Channel Myanmar

Shang Na

Qimen Mechanism Scroll (2025) 5.8
Qimen Mechanism Scroll (2025) ဒဏ္ဍာရီထဲမှာ ချီမိန်စက်ကျမ်းစာထဲမှာ အလောင်းဘုရင် ချုပ်ထိန်းပညာကို မှတ်တမ်းတင်ထားတယ်လို့ ပြောကြပါတယ်။အဲဒီ ကျမ်းစာကို ရသူက လောကကြီးကို ပိုင်နိုင်ပြီတဲ့။အဲဒီကျမ်းစာကို ကွေကူသင်္ချိုင်းမှာ ရှိတယ်လို့ ပြောကြတဲ့အတွက် ချီတိုင်းပြည်နဲ့ ချူတိုင်းပြည်တို့က သူ့ထက်ငါအရင်ရအောင် သင်္ချိုင်းဂူထဲကို ဆင်းရှာခဲ့ကြပါတယ်။ ဒါပေမဲ့ ကျမ်းစာကိုမရတဲ့အပြင် နှစ်ဖက်လုံး ဒဏ်ရာရသူ သေဆုံးသူ များပြားခဲ့ပါတယ်။မော့ဂိုဏ်းတပည့် မော့ရှင်းဟာ ဆရာတူအစ်ကို ကုံးစူးယန်နဲ့ ဆရာတူညီမလေး အားပေါင်းတို့ကို ခေါ်ပြီး နှစ်နိုင်ငံစစ်ရေးကို တားဆီးနိုင်ဖို့ မျှော်လင့်ချက်နဲ့ ကွေကူသင်္ချိုင်းကို သွားခဲ့ပါတယ်။ ကွေကူသင်္ချိုင်းထဲမှာ ကျမ်းစာကို မရခဲ့ပေမဲ့ ကျမ်းစာရှိရာနေရာကို ပြတဲ့ မြေပုံတစ်ခုတော့ ရခဲ့ပါတယ်။စစ်ဖြစ်ချင်သူအဖွဲ့နဲ့ စစ်ကို ရှောင်ရှားချင်သူတို့ကြား ဘယ်လို ဉာဏ်နီဉာဏ်နက်တွေနဲ့ အကြံအစည်မျိုးတွေ ရှိနေမလဲ...... အဲဒီ အကြံအစည်တွေ နောက်ဆုံး အောင်မြင်လိမ့်မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1 GB / 555 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : ...
movie

Qimen Mechanism Scroll (2025)

Green Snake: The Origin ( 2025 ) 5.7
Green Snake: The Origin ( 2025 ) CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မြွေစိမ်းကားလေးပဲဖြစ်ပါတယ် ဇာတ်ညွှန်းလေးကို ပြောပြရမယ်ဆိုရင်တော့နှစ်၅၀၀ ကျင့်ကြံထားတဲ့ မြွေစိမ်းမလေးကို သူ့မျိုးနွယ်ကရော တခြားမကောင်းဆိုးဝါး မျိုးနွယ်စုတွေကရော ကျဉ်ဖယ်ထားကြပါတယ်အမှန်ကတော့ မြွေစိမ်းမလေးက မကောင်းဆိုးဝါးဆိုပေမယ့် စိတ်ထားကောင်းပြီး လူသားမစားတာမို့လို့ သူ့ကိုပစ်ပယ်ထားတဲ့အပြင် သူတို့မျိုးနွယ်စုရဲ့ ဝိညာဉ်ကျောက်တုံးပျောက်ရတာ သူ့ကြောင့်လို့ပါအစွပ်စွဲခံထားရသူပါအဲ့လိုနဲ့တစ်နေ့မှာ လူသားအဖြစ်ပြောင်းထားတဲ့ ‌မကောင်းဆိုးဝါးမလေးရှောင်ကွေနဲ့ စုံစည်းခဲ့ပြီး အတူတူ ဒုက္ခတွေ ပြဿနာတွေကိုရင်ဆိုင်ကြတာပေါ့ ခဏခဏ ယုံကြည်မှုတွေ ချိုးဖောက်ခံရတဲ့ မြွေစိမ်းမလေးဟာ ရှောင်ကွေကို ယုံကြည်လာပါတော့တယ် အဆုံးမှာ ရှောင်ကွေက မြွေစိမ်းမလေးယုံကြည်ထိုက်တဲ့သူလား အရမ်းသိုဝှက်တဲ့ ရှောင်ကွေကရော ဘယ်သူဖြစ်နေမှာလဲဆိုတာကို ဇာတ်ကားလေးမှာ ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နော် Filesize : 1.36 GB / 770 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Fantasy , Romance Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Green Snake: The Origin ( 2025 )

