့ ကားအက်စီဒန့်တစ်ခုဖြစ်ပွားခဲ့ပြီး သေဆုံးသွားကြပါတယ်။ကိုယ်ဝန်နေ့စေ့လစေ့နဲ့မိခင်သေဆုံးသွားပေမယ့် ယုဒရာလေးကိုတော့ ဗိုက်ထဲကခွဲထုတ်ပြီးကယ်တင်နိုင်ခဲ့ပါတယ်။ မမွေးခင်ကတည်းက မိဘမဲ့ဖြစ်သွားခဲ့တဲ့ ယုဒရာလေးကိုတော့ သူ့အဖေရဲ့မိတ်ဆွေတို့က သားလေးတစ်ယောက်လိုမွေးစားခဲ့တယ်။ ယုဒရာလေးဟာ မိဘမဲ့ဖြစ်တာရော ၊ သူ့ရဲ့မွေးဖွားလာပုံတို့ကြောင့်ရော စိတ်မထိန်းနိုင်ဘဲ ရန်လိုတဲ့ ဒေါသအိုးလေးအဖြစ်ကြီးပြင်းလာခဲ့ပါတယ်။ကျောင်းသားလေးဘဝမှာကတည်းက သူ့ရဲ့ပုတ်သင်ညိုကိုသတ်ပစ်တဲ့ ကောင်လေးကို ပြန်သတ်ဖို့လုပ်တာကြောင့် ကျောင်းထုတ်ခံလိုက်ရပြီး ကြီးပြင်းလာတာနဲ့အမျှ ဆိုင်ကယ်ပြိုင်မောင်းတာလိုမျိုး အန္တရာယ်နဲ့ကစားရတဲ့အရသာတွေကို ခုံမင်တဲ့လူဆိုးလေးဖြစ်လာပါတော့တယ်။ အဲဒါကြောင့် သူ့မွေးစားအဖေတွေက မီးနဲ့ကစားရမှ ရင်ခုန်တတ်တဲ့သူ့ရဲ့စိတ်ဓာတ်ကို လမ်းကြောင်းမှန်ပေါ်တင်ပေးဖို့အတွက် အမျိုးသားအရာရှိလေ့ကျင့်ရေးကျောင်းကို ပို့လိုက်ပါတယ်။အဲဒီနောက်မှာတော့ ယုဒရာတစ်ယောက် ထိပ်သီးလူဆိုးဂိုဏ်းတွေနဲ့ ဘယ်လိုအပြိုင်ကြဲမလဲ ၊ မိဘတွေသေဆုံးမှုကိုရော ဖော်ထုတ်ပြီး လက်စားချေနိုင်မလားဆိုတာတွေကို အသတ်အပုတ် အက်ရှင်ခန်းများများနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး တခြားပေါကားတွေလိုမဟုတ်ဘဲ သေသေသပ်သပ်ဖြစ်လာတဲ့ဇာတ်ကွက်တွေကြောင့် ကြည့်ရကျိုးနပ်မယ့်ဇာတ်ကားတစ်ခုအနေနဲ့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဗျ။( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် ) File size… 2.4 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ ...
movie

Yudhra (2024)

Bastar: The Naxal Story (2024) 6
Bastar: The Naxal Story (2024) Bastar: The Naxal Story 2024 "ရဲရင့်စစ်သည်တော်" IMDb - 6.4/10မင်းသမီးချော အက်ဒါးရှာမာ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆတ္တိံသဂြဟပြည်နယ် ဘက်စတာဒေသမှာရှိတဲ့ မော်ဝါဒီနာဇယ်သူပုန်တွေရဲ့ သောင်းကြမ်းမှုတွေကို အခြေခံပြီးရိုက်ကူးထားခြင်းပဲ ဖြစ်ပါတယ်။နီးရ်ဂျာဆိုတာ ဘက်စတာမှာရှိတဲ့ နာဇယ်အမည်ခံသောင်းကြမ်းသူတွေကို ရှင်းလင်းဖို့တာဝန်ကျနေတဲ့ စစ်သည်တစ်ဦး။ သူ့လုပ်ရပ်နဲ့ ရပ်တည်ချက်တွေကြောင် ဘက်စတာကပြည်သူတွေ သဲသဲလှုပ်ချစ်တာခံရပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအလှည့်အပြောင်းတွေကြောင့် ဘက်စတာမှာရှိတဲ့ပြည်သူတွေကို ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်နေတဲ့ နာဇယ်တွေကိုခြေမှုန်းနေတဲ့ နီးရ်ဂျာတစ်ယောက် တရားစွဲခံရပါတယ်။တိုက်ပွဲမှာဒဏ်ရာရခဲ့တဲ့ နီးရ်ဂျာ သူ့တပ်ဖွဲ့တွေကိုဘယ်လိုစီမံပြီး မခံချင်စိတ်နဲ့ နာဇယ်တွေကိုပြန်တွန်းလှန်နေတဲ့ လူတွေ ဘယ်လိုအောင်နိုင်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.4GB/ 1.26GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bastar: The Naxal Story (2024)

