Channel Myanmar

Sheng Nan

The Demon Hunter (2025) 5.8
The Demon Hunter (2025) မိစ္ဆာနှိမ်နင်းသူတစ်ယောက်နဲ့သူ့ရဲ့ဇနီးဟာအရမ်းချစ်ခဲ့ကြတယ်။ လူသားမိစ္ဆာမခွဲခြားပဲလူတိုင်းကိုမေတ္တာထားတတ်တဲ့သူ့ရဲ့မိန်းမလေးဟာ တစ်နေ့မှာတော့ မိစ္ဆာရဲ့လက်မှာသေဆုံးသွားခဲ့ပါတယ်။ ရသေ့ကြီးတစ်ပါးက မိစ္ဆာဝိညာဉ်တစ်ထောင်ကိုစုပြီး ဇာမဏီငှက်မွှေးနဲ့ပေါင်းစပ်လိုက်ရင် သူ့ရဲ့ချစ်သူကို အသက်ပြန်သွင်းပေးနိုင်လို့ပြောပါတယ်။အချစ်ကြောင့်ဘာမှမမြင်နိုင်တဲ့မိစ္ဆာနှိမ်နင်းသူဟာ သူ့အချစ်ကိုအသက်ပြန်သွင်းဖို့ခရီးကိုစတင်လိုက်ပါတယ်။ မိစ္ဆာတွေရဲ့ဝိညာဉ်ကိုလိုက်စုနေရင်း တစ်နေ့မှာမိစ္ဆာတွေဟာလဲ လူသားတွေလိုပဲအချစ်ရှိပြီး အချစ်အတွက်နဲ့အသက်ကို စွန့်ဝံ့တယ်ဆိုတာသိလိုက်ရပါတယ်။ဒါပေမယ့် သူ့ရဲ့ဇနီးလေးကိုအသက်ပြန်သွင်းဖို့ဆက်ပြီးကြိုးစားနေတုန်းပါပဲ။တစ်ဖြည်းဖြည်းနဲ့မိစ္ဆာတွေဟာသူထင်သလောက်မဆိုးမှန်းသိလာရပြီးတော့ လူသားတွေဟာလဲထင်ထားတာထပ်ပိုပြီးယုတ်မာနိုင်တယ် ဆိုတာကိုသိလာရပါတယ်။ ကံကြမ္မာကိုတွန်းလှန်မယ့်သူ့ရဲ့ ခရီးဟာနောက်ဆုံးမှာဘယ်လိုအဆုံးသတ်မလဲ...... Filesize : 1.22 GB / 677 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure , Fantasy Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie

The Demon Hunter (2025)

Miss Agent 2 ( 2024 ) 5.8
Miss Agent 2 ( 2024 ) Miss Agent (2020) ရဲ့အဆက်ပဲဖြစ်ပါတယ် ပထမကားကိုဒီမှာရှာလို့ရပါတယ် ဒီတစ်ခါ အထူးအေးဂျင့်ဟောင်းဖြစ်တဲ့မမက အာရှပစိဖိတ်ဒေသရဲ့ ငွေကြေးစနစ်ကို လုံးဝဖျက်ဆီးပစ်မယ့်ရန်ကနေပြီးတော့ လောကကြီးကိုကယ်တင်လိုက်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။အတိတ်ရဲ့ဖြစ်ရပ်ဆိုးကြောင့် အထူးအေးဂျင့်ဖြစ်တဲ့မမက အလုပ်ကထွက်ပြီး သူ့ကိုချစ်တဲ့ယောင်္ကျားနဲ့အိမ်ထောင်ပြုပြီး သာမန်ဘဝလေးနဲ့နေထိုင်နေခဲ့တယ်။ ဖြစ်ချင်တော့ သူ့ယောင်္ကျားက AI နည်းပညာပညာရှင်ဖြစ်နေတဲ့အတွက် မသမာလူဆိုးဂိုဏ်းက ပြန်ပေးဆွဲတာကိုခံရတယ်။ ကမ္ဘာပေါ်မှာရှိသမျှဘဏ်တွေကနေပြီး ပိုက်ဆံတွေကိုလိုသလိုလုပ်နိုင်တဲ့ AI Program တစ်ခုရဲ့ချို့ယွင်းချက်ကို ပြင်ခိုင်းဖို့ပဲဖြစ်တယ်။ပြန်ပေးဆွဲခံရတဲ့ယောင်္ကျားကိုကယ်ဖို့ တစ်ယောက်ထဲ ဥပဒေမဲ့တဲ့နယ်မြေမှာ စွန့်စားပြီးတော့ ကယ်တင်သွားမယ့် ခပ်ကြမ်းကြမ်း အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ Filesize : 1.05 GB Quality : WEB-DL 1080p HEVC  Format : mkv Genres : Action , Crime Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Miss Agent 2 ( 2024 )

