Channel Myanmar

Sheeba Chaddha

Ishq Vishk Rebound (2024) 5.4
Ishq Vishk Rebound (2024) Ishq Vishk Rebound 2024 "အချစ်နှင့်ဘေးထွက်ဆိုးကျိုးများ"ချစ်ဖို့ကောင်းတဲ့ ဟင်ဒီ rom-com လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ကတော့ Mismatched စီးရီးနဲ့ နာမည်ရလာတဲ့ Rohit Saraf နဲ့ နာမည်ကြီးရိုရှန်မိသားစုထဲက နောက်တစ်ယောက်ဖြစ်တဲ့ တက်သစ်စမင်းသမီး Pashmina Roshan တို့ပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ရာဂါဗ်က တက်သစ်စ ဇာတ်ညွှန်းဆရာတစ်ယောက်ပါ အလုပ်ဒတ်လိုင်းနီးနေတဲ့အခါမှာ သူ့ရဲ့ကိုယ်ပိုင်ဘဝကိုပဲ နောက်ကြောင်းပြန်လှည့်စဉ်းစားရင်း ဇာတ်ညွှန်းဖန်တီးဖို့ ဖြစ်လာပါတော့တယ်တချိန်က သူ့ရဲ့သွားအတူစားအတူ ငယ်သူငယ်ချင်း ဆန်ယာနဲ့ ဆာဟီရ်တို့ဟာ အရွယ်တစ်ခုရောက်လာတော့ ချစ်သူတွေဖြစ်သွားကြတဲ့တွက် ရာဂါဗ်တစ်ယောက် third wheel ဘဝရောက်သွားပါတယ်ဒီလိုနဲ့ သူငယ်ချင်းချစ်သူစုံတွဲကိုပဲ အချိန်ပေးနေရတဲ့ ရာဂါဗ်ကိုယ်တိုင် ဆတ်ဆတ်ကြဲချစ်သူကောင်မလေးရလာတဲ့အခါမှာ သူငယ်ချင်းတွေနဲ့ ချစ်သူကောင်မလေးကြား ဟန်ချက်မညီခြင်းတွေဖြစ်လာပြီး ဘယ်လိုအလွဲလေးတွေ ရင်ဆိုင်ရမလဲ ဆက်လက်ကြည့်ရှုပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.84 GB / 924 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Ishq Vishk Rebound (2024)

Raid (2018) 7.6
Raid (2018) Raid (2018)ဒီဇာတ်ကားလေးဟာ ၁၉၈ဝခုနှစ်များဆီက အိန္ဒိယနိုင်ငံမှ အခွန်ဦးစီးဌာနအရာရှိတစ်ယောက်ရဲ့ အဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဆင်းရဲသားတွေဆီကခေါင်းပုံဖြတ်၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ချမ်းသာလာပြီး တစ်ဖက်မှာလူအများအမြင်ကြည်အောင်ဘီလူးခေါင်းကွယ်ထားတတ်တဲ့ လူချမ်းသာတွေ၊ ပြည်သူတွေကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့နိုင်ငံရေးသမားတွေကို သူတို့ဆီမှာအမှန်တကယ် တရားဘောင်အတွင်းကနှိပ်ကွပ်ခဲ့တဲ့အဖြစ်အပျက်လေးကိုအခြေတည်ထားတာပါ။ရိုးသားပြီးကိုယ့်ခံယူချက်အတိုင်းလုံးဝတရားမပျက်တဲ့ အစိုးရအရာရှိတစ်ယောက်သူတို့ဆီမှာရှိဖူးတယ်ဆိုတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဘူးဆိုတဲ့သတ္တိနဲ့ အဆိုပါအခွန်ဦးစီးဌာနကအရာရှိတစ်ယောက် လက်နောင်းမြို့ကို၄၉ကြိမ်မြောက် ရာထူးပြောင်းရွေ့ခြင်းခံရပြီးရောက်လာတာကစတာပါပဲ။အရင်အရာရှိတွေနဲ့မတူပဲ အလုပ်ကိုအမှန်အကန်လုပ်တဲ့သူနဲ့တွေ့တဲ့အခါမှာတော့ ဂုတ်သွေးစုပ်နေတဲ့ သွေးစုပ်ဖုတ်ကောင်ကြီးတွေ မျက်ဖြူလန်တော့တာပါပဲ။ဇာတ်လမ်းလေးကိုဆက်မပြောတော့ဘဲကိုယ်တိုင်ပဲကြည့်လိုက်စေချင်ပါတယ်။နိုင်ငံရေးသဘောသဘာဝတွေ၊ ရိုးသားတဲ့အစိုးရဝန်ထမ်းတွေနှိပ်ကွက်ခံရမှုတွေ၊ လူထုကိုနိုင်ငံရေးသမားတွေဘယ်လို ဦးနှောက်အဆိပ်ခတ်ထားသလဲဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသပုံဖော်ထားတာကိုတွေ့ရမှာပါ။Rating အနေနဲ့လည်း 7.6 အထိရရှိထားပြီး ငွေကြေးအရလည်းအောင်မြင်ထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thura Zarni Aung မှ တင်ဆက်ထားတာပါ။) File size…(7.6 GB )/ (2 GB)/ (1 GB) Quality…BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thura Zarni Aung
movie

Raid (2018)

2018
4K HEVC
Kaushaljis vs Kaushal (2025) 6.3
Kaushaljis vs Kaushal (2025) Kaushaljis Vs Kaushal (2025) "ကျွန်တော်တို့မိသားစု"ဒီတစ်ခါမှာ ရင်ကိုနွေးထွေးစေမယ့် ဟင်ဒီ ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ်ဇာတ်လမ်းအကျဉ်းမှာတော့ ယုခ်ဟာ မားကတ်တင်းအလုပ်ကို လုပ်ကိုင်ပြီး အထက်လူကြီးသဘောကျတဲ့ အရည်အချင်းရှိလူငယ်တစ်ယောက်....နယ်မှာနေတဲ့ သူ့မိဘတွေကတော့ တစ်ယောက်ကိုတစ်ယောက် နားလည်မပေးနိုင်ဘဲ ရန်တကျက်ကျက်နဲ့ ပျက်လုပျက်ခင် ဆက်ဆံရေးရှိပြီး တစ်ဖက်မှာ ရဲရဲဝံ့ဝံ့ရှိလှတဲ့ မိန်းကလေးတစ်ဦးနဲ့ စတင်တွေ့ဆုံပြီး အချစ်ဇာတ်လမ်းလေးပေါ်ပေါက်လာပုံနဲ့တစ်ဖက်မှာလည်း သတ်လတ်ပိုင်း ဇနီးမောင်နှံတို့ရဲ့ ခေါက်ချိုးမညီတဲ့ အိမ်ထောင်ရေးကတဖုံ ...မတူညီတဲ့ စုံတွဲနှစ်တွဲရဲ့ အချစ်ရေးပြဿနာတွေကို ပုံဖော်ထားတဲ့ ဒီဇာတ်လမ်းလေးမှာ အားပေးလိုက်ရအောင်အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ ToMo ~ STAR ~ Zwe Yan မှ ဖြစ်ပါတယ် File size… 2.7 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by KKKZ ~ ToMo ~ ...
movie