2024
HIT: The First Case (2022) 7.8
HIT: The First Case (2022) Hit: The First Case (2022) Action, Crime, Drama IMDb 7.8/10 (6.5K)အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ အိန္ဒိယမှာ ဇူလိုင်၁၅ရက်နေ့တုန်းက ရုံတင်ထားပြီး ဒီနေ့မှ OTTထွက်ရှိလာတဲ့ ရုံတင်ကားတကားပဲဖြစ်ပါတယ် Stree (2018)...Roohi (2021) ဟာသသရဲကားတွေနဲ့ မြန်မာပရိသတ်တွေကြား လူသိများနာမည်ကြီးလာခဲ့တဲ့ မင်းသားချော ရာဂျ်ကူမားရောင်းရဲ့ မှုခင်းဇာတ်ကားလေးပဲ ဖြစ်ပါတယ်မင်းသမီးအနေနဲ့ကတော့ Dangal Girl အကြီးမလေး ဆာနီယားမလိုသရားပါဝင်သရုပ်ဆောင်ထားပါတယ်ဗစ်ကရမ်ဟာ ထက်မြက်တဲ့အရာရှိတစ်ယောက်ဖြစ်ပြီး အမှုတစ်ခုကို ဖော်ထုတ်တဲ့နေရာမှာလည်း သူမတူအောင်ထူးခြားလွန်းလို့ အချိန်တိုအတွင်း ဖော်ထုတ်နိုင်ပေမယ့် အတိတ်ကဖြစ်ရပ်တခုကြောင့် စိတ်ဒဏ်ရာကြီးကြီးမားမားရနေသူပါ...တစ်ရက် အဝေးပြေးလမ်းမပေါ်မှာ ပရီတီးဆိုတဲ့ အသက်၁၈နှစ်အရွယ်ကောင်မလေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်အမှုကိုလည်း မဖေါ်ထုတ်နိုင်ခဲ့ပါဘူး...ဇာတ်အေးသွားပြီးတဲ့နောက် ဗစ်ကရမ်ရဲ့ချစ်သူ နေဟားကပါ ထပ်ပျောက်သွားတော့ ဒီအမှုကို ဗစ်ကရမ်ဟာ အခက်အခဲတွေကြားကနေ စုံစမ်းဖို့ဖြစ်လာခဲ့ပါတော့တယ်စုံစမ်းစစ်ဆေးနေရင်းနဲ့ နေဟားဟာလည်း ပရီတီးအမှုကိုလိုက်နေရင်း ပျောက်သွားတာကို သိလိုက်ရတဲ့အခါမှာတော့...ဒီအမှုနှစ်ခု ဆက်စပ်မှုရှိနေမလား....ပျောက်သွားတဲ့ကောင်မလေးတွေကို ပြန်ရှာတွေ့ပါ့မလား...နောက်ကွယ်မှာကြိုးကိုင်နေတဲ့ တရားခံဟာ ဘယ်သူဖြစ်နေမလဲ...ဗစ်ကရမ်ရဲ့အတိတ်ဆိုးကစိတ်ဒဏ်ရာကရော ဘာကြောင့်လဲ ဆက်လက်ပြီး ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်.... File size…2.07GB / 983MB Quality…1080p True Web DL AAC5.1Ch  / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ...
movie

HIT: The First Case (2022)

2022
Chak De India ( 2007 ) 8.4
Chak De India ( 2007 ) ဒီနေ့တော့ IMDb 8.4 ရထားတဲ့ ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်မင်းသားကလည်း ပရိတ်သတ်တွေကြိုက်နှစ်သက်တဲ့ ရှာရွတ်ခန် ပဲဖြစ်ပါတယ်  ဇာတ်လမ်းအညွှန်း  ကာဘာရ်ခန် ဟာ အိန္ဒိယအမျိုးသားဟော်ကီအသင်းရဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်သလိုနာမည်ကျော်ကစားသမားလည်းတစ်ဦးလည်းဖြစ်ပါတယ်..ပထမဆုံးမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့ကမ္ဘာ့ ချန်ပီယံ အမျိုးသားဟော်ကီပွဲကိုယှဉ်ပြိုင်နေကြတာပါ..နောက်ဆုံးမိနစ် ပင်နယ်တီမှာကာဘာရ်ခန် တစ်ယောက် လွဲချော်သွားလို့ ရှုံးနိမ့်ခဲ့ပေမယ့် ပွဲပြီးတဲ့အခါ ပါကစ္စတန်ကကစားသမားတစ်ဦးကလာရောက်နှုတ်ဆက်လို့ရယ်ပြုံးနှုတ်ဆက်မိတာကို သတင်းထောက်တစ်ယောက်ကဓါတ်ပုံအတိအကျရိုက်ပြီး အမျိုးသားသစ္စာဖောက်ခဲ့တာလားဆိုတဲ့ နာမည်ဆိုးနဲ့ဖွပါတော့တယ်..ဒီလိုနဲ့ ကာဘာရ်ခန် ဟာပြသနာတွေတက် ပြည်သူတွေကလည်း အမျိုးသားသစ္စာဖောက်အနေနဲ့ ၀ိုင်းဝန်းစွပ်စွဲလို့ နေထိုင်ရတဲ့အိမ်ကနေတောင်ပြောင်းပြေးခဲ့ရပြီးနေရာခြားမှာသွားရောက်နေထိုင်ခဲ့ရပါတယ်..ဒီလိုနာမည်ပျက်တွေကြား...အရှုံးတွေကြားသူ့ဂုဏ်အပြင် အိန္ဒိယ နိုင်ငံရဲ့ ဂုဏ်သိက္ခာ ပြန်တက်အောင်..ဘယ်လိုလုပ်မလဲလူအများထင်ခဲ့တဲ့အမျိုးသားသစ္စာဖောက် ဘ၀ကနေ ဘယ်လိုမျိုးရုန်းထွက်ကြိုးစားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
movie

Chak De India ( 2007 )

2007