Channel Myanmar

Shi Xuejing

The kiddie Tomb ( 2021 ) 6
The kiddie Tomb ( 2021 ) ပြည်တွင်းစစ်ကြောင့်နိုင်ငံရေးရှုပ်ထွေးပြီးမငြိမ်သက်ဖြစ်နေတဲ့ခေတ်ကြီးမှာ စစ်မက်ကြောင့်ပြည်သူတွေဟာရှင်သန်ဖို့အလွန်ခက်ခဲလာတယ်။ ရှဲ့လင်ဂိုဏ်းဟာ အတိတ်ကိုထားခဲ့ပြီး စာမျက်နှာအသစ်ဖွင့်ခဲ့ပေမယ့် ခေတ်ပျက်ကြီးကြောင့် ပြည်သူတွေကိုစားနိပ်ရိက္ခာကူညီဖို့ရာ သင်္ချိုင်းဖောက်ထွင်းတဲ့အလုပ်ကိုပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရှဲ့လင်ဂိုဏ်းခေါင်းဆောင် ကျန်းဟွေးရွေ့ဟာ ရှဲ့လင်ဂိုဏ်းသားတွေကိုဦးဆောင်ပြီး သင်္ချိုင်းတစ်ခုကိုဖောက်ခဲ့ပါတယ်။ထင်မထားပဲနှစ်တစ်ထောင်သတ္တဝါကြီးနဲ့ကြုံတွေ့ရပြီး ဒဏ်ရာအပြင်းအထန်ရထားတဲ့ခေါင်းဆောင်ကြီးနဲ့ ခေါင်းဆောင်ကြီးရဲ့တူ ကျန်းယွီနဲ့နောက်လိုက်တစ်ဦးဖြစ်တဲ့ ရှုန်းခွေတို့ပဲရှင်ရက်ရွာကိုပြန်လာနိုင်ခဲ့ပါတယ်။အဲဒီအချိန်မှာကျန်းယွီနဲ့ကလေးကတည်းကစေ့စပ်ထားတဲ့ ကုလင် ဟာ အငတ်ဘေးကြောင့်သေတော့မယ့်မောင်လေးကိုကယ်ဖို့ရာ ကျန်းယွီနဲ့လက်ထပ်ဖို့ရောက်လာပါတယ်။ အဲဒီအချိန်မှာ သင်္ချိုင်းဖောက်တဲ့သတင်းရသွားတဲ့ တပ်မှူးကျန်းဟာ လောဘတက်ပြီး အတင်းအဓမ္မ ကျန်းယွီကိုသင်္ချိုင်းဆီလမ်းပြခိုင်းပါတော့တယ်။ ဒီလိုနဲ့ကျန်းယွီ၊ ကုလင်၊ ရှုန်းခွေ၊ တပ်မှူးကျန်းနဲ့နောက်လိုက်တစ်သိုက်ဟာ အဲဒီသင်္ချိုင်းကိုအတူပြန်ပြီး စွန့်စားခန်းစတင်ကြပါတယ်။သင်္ချိုင်းဖောက်ပြီးရတနာသိုက်တူးတဲ့ Adventure ဇာတ်ကားဆိုပေမယ့် Thriller ဆန်ဆန်ရိုက်ထားတာကြောင့် ကျောချမ်းချမ်းနဲ့ ပိုစိတ်ဝင်စားစရာကောင်းပါတယ်။ချမ်းအေးတဲ့ဆောင်းညနဲ့လိုက်ဖက်တဲ့ ကားကောင်းလေးတစ်ကားမို့ ကြည့်ဖို့တိုက်တွန်းပါတယ်နော်။ Filesize : 1.16 GB / 638 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded ...
movie

The kiddie Tomb ( 2021 )

Er-Lang God of the New Legend of Deification ( 2023 ) 5.9
Er-Lang God of the New Legend of Deification ( 2023 ) တရုတ်ဒဏ္ဍာရီပုံပြင်တွေထဲမှာ မျက်စိသုံးလုံးပါတဲ့ အာ့လန်နတ်မင်းကို တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်လေးကတော့ အာ့လန်တစ်ယောက် နတ်မင်းမဖြစ်ခင်က သာမန်လူသားဘဝနဲ့ ဖြတ်သန်းခဲ့တဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ယန်ကျန်ဟာ အဖေနဲ့ညီမလေးနဲ့အတူ ကြီးပြင်းလာခဲ့ပြီး အမေက ဘယ်သူလဲဆိုတာ သိချင်နေတဲ့ အသက် ၂၀ အရွယ် လူငယ်လေးတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာ ရွာထဲက ကလေးခိုးသွားတဲ့ မိစ္ဆာတစ်ကောင်နောက်လိုက်ခဲ့ပြီး သူက လူတစ်ပိုင်း နတ်တစ်ပိုင်းဖြစ်ကြောင်း သိခဲ့ရပါတယ်။သူက အတင်းအကြပ်မေးတဲ့အတွက် သူ့အဖေကလည်း မတတ်နိုင်တော့ဘဲ ယန်ကျန်ရဲ့ အမေက နတ်သမီးတစ်ပါးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ က မီးမိစ္ဆာကြီး ချုံမင်ကို နှိမ်နင်းဖို့အတွက် မက်မွန်တောင်အောက်မှာ အပိတ်ခံထားရကြောင်း သိခဲ့ပါတယ်။အမေ့ကို ကယ်ဖို့အတွက် တားမြစ်စည်းထဲ ဝင်သွားတဲ့ ယန်ကျန်ကို ဘယ်လို စိန်ခေါ်မှုမျိုးတွေက စောင့်နေမလဲ...... သူတို့ သားအမိတစ်တွေ ပြန်ဆုံစည်းရပါ့မလား...... မိစ္ဆာကြီး ချုံမင်ကရော ဘယ်လို အန္တရာယ်မျိုးတွေ ရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်ကိုပဲ ဆက်ကြည့်လိုက်ရအောင်နော်။ Filesize : 1.07 GB / 600 MB Quality : WEB-DL 1080p HEVC ...
movie

Er-Lang God of the New Legend of Deification ( 2023 )