Channel Myanmar

Shao Bing

Undercurrent (2025) 5.6
Undercurrent (2025) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်မှုခင်းရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- လုယွင်လုံဟာ မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့က တပ်မှူးတစ်ယောက် ဖြစ်ပါတယ်။ စစ်ဆင်ရေးတစ်ခုမှာ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် လက်အောက်ရဲဘော်တစ်ယောက် စတေးသွားခဲ့ရတဲ့အတွက် အပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။အဲဒီနောက်မှာ မူးယစ်ဂိုဏ်းကို အမြစ်ပြတ်ရှင်းဖို့ မူးယစ်ဂိုဏ်းထဲ သူလျှိုဝင်လုပ်ဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ သူလျှိုလုပ်နေတဲ့ တစ်လျှောက် ဘယ်လို အန္တရာယ်မျိုးနဲ့ ကြုံတွေခဲ့ရမလဲ...... မူးယစ်ဂိုဏ်းရဲ့ နောက်ကွယ်က ခေါင်းဆောင်အစစ်က ဘယ်သူဖြစ်မလဲ...... ရက်စက်တဲ့ လူတွေရဲ့ ယုံကြည်မှုကိုရဖို့ လုယွင်လုံတစ်ယောက် ဘယ်လိုဟန်ဆောင်မှုတွေ လုပ်ခဲ့ရသလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည်ရှုခံစားလိုက်ရအောင်နော်။ Filesize : 1.46 GB / 790 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Undercurrent (2025)

King of Painting (2025) 5.8
King of Painting (2025) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် King of Painting ဆိုတဲ့ စိတ်ကူးယဉ်ဟာသရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ခဲဟွမ့်ဟာ ပါရမီရှိပြီး အိပ်မက်နောက်လိုက်နေတဲ့ ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ခေတ်ကြီးမှာ ကြိုးစားပြီး ပန်းချီဆွဲနေတဲ့ ခဲဟွမ့်ဟာ အားလုံးအထင်သေး အနိုင်ကျင့်စရာလူတစ်ယောက် ဖြစ်နေပါတယ်။သူဟာ အိမ်ငှားခမပေးနိုင်၊ လုပ်ငန်းထဲကလူတွေအနိုင်ကျင့်၊ ရည်းစားကို ပြိုင်ဖက်က လုသွားတဲ့ ဘဝအနိမ့်ဆုံးအချိန်မှာ မိုးပေါ်က ကျလာတဲ့ စုတ်တံတစ်ချောင်းကြောင့် ဘဝကြီးက ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီစုတ်တံက ဆွဲသမျှ အရာအားလုံး အပြင်ကို ရောက်လာတယ်တဲ့။စုတ်တံက ဆွဲလိုက်လို့ ထွက်လာတဲ့ အရာတွေကဘယ်က ရောက်လာတာလဲ...... အဲဒီစုတ်တံက ကောင်ခြင်းတွေ သယ်ဆောင်လာမလား ဘေးအန္တရာယ်တွေ သယ်ဆောင်လာမလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.70 GB / 1.03 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Adventure , Science-Fiction Runtime : ...
movie

King of Painting (2025)