Kaushaljis vs Kaushal (2025)

Baby John (2024) 6.2
Baby John (2024) Baby John (2024) ဘေဘီဂျွန်လာပြီဟေ့အခုတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးမယ့် ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်ကားကအသစ်ပေမယ့် ဇာတ်လမ်းကတော့ အဟောင်းပါပဲ တောင်ပိုင်းမင်းသားဗီဂျေးရဲ့ပရိသတ်တွေဆို သိကြမယ့် Theri တောင်ပိုင်းကားကို Remake ပြန်ရိုက်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တစ်ချိန်တုန်းက လူဆိုးတွေအတွက် နတ်ဆိုး…လူကောင်းတွေအတွက်တော့ နတ်ဘုရားအလား နာမည်ကြီးခဲ့တဲ့ IPS အရာရှိတစ်ယောက်ရှိခဲ့ပါတယ်…..လောလောဆယ် အဲ့အရာရှိဟာပျောက်ဆုံးနေပြီးတော့ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိခဲ့ပါဘူး… အခုခေတ်မှာတော့ ဘေဘီဆိုတဲ့ကလေးမလေးနဲ့ ဘေဘီဆိုတဲ့အဖေတစ်ယောက် သားအဖနှစ်ယောက်ဟာ ကော်ဖီဆိုင်လေးဖွင့်ပြီး ပျော်ရွှင်စွာဘဝကိုဖြတ်သန်းနေပါတယ် ပျော်ရွှင်နေတဲ့ဘဝလေးထဲကို ဘေဘီဂျွန်ရဲ့အတိတ်ကအရိပ်ကလိုက်လာတဲ့အခါမှာတော့….မူရင်းကားရဲ့ရသကို မမှီရင်တောင်မှ မလျော့တဲ့ရသတွေပေးမှာမို့ အက်ရှင်ခန်း​ကောင်းကောင်းကြိုက်တဲ့ ပရိသတ်တွေအတွက် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ် File size… 3.1 GB / 1.7 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Baby John (2024)

Dum Laga Ke Haisha (2015) 7.5
Dum Laga Ke Haisha (2015) Dum Laga Ke Haisha (2015) "ဝဝကစ်ကစ်သတို့သမီး"၂၀၁၅ က ထွက်ရှိခဲ့တဲ့ ဟင်ဒီအချစ်ဟာသကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်များအနေနဲ့ Ayushmann Khurrana နဲ့ Bhumi Pednekar တို့ဖြစ်ပြီး ဘတ်ဂျက် ၁၄ ကုဋေတည်းနဲ့ ရုံတင်ဝင်ငွေ ၁၁၃ ကုဋေ ပြန်လည်ရရှိခဲ့တဲ့ ကားလေးပါဇာတ်လမ်းအကျဉ်းကတော့ ပရမ်းဆိုတဲ့ကောင်လေးဟာ ကျောင်းထွက်တစ်ယောက်ဖြစ်ပြီး ရှက်ကိုးရှက်ကန်းနဲ့ မိဘစကားကို မြေဝယ်မကျနားထောင်ရသူပါအဖေလုပ်သူရဲ့ အတင်းအကျပ်ခိုင်းစေမှုကြောင့် ဘွဲ့ရပညာတတ် ခပ်ဝဝကောင်မလေး ဆန်ဒယာ့ကို မိမိဆန္ဒမပါဘဲ လက်ထပ်လိုက်ရပြီး အစစအရာရာ စရိုက်လက္ခဏာမတူကြတဲ့ သူတို့မောင်နှံနှစ်ယောက် အကွဲအလွဲတွေကနေ အချစ်ကိုဘယ်လိုရှာတွေ့သွားမှာလဲဆိုတာကတော့ ...အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.76 GB / 877 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 49min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Dum Laga Ke Haisha (2015)

Visfot (2024)
Visfot (2024) Visfot (2024) “တစ်ရက်တာ ကံကြမ္မာ” Genre – Crime, Thrillerမင်းသား Fardeen Khan နဲ့ Riteish Deshmukh တို့ ပါဝင်ထားတဲ့ အသစ်စက်စက် ဟင်ဒီစကားပြော လျှို့ဝှက် သည်းထိတ်ရင်ဖို မှုခင်းကားကောင်းလေးကို တင်ဆက်ပေးသွားမှာပါ။ရှိုအစ်ဆိုတာ မကောင်းတဲ့လောကထဲကနေ ရုန်းထွက်လာပြီး ကားမောင်းစားကာ အမေအိုကြီးကို လုပ်ကျွေးနေသူတစ်ယောက်ပါ။ ဘာသာမတူပေမဲ့ ငယ်စဉ်ကတည်းက ချစ်ရတဲ့ လပ်ကီးဆိုတဲ့ ချစ်သူလေးလည်း ရှိပြီး လက်ထပ်ဖို့ ကြိုးစားနေသူပေါ့။တစ်ညမှာတော့ သူ့ဆီကို မြေအောက်လောကထဲက ဘော်ဒါတစ်ယောက်က ကားထဲကို ဂျတ်ကတ်တစ်ထည် ထားသွားခဲ့ပါတယ်။ အိမ်မှာ အမှုမဲ့ အမှတ်မဲ့ သိမ်းထားပြီးနောက် မိခင်ဖြစ်သူကြောင့် ဝါယာရှော့ခ်ရပြီး အိမ်မီးလောင်သွားတဲ့အခါ ဂျက်ကတ်က ပျောက်သွားပါတယ်။အဲဒီမှာတင် လူဆိုးဘော်ဒါကို ရှိုအစ်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ အကျပ်ရိုက်ပြီး ကောင်မလေးဆီ အကူအညီ သွားတိုင်ပင်ရာကနေ ကောင်မလေးဖက်ကလည်း ပြဿနာတစ်ခု ပါလာတဲ့အခါ ပြဿနာနှစ်ခုနဲ့ စုံတွဲတစ်တွဲ တစ်ရက်တည်းမှာတင် ဘယ်လိုတွေ တိုင်ပတ်ကြမလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie

Visfot (2024)

