Channel Myanmar

Satya

#Single (2025) 6.6
#Single (2025) SINGLE (2025) စင်ဂဲလ် (၂၀၂၅)ဒီကားလေးကတော့ IMDb 6.8 ရထားတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ရည်းစားအပြိုင်ရှာကြတဲ့ အချစ်ဟာသကားလေးပဲဖြစ်ပါတယ်..ဇာတ်လမ်းအစမှာတော့ အာရာဗင်နဲ့ဗီဂျေးသူငယ်ချင်းနှစ်ယောက် ဘုရားကျောင်းသွားပြီး အာရာဗင်က ချစ်သူရရှိရေးအတွက်ဆုတောင်းနေခဲ့ပါတယ် ..ဘုရားကျောင်းကအပြန်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်နဲ့ကြုံခဲ့ရပါတယ်.. ဘဝတစ်လျောက်လုံး ရည်းစားမရကြတဲ့သူငယ်ချင်းနှစ်ယောက် ..အခုအချိန်မှာ ဗီဂျေးက ဂါယာထရီလိုခေါ်တဲ့ကောင်မလေးနဲ့ အာရာဗင်ကိုမိတ်ဆက်ပေးဖို ရထားဘူတာကိုခေါ်သွားခဲ့တယ််.. ဗီဂျေးကောင်မလေးရသွားတော့ အာရာဗင်တစ်ယောက်ဘယ်လိုခံစားရမလဲ.. အာရာဗင်တစ်ယောက် ဂါယာထရီနဲ့တွေ့ရင် ဘာအလွဲတွေဖြစ်ဦးမလဲ … အာရာဗင်ကရော တောင်းထားတဲ့ဆုနဲ့ပြည့်ပြီး ချစ်သူလေးရသွားမှာလား.. ဗီဂျေးကရော ဂါယာထရီနဲ့ လက်တွဲတွေမြဲကြမှာလား .. ဒီကားလေးမှာအာရာဗင်နဲ့ ဗီဂျေးသူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဟာသလေးနှောကာ ခံစားရမှာဖြစ်ပါတယ်လူငယ်တွေကြားမှာ ဖြစ်လေ့ရှိတဲ့ ကောင်လေးနဲ့ကောင်မလေးကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာသလေးတွေ .. သူငယ်ချင်းအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဘယ်လိုရည်းစားရအောင်ကူညီပေးရင်း တလွဲတွေဖြစ်သွားမလဲ... ဇာတ်လမ်းထဲမှာပါတဲ့ သူငယ်ချင်းနှစ်ယောက် နောက်ဆုံးမှာ လူလွတ်ဘဝကကျွတ်ပြီး အချစ်စစ်ကိုရှာတွေ့သွားမလား ကျန်ရစ်တွေပဲဖြစ်သွားမလားဒီအချစ်ဟာသဇာတ်ကားလေးမှာ ကြည့်ရှူပေးကြပါဦးအညွှန်းတဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ် File size… 2.7 GB / 1.33 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

#Single (2025)

