Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shi Ce
7.0
Hi,Mon (2021)
IMDb 7.0 အထိ ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါဒီကားလေးကတော့ ဟာသကားလေးပေါ့ ဒါပေမဲ့ ခံစားတတ်တဲ့နှလုံးသားရှိရင်မျက်ရည်တွေနဲ့ ရယ်ကြရမယ့်ကားလေးပါဒီကားလေးက ဖြစ်ရပ်မှန်ကိုအခြေခံတာထက်ပိုတယ်ဘာလို့လဲဆိုတော့ ဒီကားလေးကေဒါရိုက်တာရဲ့ မပြီးမြောက်ခဲ့တဲ့ ဆန္ဒကိုမှန်းဆပုံဖော်ရိုက်ကူးတဲ့ကားမလို့ပါ... ဒီကားလေးထဲ သေသွားခဲ့တဲ့ သူချစ်ရတဲ့ခွေးလေး...အမေ့ကိုပြောချင်ခဲ့တဲ့စကားတွေနဲ့ နောက်ဆုံး မပေးဖြစ်ခဲ့တဲ့ အနွေးထည်လေးကိုပါထည့်ပြီး ရိုက်ကူးခဲ့တာပါဇာတ်လမ်းအကျဉ်းကိုပြောပြရရင်...ငယ်ငယ်တုန်းက ကျောင်းမှာ ချီးပါချလို့ အမေ့မှာအရှက်ကွဲရစာမတော် အမှတ်မကောင်းလို့ ကိုယ်နဲ့အတူ ဆရာမဆူတာခံရတဲ့အမေသူ့မိတ်ဆွေ အသိုင်းအဝိုင်းတွေကြား သားသမီးချင်းဂုဏ်ပြိုင်ရင်မျက်နှာငယ်ရတဲ့အမေဒီလိုအမေနဲ့ အတူစက်ဘီးစီးရင်း မတော်တဆဖြစ်တာတောင်အမေကဆေးရုံပေါ်မှာနောက်ဆုံးအချိန်ကိုစောင့်နေရချိန် ကိုယ်ကဘာမှမလုပ်ပေးနိုင်ဘဲ သေမှာကိုထိုင်ကြည့်နေရတဲ့ ကောင်မလေးတစ်ယောက်... ဆေးရုံမှာလူနာစောင့်ရင်း တီဗီကကြေညာသံတွေနောက်လိုက်ရင်း ၁၉၈၁ ခုနှစ် အမေအပျိုအချိန်ကို ရောက်သွားခဲ့တယ်...အဖက်ဖက်က ကြိုးစားရင်း အမေ့ဘဝကိုပိုကောင်းအောင် ကြိုးစားပေး.... အမေ့ပျော်အောင် ကြိုးစားပေးရင်း...နောက်ဆုံး အမေမွေးတာ ငါမဟုတ်ရင် အမေ့ဘဝပိုသာယာမလားလို့ တွေးမိပြီးတခြားသူနဲ့အောင်သွယ်ပေးတဲ့အထိ ကြိုးစားနေတဲ့ ရှောင်လင်... အတိတ်ကိုပြင်ဖို့ကြိုးစားတာ အောင်မြင်မလားကြားထဲ ဘာတွေဖြစ်မလဲ နောက်ပြီး သူမသိတဲ့တခြားဘာကိစ္စတွေရှိဦးမှာလဲဆိုတာဇာတ်လမ်းလေးကိုကြည့်ရင်း ခံစားကြည့်လိုက်ပါ Filesize : 2.03 GB / 1.11 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy , Drama , ...
