Channel Myanmar

Shabeer Kallarakkal

Kondal (2024) 5.6
Kondal (2024) Kondal 2024 ပင်လယ်ပြင်ခရီးကြမ်းအက်ရှင်ဟီးရိုး Antony Varghese ရဲ့ ပင်လယ်ပြင်မှာကြမ်းမယ့် အက်ရှင်ကားသစ်တစ်ကားကို CMချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။မာနူးဟာ လူဖြောင့်စိတ်တိုဆိုတဲ့အတိုင်း စိတ်သဘောထားဖြူစင်သူပေမဲ့ မဟုတ်မခံ ထစ်ခနဲဆို လက်ကအရင်ရောက်တဲ့သူ၊ မတရားသဖြင့်ချနင်းမယ်ဆိုရင်တော့ ဘယ်လိုလူကိုမဆို ပြန်ကြမ်းဖို့ဝန်မလေး နောက်မတွန့်တဲ့သူပေါ့။သူ့ရဲ့ ဒီအကျင့်စရိုက်ကြောင့်ပဲ ငါးဈေးမှာ အကြီးအကျယ်ပြဿနာတက်ပြီး တစ်ရွာလုံးကမာနူးကို ရွာကနေ ခဏရှောင်နေဖို့ဝိုင်းပြောတာနဲ့ပဲ ရွာကနေထွက်လို့ ငါးဖမ်းသင်္ဘောတစ်စင်းပေါ်မှာ အလုပ်လုပ်ရဖို့ ဖြစ်လာပါတော့တယ်။ဒါပေမဲ့ ရန်ပွဲကပဲ မာနူးနောက်လိုက်လာတာလား၊ မာနူးကပဲ ရန်ပွဲနောက်လိုက်နေသလား မသိရလောက်အောင် ငါးဖမ်းသင်္ဘောပေါ်မှာ ပြဿနာဖြစ်ဖို့ ဦးတည်လာတဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 3 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Kondal (2024)