A Long Shot (2025) 6
A Long Shot (2025) CM ရဲ့ တရုတ်ကားချစ် ပရိသတ်တို့အတွက် ဇာတ်ကားဆန်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... တစ်ချိန်တစ်ခါက အဝေးပစ် သေနတ်ပစ်အားကစားသမားဟောင်းတစ်ယောက်... တစ်နေ့မှာ အာရုံကြောထိခိုက်ပြီး နားတစ်ဖက်မကြားတဲ့အနေအထားကို ရောက်သွားခဲ့တယ်...ဆာလောင်မွတ်သိပ်မှုက ငြိမ်မနေနိုင်တော့ ဘဝဝမ်းစာအတွက် အလုပ်ထွက်လုပ်ခဲ့ရာကနေ... အများပြောတဲ့ အရပ်ထဲက နားလေးပါးလေး စက်ရုံဟောင်းက လုံခြုံရေးဝန်ထမ်းကြီးဖြစ်လာတာပေါ့... ဒီလိုနဲ့ စက်ရုံကို ညတိုင်းလိုလို ပစ္စည်းလာလာခိုးနေတဲ့ ဗရုတ်တစ်ဖွဲ့က ကောင်လေးတစ်ယောက်နဲ့ ဆုံပြီး... တိုက်တိုက်ဆိုင်ဆိုင် ဒီကောင်လေးက သူကြိုးစားနေတဲ့ ဖူးစာကြင်ဖော်အမျိုးသမီးရဲ့ အရင်အမျိုးသားနဲ့ရတဲ့သားဖြစ်နေလေရဲ့...အဖေတစ်ဝမ်းကွဲဖြစ်တော့မှာဆိုတော့ ဒီလမ်းမှားနေတဲ့ သားတစ်ဝမ်းကွဲကို ဆုံးမရင်းနဲ့ပဲ... သူမသိသေးတဲ့ သူအလုပ်လုပ်နေတဲ့ စက်ရုံရဲ့ လျို့ဝှက်ချက်ကို သိခဲ့သလို.... တစ်ချိန်က မေ့ထားခဲ့တဲ့ သေနတ်ကို လက်ထဲ ပြန်ကိုင်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့တာပါပဲ... ကဲ ဘယ်လို ဇာတ်အိမ်နဲ့ တည်ဆောက်ထားတဲ့ ဇာတ်လမ်းလဲဆိုတာ ကြည့်လိုက်ရအောင်နော်.. Filesize : 899 MB Quality : WEB-DL 1080p HEVC  Format : mkv Genres : Drama , Crime Runtime : 1h 57 ...
movie

A Long Shot (2025)

Money Bastion (2025) 6
Money Bastion (2025) စတော့ရှယ်ယာလောကဟာ လည်တဲ့သူချမ်းသာပြီး အ သူခံရစမြဲရှိတယ်။ စွန့်စားစိန်ခေါ်မှုတွေကိုကြိုက်ပြီး လောဘကြီးတဲ့လူတွေရဲ့သဘာဝကိုအသုံးချပြီ း ရှယ်ယာစျေးကွက်ကိုချယ်လှယ်ပြီး လိမ်စားတဲ့သူတွေရှိကြတယ်။ပါမောက္ခဟန်ဆိုတဲ့စတော့ရှယ်ယာအကြံပေးအစီအစဉ်တင်ဆက်သူ (William Feng) ဟာ ညီကိုတွေနဲ့ပူးပေါင်းပြီးတော့ စတော့ရှယ်ယာစျေးကွက်ကို အသုံးချပြီးတော့ လူတွေကိုအကွက်ချလိမ်လည်နေခဲ့တယ်။ရဲဘက်ကရိပ်မိသွားပြီး လိုက်ဖမ်းတဲ့အချိန်မှာ မြို့ရဲ့ထိပ်တန်းလုပ်ငန်းစုရဲဥက္ကဌကြီးက သူတို့ညီကိုတွေကိုကူညီခဲ့ပြီး သူ့အတွက်အလုပ်လုပ်ပေးဖို့ကမ်းလှမ်းလာခဲ့တယ်။ တကယ်တမ်းကျတော့ သူဌေးကြီးကသူလုပ်ခဲ့တဲ့တရားမဝင်လုပ်ငန်းတွေအတွက် အပြစ်အစားခံမယ့်သူရှာနေတာပဲဖြစ်ပါတယ်။ သူဌေးကြီးမသိလိုက်တာကတော့ သူ့ကိုယ်သူမုဆိုးလို့ထင်နေပေမယ့် တကယ်တမ်းတော့သူကသားကောင်ဖြစ်နေတယ်ဆိုတာကိုပါပဲ။ စီးပွားရေးဉာဏ်ကြီးရှင်တွေကြားက တိုက်ပွဲတစ်ခုမှာ နောက်ဆုံးသားကောင်ဟာဘယ်သူဖြစ်နေမလဲ။ Filesize : 1.28 GB / 727 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Crime , Drama , Mystery Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Money Bastion (2025)