movie
Hi,Mon (2021)
6.1
Out of Order (2025)
ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် movieလေးကတော့ ပေါ့ပေါ့ပါးပါး ဟာသကားလေးဖြစ်တဲ့ ရှေ့နေဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်လမ်းထဲမှာ ကိုရီးယားရဲ့နာမည်ကြီးမင်းသားမာဒုန်ဆွတ်ပါဝင်သရုပ်ဆောင် ထားပါတယ် လူသန်ကြီး မာဒုန်ဆွတ်ကို K Movies တွေထဲမှာနဲ့မတူပဲ ဒီဇာတ်ကားထဲမှာတော့ပုံစံတမျိုးနဲ့တွေ့ရမှာပါထိပ်တန်းရှေ့နေဖြစ်တဲ့ဟူကုံးဖျင်က ထက်မြက်ဖြောင့်မှန်ပြီး တရားခွင်မှာ မရေတွက်နိုင်တဲ့အမှုပေါင်းများစွာကိုဖြေ ရှင်းနိုင်ခဲ့တယ်။အမှုတစ်ခုဖြေရှင်းတဲ့အတောအတွင်း ဟူကုံးဖျင်က တရားခံရှေ့နေ လက်ထောက်ဖြစ်တဲ့ ရှဲရှောင်မန့် နဲ့ ဟိုတယ်မှာ ချိန်းတွေ့တယ်။ သူတို့နှစ်ဦး ပျော်စရာအချိန်တွေဖန်တီးချိန်မှာ အခန်းပြတင်းပေါက်မှာအမည်မသိ အလောင်းတစ်ခုရှာတွေ့မိတယ် ဒီမတော်တဆဖြစ်မှုကိုဖုံးကွယ်ဖို့အတွက် ဟူကုံးဖျင်က သူ့မဟာလက်ထောက်ဖြစ်တဲ့ ကျူးရှစ်ချီကို အမည်မသိအလောင်းဖယ်ထုတ်ဖို့အတွက် အကူညီခေါ်ရနောက်မှာ မထင်မှတ်တဲ့အရာတွေ ဖြစ်ပေါ်လာခဲ့တယ်။ဟူကုံးဖျင်က ဒီထူးဆန်းတဲ့အလောင်းအမှုကို သူဘယ်လိုဖြေရှင်းမလဲ။ သူ့လက်ထောက်ကရော သူနဲ့အတူ အံ့သြဖွယ်အမှုတွေကို အတူရင်ဆိုင်ဖြေရှင်းနိုင်မလား။ သူနဲ့ရှဲရှောင်မန့်တို့အကြား ရှုပ်ထွေးမှုလည်း ပြေလည်မလား ဆိုတာ ဒီဟာသဇာတ်ကားလေးကို စောင့်မျှ်ောကြည့်ရှုကြပါဦးနော် Filesize : 1.50 GB / 888 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy Runtime : 1h 46 min Subtitle : Myanmar Subtitle ( ...
movie
Out of Order (2025)
5.6
Panda Plan (2024) Xiong mao ji hua
Panda Plan (2024)IMDb Rating (5.6)မင်းသားကြီး ဂျက်ကီချန်းရဲ့ နောက်ဆုံးထွက် အက်ရှင် ဟာသကား အသစ်ပါ။ဒီရုပ်ရှင်ထဲမှာတော့ ဂျက်ကီချန်းဟာ အပြင်ကအတိုင်း ရုပ်ရှင်မင်းသား ဂျက်ကီချန်းအဖြစ်ပဲ ပါဝင်ထားပါတယ်။ကမ္ဘာကျော်မင်းသားဖြစ်တာကြောင့် နိုရာတိရစ္ဆာန်ရုံက ကမ္ဘာကျော် ပန်ဒါလေးကို မွေးစားဖို့ဆိုပြီး ဖိတ်ခေါ်ခံရတာကနေ စပါတယ်။အဲဒီ နိုရာတိရစ္ဆာန်ရုံမှာ ပွဲတက်နေတုန်း ဒီပန်ဒါလေးကိုပဲ အမေရိကန် သန်း ၁၀၀ ရဖို့ လာဖမ်းတဲ့ ကြေးစားလူမိုက်တွေ ရောက်လာပါတယ်။ဂျက်ကီချန်းရယ် သူ့လက်ထောက်ဒေးဗစ်ရယ် ပန်ဒါထိန်းလေး ရှောင်ကျူးရယ် ပန်ဒါလေးကို ကယ်ဖို့ ဘယ်လိုတွေ စွန့်စားခန်းဖွင့်ကြမလဲဆိုတာ ဟာသတွေအက်ရှင်တွေနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီတစ်ခါလည်း ဟိုးအရင်ကလိုပဲ ဖျော်ဖြေရေးကားဖြစ်လို့ အတည်ပေါက်လေးနက်တာတွေတော့ မြင်ရမှာမဟုတ်ပေမဲ့ ဂျက်ကီချန်းပါလို့ပဲ ကြည့်လို့ကောင်းနေဦးမှာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။)File size…(6 GB) / (1.9 GB) ...