Birthmark (2024) 7.6
Birthmark (2024) Birthmark 2024 ပြန်လည်မွေးဖွားခွင့်IMDb- 7.7/10လူတစ်ယောက်ရဲ့အနိမ့်ပါးဆုံးအချိန် အသက်ဆက်ရှင်လိုတဲ့ဆန္ဒတွေ ပျောက်ဆုံးနေချိန်မှာ အလိုအပ်ဆုံးကတော့ သူဆက်ပြီးရှင်သန်နေဖို့အတွက် နောက်ဆုံးမျှော်လင့်ချက်ပါပဲ။ သေခြင်းရှင်ခြင်းဆိုတာ အတွေးတစ်ချက်မှာတင် ကိစ္စပြတ်သွားနိုင်တဲ့ဒီလိုကာလမှာ ကောက်ရိုးတစ်မျှင်ဆိုရင်တောင် လှမ်းဆွဲထားချင်ကြတာပဲမဟုတ်ပါလား။ အခုဒီဇာတ်လမ်းလေးထဲမှာတော့ အိန္ဒိယဗိုလ်ကြီးဒန်နီရယ်ရဲ့မျှော်လင့်ချက်က သူ့မိန်းမဖြစ်တဲ့ဂျန်နီပါပဲ။သိပ်ချစ်လို့လက်ထပ်ခဲ့ကြတဲ့ ဂျန်နီနဲ့ဒန်နီရယ်တို့မှာ ကြာကြာကြည်နူးခွင့်မရပါဘူး။ တိုင်းပြည်တာဝန်ကိုထမ်းပိုးထားရတဲ့ လူဆိုတော့ လင်ယောက်ျားကို အပြည့်အဝပိုင်ဆိုင်ခွင့်သူ့မှာမရှိရှာပါဘူး။ ဒီလိုနဲ့ ဒန်နီရယ်လည်းစစ်ထွက်၊ စစ်ပွဲမှာ ပြန်ပေးဆွဲခံရပြီး ၆ လ သုံ့ပန်းဘဝနဲ့နေခွင့်ရပြီးမှ သူ့မိန်းမဆီကိုပြန်လာတဲ့အခါမှာတော့ ချစ်ဇနီးချောက တစ်ကိုယ်တည်းမဟုတ်တော့ဘဲ နေ့စေ့လစေ့ အချစ်စုဘူးလေးနဲ့ ဖြစ်နေပါသတဲ့။သူစစ်ထွက်ပြီး အဖမ်းခံရတာက ၆ လ ပြန်လာတော့ချစ်ဇနီးက ဗိုက်ပူနေပြီမလို့ ဒန်နီရယ်ဘဝင်မကျတော့ပါဘူး။ အဲဒီအပြင် ဇနီးသည်က ချူချာနေပြီးတော့ ကလေးဖွံ့ဖြိုးမှုနှုန်းကလည်း နှေးနေပြန်တော့ ဒန်နီရယ်တစ်ယောက် မိ န်းမကိုဘာမှသေချာမပြောပြဘဲ ဒါဗန်သရီသဘာဝနည်းနဲ့မီးဖွားပေးတဲ့ရွာကို ဇွတ်ခေါ်လာပါသတဲ့။နဂိုထဲက ကိုယ်ဝန်ဆောင်ကာလမှာ ယောက်ျားကမရှိ ကလေးကလည်းမကျန်းမာလို့ ပင်ပန်းရတဲ့ထဲ ယောက်ျားကပြန်လာတော့လည်း အပြုအမူကထူးဆန်း စိတ်ကလည်းဆတ်နေတဲ့အပြင် အရင်လိုနွေးနွေးထွေးထွေးမရှိ သူ့ကိုလည်းဘာမှမပြောပြတော့ စစ်ထဲမှာဘာဖြစ်လာမှန်းမသိရတဲ့အပြင် ဆရာဝန်တောင်မရှိတဲ့ ဒါဗန်သရီမှာ ကလေးလာမွေးခိုင်းတော့ ဂျန်နီကလည်း ကလန်ကဆန်၊ ဒန်နီရယ်ကလည်း သူ့ကိုပဲဇွတ်ယုံခိုင်းနေတဲ့အခါမှာတော့...ပြဿနာတွေအလီလီရှုပ်နေတဲ့ကြားက သိပ်ချစ်ကြတဲ့သူတို့နှစ်ယောက်ကြားက အေးစက်သွားတဲ့သံယောဇဉ်တွေ ဗိုက်ထဲကကလေးနဲ့အတူ ပြန်လည်မွေးဖွားလာမလားဆိုတာကို ဆက်လက်ရှုစားကြပါစို့လား။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ...
movie

Birthmark (2024)

