Channel Myanmar

Serhii Kalantai

Diagnosis: Dissent (2024) 7.9
Diagnosis: Dissent (2024)  Diagnosis: Dissent (2024)IMDb Rating (7.9) အန်ဒရီ ဒိုဗ်ချန်ကိုက ငယ်ချစ်ဇနီးချောလေး သားတစ်ယောက်နဲ့အတူအောင်မြင်သာယာတဲ့ဘ၀တစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမယ့် သူဟာ ဆိုဗီယက်အစိုးရကိုဆန့်ကျင်သူတစ်ယောက်ဖြစ်ပြီး အစိုးရယန္တရားမှာပါဝင်နေတဲ့ ယောက္ခမကြီးနဲ့လည်း လုံး၀အစေးမကပ်ပါဘူး။အဲ့ဒီလိုပြဿနာသေးသေးလေးတွေကနေ မီးခိုးကြွက်လျှောက်ဖြစ်ပြီး တားမြစ်ထားတဲ့ သီချင်းတွေကိုနားထောင်မှုနဲ့ထောင်ကျခံရမယ့် အရေးကိုရှောင်လွှဲဖို့ သူဟာ စိတ်မူမမှန်ကြောင်းသက်သေထူပြီးစိတ်ရောဂါကုဆေးရုံတစ်ခုကို ပို့ဆောင်ခံလိုက်ရာကနေ ထင်မှတ်မထားတဲ့ ငရဲခန်းကိုကြုံတွေ့ဖို့ဖြစ်လာပါတော့တယ်။KGB တွေဟာ စိတ်ရောဂါကုထုံးကိုလက်နက်တစ်ခုလိုအသုံးချပြီး အစိုးရနဲ့ဘာသာရေးအတိုက်အခံတွေကို အသိစိတ်ပျောက်တဲ့အထိနှိပ်စက်ညှင်းပန်းနေခဲ့တာဖြစ်ပါတယ်။ဒီငရဲခန်းကနေ အန်ဒရီ တစ်ယောက် အသက်ရှင်ရက်လွတ်မြောက်နိုင်ပါ့မလား?ဒါမှမဟုတ် ဘ၀တူအကျဉ်းသားတွေလိုပဲ အမှန်တကယ်ရူးသွပ်တဲ့အခြေနေကိုဆိုက်သွားတော့မလား? ခံစားကြည့်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.3 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Thriller Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Diagnosis: Dissent (2024)