Fighting For The Motherland ( 2021 ) 5.8
Fighting For The Motherland ( 2021 ) အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အမိမြေအတွက် ကိုယ်ကျိုးစွန့် အသက်ကိုရင်းပြီး ကျူးကျော်သူတွေကို လက်နက်ချအရှုံးမပေးဘဲ အဆုံးထိတိုက်ခိုက်ခဲ့ကြတဲ့ မျိုးချစ်သူရဲကောင်းတွေ အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးပါဇာတ်လမ်းအကြောင်းအရာလေးကတော့.... ၁၁၆၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ဦးတည်ရိုက်ကူးထားတာပါ ၁၁၆၂ခုမှာ တကျင်လူမျိုးတွေ တစုန့်ပြည်ကို ကျူးကျော်ဝင်ရောက်လာပြီး နယ်မြေတွေသိမ်းကာ ရက်စက်တဲ့ဥပဒေတွေချမှတ်ခဲ့ပါတယ် အဲ့ဒီအချိန်မှာ နေထိုင်သူတို့ မနေသာဘဲ နေရာကွက်ကြား ပုန်ကန်မှုတွေပေါ်ပေါက်လာပါတော့တယ်တကျင်စစ်တပ်သိမ်းယူသွားတဲ့နယ်မြေတွေထဲမှာ ရှင်းချီကျီဆိုတဲ့ မျိုးချစ်စိတ်အပြည့်ရှိတဲ့ လူငယ်တစ်ယောက်ရဲ့ စီဖုန်းကျာရွာလေးလည်း ပါသွားခဲ့ပါတယ် ရှင်းချီကျီက ပညာတတ် စစ်ရေးစစ်ရာကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အတွက် သူဟာ အများသူငါလို တစ်နယ်ထဲ မပုန်ကန်ဘဲ ပုန်ကန်သူအားလုံးစုပေါင်းကာ တကျင်လူမျိုးတွေကို တစုန့်ပြည်ကနေ အပြီးတိုင်မောင်းထုတ်ဖို့ ကြိုးပမ်းပါတော့တယ် ဒီဇာတ်ကားလေးမှာဆိုရင် တစုန့်ပြည်မှာ ပြည်သူတွေ ကောင်းမွန်တဲ့ဘဝလေးနဲ့ ငြိမ်းချမ်းစွာနေထိုင်ရဖို့ ရှင်းချီကျီနဲ့ သူ့ရဲ့နောက်လိုက်ညီအစ်ကိုတို့ အသက်ကိုစွန့် ဘဝတွေကိုစွန့်ကာ မျိုးချစ်စိတ် ရဲစိတ်ရဲမာန်အပြည့်နဲ့ တော်လှန်ကြပုံကို မှင်သက်ရှုမောဖွယ် ဆက်လက်ကြည့်ရှုကြရမှာပါနော် Filesize : 1.39 GB / 761 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , History Runtime ...
movie

Fighting For The Motherland ( 2021 )