movie
Panda Plan (2024) Xiong mao ji hua
2024
4K HEVC
6
Welcome To The Game ( 2024 )
ကစားပွဲလေးက ကြိုဆိုလိုက်ပါတယ်...အမြဲတမ်း လောင်းကစားဆို နိုင်နေတဲ့ ပန်ကာထိပ်က ဝက်အူ လုဖေးတစ်ယောက်... အချီကြီးရှုံးသွားတဲ့ကစားပွဲတစ်ခုကို ပုံဖော်တင်ဆက်ပေးထားတဲ့ကားလေးတစ်ကားပါ... အားလုံးသိမှာပါ လောင်းတယ်ဆိုတဲ့ ကစားပွဲမှာ...လောင်းတာက ငွေမဟုတ်ပါဘူး...စိတ်ကိုပါ.... အလျော်အစားတော့ကြီးတာပေါ့... လုဖေးတစ်ယောက်က ကာစီနိုတွေမှာ အချဉ်ဖမ်းနေကြသူတစ်ယောက်ပေါ့... တစ်နေ့ သူအချဉ်ဆိုပြီး ၁၀ သိန်းနဲ့လောင်းလိုက်မိတာ... သူရှုံးသွားခဲ့ပါတော့တယ်...ဒီလိုနဲ့ ၆ ရက်အတွင်း သူအကြွေးမဆပ်နိုင်ရင် ကလီစာထုတ်ရောင်းခံရမယ့်အခြေအနေရောက်နေတာပေါ့... ဒီတော့ လုဖေးလည်း ဒီအကြွေးကိုဆပ်ဖို့ နောက်ထပ် ကစားပွဲတစ်ခုကို လောင်းကြေးထပ်ခဲ့ပါတယ်...ဒါကတော့ သူ့အကြွေးရှင်ရဲ့သမီးကို ပြန်ပေးဆွဲတာပါပဲ... ဟုတ်ပါတယ်... လုဖေးတစ်ယောက် နေရင်းထိုင်ရင်း သူဌေးသမီးတစ်ယောက်ကို ကောက်ရပြီး... အဲ့သူဌေးသမီးက အကြွေးရှင်သမီးဖြစ်နေတာကြောင့်.... ပြန်ပေးဆွဲယောင်ဆောင်ပြီး ရတဲ့ငွေနဲ့ အကြွေးပြန်ဆပ်ဖို့ မဟာစီမံကိန်းကြီးရေးဆွဲပြီး ကစားပွဲကို စကပါတော့တယ်....သူ့အစီစဉ်တိုင်းအောင်မြင်မှာလား.... ဒီကစားပွဲက ဘယ်သူက ကစားသမားလဲ... ဘယ်သူက နယ်ရုပ်လဲဆိုတာကတော့... CM နဲ့အတူ ကြည့်ပြီး ဖော်ထုတ်ကြတာပေါ့ စုံထောက်တို့ရေ... Filesize : 925 MB / 554 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Crime ...