Bad Newz (2024) 6
Bad Newz (2024) Bad Newz 2024 ဖူးစာရွာလည်Imdb 6/10၁၉နှစ်အရွယ် ဘရာဇီးအမျိုးသမီးတစ်ဦးဖြစ်ပျက်ခဲ့တာကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုံကားတစ်ကားတင်ဆက်ပေးချင်ပါတယ် ကုဋေ၈၀သုံးထားပြီး ရုံတင်ငွေအနေနဲ့ ကု‌ဋေ၁၁၅.၇၄ ပြန်လည်ရရှိထားတဲ့အပြင် အပေါက်ဆုံး၄ကားမြောက်ဇာတ်ကားဖြစ်လာခဲ့ပါတယ်ဒီကားထဲမှာ မင်းသားချောဗစ်ကီ ပါဝင်သရုပ်ဆောင်ထားပြီး အသည်းထဲကစွဲရတဲ့ မင်းသမီးလေးTriptii Dimri ကလည်း အစွမ်းကုန်လှပပေးထားပါသေးတယ်ဖအေမတူဘဲ အမြွှာမွေးဖွားခြင်း ဒီသတင်းကအိန္ဒိယတစ်ဝှမ်းဟိုးလေးတကျော်ကျော်ဖြစ်နေပါတယ် ဒီဇာတ်လမ်းကိုရုပ်ရှင်ပြန်လည်ရိုက်ကူးဖို့ ကာယကံရှင်ဆီသွားရောက်မေးမြန်းခဲ့ပြီး အသေးစိတ်နောက်ကြောင်းပြန်ပေးထားတာပါဇာတ်လမ်းကတော့ ဘောစိမိသားစုမင်္ဂလာပွဲကစခဲ့ပါတယ် သမီးရှင်တွေ သားရှင်တွေက ကိုယ့်သားသမီးကိုပွဲထုတ်ကြတဲ့ပွဲတစ်ခုဆိုလည်း မမှားဘူးပေါ့ရှင် ဒီပွဲမှာ အာခေးလ်နဲ့ ဆာလိုနီတို့တွေ့ခဲ့ကြတယ် နှစ်ဦးသားက Sagittarius နဲ့ Gemini ဆိုတော့ လိုက်ဖက်ညီတယ်ဆိုပြီး ၂ဖက်မိဘကလည်းသဘောကျတဲ့အပြင် အတိုင်အဖောက်လည်းညီကြတဲ့ စိတ်တူကိုယ်တူသူတို့၂ယောက် တွေ့တွေ့ချင်းပဲစွဲလမ်းမိသွားလို့ အာခေးလ်တစ်ယောက် အားကြိုးမာန်တက်လိုက်ပါတော့တယ်ဒါပေမဲ့လည်းဆာလိုနီ့အိပ်မက်က စားဖိုမှူး‌တွေအတွက် အမြင့်ဆုံးဆုကို ဆွတ်ခူးနိုင်ဖို့ပါ ပန်းတိုင်မရောက်ခင် လမ်းမှာဝင်တိုက်မိတဲ့ ခလုတ်တံသင်းလေးအာခေးလ်နဲ့တွေ့မိတော့ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါဦးမလား အဖေမတူတဲ့အမြွှာဇာတ်လမ်းကရော ဘယ်လိုဖြစ်တည်လာမလဲဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…2.3GB / 1.1GB Quality…WEB DL 1080p HEVC / 720p Format…mkv/ mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Bad Newz (2024)

All India Rank (2023) 6.6
All India Rank (2023) All India rankIMDb 7.2/10 Rotten Tomatoes 67%မြန်မာနိုင်ငံမှာ ဆယ်တန်းဖြေလို့မေဂျာရွေးတဲ့အခါ ဆေးကျောင်း၊ နည်းပညာတက္ကသိုလ်၊ UFL စသည်ဖြင့် ခေတ်စားကြသလိုပဲ အိန္ဒိယမှာလည်း IIT က ခေတ်စားတဲ့တက္ကသိုလ်တစ်ခုပါ။ဝင်ခွင့်ရဖို့အရေး အနီးကပ်သင်တန်းတွေတက်၊ အချိန်အကြာကြီးပြင်ဆင်ကြ၊ စာမေးပွဲတွေဝင်ဖြေကြနဲ့ တကယ့်ကို ကျောင်းသားလောကရဲ့ စစ်ပွဲတစ်ခုပါပဲ။ဒီကျောင်းသားတွေထဲမှာ ဗီဗက်ကလည်း တစ်ယောက်အပါအဝင်ပါပဲ။ သားဖြစ်သူပို ဖြစ်မြောက်စေချင်တဲ့ မိဘတွေရဲ့လမ်းညွှန်မှုနဲ့ မြို့ပေါ်က နာမည်ကြီးနည်းပြအတန်းကို ဝင်ခွင့်စာမေးပွဲဝင်ဖြေပြီးနောက် မြို့ပေါ်ကအဆောင်မှာ မအူမလည်နဲ့ကျန်ခဲ့ရတော့မဲ့ ဗီဗက်တစ်ယောက် သူသိထားတဲ့၊ သူမြင်ခဲ့ဖူးတဲ့ လောကနဲ့ကွာတဲ့ ပြင်ပလောကကို အဆောင်ကျောင်းသားဘဝမှာပဲ စကြုံလိုက်ရပါပြီ။စားပွဲပေါ်ထိုင်ပြီး ဘောပင်၊ စာအုပ်နဲ့တိုက်ရတဲ့ပွဲမှာ ၁၇ နှစ်အရွယ် မအူမလည်လေး ဗီဗက်တစ်ယောက် အဖေ့ရည်မှန်းချက်အတိုင်းပဲ အောင်မြင်ပြီး တက္ကသိုလ်တက်ခွင့်ရနိုင်သွားမလား။ ဒါမှမဟုတ် သူဖြစ်ချင်တဲ့ အိပ်မက်တစ်ခုခုရှာတွေ့ပြီး ကိုယ်ထင်ရာလမ်းကို လျှောက်ဖြစ်မလားဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်လက်ရှုစားလိုက်ပါတော့နော်။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်။ File size…1.8GB / 600MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 37m Subtitle….Myanmar ...
movie

All India Rank (2023)

