Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sela Ward
6.5
The Day After Tomorrow (2004)
IMDb rating 6.5/10 ရရှိထားပြီး 2004 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ပေးလိုက်ပါတယ်။အာတိတ်ဒေသမှာသုတေသနလုပ်နေတဲ့ ပါမောက္ခ ဂျက်(ခ်)ဟော(လ်) နဲ့အဖွဲ့ဟာ ရာသီဥတု ဖောက်ပြန်ပျက်စီး မှု တစ်ခုကို အမှတ်မထင် ကြုံတွေ့ခဲ့ရတယ်။ ဒါကို နယူးဒေလီ မှာပြုလုပ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်တဲ့ နှီးနှော ဖလှယ်ပွဲတစ်ခုမှာ ဂျက်(ခ်) ကိုယ်တိုင်ပြောပြခဲ့ပေမဲ့ ဘယ်သူကမှ အလေးမထားခဲ့ကြပါဘူး။နောက်ပိုင်းမှာ ရေကြောင်းပြ ဗော်ရာ တွေမှာ အပူချိန်ကျဆင်းလာတာကြောင့် ပါမောက္ခ ရပ်ဆန် လည်း သတိထားမိခဲ့ပြီး ဂျက်(ခ်) နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ရာသီဥတု ဖောက်ပြန်ပျက်စီးမှုက တစတစ ပိုမိုဆိုးရွားလာခဲ့ပေမဲ့ ဂျက်(ခ်) ရဲ့ သတိပေးမှုတွေကို တာဝန်ရှိသူတွေက လျစ်လျူရှုခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ မြောက်ကမ္ဘာခြမ်းတစ်ခုလုံးကို ရေခဲအတိ ဖုံးလွှမ်းသွားစေခဲ့တဲ့ တစ်ခါမှ မကြုံခဲ့ဖူးတဲ့ ကုန်းတွင်းပိုင်း ဟာရီကိန်း မုန်တိုင်းဒဏ်ကို ပြည်သူတွေအလူးအလဲ ခံစားခဲ့ပါတယ်။အခက်အခဲ အမျိုးမျိုးရှိနေတဲ့ကြားထဲမှ ...
movie
The Day After Tomorrow (2004)
2004
4K HEVC
5.6
The Stepfather (2009)
The Stepfather (2009)မင်းသမီးချော Amber Heard , မင်းသားချော Penn Badgley , မင်းသားကြီး Dylan Walsh ,မင်းသမီးကြီး Sela Ward တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားက 1987 တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားကို ပြန်ရိုက်ထားတာဖြစ်ပြီး Crime,Thriller အမျိုးအစား ထိတ်လန့်ခြောက်ခြားစရာဇာတ်ကားပါ။သူက လူကြီးလူကောင်းတစ်ယောက်ပါ ဆိုတာကတော့ ဒီကားထဲမှာ အကြားရများဆုံးစကားပါ။ ပြေပြစ်တဲ့အပြုံးတွေရှိမယ် .. စကားလုံးလှလှတွေနဲ့ ‘မိသားစု’ ဆိုတာကို ပါးစပ်ကမချဘဲ ပြောတတ်မယ် .. အရာရာမှာ နားလည်ဂရုစိုက်ပေးပြီး ကြင်နာတတ်မယ်... ဒါတွေဟာ ဒီကားရဲ့ အဓိကဇာတ်ဆောင် ပထွေးဖြစ်သူရဲ့ အများသိစရိုက်လက္ခဏာတွေပေါ့..ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာတော့ ‘သိပ်ကိုပြီးပြည့်စုံတဲ့မိသားစု’ လို့ သူယူဆသတ်မှတ်ထားတဲ့ စံတစ်ခုကို စွဲကိုင်ပြီး ဒီစံနဲ့ မကိုက်လာဘူးထင်ရင် သွေးအေးအေးနဲ့ သတ်ပစ်လိုက်နိုင်တဲ့ အမေရိကရဲ့ အလိုရှိဆုံးလူသတ်သမားတစ်ယောက်ဟာ ခိုအောင်းလို့နေပါတယ်..ဒီကားရဲ့ ဇာတ်ကြောင်းသရုပ်မှန်ကို ကြည့်သူပရိတ်သတ်ကို ဖွင့်ပြပြီးသားအနေအထားပေါ်မှာပဲ နောက်ထပ်သားကောင်ဖြစ်လာမယ့် သားအမိတွေနဲ့ သူနဲ့ကြားက ဇာတ်လမ်းကိုကြည့်ရမှာဖြစ်ပါတယ်.. ။ အထူးသဖြင့်တော့ မိသားစုအသစ်ရဲ့ သားအကြီးဆုံးဖြစ်သူ မိုက်ကယ်နဲ့ နာမည်အတည်တကျမရှိသူ လူကြီးလူကောင်းယောင်ဆောင်သူ ပထွေးကြားက သံသယနဲ့ ...
movie
The Stepfather (2009)
2009
7.8
The Fugitive (1993)
ဒီတစ်ခေါက်မှာဆိုရင်ရင်တော့ Old But Gold တွေထဲက တစ်ကားဖြစ်တဲ့ The Fugitive ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ IMDb Rating- 7.8/10 ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Harrison Ford နဲ့ Tommy lee Jones တို့လို မင်းသားကြီးတွေပါဝင်ထားတဲ့ Action , Crime , Drama ဇာတ်ကားအမျိုးအစားလည်းဖြစ်ပြီး ထို ၁၉၉၃ ခုနှစ်ပတ်ဝန်းကျင်ကနေ အခုထိ ကြည့်ရှု့လို့မရိုးနိုင်လောက်အောင် ဇာတ်လမ်းဇာတ်အိမ်ခိုင်မာပြီး ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဖြင့်ပဲ မင်းသားကြီး Jones က Best Supporting Actor ဆုကို ရခဲ့တာဖြစ်သလို ၁၉၉၃ ခုနှစ်မှာ ဝင်ငွေအကောင်းဆုံးဇာတ်ကားလည်း ဖြစ်ခဲ့ပါသေးတယ်။ ဒီဇာတ်ကားကို ညွန်းရမယ်ဆိုရင် ဇာတ်လမ်းကိုတော့ Chicago မြို့မှာထင်ရှားတဲ့ အရိုးခွဲစိတ်ဆရာဝန် Richard အကြောင်းကို အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ Richard ဟာဆိုရင် သူ့မိန်းမ သေဆုံးမှု့မှာ တရားခံအဖြစ်ဆွဲချက်တင်ခံရပြီး သက်သေများက သူ့ဆီပဲ ဦးတည်နေတာကြောင့် တကယ်မသတ်ဘဲ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ထို့နောက် Chicago မြို့ထဲမှ သူအပါအဝင်ဖြစ်သော ထောင်ကားဟာ lllINOISသို့ မောင်းနှင်လာခဲ့ပါတယ်။ လမ်းတစ်ဝက်အရောက်မှာပဲ ထောင်သားတွေက ရုန်းရင်းဆန်ခက် ပြုလုပ်တာကြောင့် သူပါလာသော ထောင်ကားတိမ်းမှောက်ပြီး Richard ...
movie
The Fugitive (1993)
1993