Akkada Ammai Ikkada Abbai (2025) 5.7
Akkada Ammai Ikkada Abbai (2025) Akkada Ammayi Ikkada Abbayi (2025) "တစ်ရွာသားမ၀င်ရ"ဒီတစ်ခါမှာတော့ CM ဘောလိဝုဒ်ပရိသတ်ကြီးအတွက် တေလဂူစကားပြော ကျေးလက်နောက်ခံ အချစ်-ဟာသ-ဒရာမာ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။တစ်ခါက မျိုးဆက်တစ်ဆက်မှာ ယောက်ျားလေးချည်းပဲ အယောက် ၆၀ မွေးဖွားပြီး မိန်းကလေး လုံး၀မထွန်းကားခဲ့တဲ့ ထူးထူးဆန်းဆန်းရွာလေးတစ်ရွာရှိပါတယ်။အဲဒီလိုဖြစ်ချိန်ကစလို့ ရွာမှာမိုးခေါင်ရေရှားဖြစ်ပြီး ရွာသားတွေ ဒုက္ခရောက်ခဲ့ကြပါတယ်။ မိန်းကလေးမွေးဖွားမှသာ အဲဒီဒုက္ခတွေကင်းဝေးမယ်လို့လည်းရွာသားတွေက ယုံကြည်ထားကြပါတယ်။တစ်နေ့တော့ ရွာမှာ ၆၁ ယောက်မြောက်မွေးတဲ့ ကလေးဟာ မိန်းကလေးဖြစ်နေပါတယ်။ ရွာသားတွေယုံကြည်ထားကြသလို အဲဒီမိန်းကလေးမွေးတာနဲ့ ရွာဟာလည်း မိုးခေါင်ရေရှားမှုကင်းဝေးသွားပါတယ်။အဲဒါကြောင့် အဲဒီမိန်းကလေးကို တစ်ရွာလုံးက အရမ်းအလေးထားကြပါတယ်။ ရွာကနေ မိန်းကလေးထွက်မသွားရေးအတွက်လည်း သူ့အရင်မွေးထားတဲ့ ယောက်ျားလေး ၆၀ ထဲက တစ်ယောက်နဲ့ပေးစားရမယ်လို့ စီစဉ်ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ ရွာကို မြို့သားတစ်ယောက် ရောက်ရှိလာပြီး အဲဒီမိန်းကလေးနဲ့ဆုံဆည်းမိတဲ့အခါ...၊ ကြိုတင်စီစဉ်ထားသလို ဖြစ်ချင်မှဖြစ်တတ်တဲ့ ကံတရားအတိုင်း ရွာသားတွေရဲ့အစီစဉ်တွေ တလွဲဖြစ်ကုန်မှာလား...မြို့သားကိုကိုနဲ့ ရွာကတစ်ဦးတည်းသော မိန်းမပျိုတို့ ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ...၊ ရွာသားတွေနဲ့ ဘယ်လိုတွေအမှုပွေကြဦးမလဲဆိုတာ... ရယ်ရယ်မောမော‌ ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood ...
movie

Akkada Ammai Ikkada Abbai (2025)

Ramam Raghavam (2025) 6.9
Ramam Raghavam (2025) Ramam Raghavam (2025) "အဖေ" IMDb - 7.9/10ဖခင်မေတ္တာကို ပုံဖော်ရိုက်ကူးထားတဲ့ အသစ်ထွက် တလေဂူးဒရာမာရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ရာမမ်ဆိုတာ လာဘ်ပေးလာဘ်ယူကို ရွံမုန်းတဲ့ စာရေးကြီးတစ်ယောက်ပါ။ လာဘ်ထိုးတဲ့ငွေပမာဏ များချင်သလောက်များ ရာမမ်ကတော့ ငြင်းလွှတ်တတ်တဲ့သူ။တစ်နေ့ သားလေးမွေးတော့ ရာမမ်ကြီး စိတ်ကူးတွေနဲ့ ကြိုတွေးပြီး ပျော်မြူးနေခဲ့တာပေါ့။ သားဖြစ်သူကို ဆရာဝန်ကြီးဖြစ်စေချင်တဲ့ ရာမမ်။ သားအတွက်ဆို အသက်စွန့်ဖို့တောင် ဝန်မလေးတဲ့ ရာမမ်။ သားဖြစ်သူကတော့ ဆရာဝန်ဖြစ်ဖို့မပြောနဲ့ အထက်တန်းကျောင်းတောင် ဆက်မတက်တော့ဘဲ ထွက်ပစ်လိုက်တယ်။သောက်စား လောင်းကစားလုပ်ပြီး အဖေဖြစ်သူအပေါ်မှာလည်း လေးစားမှုကမရှိဖြစ်လေတော့ ရာမမ်ကြီးတစ်ယောက် ခဲလေသမျှ သဲရေကျဖြစ်ပြီး သားဖနှစ်ယောက် ဘယ်ပုံဘယ်စခန်းဆက်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 2.5 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Ramam Raghavam (2025)

