Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sharvari Wagh
6.6
Vedaa (2024)
Vedaa (2024) “ဗေဒါပျံ အံကိုခဲ…” Genre – Action, Drama, Thriller IMDB – 6.6/10မင်းသားကြီး John Abraham ရဲ့ ၂၀၂၄ အသစ်ထွက်ဇာတ်ကား ထွက်ရှိလို့ လာပါပြီ။ Maharaj နဲ့ Munjya တို့မှာလည်း ပါဝင်ထားတဲ့ မင်းသမီးချောလေး Sharvari နဲ့အတူ အတွဲညီညီ သရုပ်ဆောင်ထားကြတဲ့ အက်ရှင်ကားကောင်းလေးပါ။ဗေဒါဆိုတဲ့ ကောင်မလေးဟာ ဇာတ်နိမ့်တဲ့မျိုးရိုး ဖြစ်တဲ့အတွက် အမြဲတမ်း ဖိနှိပ်ခံနေရတဲ့ဘဝကို မကျေမချမ်းဖြစ်ကာ ပြန်တွန်းလှန်ချင်သူလေးတစ်ယောက်။အဲဒီအချိန်မှာပဲ သူတက်နေတဲ့ ကောလိပ်မှာ ဘောက်ဆင်အတန်းတစ်ခု စဖွင့်ဖို့ ကြေငြာလိုက်တော့ ကျားရဲဖြစ်မှ မြိုင်တောအလယ် ရှင်သန်နိုင်မှာကို တွေးမိပြီး ဝင်လျှောက်လိုက်တော့တယ်။ တစ်ဖက်မှာ မေဂျာအာဘီမန်ယူဆိုတာက အင်မတန်တော်ပြီး အရည်အချင်းရှိတဲ့ စစ်သားတစ်ယောက်။ ဒါပေမဲ့ စစ်ဆင်ရေးတစ်ခုမှာ ကိုယ်ရေးကိုယ်တာ အာဃာတကြောင့် စစ်သားဘဝကို အပြီးတိုင် စွန့်လွှတ်ခဲ့ရသူ။ဒီလိုမျိုး အချိန်မတန်ခင် မာန်လျှော့လိုက်ရတဲ့ ကျားရဲတစ်ကောင်နဲ့ အမြင့်ကို ပျံသန်းချင်နေတဲ့ ဗေဒါငှက်မလေးတို့ဟာ ရေစက်ပါလို့ လာဆုံတွေ့ခဲ့ပြီး ဘယ်လိုစွန့်စားခန်းတွေ ထွက်ကြရဦးမလဲဆိုတာကို အက်ရှင်ခပ်မိုက်မိုက်တွေနဲ့ ...
movie
Vedaa (2024)
7.1
Munjya (2024)
Munjya 2024 ( လူပျိုသရဲ )ဒီတစ်ခါတော့ CM ပရိသတ်ကြီးတို့အတွက် 2024 ခုနှစ်မှာထွက်ခဲ့တဲ့ Munjya ဆိုတဲ့ ဟာသအနည်းငယ်ရောနှောရိုက်ကူးထားတဲ့ သရဲကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb 7.1/10 ရရှိထားပြီး အိန္ဒိယရိုးရာယုံကြည်မှုထဲက မိစ္ဆာတစ်မျိုးကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ _ ၁၉၅၂ခုနှစ်လောက်မှာ ဂေါယာလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ဟာ သူ့ထက် ၇ နှစ်ကြီးတဲ့ အမျိုးသမီးလေးတစ်ယောက်ကို စွဲလန်းနေတာကြောင့် သူ့ရဲ့သတို့သားကို ကြွက်သတ်ဆေးနဲ့လုပ်ကြံခဲ့ပါတယ်။ဒါပေမဲ့ သူ့အမေက သိသွားပြီး ဟိန္ဒူဘာသာအရ အရွယ်ရောက်အခမ်းအနားကို လုပ်စေခဲ့ပါတယ်။ ဒီအခမ်းအနားဟာ ၁၀ ရက်ကြာမြင့်ပြီး အဲဒီအချိန်အတွင်းမှာ ဂေါယာရဲ့အမျိုးသမီးလေးဟာ လက်ထပ်တော့မှာဖြစ်ပါတယ်။အချစ်ကြီးလို့ အမျက်ကြီးသလို အငြိုးလည်းကြီး ဇက်ရဲလက်ရဲလည်းနိုင်တဲ့ ဂေါယာတစ်ယောက်ဟာ ကောင်မလေးကိုပြန်ရဖို့အတွက် အောက်လမ်းပညာစီရင်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ အောက်လမ်းစီရင်နေတုန်း မထင်မှတ်ဘဲ ဂေါယာသေဆုံးသွားခဲ့ပြီး သူ့ရဲ့ အရွယ်ရောက်အခမ်းအနားလည်းမပြီးဆုံးသေးတာကြောင့် အစီအရင်သစ်ပင်ကြီးမှာ တွယ်ကပ်နေတဲ့ ဘရဟ္မရာရှာသဆိုတဲ့ မိစ္ဆာဘ၀ကို ရောက်သွားရာကစတင် ဇာတ်အိမ်တည်ထားပါတယ်။နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ သရဲကပ်နေတဲ့သစ်ပင်ကြီးနဲ့ သူ့ဆီလာဖို့ခေါ်နေတဲ့အသံကို အမြဲတစေကြားယောင်နေတဲ့ ဘီတူလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ပေါ်လာပါတယ်။သူနဲ့ အဲဒီသစ်ပင်၊ အဲဒီမိစ္ဆာတို့ကရော ဘာတွေဘယ်လိုဆက်စပ်နေကြသလဲ၊ သူကပဲ နှိမ်နင်းမှာလား၊ သူ့ကိုပဲ နေရာဆက်ခံဖို့၀ါးမျိုလိုက်မလား၊ ဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းနဲ့အတူ လိုက်ပါကြည့်ရှုခံစားပေးပါဦးဗျာ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File ...
movie
Munjya (2024)
6
Maharaj (2024)
Maharaj (2024) "အများနဲ့တစ်ယောက်"IMDb 6.4ဖြစ်ရပ်မှန် အမှုတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာ ဒရာမာရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ကျွန်တော်တို့ငယ်ငယ်က မိဘဘိုးဘွားတွေကို ဘာသာတရား၊ ဓလေ့ထုံးတမ်းတို့ကို အကျအနကောက်ပြီး တန်ပြန်မေးခွန်းထုတ်လာတဲ့အခါကျ "ငရဲကြီးမယ် မမေးရဘူး" လို့ အပြောခံရဖူးမှာပါဒီလို အများနဲ့တစ်ယောက်ဆန်ဆန် အတွေးအခေါ်နဲ့ လက်တွေ့တရားကိုသာဆုပ်ကိုင်ထားသူ၊ ရှေးရိုးစွဲတွေကို မျက်စိဆံပင်မွှေးစူးနေတဲ့လူကတော့ ဂျာနယ်လစ် ကာဆန်ပါပဲသူဟာ ၁၈၆၀ အိန္ဒိယလို ရှေးရိုးစွဲအယူဝါဒများလွန်းတဲ့ နိုင်ငံမှာ ၊ မုဆိုးမများကို တန်းညီဆက်ဆံရေး၊ ခေတ်သစ်အတွေးအခေါ်တို့ကို ဟောပြောရေးသားလေ့ရှိပြီး ချစ်ရသော ဇနီးလောင်း ကီရှိုရီကတော့ မိရိုးဖလာ ဓလေ့တို့ကို မျက်စိစုံမှိတ်ယုံကြည်သူတစ်ယောက်'ဟိုလီ' ဆေးရောင်ခြယ်ပွဲတော်နေ့မှာ သူတို့နယ်က လူတိုင်းလေးစားရတဲ့ ဂုရုတစ်ပါးဖြစ်တဲ့ ဂျေဂျေဟာ "ချာရန်စီဗာ" ဆိုတဲ့ ခြေလက်ဆေးကြောအရိုအသေပေးတဲ့ အမှုကိုပြုဖို့ အပျိုစင်ဖြစ်သူ ကီရှိုရီကို ရွေးချယ်လိုက်တယ်လူတိုင်းလေးစားရတဲ့ ဘာသာရေးခေါင်းဆောင်တစ်ဦးဟာ ဘာသာတရားအမည်ခံပြီး ကီရှိုရီ့ကို မဖွယ်မရာလုပ်နေတာ ကာဆန်တစ်ယောက် မြင်သွားတဲ့အခါမှာတော့ …ဘယ်လိုတွေဆက်ဖြစ်မှာလဲ ပရိသတ်ကြီး အားပေးလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File ...
movie
Maharaj (2024)
2024