2024
The Road (2023) 8.7
The Road (2023) The Road (2023) အဝေးပြေးလမ်းမ IMDb(8.8/10)ဒီကားလေးကတော့ Crime, Thriller ကို အခြေပြုထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပြီးတော့ လျှို့ဝှက်မှုတွေပြည့်နှက်နေတဲ့ဇာတ်အိမ်ကိုမှ ကြည့်ချင်တဲ့သူတွေအတွက် အလွတ်မခံသင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ... လူသတ်မှု သေဆုံးမှုတွေနဲ့ ခိုးယက်မှုတွေဆက်တိုက်ဖြစ်ပေါ်နေတဲ့ အမြန်လမ်းမတစ်ခု...မိသားစုပေါင်းများစွာရဲ့ အသက်ကို ခိုးယူနေတဲ့ ဒီလမ်းမက ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ မီရာရဲ့ ဘဝတစ်ကွေ့မှာ ဆုံရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အကြောင်းကတော့ မီရာရဲ့ သားဖြစ်သူ ကာဗင်ရဲ့ မွေးနေ့ပွဲအတွက် ခင်ပွန်းဖြစ်သူနဲ့အတူ မိသားစုခရီးထွက်ဖို့ စီစဉ်ခဲ့ပေမဲ့ အဲဒီအချိန်မှာမှန်း ကိုယ်ဝန်နှစ်လလွယ်ထားရမှန်းသိတဲ့အခါမှာတော့ ခရီးမသွားနိုင်တာဖြစ်ခဲ့ရပါတယ်...အဲဒါ‌ကြောင့်ပဲ ကာဗင်စိတ်ချမ်းသာအောင် သားဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ကိုပဲ နှစ်ရက်ခရီးစဉ်သွားခိုင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုကနေတစ်ဆင့် သားအဖနှစ်ယောက်က ဒီအဝေးပြေးလမ်းမထက်မှာ ဖြတ်သွားရင်းနဲ့ ကားမတော်တဆမှုဖြစ်ကာ သေဆုံးသွားခဲ့ပါတယ်။ဒီလိုကနေ ဒီလမ်းမထက်ကို စုံစမ်းဖို့ ဖြစ်လာခဲ့တဲ့ မီရာက ဒီလမ်းမရဲ့ နောက်ကွယ်က အကြောင်းတရားကို ထုတ်ဖော်သွားနိုင်သွားမလား နောက်ထပ် ဘယ်သူတွေရဲ့ ဘဝတွေနဲ့ သက်ဆိုင်နေဦးမလဲဆိုတာကိုတော့ ရှုစားရင်းနဲ့ ခံစားကြည့်ကြပါဦး.... ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Teamမှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie

The Road (2023)

2023
King of Kotha (2023) 6.6
King of Kotha (2023) King Of Kotha (2023)IMDb - 6.6/10အင်္ဂလိပ်တွေ အုပ်စိုးတဲ့ခတ်တုန်းက ခိုသာဆိုတဲ့ မြို့လေးဟာ ရာဇဝတ်ကာင်တွေကို သေဒဏ်ပေးပြီးရင် မြေမြှုပ်ပစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ် ခေတ်အဆက်‌‌ဆက်ပြောင်းလာပြီးတဲ့နောက်မှာတော့ ခိုသာဆိုတဲ့နေရာဟာ မြို့သေးသေးလေးဖြစ်လာခဲ့ပါတယ်ခိုသာဆိုတဲ့မြို့လေးမှာတော့ အရမ်းကို တော်ပါတယ်ဆိုတဲ့ ရဲတွေ အရာရှိတွေတောင်မှ ပြန်ပြေးရလောက်အောင်အထိကို အင်အားကြီးမားတဲ့ ဂိုဏ်းတစ်ခု ရှိနေပါတယ် အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ ကန်နန်လို့ ခေါ်ပါတယ် ။ ကန်နန်တို့ဂိုဏ်းဟာ လူငယ်တွေကို လမ်းမှား မရောက်ရောက်အောင်လုပ်ဖို့အတွက် မူးယစ်ဆေးတွေကိုလည်း ရောင်းဝယ်နေကြပြီး အဲဒီမြို့မှာ ရှိတဲ့ ရဲဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ အားနည်းချက်ကို သုံးပြီး ချုပ်ကိုင်ထားပါတယ်ဒီဂိုဏ်းကို နှိမ်နင်းဖို့အတွက် အင်စပက်တာ ရှာဟူး ကို ခိုသာမြို့ကို စေလွှတ်လိုက်တဲ့နောက်မှာတော့ အင်စပက်တာကြီးက ဒီဂိုဏ်းကို ဖြိုခွင်းဖို့အတွက် ဘယ်လိုနည်းလမ်းတွေ သုံးမလဲ.....ဇာတ်လမ်းရဲ့ နာမည်အရ King of Kotha ဆိုတဲ့ နေရာကိုရော ဘယ်သူက ပိုင်ဆိုင်သွားမလဲဆိုတာကို ကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်က‌တော့ ToMo, Zwe, Alex, ...
movie

King of Kotha (2023)

2023
4K HEVC