Agent (2024) 5
Agent (2024) Agent (2024)"အေးဂျင့်" ===================၂၀၁၇ ခုနှစ်က ထွက်ခဲ့တဲ့ Hello ဆိုတဲ့ ရုပ်ရှင်ထဲမှာ တယောထိုးလိုက် ခုန်ပျံကျော်လွှားလုပ်လိုက်နဲ့ နာမည်ကြီးခဲ့တဲ့ တေလေဂူးမင်းသားချော အက်ခေးလ်နဲ့ မာလျာလမ် ဂန္ထ၀င်မင်းသားကြီး မာမူသီတို့ အဓိကပါဝင်ထားတဲ့ တေလေဂူးစကားပြော စပိုင် အက်ရှင် သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ မီဒီယာ၊ အစရှိတဲ့ တိုင်းပြည်ဒေါက်တိုင်တွေအားလုံးကို အီလူမီနာတီအဖွဲ့လိုမျိုး အဖွဲ့အစည်းတစ်ခုက နောက်ကွယ်ကနေ ချုပ်ကိုင်ထားပါတယ်။အဲဒီအဖွဲ့ကြီးကို ကြိုးကိုင်နေတဲ့ အဆင့်အမြင့်ဆုံးလူ ခေါင်းဆောင်က ဂေါ့ဆိုတဲ့လူတစ်ယောက်ဖြစ်ပြီး အားလုံးသိကြတဲ့ အိန္ဒိယထောက်လှမ်းရေးအဖွဲ့ RAW က အဲဒီ ဂေါ့ကို ရှင်းဖို့ ကြိုးစားနေပါတယ်။ဒါပေမဲ့ အဲဒီလို အရင်းအမြစ်ပေါင်းစုံရှိတဲ့ RAW အဖွဲ့ကတောင် ဂေါ့ကိုဖမ်းဖို့ ခြေရာလက်ရာ လုံးဝ ရှာမတွေ့ဖြစ်နေတုန်းမှာ ငယ်ငယ်ကတည်းက စပိုင်တစ်ယောက်ဖြစ်ချင်လို့ နည်းမျိုးစုံလေ့ကျင့်ထားတဲ့ ရစ်ကီဆိုတဲ့ အပျော်တမ်းဟက်ကာကောင်လေးက RAW ရဲ့ စစ်စတမ်ထဲကို ဟက်ခ်ပြီး အေးဂျင့်တစ်ယောက် ဖြစ်ချင်ပါတယ်လို့ ကမ်းလှမ်းလာတဲ့အခါမှာတော့...။ရစ်ကီတစ်ယောက် RAW အဖွဲ့ထဲ ဝင်ခွင့်ရသွားမလား၊ ဂေါ့က ဘယ်လောက်ထိ ပါဝါရှိတဲ့သူလဲ၊ တစ်နိုင်ငံလုံးကို နောက်ကွယ်ကထိန်းချုပ်နေတဲ့ အဖွဲ့အစည်းကြီးကို ဖြိုချနိုင်ကြမလားဆိုတာတွေကို ရိုက်ချက်ခပ်မိုက်မိုက်တွေနဲ့ ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် ...
movie

Agent (2024)