2024
Trial Period (2023) 7.1
Trial Period (2023) Trial Period(2023) ------------------ IMDb-7.2/10အစမ်းသုံးကာလ...။ပစ္စည်းတစ်ခုအရည်အသွေးကောင်းမကောင်း အသုံးကျမကျဆိုတာမျိုးက အစမ်းသုံးကြည့်ခွင့်ရတဲ့အခါ အတိုင်းအထက်အလွန်ပေါ့။ကိုယ်နဲ့ကိုက်ညီမယ့် အသုံးအဆောင်ပစ္စည်းဆိုရင် အပိုင်ဝယ်လိုက်ဖို့ရာ စိတ်ချရတယ်လေ။Relationshipတစ်ခုမှာလဲ လက်မထပ်ဘဲအတူနေတယ်ဆိုတာ အစမ်းသုံးကာလသဘောမျိုးလို့ထင်တာပဲ။အဆင်ပြေမှ နားလည်မှုတွေပြည့်၀ကြမှ ရှေ့ဆက်လက်တွဲဖို့ ဆက်စဉ်းစားကြတာမျိုးပေါ့။ကျွန်တော်တို့ဆီမှာလည်း ရှိတော့ရှိမှာ ရှားမှာပေါ့လေ။လူတစ်ကိုယ် စိတ်ရယ်အဖုံဖုံဆိုတော့လည်း ကောင်းတယ်ထင်မယ့်လူရှိသလို မကောင်းဘူးဆိုပြီးတူးတူးခါးခါးငြင်းဆန်ကြမယ့်သူတွေလည်းရှိတာပေါ့။ဒီဇာတ်လမ်းလေးထဲမှာတော့ အဖေမရှိပဲ မိခင်ဖြစ်သူနဲ့ကြီးပြင်းလာတဲ့ ကလေးလေးတယောက်။ ကျောင်းမှာ ငါ့အဖေကဘယ်လိုကွဆိုပြီး ကြွယ်တဲ့ဘော်ဒါကြောင့် အဖေဆိုတာကိုတမ်းတမိသွားတယ်။ အဖေများနေ့မှာ ရှေ့ထွက်ပြီး အဖေအကြောင်းသီချင်းဆိုခိုင်းတော့ ရှာရွတ်နဲ့ကာဂျိုးကားထဲက အန်ဂျလီလေးကိုတောင် သတိရမိသွားတယ်။အဲဒီလိုအခြေအနေတွေနဲ့ ကြုံလာတဲ့အချိန်မှာတော့ မိခင်ဖြစ်သူကို ပူဆာပါလေရော။အစမ်းသုံးကြည့်ဖို အဖေတယောက်ခေါ်ပေးတဲ့။တစ်လစမ်းသုံးကြည့်မယ်အဆင်မပြေရင် ပြန်ပို့လို့ရတာပဲတဲ့။ ဒီလောက်ဆို ဇာတ်လမ်းလေးရဲ့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းမယ့်အခန်းတွေရယ် မျက်ရည်လေးကလယ်ကလယ်နဲ့ ကြေကွဲရမယ့်အခန်းတွေရယ်ပါလာမယ်ဆိုတာ သိလောက်ပါပြီ။အမေနေရာသရုပ်ဆောင်တဲ့ မင်းသမီးကလည်း Force 1,2ထဲက မင်းသမီးချောလေး ဂနယ်လီယာဆိုတော့ ပေါကားမဟုတ်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ကြောင်း အာမခံရင်း တင်ဆင်ပေးလိုက်ရပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Aditi~Zwe~Cherryတို့ပဲဖြစ်ပါတယ်) File size…2.05GB / 878MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~Aditi~Zwe~Cherry
movie

Trial Period (2023)

Hum Dil De Chuke Sanam(1999) 7.4
Hum Dil De Chuke Sanam(1999) Hum Dil De Chuke Sanam (1999) ********************************** ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဆလ်မန်းခန်း၊အာဂျေးဒေ့ဗ်ဂန်ဒ်နဲ့ မင်းသမီးချောလေး အက်ရှ်ဝါးရွိုင်တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating ကလည်း 7.4အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း နန္ဒနီနဲ့ ဗန်ရား(ဂ်ျ)ဟာ မိဘတွေ ပေးစားတဲ့အတွက်ကြောင့် လက်ထပ်ခဲ့ရပါတယ်။ဗန်ရား(ဂ်ျ)နဲ့ လက်မထပ်ခင် နန္ဒီမှာ ဆမီး(ရ်)ဆိုတဲ့ ချစ်သူတစ်ယောက် ရှိခဲ့ပါတယ်။နန္ဒီဟာ ဗန်ရား(ဂ်ျ)နဲ့ လက်ထပ်လိုက်ရပေမဲ့လည်း သူ့ရဲ့အချစ်ဟောင်းကို မမေ့နိုင်ပဲ တလွမ်းလွမ်းတဆွေးဆွေး ဖြစ်နေခဲ့ပါတယ်။ ဒီအကြောင်းကို ဗန်ရား(ဂ်ျ)တစ်ယောက် သိသွားတဲ့အခါမှာတော့ နန္ဒီကို သူ့ရဲ့အချစ်ဟောင်း ဆမီး(ရ်)ရှိတဲ့ အီတလီကို လိုက်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဗန်ရား(ဂ်ျ)နဲ့ နန္ဒီတို့ရဲ့ အိမ်ထောင်ရေး ပြိုကွဲသွားမှာလား ... နန္ဒီ့အနေနဲ့ လက်ရှိခင်ပွန်းနဲ့ အချစ်ဟောင်း နှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးချယ်မှာလဲ .... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ...အချစ်၊အလွမ်း၊အဆွေးနဲ့ ဟာသတွေပါရောနှောထားပြီး ရသစုံစုံလင်နဲ့ ကြည့်ရမှာမလို့ ဘောလိဝုဒ် ပရိတ်သတ်များ လုံးဝလက်မလွှတ်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe ...
movie

Hum Dil De Chuke Sanam(1999)

1999
Phone Bhoot (2022) 6.9
Phone Bhoot (2022) Phone Bhoot (2022) Comedy, Horror IMDb 6.9/10 (7.4K)အခုတစ်ခါစပယ်ရှယ်တင်ဆက်ပေးမယ့်ကား​လေးကတော့ သရဲဟာသကားလေးပဲဖြစ်ပါတယ်ပြောစရာမလိုအောင် သိနေကြတဲ့ မင်းသမီးချောလေး ကက်ထရီနာ...Dhadak (2018) & Khaali Peeli (2020) ထဲက မင်းသား အီရှန်းခသရ်...ဒီပီကားနဲ့တွဲရိုက်ထားတဲ့ Gehraiyaan (2022) ထဲက မင်းသား ဆစ်ဒန့်သ်ချတူးဗေဒီးတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်နော်ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင် မေဂျာနဲ့ ဂူလူးတို့နှစ်ယောက်က ၁၀၉ - ၁၁၀ အလုပ်မရှိအကိုင်မရှိတဲ့လူငယ်နှစ်ယောက်.. ငယ်ငယ်ကတည်းက သည်းထိတ်ရင်ဖို သရဲဇာတ်လမ်းတွေကြည့်ပြီး မကောင်းဆိုးဝါးနှင်တဲ့သူဖြစ်ချင်နေကြတဲ့သူတွေပေါ့..တစ်နေ့သူတို့နှစ်ယောက် တောင်ကုန်းတစ်ခုကိုတူးရင်း ရာကာဆိုတဲ့အရုပ်ကိုရသွားပြီး သူတို့အိမ်ငှားခတွေပေးနိုင်အောင် အဲ့ဒီအရုပ်ကြီးကိုဆုတောင်းကြတယ်. ဟော်လိုးဝင်းပါတီလုပ်ကြတဲ့အခါ အရုပ်ကြီးရဲ့မျက်လုံးကိုထိခိုက်မိပြီး မီးတွေနဲ့ပြန်ပြင်ဖို့လုပ်ကြရင်း ဓာတ်လိုက်ခံရပြီးသတိမေ့သွားကြပါတော့တယ်အဲ့ဒီမှာ သရဲမလေး ရာဂီနီနဲ့တွေ့ကာ ရာဂီနီက အပေးအယူတစ်ခုလုပ်ပြီး မေဂျာနဲ့ဂူလူတို့နှစ်ယောက်ကို သူတို့ဖြစ်ချင်တဲ့ မကောင်းဆိုးဝါးနှိမ်နင်းသူဖြစ်အောင် သူကူညီနိုင်ကြောင်း ပြောလာပါတယ်... ဒါပေမယ့် မေဂျာနဲ့ဂူလူက အဲ့ဒီအကြံကိုအသုံးချပြီး ဖုန်းသရဲဆိုတဲ့ Appတစ်ခုကိုတီထွင်ပြီး လူတွေကိုမကောင်းဆိုးဝါးပူးရင် ဖုန်းခေါ်ဆိုအကူအညီတောင်းလို့ရအောင်လုပ်ပါတော့တယ်.. အဲ့ဒီ ဖုန်းသရဲAppကြောင့်သူတို့ဘာတွေဆက်ဖြစ်မလဲ သူငယ်ချင်းနှစ်ယောက် ဘယ်လိုတွေတလွဲတချော်လုပ်ကြမလဲဆိုတာ ဟာသလေးနှောပြီးကြည့်ကြရမှာမို့ လက်မလွှတ်သင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်.... File size…2.21GB  / 1.01GB Quality…1080p HD RIP / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Hay ...
movie