Wong Fei Hung: The Iron-Blooded Thirteen Aunts (2024) 5.8
Wong Fei Hung: The Iron-Blooded Thirteen Aunts (2024) တရုတ်ကွန်ဖူးသိုင်းကားတွေမှာ အမျိုးသားဇာတ်ဆောင်တွေကို အဓိကထားပြီး ရိုက်တတ်ကြပေမဲ့ ဒီရုပ်ရှင်လေးကတော့ ထူးထူးခြားခြား အမျိုးသမီးဇာတ်ဆောင် အသားပေးရိုက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မင်ကော်ခေတ်မှာ ဗြိတိန်လူမျိုးတွေက ကွမ်ကျိုးက မိန်းမပျိုလေးအများအပြားကို လှည့်ဖြားပြီး နိုင်ငံခြားကို ရောင်းစားနေကြောင်း သတင်းသိရပါတယ်။ အဲဒီ မိန်းမပျိုလေးတွေထဲမှာ ချင်မင်းဆက်ရဲ့ မင်းသမီးတစ်ပါးလည်း ပါသေးတယ်တဲ့။ တော်ဝင်မျိုးနွယ်ကို ဓားစာခံအဖြစ် ထိန်းချုပ်ထားနိုင်တဲ့အခါ ဗြိတိန်လူမျိုးတွေက ပိုရက်စက်ကြပြီး ချင်မင်းဆက်ကလည်း သူတို့ကို မထိရဲအောင် ဖြစ်နေပါတယ်။ပေါင်ကျီးလင်သူရဲကောင်း ဟွမ်ဖေးဟုန်ဟာ သူ့ဇနီးလောင်း သိုက်ရှောက်ကျွင်းနဲ့ တပည့်လျန်ခွမ်းတို့နဲ့အတူ ချင်မင်းဆက် ယဉ်ကျေးမှုရေးရာဌာန အမတ်ကြီးလင်ရဲ့ အမိန့်အရ ကျိုလုံဆိပ်ကမ်းမှာ နိုင်ငံခြားကို ရောင်းစားခံရမဲ့ မိန်းမပျိုတွေကို သွားကယ်ခဲ့ပါတယ်။ ဒါပေမဲ့ မိန်းမပျိုလေးတွေက သူတို့ ထင်ထားသလို အကယ်ခံရဖို့ စောင့်နေတာ မဟုတ်ဘဲ နိုင်ငံခြားကို ထွက်ရဖို့ မျှော်လင့်နေကြတာကို တွေ့ခဲ့ရပါတယ်။ဟွမ်ဖေးဟုန်ဟာ သိုက်ရှောက်ကျွင်းကို ကာကွယ်ဖို့အတွက်နဲ့ တိုက်ခိုက်ခံလိုက်ရပြီး သေလားရှင်လားမသိ ဖြစ်နေပါတယ်။ သိုက်ရှောက်ကျွင်းဟာ အမှန်တရားကို စုံစမ်းစစ်ဆေးဖို့အတွက် ဗြိတိန်သံတမန် လိုင်စစ်ထ်က ဖွင့်လှစ်ထားတဲ့ စိန့်အန်းနာ့ကျောင်းကို လျှို့ဝှက်ဝင်​ရောက်ခဲ့ပါတယ်။စိန့်အန်းနာ့ကျောင်းထဲမှာ ဘယ်လို လျှို့ဝှက်ချက်ကြီးတွေ ရှိနေမလဲ...... ကျောင်းသူလေးတွေက ဘာဖြစ်လို့ နိုင်ငံခြားကို လိုလိုလားလားထွက်ချင်ကြရတာလဲ...... သိုက်ရှောက်ကျွင်းတစ်ယောက် ...
movie

Wong Fei Hung: The Iron-Blooded Thirteen Aunts (2024)