4K HEVC
Daaku Maharaaj (2025) 6.3
Daaku Maharaaj (2025) Daaku Maharaaj (2025)"ဒါကူမဟာရာ့ဂျ်" ===============================တောင်ပိုင်းမင်းသားကြီး နန်ဒါမူရီနဲ့ ဘော်ဘီဒိုးတို့လို ဂန္ထဝင်သရုပ်ဆောင်ကြီးတွေရဲ့ အသစ်ထွက် အက်ရှင်ဒရာမာရုပ်ရှင်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အရင်ဆုံးပြောရရင် ဒီကားက ရုပ်ငြိမ်ဓာတ်ပုံတွေ တော်တော်လှပါတယ်။ဇာတ်လမ်းကတော့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရဲ့မြေး ဗိုင်ရှ်နာဗီဆိုတဲ့ မိတဆိုးကလေးမလေးဟာ မထင်မှတ်ထားဘဲ သူ့ရဲ့ခွေးလေး သေသွားတဲ့အတွက် သူ့ခွေးလေးကို သဝာ်တဲ့တရားခံကို ရဲတိုင်ရာကနေ လူဆိုးဂိုဏ်းကြီးတစ်ခုကို ရန်စမိသလိုဖြစ်သွားခဲ့ပါတယ်။အဲဒီလိုဖြစ်ပြီး ဗိုင်ရှ်နာဗီလေး အသက်အန္တရာယ်တွေ ကြုံလာရတဲ့အတွက် ထောင်ကျနေတဲ့ သူ့ရဲ့ဖခင် မဟာရာ့ဂျ်က ထောင်ဖောက်ပြေးလာပြီး သူ့သမီးရဲ့အိမ်မှာ ဒရိုက်ဗာအယောင်ဆောင်ကာ သမီးဖြစ်သူကို ကာကွယ်ပေးဖို့ကြိုးစားပါတယ်။မဟာရာ့ဂျ်ကတော့ တချိန်က အင်မတန်နာမည်ကြီးခဲ့တဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်ပြီး သူ့သမီးကို ကာကွယ်ဖို့ကြိုးစားရင်း နောက်ကလိုက်နေတဲ့ ရဲစုံထောက်တစ်ယောက်နဲ့လည်း ရင်ဆိုင်ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.8 GB / 1.4 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Daaku Maharaaj (2025)

Pushpa 2 – The Rule (2024) 6.3
Pushpa 2 – The Rule (2024) Pushpa 2 - The Rule (2024) "ပွတ်ရှ်ပါ ပြန်လာပြီ"Netflix WEB-DL ကြည်တောက်ရှင်းဖြစ်ပြီး ၄နာရီနီးပါး အပြည့်စုံဆုံး ဗားရှင်းကိုတင်ဆက်လိုက်ပါပြီ (4kလဲ ထွက်ရှိလာပါက ထပ်မံupdateပေးသွားပါမယ်)===============================အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားအာလူးအာဂျွန်နဲ့ မင်းသမီးရက်ရှ်မီးကားတို့ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ ပွတ်ရှ်ပါရုပ်ရှင်ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားကြီး ထွက်ရှိလာခဲ့ပါပြီ။ဘတ်ဂျက် ကုဋေငါးရာဝန်းကျင်သုံးထားပြီး Box Officerမှာ ကုဋေထောင့်ရှစ်ရာကျော်ထိရခဲ့တဲ့ ရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ရှေ့ကားနဲ့ အချိတ်အဆက်ရှိတဲ့အတွက် ၂၀၂၁ကထွက်ရှိခဲ့တဲ့ Pushpa: The Riseကို ကြည့်ပြီးမှ ဒီရုပ်ရှင်ကိုကြည့်ရင် ပိုပြီးဇာတ်ရည်လည်မှာပါ။ရှေ့ရုပ်ရှင် Pushpa: The Rise (2021)ကို CM Appမှာ 4K Resolutionနဲ့ ကြည့်ရှုနိုင်ပါတယ်။ရဲအရာရှိ ရှီခါဝက်တစ်ယောက် ပွတ်ရှ်ပါကိုဖမ်းမိဖို့အရေး အပြင်းအထန်ကြိုးစားနေပါတယ်။ ဒါပေမဲ့လည်း ဒီနေရာမှာရှိရမဲ့စည်းမျဉ်းက ပွတ်ရှ်ပါရဲ့စည်းမျဉ်းဆိုတဲ့အတိုင်း ရှီခါဝက်တစ်ယောက် ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်လို့နေတာပေါ့။တစ်နေ့ ဝန်ကြီးဖြစ်သူ တီရူပတီကိုရောက်လာတော့ ပွတ်ရှ်ပါသွားတွေ့တဲ့အချိန် ပြဿနာဖြစ်ပြီး ဝန်ကြီးဖြစ်သူကိုပါ ဖြုတ်ချဖို့ ပွတ်ရှ်ပါတစ်ယောက် ကြံပါတော့တယ်။ပွတ်ရှ်ပါမှာ အားလုံးရှိတယ် မရှိတာဆိုလို့ ရှုံးနိမ့်မှုနဲ့ အကြောက်တရားဆိုတာလိုပဲ အခက်အခဲအတားအဆီးမှန်သမျှကို ပွတ်ရှ်ပါတစ်ယောက် ဖျက်ဆီးဖြိုချပစ်ပုံကို ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။) File size…13 ...
movie