Raid On The Lethal Zone ( 2023 ) 5.9
Raid On The Lethal Zone ( 2023 ) အခုတစ်ခေါက် CM ရဲ့ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်မှုခင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-၁၉၉၈ ခုနှစ် ၇ လပိုင်း တရုတ်အနောက်မြောက်ပိုင်းနယ်စပ်မှာ မိုးအဆက်မပြတ်ရွာခဲ့ပြီး တစ်ခါမှ မကြုံဖူးတဲ့ ရေကြီးမှုကပ်ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။ ရေကြီးမှုဟာ နယ်စပ်မှာရှိတဲ့ မူးယစ်ဂိုဏ်းတွေအတွက်တော့ မူးယစ်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ အကောင်းဆုံး အကာအကွယ်ပဲ ဖြစ်ပါတယ်။ နယ်စပ်မှ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက်တော့ သဘာဝဘေးအန္တရာယ်ရော ရန်သူအန္တရာယ်ရောရှိနေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ထိုကဲ့သို့ အခြေအနေမျိုးမှာ တပ်သားတွေဟာ အသက်စတေးရမယ့် အန္တရာယ်ကို မကြောက်မရွံ့နဲ့ မူးယစ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးဖို့ ဆုံးဖြတ်ခဲ့ပါတယ် မူးယစ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးစဉ်မှာပဲ ဝမ်ကျင်းဟောင်၊ ကောလိုင်လိုင်၊ စွင်းကျိ၊ ခုံကျူ့ကော်၊ လျိုချွင်းရှန်း စတဲ့ မူးယစ်ချေမှုန်းတဲ့ တပ်သားများဟာ ငယ်ရွယ်တဲ့ အချိန်မှာပဲ သူတို့အသက်ကို တိုင်းပြည်အတွက် စတေးခဲ့ကြပါတယ်။ကပ်ဘေးအန္တရာယ်တွေကတစ်ကြောင်း၊ ဒုစရိုက်ဂိုဏ်းတွေက တစ်ဖွယ်နဲ့ နှောက်ယှက်နေတဲ့နယ်စပ်ကို ကာကွယ်ဖို့အတွက် နယ်စပ်က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိပြည့်ဝမှုကို ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : ...
movie

Raid On The Lethal Zone ( 2023 )

