Channel Myanmar

Shao Shuai

Wolf Girl (2025) 5.6
Wolf Girl (2025) ကဲ ရန်ကိုရန်ချင်း တုံ့ပြန်မယ်ဆို ဒီသံသရာကြီးက အဆုံးသတ်ပါဦးမလား... မေတ္တာနဲ့ တုံ့ပြန်ပါဆိုတဲ့ ရွှေပြည်အေးတရားဟောတာ ခဏခဏကြုံဖူးမယ်ထင်ပါရဲ့... ဒါပေမယ့် တစ်ဖက်က မေတ္တာတရားထားချိန်မှာ တစ်ဖက်ကလည်း မေတ္တာတရားကိုနားလည်ဖို့ နှလုံးသားပါလာဦးမှဆိုတာ ဒီကားလေးကသရုပ်ပြထားပါတယ်...ဟုတ်ပါတယ်... ယွဲ့ဝမ်ရယ်ဟာ သူ့ချစ်မိဖုရားလေးက ရောဂါဆန်းနဲ့ ကုတင်ပေါ်လဲသွားတဲ့အတွက်... နန်းတွင်းသမားတော်ရဲ့ စကားအတိုင်း ဝံပုလွေဘုရင်မရဲ့ သွေးနဲ့မှ ကုသနိုင်ပါမယ်ဆိုလို့ ၃ ရက် ၃ ည တိတိ တောအဝမှာ မိုးညထဲ တောင်းပန်ခဲ့ပါတယ်... ဆေးကုဖို့သွေးကို... ဒါပေမယ့် သွေးမရခင်မှာပဲ မိဖုရားကသေသွားခဲ့ပြီး.... မိဖုရားကိုကယ်ဖို့သွေးပေးရင်လည်း ဘုရင်မသေမှာမို့ မပေးခဲ့တာဆိုပေမယ့်လည်း... ယွဲ့ဝမ်ရယ်ကတော့ အတော်ဆုံးဆိုတဲ့ ပါရမီရှင်တွေကို ငှားပြီးတော့ ဝံပုလွေတစ်မျိုးနွယ်လုံးကို ချေမှုန်းဖျက်စီးတော့တာပေါ့...ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုတဲ့ စကားပုံလေးအတိုင်း... တစ်မျိုးနွယ်လုံးကို မရှင်းနိုင်ဘဲ ဝံပုလွေပေါက်လေးကျန်သွားတော့... ၁၀ နှစ်ကြာတဲ့အခါမှာ ပါရမီရှင်တစ်ယောက်ချင်းစီကို နည်းဗျူဟာတွေ သေချာချမှတ်ပြီးတော့ တစ်ယောက်ပြီးတစ်ယောက်ကို သတ်ဖို့ကြိုးစားတော့တာပေါ့...ကဲ ဝံပုလွေပေါက်လေး ရဲ့ လက်စားချေတာ အောင်မြင်ပါ့မလား... လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ပျက်ခဲ့တာတွေကရော ကြားထဲမှာ သိုဝှက်ထားတဲ့ လူမသိတဲ့ကိစ္စရှိနေဦးမှာလား... တစ်ခဏ ဘဝအမော စိတ်ဒုက္ခတွေပြေပျောက်ဖို့ ဇာတ်ကားလေး ကြည့်မယ်တွေးရင် ဒီကားလေးကို ကြည့်ကြည့်ပါလို့ Filesize ...
movie

Wolf Girl (2025)

Battle of Snakes ( 2023 ) 5.7
Battle of Snakes ( 2023 ) CM ရဲ့ တရုတ်ကားချစ်သူတို့အတွက် ဒီတစ်ခေါက်မှာတော့ အဏ္ဏဝါမိစ္ဆာမြွေကြီး ဇာတ်လမ်းကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေး အစမှာ လူသူဝေးတဲ့နေရာကို ကူးစက်စေတဲ့ ဓာတုအညစ်အကြေးအရည်တွေကို စွန့်ပစ်ဖို့ ကြိုးစားတဲ့ မသမာလူတစ်စုကြောင့် ပင်လယ်ထဲ ပြောင်းလဲမှုကြီးတစ်ခုဖြစ်ခဲ့တယ်...တစ်ဖက်မှာလည်း ပူတင်းဆိုတဲ့ သမီးလေးနဲ့ သားအဖသံယောဇဉ် ရင်ကြားစေ့ဖို့ ကြိုးစားနေတဲ့ လင်ဟောက်တုန်းတို့ သားအဖကလည်း... သူငယ်ချင်း မာဖန်း ကျေးဇူးနဲ့ ပင်လယ်ခရီးစဉ်စတင်ဖို့ဖြစ်ခဲ့တယ်...လင်ဟောက်တုန်းနဲ့ မာဖန်းတို့က ကိုယ်ပိုင်တိရစ္ဆာန်ဥယျာဉ် အသေးလေး ဖွင့်ထားတာဖြစ်ပြီး ဟောက်တုန်းမှာ ရှောင်ဟေးဆိုတဲ့ လိမ်မာလွန်းတဲ့ မျောက်ဝံတစ်ကောင်ရှိတယ်... ဒီမျောက်ဝံကို အချိန်ပေးလွန်းတာကြောင့်လည်း ကွာရှင်းဖို့ဖြစ်လာပြီး သူ့သမီးလေး ပူတင်းနဲ့လည်း သူစိမ်းဆန်သွားခဲ့တာပေါ့...ဒီလိုနဲ့ ဖင်အန်းသင်္ဘောကြီးရဲ့ အပျော်ခရီးစဉ်စခဲ့တာပေါ့... ဒီခရီးစဉ်က ဘာကို အကြောင်းပြုတာလဲ... ဘာကြောင့် တိရစ္ဆာန်တွေကို ဖိတ်ကြားခဲ့ရတာလဲ... နောက်ပြီး အပျော်ခရီးစဉ်ကြီး ဘယ်လို အဆုံးသတ်သွားမှာလဲ... စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာမို့ ကြည့်ရတာ အရှုံးမရှိစေမယ့် ကားကောင်းတစ်ခုပါ...Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller Runtime : 1h 17 min Subtitle : Myanmar ...
movie

Battle of Snakes ( 2023 )