Pushpa 2 – The Rule (2024)

4K HEVC
Zebra (2024) 8.5
Zebra (2024) Zebra (2024) "ဆူရီယာ"ဒီတစ်ခါမှာ စိတ်ဝင်စားစရာကောင်းတဲ့ တေလဂူးစကားပြော မှုခင်းဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်တွေအနေနဲ့က Satyadev နဲ့ Priya Bhavani Shankar တို့ အဓိကပါဝင်ပြီး ပရိသတ်ရီဗျူးတွေလည်း အသင့်အတင့်ကောင်းတဲ့ဒီကားမှာ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ဆူရီယာက ထက်ထက်မြက်မြက်ရှိတဲ့ ဘဏ်ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး သူ့ကောင်မလေးကလည်း တခြားဘဏ်တစ်ခုမှာ လုပ်နေတဲ့ဝန်ထမ်းပါ တစ်ရက်မှာတော့ သူ့ကောင်မလေးဆွာတီက အလုပ်မှာ အမှားအကြီးကြီးတစ်ခုလုပ်မိတဲ့အခါ ဆူရီယာတစ်ယောက် ပြင်ဆင်ပေးဖို့ကြိုးစားရင်းနဲ့ ဘယ်လိုအရှုပ်အထွေးတွေထဲ ရောက်သွားမှာလဲ ကြွယ်ဝမှုတိုင်းရဲ့နောက်ကွယ်မှာ ပြစ်မှုတစ်ခုရှိတယ်ဆိုတဲ့ စကားအတိုင်း ဘယ်လိုအမှုအခင်းတွေ ဆက်ဖြစ်လာမှာလဲအိန္ဒိယဇာတ်ကားချစ်ပရိသတ်တို့ ရှုစားအားပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 6.27 GB / 2.75 GB / 1.4 GB Quality…4k HEVC WEB DL/ WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Zebra (2024)

4K HEVC
Appudo Ippudo Eppudo (2024) 6
Appudo Ippudo Eppudo (2024) Appudo Ippudo Eppudo (2024) "တာရာနှင့်စသော ဇာတ်လမ်းတစ်ပုဒ်"အသစ်ထွက်ရှိလာတဲ့ တေလဂူး မှုခင်းဒရာမာ ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်မင်းသမီးအချောအလှလေးဖြစ်တဲ့ Rukmini Vasant ပါဝင်ထားပြီး ဇာတ်လမ်းအကျဉ်းကတော့ ပြိုင်ကားမောင်းချင်တဲ့ အိပ်မက်တွေနဲ့ ပျော်ပျော်နေတတ်တဲ့ ရီရှီက တစ်နေ့မှာ ဆွဲကြိုးဖြတ်လုတဲ့ သူခိုးတစ်ယောက်ကို လိုက်ဖမ်းပေးရာကနေ တာရာဆိုတဲ့ အချောအလှလေးနဲ့ စတင်သိကျွမ်းခဲ့ပါတယ် မြင်မြင်ချင်းချစ်မိသွားခဲ့ပြီး ဖွင့်ပြောဖို့ တုံ့ဆိုင်းနေခဲ့တယ်နောက်တော့ သူ့မှာရည်းစားရှိနှင့်နေတာ သိသွားတဲ့အခါ လက်လျှော့လိုက်ပြီး အိပ်မက်တွေနောက်လိုက်ဖို့ ဘော်ဒါတစ်ယောက်နဲ့အတူ လန်ဒန်ကိုထွက်သွားခဲ့တယ်နှစ်နှစ်အကြာမှ တာရာ့ကိုမထင်မှတ်ထားဘဲ ပြန်တွေ့တဲ့အခါမှာတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 2.5 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Appudo Ippudo Eppudo (2024)