Detective Di Renjie: The Deadly Monk ( 2024 ) 5.8
Detective Di Renjie: The Deadly Monk ( 2024 ) ဒီတစ်ခေါက်မှာတော့ စုံထောက်ကြီးဒီးက ဘုရင့်အမိန့်အရကျန်းနန်နယ်တစ်ဝိုက်ကို လှည့်လည်စစ်ဆေးရပါတယ်။ လင်အန်းမြို့ကိုရောက်တဲ့အခါမှာ မိန်းကလေးတွေထူးထူးဆန်းဆန်းပျောက်နေတာကိုတွေ့ရတယ်။လင်အန်းတာဝန်ကျတရားသူကြီးကျိုးကလဲ အပျင်းကြီးပြီး အပျော်အပါးမက်တဲ့ ခပ်ညံ့ညံ့အရာရှိတစ်ယောက်ဖြစ်နေတော့ လင်အန်းကဒီအမှုကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။မသင်္ကာစရာတွေနောက်လိုက်စုံစမ်းရင်း နတ်ကိုအယောင်ပြပြီး ရိုးသားတဲ့ပြည်သူတွေကိုလှည့်စားပြီးတော့ ဥစ္စာပစ္စည်းတွေလိမ်ယူနေတဲ့ လူအုပ်စုရှိနေတာကိုသိလိုက်ရပါတယ်။ အသက်အန္တရာယ်အကြိမ်ကြိမ်ကြုံရပေမယ့် စုံထောက်ကြီးဒီးက ဇွဲမလျှော့ပဲ ပြည်သူတွေအတွက် အမှန်တရားကိုဖော်ထုတ်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ Filesize : 1.17 GB / 634 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Romance , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Detective Di Renjie: The Deadly Monk ( 2024 )

Nezha: Demon Child is Back (2024) 6
Nezha: Demon Child is Back (2024) ဒီဇာတ်ကားလေးကတော့ အားလုံးလည်းမစိမ်းတဲ့ စကြဝဠာခြေကွင်း မီးလှံလေးချွန် ဖဲကြိုးနီ မီးကွင်းစတဲ့လက်နက်တွေကိုပိုင်ဆိုင်တဲ့ နီကျားရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်ကားအညွှန်းလေးကတော့ နီကျားဟာ နဂါးနန်းတော်က တတိယမင်းသား အောင်ပင်းကိုသတ်လိုက်လို့ နဂါးမင်းကြီးက သူ့အဖေဖြစ်တဲ့စစ်သူကြီးလီကျင့်ကာကွယ်ပေးနေတဲ့ ချန်ထန်ကွမ်းကို လာရောက်တိုက်ခိုက်ပါတော့တယ် ။ဒါပေမဲ့ မတိုက်ခိုက်စေချင်ရင် နီကျားကိုထုတ်ပေးဖို့ပြောပါတယ် ။ နီကျားကလည်း နဂိုတည်းက ဘယ်သူ့မှလူမထင်တဲ့ပုဂ္ဂိုလ်ဆိုတော့ နဂါးမင်းကိုစိန်ခေါ်ခဲ့ပါတော့တယ် ။ ဒါပေမဲ့ အဖေဖြစ်သူလီကျင့်က ပြဿနာတွေပိုမကြီးရ‌စေအောင်အားလုံးရဲ့အရှေ့မှာ နီကျားကိုပါးရိုက်ပြီးဆုံးမခဲ့ပါတယ် ။နဂိုတည်းက ဒေါသကြီးတဲ့နီကျားတစ်ယောက် အရှက်ခွဲခံလိုက်ရတဲ့အခါ စိတ်တိုပြီး သူ့ကိုယ်သူသတ်သေသွားပါတယ် ။ ဒါပေမဲ့ဇာတ်လမ်းကမပြီးသေးဘဲ သူ့ဝိညာဉ်က လင်းလုံဘုရားကျောင်းမျှော်စင်ခုနှစ်ထပ်မှာသွားပိတ်မိနေချိန်မှာတော့....အဖေဖြစ်သူလီကျင့်တစ်ယောက် နောင်တရစွာနဲ့သားကိုလိုက်ကယ်မလား ? နဂါးမင်းကြီးကိုရော ဘယ်လိုအနိုင်ယူသွားမလဲ ? သားအဖနှစ်ယောက်ကြားက ကတောက်ကဆကရော အဆင်ပြေနိုင်မလားဆိုတာကို နီကျားနဲ့သူ့အဖေရဲ့ မျှော်စင်ခုနှစ်ထပ်စွန့်စားခန်းမှာ ကြည့်ရှူအားပေးလိုက်ကြပါအုံး။ Filesize : 1.66 GB / 976 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Nezha: Demon Child is Back (2024)