Phone Bhoot (2022)

2022
Doctor G (2022) 7.1
Doctor G (2022) Doctor G (2022)ခုတစ်ခါထွက်ရှိလာတဲ့ရုံတင်ကားလေးကတော့ ဘတ်ဂျတ်၃၅ကုဋေ သုံးထားပြီး လက်ရှိ၄၁ကုဋေပြန်လည်ရရှိထားပြီး မင်းသားချော အာရွရှ်မန်းခူရာနားနဲ့ မင်းသမီးချောလေး ရာကူလ်ပရီသ်တို့ရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားက ဆရာဝန်ဇာတ်လမ်းလေးပေါ့နော် သိပ်ကို အရိုးအကြောအထူးကုဆရာဝန်ဖြစ်ချင်နေတဲ့ ဒေါက်တာလေး အူဒေးရဲ့အကြောင်းပါသူ့မှာ ရီချားဆိုတဲ့ ချစ်သူကောင်မလေးတစ်ယောက်ရှိတယ် ကောင်မလေးနဲ့အတူ စိတ်ကူးတွေအများကြီးယဥ်ခဲ့ပေမယ့် သူ့ကောင်မလေးက သူ့ကိုအသည်းခွဲခဲ့ပါတယ်ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ သူ သိပ်ဖြစ်ချင်တဲ့ အရိုးအကြောဆရာဝန်လည်း ဖြစ်ခွင့်မရဘဲ သားဖွားမီးယပ်ဌာနကိုပဲ ဝင်ခွင့်ရခဲ့ပါတယ် ဟိုရောက်တော့ ယောက်ျားလေးဆိုလို့ သူ တစ်ယောက်တည်းရှိလေတော့ သူများအနိုင်ကျင့်ဗိုလ်ကျခံရတာပေါ့နော် အဲ့ဒီမှာပဲ ဆရာဝန်မလေးတစ်ယောက်နဲ့ သွားဆုံမိပါတယ် အချင်းချင်းရိုင်းပင်းကူညီမိလာကြတဲ့အခါ သံယောဇဥ်နှောင်ကြိုးတွေကို အူဒေးဟာ မလွန်ဆန်နိုင်ခဲ့ပါဘူးသို့ပေမယ့်လည်း အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးသည်ဟူ၍မရှိမလား ကဲ ဆက်လက်ပြီး ကျန်တဲ့အပိုင်းကိုတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြည့်ကြနော် ဒီဇာတ်ကားလေးမှာ ဟာသလေးတွေလည်းပါလို့ ရယ်မောနေရမှာဖြစ်သလို ဆေးပညာဗဟုသုတတွေလည်း ရရှိမှာဖြစ်ပါတယ် ဆရာဝန်တွေမှာလည်း အသည်းနဲ့ပါဆိုတော့....။ ကြည့်လို့ရပါပြီနော် File size…1.87GB  / 888MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ OeliuJ ~ Thet Ko
movie

Doctor G (2022)

2022
Maja Ma (2022) 6.2
Maja Ma (2022) Maja Ma 2022 6.4/10 IMDb ဒီတစ်ခါပရိတ်သတ်ကြီးကို မိသားစုဒရမ်မာ ဇာတ်ကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ ဒီနေ့ခေတ်မှာ LGBT တွေဟာလူမှုပတ်ဝန်းကျင်မှာ လူနည်းစုသာထောက်ခံသူရှိတဲ့ အသိုင်းအဝိုင်းတစ်ခုဆိုတာ လူတိုင်းသိပြီးဖြစ်မှာပါ...လူပတ်ဝန်းကျင်မှာ သူတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေ မိမိနေချင်သလိုလွတ်လပ်စွာနေလို့မရတဲ့ဘဝမှာ ချိုးနှိမ်ထားရတဲ့စိတ်ဆန္ဒတွေ မိသားစုအတွက်သူတို့ရဲ့တကယ့်စွန့်လွှတ်အနစ်နာခံမှုတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ မိသားစုဒရမ်မာဇာတ်ကားကောင်းလေးတစ်ခုပါဇာတ်လမ်းအမြည်းလေးကတော့ ပါလာဗီဟာသူမရဲ့အတိတ်ကအမှန်တရားကို ဖုံးကွယ်ထားတဲ့ မိသားစုကိုတုန်နေအောင်ချစ်တဲ့အိမ်ထောင်ရှင်မတစ်ယောက်ပါ သူ့ရဲ့သားတေဂျာက USမှာအလုပ်လုပ်နေပြီး ချမ်းသာကြွယ်ဝတဲ့မိသားစုက အီရှာဆိုတဲ့မိန်းကလေးနဲ့ချစ်မိသွားတဲ့အခါ အီရှာရဲ့မိဘတွေက တေဂျာရဲ့မိသားစုနဲ့တွေ့ဖို့အကြောင်းဖန်လာပါတော့တယ် ဒါပေမယ့်ပါလာဗီ့ရဲ့အကြောင်းတွေကောလဟာသပြန့်နှံ့သွားတဲ့အခါ သူတို့ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ကြရမလဲ.... ဘဝအလှည့်အပြောင်းတွေဘယ်လိုဘယ်ပုံတွေ့ကြုံရမလဲဆိုတာ ရသမျိုးစုံဖန်တီးရိုက်ကူးထားလို့ လိုက်ပါခံစားကြည့်ရှုပေးကြပါဦး File size…1.936B  / 955MB Quality…1080p / 720p Format…mp4 Duration…. Subtitle….Mynamr Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Lwin Htoo & Kevin
movie

