Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shen Baoping
5.8
The Demon Hunter (2025)
မိစ္ဆာနှိမ်နင်းသူတစ်ယောက်နဲ့သူ့ရဲ့ဇနီးဟာအရမ်းချစ်ခဲ့ကြတယ်။ လူသားမိစ္ဆာမခွဲခြားပဲလူတိုင်းကိုမေတ္တာထားတတ်တဲ့သူ့ရဲ့မိန်းမလေးဟာ တစ်နေ့မှာတော့ မိစ္ဆာရဲ့လက်မှာသေဆုံးသွားခဲ့ပါတယ်။ ရသေ့ကြီးတစ်ပါးက မိစ္ဆာဝိညာဉ်တစ်ထောင်ကိုစုပြီး ဇာမဏီငှက်မွှေးနဲ့ပေါင်းစပ်လိုက်ရင် သူ့ရဲ့ချစ်သူကို အသက်ပြန်သွင်းပေးနိုင်လို့ပြောပါတယ်။အချစ်ကြောင့်ဘာမှမမြင်နိုင်တဲ့မိစ္ဆာနှိမ်နင်းသူဟာ သူ့အချစ်ကိုအသက်ပြန်သွင်းဖို့ခရီးကိုစတင်လိုက်ပါတယ်။ မိစ္ဆာတွေရဲ့ဝိညာဉ်ကိုလိုက်စုနေရင်း တစ်နေ့မှာမိစ္ဆာတွေဟာလဲ လူသားတွေလိုပဲအချစ်ရှိပြီး အချစ်အတွက်နဲ့အသက်ကို စွန့်ဝံ့တယ်ဆိုတာသိလိုက်ရပါတယ်။ဒါပေမယ့် သူ့ရဲ့ဇနီးလေးကိုအသက်ပြန်သွင်းဖို့ဆက်ပြီးကြိုးစားနေတုန်းပါပဲ။တစ်ဖြည်းဖြည်းနဲ့မိစ္ဆာတွေဟာသူထင်သလောက်မဆိုးမှန်းသိလာရပြီးတော့ လူသားတွေဟာလဲထင်ထားတာထပ်ပိုပြီးယုတ်မာနိုင်တယ် ဆိုတာကိုသိလာရပါတယ်။ ကံကြမ္မာကိုတွန်းလှန်မယ့်သူ့ရဲ့ ခရီးဟာနောက်ဆုံးမှာဘယ်လိုအဆုံးသတ်မလဲ...... Filesize : 1.22 GB / 677 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure , Fantasy Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie
The Demon Hunter (2025)
6.3
Folk Legends: The Water Monkeys ( 2022 )
ထျန်းရွှေရွာဟာထျန်းရွှေမြစ်နံဘေးမှာတည်ရှိတဲ့ရွာငယ်လေးဖြစ်ပါတယ်။ တောတောင်တွေနဲ့အေးချမ်းသဖွယ်လို့ထင်စရာရှိပေမယ့် အမှန်တကယ်မှာတော့ ရွာလေးဟာလုံးဝကိုအေးချမ်းမနေခဲ့ပါဘူး။ အကြောင်းရင်းကတော့ ထျန်းရွှေမြစ်ထဲမှာ ရေသရဲရှိနေလို့ပါပဲ။ ရွာမှာ ရေသရဲသတ်လို့သေသွားသူတွေလည်းမနည်း၊ အမြဲတစေ ရွာသားတွေကရေသရဲရန်ကိုထိတ်လန့်နေကြရပါတယ်။ပိုင်ချိုးရွှေဟာ ထျန်းရွှေရွာဇာတိဖြစ်ပြီး ဖခင်ဖြစ်သူ ရေသရဲအသတ်ခံလိုက်ရအပြီးမှာ ရွာကထွက်သွားခဲ့တယ်။ နှစ်ပေါင်းများစွာကြာမှ ဇာတိရွာလေးကို ဖွံဖြိုးတိုးတက်အောင်လုပ်ပေးချင်လို့ သူဟာရွာလေးဆီကိုပြန်လာခဲ့ပါတယ်။ သူပြန်ရောက်လို့မကြာခင်မှာပဲ ရွာမှာထူးဆန်းတဲ့ ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့အခါမှာတော့... ရေသရဲဟာထင်ထားတာထက်ပိုပြီး အင်အားကြီးနေကြောင်းသိလိုက်ရတဲ့အခါ...ရေသရဲကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြလေမလဲဆိုတာကို သည်းထိတ်ရင်ဖိုခံစားကြည့်ရှုလိုက်ရအောင်။ Filesize : 0.98 GB / 525 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Fantasy , Thriller Runtime : 1h 11min Translated By CM Team Encoded by LK
movie
Folk Legends: The Water Monkeys ( 2022 )
5.8
The Zombies ( 2024 )
ကွမ်ကျိုးမြို့ရဲ့ ဆိပ်ကမ်းကနေ မြို့ထဲကိုလာတဲ့လမ်းမှာ ရှေးဟောင်းဘုရားကျောင်းကြီးတစ်ကျောင်းရှိပါတယ် ။ အဲဒီရှေးဟောင်းဘုရားကျောင်းကြီးက မကောင်းတဲ့အငွေ့အသက်အရမ်းပြင်းပြီးတော့ ပုပ်စော်တွေလည်းနံပါတယ်တဲ့ ။တစ်ခါတစ်ခါဆို ဘုရားကျောင်းထဲကနေ တဟူးဟူးအော်သံတွေပါကြားရတတ်ပါတယ် ။ တချို့လူတွေကတော့ လေတိုးသံလို့ပြောပေမဲ့ မြို့ထဲက တတ်သိနားလည်တဲ့လူကြီးတွေကတော့ အဲဒီဘုရားကျောင်းထဲမှာ စွန့်ပစ်ထားကြတဲ့ ပိုင်ရှင်မဲ့အလောင်းတွေရဲ့ လေလွင့်ဝိညာဉ်တွေက အော်တယ်ဆိုပြီး ပြောကြပါတယ် ။ဒီလိုဒွိဟဖြစ်စရာ ကောလဟယလတွေကြားမှာ အင်္ဂလိပ်တွေက အဲဒီလမ်းကနေ မြို့ထဲကိုဘိန်းမှောင်ခိုတင်သွင်းဖို့လုပ်ပါတော့တယ် ။ အဲဒီဘိန်းမှောင်ခိုတင်သွင်းတဲ့လှည်းတန်းကြီး ရှေးဟောင်းဘုရားကျောင်းကဖြတ်တဲ့အချိန်မှာတော့ မထင်မှတ်ထားတဲ့ ပြဿနာတွေပေါ်ပေါက်လာပါတော့တယ် ။ဟိုတုန်းက ဟောင်ကောင်ဖုတ်ကောင်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကျန်တာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Mystery , Action Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
movie
The Zombies ( 2024 )
5.8
The Mystery of Jade ( 2024 )
မီးထွန်းပွဲတော်ညတစ်ညမှာ ပြည်သူတွေပျော်ပျော်ရွှင်ရွှင်နဲ့ လည်ပတ်ပြီး မီးပုံးတွေရှုစားနေတဲ့အချိန်မှာ တော်ဝင်နတ္ခတ်ပညာရှင်ကြီးက " စုန့်တိုင်းပြည်ကြီးပျက်တော့မည်" ဆိုတဲ့တဘောင်ကို တွင်တွင်အော်ဟစ်ပြီး အဆောက်အဦးပေါ်ကနေခုန်ချသေဆုံးသွားခဲ့တယ်။တဘောင်ကြောင့် ပြည်သူတွေထိတ်လန့်တကြားဖြစ်ရပြီး တိုင်းပြည်တည်ငြိမ်ရေးကိုပါ ထိခိုက်လာနိုင်တဲ့အတွက် ဘုရင်မင်းမြတ်ဟာ ပေါင်ချိန်ကို (၃)ရက်အတွင်းအမှုဖော်ဖို့ တာဝန်ပေးလိုက်ပါတယ်။ (၃)ရက်အတွင်းမှာ ဆန်းကြယ်လှတဲ့ဒီအမှုကိုဘယ်လိုစုံစမ်းစစ်ဆေးမလဲ...... ပြည်သူတွေကိုကိုင်လှုပ်ခဲ့တဲ့တဘောင်ကိုပြန့်အောင်လုပ်တဲ့သူကဘယ်သူဖြစ်နေမလဲ......