movie
Welcome To The Game ( 2024 )
5.7
Escaping The Madhouse ( 2024 )
ဒီရက်ပိုင်း CM ချစ်ပရိသတ်တွေကို Escaping the Madhouse ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ယွင်ယင်မြို့ပေါ်မှာ လူတွေအများကြီးအဆိပ်မိသေဆုံးကုန်ကြတယ်။ ထောင်ရန်ဆိုတဲ့ လူငယ်စာဂျပိုးလေးကတော့ ဒီအဆိပ်ကိုဘယ်လိုဖြေရမလဲဦးနှောက်ခြောက်ခေါင်းစားနေတဲ့ ရေသူမျိုးနွယ်ဖြစ်တဲ့ ဝမ်အာမိန်းကလေးနဲ့တွေ့ဆုံတယ်။ဝမ်အာတို့ရေသူမျိုးနွယ်တွေကတော့ ကုန်းပေါ်မှာ ယွင်ယင်မြို့သားတွေကငါးလေးတွေကို မဆင်မခြင်လောဘတရားနဲ့ သတ်ဖြတ်နေမှုကြောင့် လက်စားချေဖို့အတွက် ကုန်းပေါ်တက်လာခဲ့တာဖြစ်တယ်။ သူတို့ခေါင်းဆောင်ဖြစ်တဲ့ ရှီသခင်မဆီမှာ အိပ်မက်ဝိဉာဉ်ပုလွေလက်နက်တစ်ပါးရှိပြီး အိပ်မက်သမားတော်မျိုးနွယ်ကပဲ ဒီပုလွေကိုသုံးနိုင်တာကြောင့် ဒီမျိုးနွယ်ရဲ့အမွေဆက်ခံသူ လိုက်လံရှာဖွေဖို့အတွက်လည်း ကုန်းပေါ်တက်လာခဲ့တယ်။ဒီလိုနဲ့ ဒီမျိုးနွယ်ရဲ့မျိုးရိုးဆက်ခံသူက ဘယ်သူများဖြစ်မလဲ။ ဝမ်အာနဲ့ဒီထောင်ရန်သမားတော်လေးနဲ့ ဘယ်လိုများ ဆက်ဖြစ်ကြမလဲ။ မြို့ပေါ်ကအဆိပ်မိနေတဲ့ပြည်သူတွေကော ဘယ်လိုဖြေဆေးရသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကနေ ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Fantasy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
Escaping The Madhouse ( 2024 )
5.9
Back To The Tomorrow ( 2023 )
နေ့ရက်တစ်ရက်ထဲကိုပဲတစ်ဖန်တလဲလဲဖြတ်သန်းနေရမယ်ဆိုရင် သင်တို့ဘာတွေလုပ်ပြီး ဘယ်လိုဖြတ်သန်းကြမလဲ......ကိုယ့်ကိုယ်ကိုကံဆိုးတယ်လို့ သတ်မှတ်ထားတဲ့ပေါင်ကျန့်ဟာ ဘာကိုမှအလေးနက်မထားပဲ ကြုံရာလုပ်စားပြီးနေလာခဲ့တယ်။ သူကအိမ်လခတောင်မှန်အောင်မပေးနိုင်ပါဘူး။ တစ်နေ့တာကုန်ဆုံးသွားပြီး နောက်တစ်နေ့ပြန်နိုးလာတဲ့အချိန်မှ ာ သူကဟာ(၁၁)လ (၁၁)ရက်ကိုပဲပြန်ပြန်ရောက်သွားပြီး ကြုံတွေ့ခဲ့တာတွေကို အတိအကျပြန်ကြုံရတာကိုသိလိုက်ရတယ်......ဒီလိုနဲ့မပြီးဆုံးနိုင်အောင်ဖြတ်သန်းနေရတဲ့(၁၁.၁၁)နေ့ကို ပေါင်ကျန့်ဟာနည်းအမျိုးမျိုးစုံနဲ့ လုပ်ချင်ရာတွေလုပ်ပြီးဖြတ်သန်းရင်း သူလွဲချော်ခဲ့ရတဲ့အရာတွေ အထင်လွဲခဲ့တာတွေကိုနားလည်လာခဲ့တယ်။အဲဒီလိုနဲ့သူ့ရဲ့(၁၁.၁၁)နေ့ကိုပိုပိုကောင်းအောင်ကြိုးစားရင်း အဲဒီညမှာနှလုံးရောဂါနဲ့သေရမယ့် ကလေးရှိတာကိုသိသွားခဲ့ပါတယ်။ ကံကြမ္မာကိုပြောင်းလဲလို့မရတဲ့အတွက် ကလေးလေးရဲ့ မသေခင်ဆန္ဒတွေကို ဖြည့်စည်းပေးဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ လူသားဆန်မှုတွေနဲ့ ဒီချာလည်ရိုက်နေတဲ့နေ့ရက်တစ်ခုကိုဘယ်လိုအကြိမ်ကြိမ်ဖြတ်သန်းကြမလဲ...... မနက်ဖန်ကိုဘယ်လိုများမှရောက်နိုင်မှာလဲ..ဆိုတာကို ခံစားကြည့်ရှုလိုက်ပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie
Back To The Tomorrow ( 2023 )