Maja Ma (2022)

2022
Khuda Haafiz: Chapter 2 (2022) 8.3
Khuda Haafiz: Chapter 2 (2022) Khuda Haafiz Chapter II: Agni Pariksha (2022)=============================ကွန်မန်ဒိုမင်းသားရဲ့ အက်ရှင်ကားလေးတစ်ကား ထွက်လို့လာခဲ့ပြန်ပါပြီ...နံပါတ် ၁ ကတော့ ၂၀၂၀ လောက်က ထွက်ရှိထားပါတယ်...နံပါတ် ၁ တုန်းကလည်း ကွန်မန်ဒိုမင်းသားရဲ့ အကြမ်းအရမ်း အက်ရှင်တွေကို တစ်ဝကြီး ကြည့်ခဲ့ရသလို နံပါတ် ၂ မှာလည်း အက်ရှင်ခန်းတွေကို ကောင်းကောင်းကြီးမြင်တွေ့ရဦးမှာပါ..အိန္ဒိယနိုင်ငံမှာ ၁၅မိနစ်ခြားတစ်ခါ အမျိုးသမီးတစ်ယောက် အဓမ္မကျင့်စော်ကားခံနေရပါတယ်..နှစ်စဉ်နှစ်တိုင်းပြစ်မှုပေါင်း ၇၂၀၀ကျော် ဖြစ်ပွားနေတယ်..ဒီဇာတ်လမ်းလေးမှာလည်း စမီရ်နဲ့ နရ်ဂစ်တို့ဟာ ဒုက္ခအပေါင်းကို ကျော်လွှားပြီး ဘဝကိုအဆင်ပြေပြေနဲ့ အခြေချနေထိုင်ဖို့ ကြိုးစားနေကြတဲ့ ဇနီးမောင်နှံတွေဖြစ်ပါတယ်...နိုင်ငံရပ်ခြားမှာ ရောင်းစားခံရပြီး အကြိမ်ပေါင်းများစွာ မုဒိန်းကျင့်ခံခဲ့ရတဲ့ နရ်ဂစ်အဖို့ ဒီစိတ်ဒဏ်ရာဟာ နေ့စဉ်နဲ့အမျှ လူကို သတ်နေပါတယ်...သူတို့လင်မယားနှစ်ယောက်ရဲ့ကြားမှာ ပေါင်းကူးတံတားလေးဖြစ်စေဖို့ စမီရ်ဟာ နန်ဒီနီဆိုတဲ့ ၅နှစ်အရွယ် သမီးမိန်းကလေးတစ်ယောက်ကို မွေးစားလိုက်တယ်မိသားစုရိပ်မြုံလေးအစပျိုးလာပြီး သံယောဇဉ်တွေနဲ့ ပျော်ရွှင်နေတဲ့အခိုက်အတန့်မှာ နန်ဒီနီလေး မတော်တဆပြန်ပေးဆွဲခံလိုက်ရပါတယ်..ရုန်းရင်းဆန်ခတ်အဖြစ်အပျက်တွေကြားမှာ ဒီကလေးမလေး မဖြစ်သင့်တာတွေဖြစ်လာတဲ့အခါမှာတော့ ဖခင်ဖြစ်သူရဲ့သမီးအပေါ်ထားရှိတဲ့ မေတ္တာနဲ့ ကလဲ့စားဟာ ဘယ်လောက်တောင် ကြမ်းတမ်းပေါက်ကွဲထွက်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ... File size…6.7GB / 2.3GB / 1.1GB Quality…4k HEVC WEBDL / 1080p True WebDl ...
movie

Khuda Haafiz: Chapter 2 (2022)

2022
4K HEVC Web-DL
Murder (2004) 5.5
Murder (2004) Murder (2004) Drama, Romance, Thriller IMDb 5.5/10 (4.1K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ အိန္ဒိယရုပ်ရှင်လောကရဲ့ Kissing မင်းသားဆိုပြီး နာမည်တွင်လာခဲ့တဲ့ ဇာတ်ကားလေးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ အင်မရန်းဟက်ရှမီရဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဆူဒီးနဲ့ ဆင်မရန်းတို့ဟာ ဘန်ကောက်မြို့ကို ပြောင်းရွှေ့အခြေချနေထိုင်နေတဲ့ မိသားစုလေးတစ်စုဖြစ်ပြီး သူတို့မှာ ကဗီးဆိုတဲ့ သားလေးတစ်ယောက်ရှိတယ် လောလောလတ်လတ် ဘန်ကောက်မှာ အခြေလာချကြတာဆိုတော့ အပေါင်းအသင်းမိတ်သင်္ဂဟသိပ်မရှိဘူးယောက်ျားဖြစ်သူ ဆူဒီးကလည်း အလုပ်ထဲမှာပဲ စိတ်နှစ်ထားတော့ လင်မယားနှစ်ယောက် စကားလက်ဆုံကျတယ်လို့ကိုမရှိဘူးပေါ့...အထီးကျန်လွယ်တဲ့ မိန်းမသားတို့ရဲ့သဘာဝအတိုင်း ဆင်မရန်းဟာ အမြဲတမ်းလစ်ဟာနေသလိုခံစားနေရတတ်တယ်... ကံကြမ္မာက ကျီစားလေသလား... ဆင်မရန်းဟာ သူရဲ့ရည်းစားဟောင်းဖြစ်သူ ဆန်နီနဲ့ ဘန်ကောက်မှာသွားဆုံမိခဲ့ပါတယ်...ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ တိတ်တိတ်ပုန်း သူတို့ရဲ့လိုအပ်ချက်တွေကို အပြန်အလှန်ဖြည့်ဆည်းပေးလာခဲ့ကြပါတော့တယ်....နောက်ပိုင်း တဏှာရဲ့ကျေးကျွန်ဖြစ်လာတဲ့အခါမှာတော့ လူသတ်ရလောက်တဲ့အထိ မိုက်မဲခဲ့ပုံတွေနဲ့ ဆင်မရန်းရဲ့အိမ်ထောင်ရေးဘဝမှာ လှိုင်းဂယက်တွေ ဘယ်လောက်တောင်ထန်လာမလဲဆိုတာကို ဆက်လက်ပြီးရှုစားပေးရဦးမှာဖြစ်ပါတယ်...အနုအရွလေးတွေနဲ့ ၁၈ယောက်စုကြည့်ရမယ့်အခန်းလေးတွေလည်းပါတာမို့ စောင် FA များ တစ်သျှူးကိုက်ကြည့်ကြပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော် File size…3.37GB / 1.17GB Quality…1080p WEBRIP Hindi / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Murder (2004)