Master of Maoshan ( 2021 ) 5.6
Master of Maoshan ( 2021 ) မောင်ရှန်းတောင်က မောင်ရှန်းဂိုဏ်းက နှစ်ပေါင်း60မှာတစ်ခါ မောင်ရှန်းဆရာကြီးကိုရွေးချယ်လေ့ရှိကြပါတယ် ။ အဲဒီမှာပဲ ယွင်လင်လို့ခေါ်တဲ့ကောင်လေးက အမြဲတမ်း မောင်ရှန်းဆရာဖြစ်ဖို့ အိပ်မက်မက်နေတဲ့သူပေါ့ ။ယွင်လင်ကမောင်ရှန်းဆရာဖြစ်ဖို့ အိပ်မက်ရှိပေမဲ့ သူကမွေးကတည်းက ဟေးချိလို့ခေါ်တဲ့ အဖျက်အစီးစွမ်းအင်နဲ့ မွေးလာတဲ့သူမို့ ကျင့်ကြံဆင့်လည်းမမြင့်ဘဲ အိပ်မက်နဲ့ဝေးနေရတာပါ ။ဒါပေမဲ့ ဘဝဆိုတာအမြဲတမ်းမထင်မှတ်ထားတာတွေဖြစ်စမြဲဆိုတော့ မောင်ရှန်းစုဝေးပွဲ မောင်ရှန်းဆရာရွေးချယ်တဲ့နေ့မှာ ကံအကြောင်းပါပြီးတော့ ‌ယွင်လင်တစ်ယောက် ယွမ်ချိဆေးလုံးရပြီးတော့ မောင်ရှန်းဆရာဖြစ်လို့သွားပါတော့တယ် ။တစ်ချိန်တည်းမှာပဲ သူတို့ညီအစ်ကိုတွေကယ်လိုက်တဲ့ တောက်ဆရာတစ်ယောက်က ကျန်းကျိုးမြို့မှ ာ ပင့်ကူအဆိပ်ပျံ့နေတယ်ပြောတာကြောင့် သူတို့ဆရာတူညီအစ်ကိုလေးယောက်သား ကျန်းကျိုးမြို့က ပြည်သူတွေကိုကယ်တင်ဖို့ စွန့်စားခန်းကြီးစတင်ခဲ့ပါတော့တယ် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
movie

Master of Maoshan ( 2021 )

Doll Bride ( 2024 ) 5.9
Doll Bride ( 2024 ) ယွင်ဝူမြို့က ယွင်ဝူတံတားမှာ လှေကားထစ် 99ထစ်ရှိပြီး လှေကားထစ်99ထစ်လုံးလျှောက်လှမ်းပြီးရင်တော့ ကြင်စဦးဇနီးမောင်နှံတွေ အိုအောင်မင်းအောင်ပေါင်းရမယ်ဆိုတဲ့ ဒဏ္ဍာရီရှိပါတယ်တဲ့ ။ဒါပေမဲ့ ထျန်အိမ်တော်ရဲ့သခင်လေးမင်္ဂလာဆောင်တဲ့နေ့မှာ မြူခိုးတွေလည်းထူထပ်နေပြီးတော့ တံတားကိုဖြတ်တဲ့အခါမှာ လှေကားထစ်က 99ထပ်အပြင် နောက်တစ်ထပ်ပါပိုနေခဲ့ပါတယ် ။ဒီလိုနဲ့နတ်ဆရာမရဲ့အပြောအရ အဲဒီတံတားက အမွှာလှေကားထစ်တစ်စုံပေါ်လာတတ်တာက တစ္ဆေမင်္ဂလာဆောင်မှဆိုတော့ ဒီမင်္ဂလာပွဲကဂြိုလ်ဆိုးဝင်ပြီမလို့ မင်္ဂလာပွဲဖျက်ဖို့အကြံပေးခဲ့ပါတယ် ။ဒါပေမဲ့ မင်္ဂလာပွဲကိုဆက်ကျင်းပကြတဲ့ ထျန်အိမ်ကမင်္ဂလာပွဲက တကယ်ကြီးကပ်ဆိုက်လာခဲ့ပါတော့တယ် ။ သတို့သမီးကရုပ်တရက်ပြီးစက္ကူရုပ်ဖြစ်သွားပြီး မင်္ဂလာပွဲမှာပါဝင်တဲ့သူတွေပါ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတဲ့အချိန်မှာတော့...တကယ်ပဲသရဲသတ်တာဖြစ်မလား ? ဒီလိုထူးဆန်းတဲ့သေဆုံးမှုတွေရဲ့ နောက်ကွယ်မှာတစ်ခုခုရှိလို့နေမလား ? အမှုတွေကရော ဘယ်လိုတွေတစ်ခုပြီးတစ်ခုထပ်ပေါ်လာအုံးမလားဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အဆုံးထိခံစားကြည့်ရှု့ပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by LK
movie