အရာအားလုံးကိုနောက်ကွယ်ကချုပ်ကိုင်နေတဲ့တရားခံဟာ ဘယ်လိုရည်ရွယ်ချက်နဲ့များကျူးလွန်ခဲ့တာဖြစ်မလဲ...... လူငယ်ပေါင်ချိန်ဇာတ်ကားဖြစ်ပြီးတော့ ပေါင်ချိန်ဇာတ်လမ်းတွဲနဲ့မတူတဲ့ ဟန်တစ်မျိုးနဲ့ တင်ဆက်ပုံဖော်ထားတာဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းတွေကိုကြိုက်တဲ့ ပရိသတ်အတွက် စိတ်ဝင်စားစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Mystery , Horror Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Mystery of Jade ( 2024 )
6
League of Gods: Zhou Destruction I (2023)
ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ Quality ...
movie
League of Gods: Zhou Destruction I (2023)
5.9
Songjiang God Father ( 2023 )
SongJiang GodFather ဆိုတဲ့ Action ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- 1930 ခုနှစ် အစောပိုင်းလောက်မှာ ဂျပန်က တရုတ်ပြည်မထဲက ဟယ်နန်ပတ်ဝန်းကျင်မှာ စီးပွားရေးတိုးချဲ့ရန် ကြိုးစားနေပါတယ်။ ထိုအချိန်မှာ ဂျပန်မှ ရင်းနှီးမြှုပ်နှံမှုတွေ များစွာဝင်လာခဲ့ပါတယ်။ဂျပန်လျှို့ဝှက်တပ်ဖွဲ့တွေကလဲ ကျန့်ကျိုးတစ်ဝိုက်မှာ လျှို့ဝှက်စွာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဂျပန်တွေ ဖက်ကလဲ ဂျပန်တုန်းယန်ကုမ္ပဏီတည်ထောင်ပြီး စီးပွားရေး ဆိပ်ကမ်းတည်ဆောက်ရန်အတွက် ပြည်မအတွင်းမှ ကုန်သည်များအဖွဲ့နဲ့ ပူးပေါင်းရန် လိုအပ်နေပါတယ်။ဒါကို ကုန်သည်များအဖွဲ့ဥက္ကဌကြီးကုက လက်မခံခဲ့ပါဘူး။ သို့သော် ဥက္ကဋ္ဌကြီးရဲ့ သားအရင်းဖြစ်သူ ကုရှီးကွမ်းကတော့ ဂျပန်တွေနဲ့ ပူးပေါင်းပြီး အကျိုးအမြတ်ရချင်တဲ့အတွက် အ ဖေဖြစ်သူကို သတ်ခဲ့ပြီး သူ့ရဲ့မွေးစားညီဖြစ်သူ ကုယန့်ချိုးကို စွပ်စွဲခဲ့ပါတယ်။လူသတ်သမားအဖြစ် စွပ်စွဲခံထားရတဲ့ ကုယန့်ချိုးတစ်ယောက် သူအပြစ်ကင်းကြောင်းကို သက်သေပြဖို့ ဘယ်လို ကြိုးစားရမလဲ...... သူ့အဖေကို သတ်ခဲ့တဲ့လူကိုရော ကလဲ့စားပြန်ချေနိုင်ပါ့မလား ဆိုတာကို ရုပ်ရှင်လေးကိုပဲ ကြည့်ရှုခံစားလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 10 min Subtitle : ...
movie
Songjiang God Father ( 2023 )