2004
Gully Boy (2019) 8.4
Gully Boy (2019) Gully Boy(2019)IMDb...8.4 / Rotten Tomatoes (96%) "ကျွန်တော့်ဘဝနဲ့ ထပ်တူညီဖို့ ကျွန်တော့် အိမ်မက်တွေကိုပြောင်းလဲမှာမဟုတ်ဘူး.... ကျွန်တော့်အိမ်မက်တွေနဲ့ထပ်တူကျဖို့ ကျွန်တော့်ဘဝကိုပြောင်းလဲပစ်မှာ..။" မင်းသားရမ်ဘီဆင်း...မင်းသမီးအာလီယားဘတ်တို့နဲ့ ဒီဇာတ်ကားက ၂၀၁၉ ခုနှစ်ရဲ့ အောင်မြင်မှုတလှေကြီးရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ဇာတ်လမ်းကတော့...အသက် ၂၂ နှစ်အရွယ်မူရတ်ဆိုတဲ့ Rap ဂီတကိုရူးသွပ်တဲ့ မွတ်ဆလင် ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ.... သူ့အဖေဖြစ်သူက ဒါရိုက်ဘာလုပ်ပြီး သူ့ရဲ့ပညာရေးအတွက် ပင်ပန်းဆင်းရဲခံပြီး ငွေကြေးပမာဏအမြောက်အမြားကို ရင်းနှီးမြှုပ်နှံ ပံ့ပိုးပေးခဲ့ပါတယ်..... ဒါပေမဲ့ သူ့အဖေဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ သူတို့အိမ်မှာ နေ့စဉ်ငရဲလို ဖြစ်နေပါတော့တယ်.....မူရတ်ဟာ rap ဂီတကို ရူးသွပ်သူပါ ဒီလိုနဲ့ သူ့ရင်ဘတ်ထဲက မုန်တိုင်းတွေကို သီချင်းတွေအဖြစ် ပေါက်ကွဲပစ်လိုက်ပါတော့တယ်... သူတို့ လမ်းထဲမှာ နေထိုင်ကြတဲ့ ဆင်းရဲသားတွေရဲ့ ခံစားချက်တွေကို သူကိုယ်တိုင်ရေးဖွဲ့ထားတဲ့ rap သီချင်းတစ်ပုဒ်ကို YouTube မှာ တင်လိုက်ရာက သူ့အတွက် ဂီတခရီးလမ်းမှာ ဆက်လက်လျှောက်လမ်းဖို့ရာ အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့ပါတယ်....တစ်ဖက်မှာလည်း သူ့မှာ သဝန်တိုတတ်တဲ့ ချစ်သူ တစ်ယောက် ရှိပါတယ် သူကတော့ သူတို့ ၁၃ ...
movie

Gully Boy (2019)

2019
4K HEVC
Sharmaji Namkeen (2022) 8.5
Sharmaji Namkeen (2022) Sharmaji Namkee (2022) ========================IMDb (8.3/10)အခုတစ်ခါမှာတော့ Channel Myanmar ကနေSharmaji Namkee လို့အမည်ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီရုပ်ရှင်ကတော့ ဘောလီဝုဒ်ရုပ်ရှင်လောကအတွက် စိတ်မကောင်းဖွယ်ရာဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုလည်း မမှားပါဘူးရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ B.G. Sharma နေရာကို မူလပထမက ဘောလီဝုဒ်ရဲ့နာမည်ကြီးမင်းသား Ranbir Kapoor တို့ရဲ့ဖခင် မင်းသားကြီး Rishi Kapoor ကနေ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်စိတ်မကောင်းစွာနဲ့ပဲ မင်းသားကြီး Rishi ဟာ ရုပ်ရှင်ရိုက်ကူးနေဆဲအချိန်မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့အတွက်အခြားမင်းသားကြီးတစ်လက်နဲ့ အစားထိုးကာပြန်လည်ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်အစားထိုးရိုက်ကူးမဲ့မင်းသားကြီးကလည်း အခြားသူမဟုတ်ပါဘူး နာမည်ကြီး Oh My God ရုပ်ရှင်မှာဘုရားသခင်ကိုတရားစွဲခဲ့တဲ့ မင်းသားကြီး Paresh Rawal ပဲဖြစ်ပါတယ်ဒီတော့ ဇာတ်လမ်းအညွှန်းလေးကို သွားလိုက်ကြရအောင်B.G.Sharmaji ဟာ အိမ်သုံးပစ္စည်းအရောင်းဆိုင်ကနေ အနားယူပြီးတဲ့နောက် အိမ်မှာဟိုနားမတ်တပ် ဒီနားငုတ်တုတ်နဲ့ ယောင်ခြောက်ဆယ်ဖြစ်နေတဲ့ဘဝကို အားမလိုအားမရဖြစ်ပြီးသူဝါသနာပါရာ ဟင်းချက်အလုပ်ကို တစိုက်မတ်မတ် စပြီး ...
movie

Sharmaji Namkeen (2022)

2022
Badhaai Do (2022) 7.9
Badhaai Do (2022) Badhaai Do (2022) ================== ဒီတစ်ခါမှာတော့ IMDb 7.9 ထိရရှိထားပြီးတော့ ရုံဝင်ငွေ 28.03 ကုဋေထိရရှိထားတဲ့ဘောလိ၀ုဒ်ဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှာဒူလ်ကလည်း ရဲအရာရှိတစ်ယောက်ဖြစ်သလို ဆူမန်ကလည်း ကာယဆရာမပါသူတိုနှစ်ယောက်လုံးရဲ့ တူညီတဲ့အချက်ကတော့ နှစ်ယောက်လုံးက အရွယ်ဟိုင်းနေပြီဖြစ်တဲ့လူပျိုသိုး အပျိုကြီးပဲဖြစ်ပါတယ် မိဘတွေက လက်ထပ်ပေးဖိုလုပ်နေတဲ့သူတွေကိုလည်းသဘောမကျ အကြောင်းအမျိုးမျိုးပြ ငြင်းဆန်ရတဲ့အကြောင်းအရင်းရှိပါတယ် ဒါကတော့ရှာဒူလ်က ယောကျာ်းလေးချင်းသဘောကျသူဖြစ်ပြီးတော့ ဆူမန်က မိန်းကလေးချင်းသဘောကျတဲ့သူမိုလိုပါ ဒီလိုနဲ့ အကြောင်းတစ်ခုကြောင့် သူတိုနှစ်ယောက်တွေ့ဆုံမိသွားတဲ့ချိန်မှာပဲမိဘတွေဆန္ဒလည်းပြည့်၀အောင် သူတိုလည်း အေးဆေးနေရအောင်ဆိုပြီး နှစ်ယောက်ဦးသဘောတူလက်ထပ်လိုက်ပါတော့တယ် အဲ့လိုနဲ့ပဲ မတူညီတဲ့စုံတွဲ ဆူမန်ရဲ့ကောင်မလေးက ဆူမန်ဘ၀ထဲပြန်ဝင်လာတဲ့ချိန်မှာပြဿနာတွေဖြစ်လာပါတော့တယ် သူတိုနှစ်ယောက်ရဲ့ဇာတ်လမ်းလေးကရော ဘယ်လိုတွေဆက်ဖြစ်မှာလဲပုံမှန်ဇာတ်ကားတွေနဲ့မတူဘဲ မတူကွဲပြားတဲ့ဇာတ်အိမ်နဲ့ comedy/drama ဇာတ်ကားလေးကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်........  File size…1.6GB / 2.1GB Quality…720p WEB DL Format…mp4 Duration….2h 27mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Eliza & Poe & Shwe Pyae & Yunni  
movie

