Channel Myanmar

Sharanya Shetty

Krishnam Pranaya Sakhi (2024) 8.1
Krishnam Pranaya Sakhi (2024) Krishnam Pranaya Sakhi 2024 (ခရစ်ရှနာရဲ့ အချစ်ခရီးလမ်း)ခရစ်ရှနာလို့ခေါ်တဲ့ကောင်လေးဟာ ပိုက်ဆံချမ်းသာတဲ့အသိုင်းအဝိုင်းမှာ မွေးဖွားလာခဲ့ပြီးတော့ မိသားစုက ဖူးဖူးမှုတ်မတတ်ချစ်တာကို ခံရတဲ့ကောင်လေးတစ်ယောက်ပေါ့။ခရစ်ရှနာတစ်ယောက် အရွယ်ရောက်လာတော့ မိဘတွေက အိမ်ထောင်ချပေးဖို့ အိမ်ထောင်ဖက်ရှာပေးတဲ့အချိန်မှာတော့ အဖေကသဘောကျရင် အမေက သဘောမကျ၊ ဦးလေးက သဘောကျရင် အဒေါ်က သဘောမကျနဲ့ သူ့မှာ အိမ်ထောင်ဖက်ပေါင်းများစွာကို ပွဲစားအများကြီးနဲ့ရှာခဲ့ပေမယ့် လူကြီးတွေအကုန်လုံး လက်ခံနိုင်တဲ့ သတို့သမီးလောင်းလျာလေးကို ရှာမတွေ့တဲ့အတွက် အချိန်တော်ကြာရင် လူပျိုသိုးကြီးအဖြစ်ကို ရောက်ရပါတော့မယ်။ဒီလိုနဲ့ အိမ်က လူကြီးတွေကို အားမကိုးတော့ပဲ ကိုယ်တိုင် အိမ်ထောင်ဖက်ကို ရှာဖွေဖို့ လုပ်တဲ့အခါမှာတော့ ........ကောင်မလေးတစ်ယောက်နဲ့ တွေ့ပြီးတော့ အဲဒီကောင်မလေးကို မြင်မြင်ချင်း ချစ်မိလို့သွားပါတော့တယ်။ကောင်မလေးရဲ့ နောက်ခံကို စုံစမ်းကြည့်လိုက်တဲ့အချိန်မှာတော့ ကောင်မလေးနာမည်က ပရာနယာဖြစ်ပြီး မိဘမဲ့ကျောင်းလေးကို ဖွင့်ထားတယ်ဆိုတာကို သိလိုက်ရတဲ့နောက်မှာတော့ ဒီကောင်မလေးရဲ့ အချစ်ကို ကြိုးစားဖို့အတွက် ခရစ်ရှနာတစ်ယောက် ဘယ်လိုတွေ ကြိုးစားသွားမလဲ ........ခရစ်ရှနားရဲ့ အချစ်ရေးလမ်းကြောင်းမှာ ဘယ်လို အတားအဆီးတွေ ကြုံပြီးတော့ ဘယ်လိုတွေဖြတ်ကျော်သွားမလဲ.... ဆိုတာကို ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.5 GB ...
movie

Krishnam Pranaya Sakhi (2024)