Channel Myanmar

Saurabh Gokhale

Yudhra (2024) 6
Yudhra (2024) Yudhra ( 2024 )ဒီဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်ထွက် ဟင်ဒီစကားပြော Action Thriller အမျိုးအစားဖြစ်ပြီး IMDb 6/10 ရရှိထားပါတယ်။ဇာတ်ကားအကျဉ်းကတော့- ရဲဌာနရဲ့ အတော်ဆုံးအရာရှိနဲ့ သူ့ဇနီးသည်ဟာ ပါတီပွဲကအပြန်မှာ မတော်တဆလား တမင်သက်သက်လားဆိုတာမသိတဲ့ ကားအက်စီဒန့်တစ်ခုဖြစ်ပွားခဲ့ပြီး သေဆုံးသွားကြပါတယ်။ကိုယ်ဝန်နေ့စေ့လစေ့နဲ့မိခင်သေဆုံးသွားပေမယ့် ယုဒရာလေးကိုတော့ ဗိုက်ထဲကခွဲထုတ်ပြီးကယ်တင်နိုင်ခဲ့ပါတယ်။ မမွေးခင်ကတည်းက မိဘမဲ့ဖြစ်သွားခဲ့တဲ့ ယုဒရာလေးကိုတော့ သူ့အဖေရဲ့မိတ်ဆွေတို့က သားလေးတစ်ယောက်လိုမွေးစားခဲ့တယ်။ ယုဒရာလေးဟာ မိဘမဲ့ဖြစ်တာရော ၊ သူ့ရဲ့မွေးဖွားလာပုံတို့ကြောင့်ရော စိတ်မထိန်းနိုင်ဘဲ ရန်လိုတဲ့ ဒေါသအိုးလေးအဖြစ်ကြီးပြင်းလာခဲ့ပါတယ်။ကျောင်းသားလေးဘဝမှာကတည်းက သူ့ရဲ့ပုတ်သင်ညိုကိုသတ်ပစ်တဲ့ ကောင်လေးကို ပြန်သတ်ဖို့လုပ်တာကြောင့် ကျောင်းထုတ်ခံလိုက်ရပြီး ကြီးပြင်းလာတာနဲ့အမျှ ဆိုင်ကယ်ပြိုင်မောင်းတာလိုမျိုး အန္တရာယ်နဲ့ကစားရတဲ့အရသာတွေကို ခုံမင်တဲ့လူဆိုးလေးဖြစ်လာပါတော့တယ်။ အဲဒါကြောင့် သူ့မွေးစားအဖေတွေက မီးနဲ့ကစားရမှ ရင်ခုန်တတ်တဲ့သူ့ရဲ့စိတ်ဓာတ်ကို လမ်းကြောင်းမှန်ပေါ်တင်ပေးဖို့အတွက် အမျိုးသားအရာရှိလေ့ကျင့်ရေးကျောင်းကို ပို့လိုက်ပါတယ်။အဲဒီနောက်မှာတော့ ယုဒရာတစ်ယောက် ထိပ်သီးလူဆိုးဂိုဏ်းတွေနဲ့ ဘယ်လိုအပြိုင်ကြဲမလဲ ၊ မိဘတွေသေဆုံးမှုကိုရော ဖော်ထုတ်ပြီး လက်စားချေနိုင်မလားဆိုတာတွေကို အသတ်အပုတ် အက်ရှင်ခန်းများများနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး တခြားပေါကားတွေလိုမဟုတ်ဘဲ သေသေသပ်သပ်ဖြစ်လာတဲ့ဇာတ်ကွက်တွေကြောင့် ကြည့်ရကျိုးနပ်မယ့်ဇာတ်ကားတစ်ခုအနေနဲ့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဗျ။( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် ) File size… 2.4 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ ...
movie

Yudhra (2024)

Cirkus (2022) 6.4
Cirkus (2022) Cirkus (2022) Comedy, Drama IMDb 6.4/10 (21K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘောလီဝုဒ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ မင်းသားချော ရန်ဗီးဆင်းက Dual Role နေရာကနေသရုပ်ဆောင်ထားပြီး မင်းသမီး ပူးဂျာဟစ်ဂဒေ..ဂျက်ကလင်းဖာနန်ဒက်ဇ်တို့အပြင် ဟာသသရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ဆန်ဂျေးမစ်ရှရားစသဖြင့် သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ထားသလို မင်းသမီးချောလေး ဒီပီကားပါဒူကွန်ကလည်း Cameo အနေနဲ့ ပါဝင်ပေးထားပါတယ်နော်။ဆရာဝန်တစ်ယောက်ရဲ့စူးစမ်းချင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စမ်းသပ်ချက်တစ်ခုပေါ်မူတည်ပြီး အလွဲကြီးလွဲခဲ့ရတဲ့ဇာတ်ကြောင်းလေးပေါ့ဗျာ။အငှားကိုယ်ဝန်ဆောင်ခြင်းတွေ ခေတ်မစားသေးခင်ကာလ ဒီကိစ္စကို လူတွေလက်မခံနိုင်ကြတဲ့အခါ...။ပြုစုပျိုးထောင်ပေးတဲ့ မိသားစုတူရင် ဒီညီအစ်ကိုမောင်နှမတွေဟာ ကိုယ့်သွေးသားမဟုတ်လည်း သွေးသားရင်းခြာလို့ မေတ္တာထားကြမယ်။ ကူညီရိုင်းပင်ကြမယ်ဆိုတာကို ဒီဆရာဝန်ဟာ လောကကြီးကို ချပြချင်ခဲ့ပါတယ်။ဒီလိုနဲ့ အမြွှာနှစ်တွဲကို တစ်ယောက်ဆီလွဲထည့်ပြီး မိသားစုနှစ်စုကို တစ်တွဲစီမွေးစားဖို့ပေးလိုက်ပါတော့တယ်။တစ်ရက်တော့ ရုပ်တူပြီး လူချင်းလွဲနေတဲ့ ဒီအမြွှာနှစ်တွဲဟာ တစ်မြို့တည်းမှာ အတူဆုံကြတဲ့အခါမှာတော့ ဖြစ်ပျက်သမျှအလုံးစုံဟာ စတင်ပြီး လွဲလာပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ပါးစပ်မပိတ်တမ်း ရယ်ရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါတော့နော်။ File size…2.69GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor~Khin Khin~ Nyein Aye ...
movie

Cirkus (2022)

2022