Badhaai Do (2022)

2022
Bhangra Paa Le (2020) 6.6
Bhangra Paa Le (2020) (Unicode)ဒီတစ်ခါတော့ ဘော်လီဝုဒ်ဖန်တွေအတွက် အက,အလှတွေစုံစုံညီညီနဲ့ Musical, Drama ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်အသစ်တွေဆိုပေမယ့် အက်တင်ပိုင်းမှာပြောစရာမရှိဘဲ တကယ်ကိုတော်ကြသလု် က,ကွက်တွေလည်း ရှယ်တွေပါပဲဖင်မနိုင်ဘဲပဲကြီးဟင်းစားတဲ့ကုလားဒါရိုက်တာတွေလိုမဟုတ်ဘဲ ပွဲဦးထွက်ဒါရိုက်တာတစ်ယောက်ဖြစ်ပေမယ့်ဒီဒါရိုက်တာကတော့ ဖြစ်နိုင်တာ လုပ်နိုင်တာကိုပဲ ဟာကွက်မရှိအောင် ချပြသွားပါတယ်ထုတ်လုပ်ရေးကလည်း ကားကောင်းများစွာဖြန့်ချီထားတဲ့ RSPV ဆိုတော့ ပြောစရာမလိုလောက်အောင်ပါပဲဒီဇာတ်ကားထဲကမင်းသားက ဆန်ဂျူးဇာတ်ကားထဲမှာ ကမ်လီအဖြစ်လူသိများခဲ့တဲ့ မင်းသား Vicky Kaushal ရဲ့ညီ Sunny Kaushal ပဲဖြစ်ပါတယ်နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေအနေနဲ့ IMDb 6.5/10 အထိရထားပါတယ်ဇာတ်လမ်းလေးကတော့ ဂျဂ္ဂီဆိုတဲ့ပန်ဂျာဗီလူငယ်တစ်ယောက်ဆီမှာ အိပ်မက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ သူတို့မျိုးရိုးအမွေတစ်ခုဖြစ်တဲ့ ပန်ဂျာဗီအက, ဘန်ဂရားကို လူသိကျော်ကြားစေချင်တာပါပဲသူ့အဖေ သူ့အဖိုးတို့ကို ဘယ်သူမှမသိခဲ့တာကြောင့် ဒီအကနဲ့ တကမ္ဘာလုံးကိုသိစေချင်တာပါပဲဒါပေမဲ့ အခက်အခဲတစ်ခုတော့ရှိနေပါတယ် အဲ့ဒါကတော့ ရှေ့ထွက်မိန်းကလေးအက,သမားမရှိတာပါပဲသူ့ကောလိပ်တစ်ခုလုံးမှာလည်း စိတ်တိုင်းကျတစ်ယောက်မှမတွေ့ခဲ့ပါဒါပေမဲ့ မင်္ဂလာဆောင်တစ်ခုမှာ အက,တော်သော ...
movie

Bhangra Paa Le (2020)

2020
Jabariya Jodi (2019) 4.3
Jabariya Jodi (2019) (Unicode)ဟောဒီဘီဟားမှာ မင်္ဂလာသုံးမျိုးရှိတယ်သတ္တိရှိသူတွေအတွက် ပေးစားလို့ယူလိုက်ကြတဲ့ မင်္ဂလာ ......ကံတရားကစီမံပေးတဲ့ ချစ်လို့ယူကြတဲ့ မင်္ဂလာနဲ့ ...လက်ဖွဲ့ငွေကို လောဘတက်နေတဲ့ လောဘသားကောင်တွေအတွက် အတင်းပေးစားတဲ့ အဓမ္မမင်္ဂလာဆောင်အဓမ္မမင်္ဂလာဆောင်ဆိုတာဘာလဲ အိန္ဒိယမှာ မင်္ဂလာတစ်ခုဆောင်တော့မယ်ဆိုရင်မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ကြီးပဲ အရည်ချင်းရှိရှိ ဘယ်လောက်ကြီးပဲပြည့်စုံနေပါစေအဲ့ဒိမိန်းကလေးဘက်က ယောက်ျားလေးကို ပြန်တင်တောင်းရပါသတဲ့ဒီကိစ္စကို အစိုးရက တရားမဝင်ဘူးဆိုပြီး တားမြစ်ထားပေမယ့် ယခုအချိန်ထိ ငွေကြေးမရှိရင်သမီးတွေအိမ်ထောင်မချပေးနိုင်တဲ့မိဘတွေအများကြီးပါတစ်နှစ်တစ်နှစ် အဲ့ဒိသောကကြောင့် သက်သေသွားတဲ့အဖေတွေ မနည်းမနောပါပဲအဲ့ဒိတော့ အဲ့ဒိလိုလက်ဖွဲ့ကို လောဘတက်ပြီး သားလိုချင်ရင် ပိုက်ဆံ သိန်း ၅၀ နဲ့ ကားတစ်စီးကျုပ်သားကတော့ ဆရာဝန်ဆို ဒီလောက်မှ အင်ဂျင်နီယာဆို ဒီဈေးပေါက်တယ်ဆိုပြီး နွားဈေး ဆောရီး သားဈေးသိပ်ကောင်းနေပါတယ်ဘီဟားမှာတော့ ဒီလိုပြဿနာဖြစ်လာရင် ဒိုင်ခံဖြေရှင်းပေးတာ ဟူကွမ်ဒေ့ဗ်ဆင့်နဲ့ အဘေး(ဟ်)ဆင့်တို့သားဖပါပဲသူတို့ဖြေရှင်းပုံက လက်ဖွဲ့လောဘသားကောင်တွေကို သူတို့တောင် မသိလိုက်ဘဲစပ်ရိုက်မင်္ဂလာဆောင်တွေလုပ်ပေးပြီး မိန်းကလေးနဲ့ အတင်းပေးစားပစ်လိုက်တာပါဒီတော့ လက်ဖွဲ့ကြေးပေးစရာမလိုဘဲ သမီးမိန်းကလေးတစ်ယောက်ကို အိမ်ထောင်ချပေးလို့ရသွားပါတယ်အဲ့ဒိလို ပြဿနာတွေကိုဖြေရှင်းပေးနေတဲ့ အဘေးဆင့်တစ်ယောက် တစ်နေ့မှာသူ့ငယ်ချစ် ဘဘ်လီတစ်ယောက်ကိုလည်း ထိုပြဿနာကို ဖြေရှင်းဖို့အကြောင်းဖန်လာလေသောအခါ ...
movie

Jabariya Jodi (2019)

2019