Doomsday Warrior ( 2024 ) 5.7
Doomsday Warrior ( 2024 ) ဒီရုပ်ရှင်ကားလေးကတော့ တရုတ်နိုင်ငံကရိုက်တဲ့ ရှားရှားပါးပါး သိပ္ပံဇာတ်ကားကောင်းတွေထဲက တစ်ကားလို့ပြောရလောက်အောင်ကို ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ သိပ္ပံကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူးနော် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ - မျိုးသုဉ်းခြင်းလျို့ဝှက်နယ်‌မြေလို့ယာယီနာမည်ပေးထားတဲ့ အာကာသယာဉ်လုံးကြီးက တရုတ်နိုင်ငံ အခြေစိုက် အာကာသနှင့်သိပ္ပံစခန်း CTC ရဲ့ လမ္ဘာအာကာသစခန်းကို ဝါးမျိုသွားပြီး ကမ္ဘာမြေပေါ်ရောက်လာခဲ့ပါတယ် ။အဲဒီအရာကြီးရောက်လာပြီးကတည်း ကမ္ဘာမြေရဲ့ ရေအရင်းအမြစ်တွေက စတင်ပြီး ဆုံးရှုံးလာခဲ့ပါတော့တယ် ။ အဲဒီအရာကြီးကို စစ်ဆေးဖို့အတွက် ကုလသမ္မဂက doomsday Warrior အဖွဲ့တွေဖွဲ့ပြီး စေလွှတ်ခဲ့ပေမဲ့ ဘယ်သူမှ အသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး ။ နှစ်ဝက်ကြာပြီးတဲ့အခါမှာတော့ ကမ္ဘာမြေဟာ ရေရှားပါးလာမှုကြောင့် အဝါရောင်ပြောင်းသွားပြီးတော့ သေကြေကုန်တဲ့လူတွေလည်း တစ်ဘီလီလျံထိမြင့်မားလာခဲ့ပါတော့တယ် ။အဲဒီလိုနဲ့ CTC က အရေးပေါ်အခြေအနေအဖြစ် အထူးတပ်ဖွဲ့ 001 ကို မဖြစ်မနေတာဝန်ပြီးမြောက်အောင်လုပ်ဖို့ အမိန့်နဲ့အတူ ထိုအကာအကွယ်အလွှာထဲကို ဝင်ရောက်စေခဲ့ပါတယ်။ ‌ ကပ်ပတိန်ယန်ယိနဲ့အတူ သုတေသနအဖွဲ့ဝင် 2ယောက်လည်း တစ်ပါတည်းလိုက်ပါသွားခဲ့ပါတယ် ။ဇာတ်လမ်းလေးကတော့ အထူးတပ်ဖွဲ့ 001 က ထိုနယ်မြေမှာဘယ်လို စွန့်စားခန်းတွေနဲ့ကြုံတွေ့ရမလဲ ? ထိုအရာကြီးက ထူးဆန်းတဲ့အကောင်တွေက‌ရောဘာတွေဖြစ်မလဲ ။ ဒါ့အပြင် ကမ္ဘာမြေကြီးက ရေအရင်းအမြစ်တွေဆုံးရှုံးကုန်ရတဲ့အဓိက အကြောင်းကဘာဖြစ်မလဲ ? ရှားပါးသွားတဲ့ရေကရော ကမ္ဘာမြေပေါ်မှာ တဖန်ပြန်ရရှိနိုင်မလားဆိုတာကို စိတ်ဝင်စားစွာနဲ့ ...
movie

Doomsday Warrior ( 2024 )

League of Gods: Zhou Destruction I (2023) 6
League of Gods: Zhou Destruction I (2023) ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ Quality ...
movie

League of Gods: Zhou Destruction I (2023)

The Green Snake (2019) 6.1
The Green Snake (2019) အချစ်ကြောင့် ဘယ်နှစ်ယောက်များ ပျော်ရွှင်ပြီးပြီလဲ ? ဘယ်နှစ်ယောက်များ ဝမ်းနည်းကြေကွဲပြီးပြီလဲ ? ကိုယ်စတေးလိုက်တဲ့ အချစ်က သူ့အတွက် တကယ်ရော ပျော်ရွှင်နိုင်ပါ့မလား.... ဝန်ထုပ်ဝန်ပိုးဖြစ်နေမလား....မြွေဖြူ မြွေစိမ်း ပုံပြင်လေးကတော့ ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် မစိမ်းတဲ့ပုံပြင်တစ်ခုပါ ။ အခုက မြွေစိမ်းမယ် ရဲ့အကြောင်းလေးပါ။ အတိုက်ခိုက်ခံရတဲ့ မြွေစိမ်းမယ်က လော့ချွမ်းမြစ်ထဲကို ကျသွားတဲ့အခါ လော့ချွမ်းမြစ်ရဲ့ ကူးတို့နတ်သား ဖြစ်တဲ့ “ရွှမ်ယာ” ရဲ့ကယ်တင်ခြင်းကိုခံခဲ့ရပါတယ် ။အချစ်အတွက်နဲ့ ကူးတို့နတ်သား အဖြစ်အပြစ်ပေးခံထားရတဲ့ “ရွှမ်ယာ” က ဟိုးအရင်က ကျေးဇူးတရားကြောင့် မြွေစိမ်းလေးကို အသည်းနှလုံးစတေးပြီး ကယ်တင်ပေးခဲ့ပါတယ်။ချစ်သူ “ရွှမ်ယာ” ကို ရှာဖွေဖို့ နှစ်ပေါင်း ၃၀၀ လောက်အချိန်ကုန်ပြီးနောက်မှာ “မုယောင်” လို့ခေါ်တဲ့ မိန်းကလေးက လော့ချွမ်းမြေကို ရောက်ရှိလာပါပြီ ။ သူ့အချိန်တွေကို စတေးပြီး ရှာဖွေပြီးမှ တွေ့ရှိခဲ့တဲ့ “ရွှမ်ယာ” ကအခုတော့ နှလုံးသားမရှိတော့ဘူးတဲ့လား .....သွေးအေးအေးနဲ့ ...
movie

The Green Snake (2019)

2019