Doll Bride ( 2024 )

Snake Skin Beauty ( 2024 ) 5.8
Snake Skin Beauty ( 2024 ) တောနက်ကြီးထဲမှာအလောင်းကောင်တွေကိုစားသုံးနေတဲ့ မြွေကြီးတစ်ကောင်ရှိနေခဲ့တယ်။ မိန်းမလှလေးအဖြစ်အယောင်ဆောင်ထားတဲ့ မြွေကြီးလှည့်ဖျားမှုအောက်မှာ အလောင်းပြင်ဆရာတစ်ယောက်ဟာ အလောင်းတစ်ခုရဲ့ခေါင်းနဲ့ကိုယ်ကိုတွဲချုပ်ပေးလိုက်ခဲ့မိတယ်။အဲဒီအချိန်ကစပြီးတော့ အလောင်းပြင်ဆရာတို့လင်မယားရဲ့အေးချမ်းတဲ့ဘဝဟာ လှုပ်ခတ်လာခဲ့တယ်။ မြွေမလေးဟာ မျက်နှာလှလှလေးရဲ့နောက်ကွယ်မှာ လူတွေကိုစားသုံးနေရင်း အလောင်းပြင်ဆရာရဲ့ မိန်းမနေရာမှာအစားနိုင်ဖို့ကြိုးစားလာတဲ့အခါ...... မြွေမလေးရဲ့ညှို့ကွက်အောက်ကလွတ်နိုင်ပါ့မလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller , Fantasy , Thriller Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie

Snake Skin Beauty ( 2024 )

The Legend of the Mermaid ( 2024 ) 5.7
The Legend of the Mermaid ( 2024 ) ရေသူမလေးတစ်ယောက်ရဲ့လွမ်းမောဖွယ်ရာ အချစ်ဒဏ္ဍာရီလေးတစ်ပုဒ်ပါ။ ရေသူမတွေရဲ့မျက်ရည်ဟာ ပုလဲဖြစ်ပြီး အကြေးခွံနဲ့ရောဂါအားလုံးကို ပျောက်စေနိုင်တဲ့ဆေးကိုဖော်လို့ရတယ်ဆိုတာကြောင့် လူသားတွေဟာ ရေသူမတွေကိုအမဲလိုက်သတ်ဖြတ်ခဲ့ကြတယ်။အဲဒါကြောင့် လူသားတွေကိုမုန်းတီးတဲ့ရေသူဖွားဖွားကြီးဟာ လူယောင်ဆောင်ပြီး လက်စားချေဖို့ကြံစည်နေပါတယ်။ စိတ်ထားဖြူစင်ပြီး သူတစ်ပါးကိုကူညီလိုစိတ်ပြည့်ဝတဲ့ ဆေးဆရာလေးတစ်ယောက်က မထင်မှတ်ပဲ ရေသူမလေးတစ်ယောက်နဲ့ဆုံပြီးတော့ မြင်မြင်ချင်းချစ်မိသွားပါတယ်။ဆေးဆရာလေးက ရေသူမလေးကိုရေသူမမှန်းမသိပေမယ့် ရေသူမလေးကတော့ သူ့ကိုလူသားမှန်းသိသိရက်နဲ့ ချစ်မိသွားတဲ့အခါ အစွမ်းကုန်ကြိုးစားပြီးကာကွယ်ပေးခဲ့တယ်။ ဆေးဆရာလေးကလဲ ရေသူမလေးကို အချစ်စစ်နဲ့ချစ်ပြီး အစွမ်းကုန်ကြိုးစားခဲ့တယ်။ အငြိုးအတေးတွေကြားက သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုအဆုံးသတ်မလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance  Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Legend of the Mermaid ( 2024 )