The Tipping Point ( 2022 ) 5.8
The Tipping Point ( 2022 ) CM ကနေ ရုပ်ရှင်ကားကောင်းကောင်းလေးတွေကို အမြဲတင်ဆက်ပေးနေကျဖြစ်သလို အခုတစ်ခါမှာတော့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ငွေကြေးခဝါချမှုတွေ တရားမဝင်ငွေချေးမှုတွေ အကြောင်းရိုက်ကူးထားတဲ့ ကားလေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင် တက္ကသိုလ်ကျောင်းသူလေး ကျောက်ရွှယ်နင်တစ်ယောက် ချေးငွေကိစ္စနဲ့ပက်သက်ပြီး အာမခံကုမ္ပဏီရဲ့ အပေါ်ဆုံးထပ်ကနေ ခုန်ချသွားခဲ့ပါတယ်ဝမ်းဟိုင်မြို့မှာ တာဝန်ကျတာမကြာသေးတဲ့ မှုခင်းရဲအရာရှိ ချန်ရွေ့တစ်ယောက်က ဒီအမှုကို လက်ခံပြီး ရှာဖွေစုံစမ်းရာမှာတော့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုမဟုတ်ဘဲ လူသတ်မှုလို့ သံသယရှိလာခဲ့ပါတယ်အဲ့နောက်မှာတော့ အထက်အရာရှိ စခန်းမှူးတုက ဒီအမှုကို အမြန်ဆုံးစုံစမ်းဖော်ထုတ်ခိုင်းပါတော့တယ် ချန်ရွေ့တစ်ယောက် ဒီအမှုရဲ့ကြိုးစကို စတင်ဖြည်ရင်း ပိုပိုရှုပ်ထွေးလာမှန်းသိလိုက်ရပါတယ် အာမခံကုမ္ပဏီအပြင်ကို မြို့ရဲ့ မျက်နှာဖုံး စီးပွားရေးသမား အန်းယိမင်နဲ့သူ့ဇနီး ကျိုးထုံတို့လည်း ပါဝင်ပက်သက်နေတာကို သိလိုက်ရပါတယ် တွင်းနက်လေလေ နှိုက်ရခက်လေလေဆိုတော့ ဒီဝမ်းဟိုင်မြို့မှာ မကောင်းမှုပပျောက်ရေးလှုပ်ရှားမှုကို ဘယ်လိုမျိုး ပြီးမြောက်အောင် လုပ်ဆောင်သွားမှာလဲ ဒီအမှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုအကြံစည်တွေ ရှိနေမှာလဲဆိုတာကိုတော့ ခုတင်ဆက်ပေးမယ့် ကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော်~~~~~~~~ [ Reviewed By Kyawt ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Action Runtime : 1h 14 ...
movie

The Tipping Point ( 2022 )

Let the Bullets Fly (2010) 7.3
Let the Bullets Fly (2010) Let the Bullet Fly (2010) ရုပ်ရှင်ဟာ ၂၀၁၀ခုနှစ်ကစတင်ဖြန့် ချိခဲ့တဲ့တရုတ်အက်ရှင်ဇာတ်ကားဖြစ်ပါတယ် IMDB အနေနဲ့ 7.3/10 ကိုရယူထားပြီး Rotten Tomato မှာတော့ 72%ပါ အဓိကဇာတ်ကောင်တွေအဖြစ်နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့  Chow Yun-fat(ချောင်ယွန်ဖတ်) Jiang Wen(ကျန်းဝမ်)တိုပါဝင်သရုပ်ဆောင်အားပြိုင်ထားပါတယ် ဇာတ်လမ်းကြာချိန်ကတော့ ၂ နာရီပါ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၂၀ပြည့်နှစ်အချိန်ကာလတရုတ်နိုင်ငံတွင်ကျာက်ပေါက်မာဓားပြကျန်းခေါင်းဆောင်တဲ့ဓားပြအဖွဲ့ ရှိခဲ့ပါတယ် တစ်နေ့ အရာရှိမင်းမာပန်းတယ်စီးနင်းလိုက်ပါလာသောရထားအားလုယက်မှုပြုရင်း ဓားပြဗိုလ်မှအရာရှိယောင်ဆောင်ကာအနီးနားရှိအယ်ချန်မြို့ လေးသို့ သွားရောက်ကာမြို့ ဝန်မင်းရာထူးရယူပြီးကြီးပွားချမ်းသာဖို့ ကြံစည်ပါတယ် သို့ သော်ထိုမြို့ တွင်ကြီးစိုးနေသော သူဌေးဟွမ်စစ်လန်နှင့်ရင်ဆိုင်ရပါတော့တယ် သူတို့ နှစ်ယောက်အပြန်အလှန် အကောက်ဥာဏ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရင်း ဘယ်လိုတွေဖြစ်ပျက်လာမလဲ ဘယ်သူရှုံးနိမ့်ပြီးဘယ်သူနိုင်သွားမလဲဆိုတာ........ အက်ရှင် ဟာသ ဒရာမာပေါင်းစပ်ထားသောဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် (ဘာသာပြန်သူကတော့ Kuran ပါ)File Size : (950 MB) and (480 MB) Quality : Bluray 720p Running Time : 2hr 12min Format ...
movie


2010