Mathu Vadalara 2 (2024) 7
Mathu Vadalara 2 (2024) Mathu Vadalara 2 2024 (ဒလီသမားကိုကိုအေးဂျင့်များ)ဘာဘူနဲ့ ယေဆူတို့နှစ်ယောက်ဟာ အရင်ကတော့ ဒလီသမားတွေပေါ့။ ဒလီလုပ်ရင်း မူးယစ်ဂိုဏ်းနဲ့ ကြုံတွေခဲ့ရလို့ ပရမ်းပတာတွေဖြစ်ခဲ့ရတဲ့ သူတို့နှစ်ယောက်။အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပြီးတော့ သူတို့ဘဝ တစ်ဆစ်ချိုးပြောင်းလဲမယ်လို့ထင်ခဲ့သော်လည်း အလုပ်က ထုတ်ခံလိုက်ရတဲ့အပြင် အိမ်ပိုင်ရှင်က မောင်းထုတ်တာကိုပါ ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ရှိတဲ့လက်ကျန်ငွေလေးနဲ့ စားသောက်ရင်း နောက်ဆုံးလက်ကျန်ငွေလေးနဲ့ မြေပဲဝယ်စားရာကနေ မြေပဲထည့်ပေးတဲ့ သတင်းစာအပိုင်းလေးမှာပါတဲ့ အလုပ်ခေါ်စာကိုမြင်ပြီး သွားလျှောက်ရာကနေ လျှို့ဝှက်အေးဂျင့်တွေဖြစ်လာကြတဲ့ သူတို့နှစ်ယောက်။လျှို့ဝှက်အေးဂျင့်ဖြစ်လာပေမယ့် လုပ်ရတဲ့အလုပ်နဲ့ ရတဲ့လစာ မကာမိတဲ့အတွက် သူတို့ဟာ အကျပ်ရိုက်နေပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာ ပြန်ပေးသမားကို လိုက်ဖမ်းရာကနေ ပြန်ပေးငွေတွေ မီးလောင်ပြီး ဆုံးရှုံးလိုက်ရတဲ့အခါ ရုံးချုပ်က လူ့အသက်သာဦးစားပေး ပိုက်ဆံမဟုတ်ဘူးလို့ ပြောလိုက်တဲ့ စကားအရ သူတို့ဟာ ပြန်ပေးငွေတွေထဲကနေ မသိမသာငွေတချို့ကို ယူထားဖို့ လုပ်ကြပါတော့တယ်။ဒီလိုအကြံအစည်တွေကို ရိပ်မိနေတဲ့ မိုက်ကယ်ဆိုတဲ့ အေးဂျင့်တစ်ယောက်ဟာ ဘာဘူနဲ့ ယေဆူကို ထောင်ဖမ်းဖို့လုပ်ရင်း သူတို့နှစ်ယောက် ဘယ်လိုတွေ ကွေ့ပတ်ပြီး ရှောင်သွားမလဲ ..... ဘာဘူနဲ့ ယေဆူတို့ကရော ဘယ်လိုမစ်ရှင်တွေကို ကိုင်တွယ်ဖြေရှင်းရဦးမလဲ ...... ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပြီးတော့ ဟာသမင်းသားကြီး Vennela ...
movie

Mathu Vadalara 2 (2024)

Mr Bachchan (2024) 4.5
Mr Bachchan (2024) Mr. Bachchan (2024) “ငါ့နာမည် မစ္စတာဘဂျမ်း” Genre – Action, Crime, Dramaအိန္ဒိယ စက်မှုလုပ်ငန်းရှင် Sardar Inder Singh ကို ငွေမည်းကိစ္စနဲ့ တကယ့်အပြင်မှာ ဝင်ရောက်စီးနင်းမှုအပေါ်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။ဒီအကြောင်းကိုပဲ ၂၀၁၈ ခုနှစ်တုန်းက မင်းသား Ajay Devgn က Raid ဆိုတဲ့နာမည်နဲ့ ရိုက်ကူးခဲ့ပါသေးတယ်။ အခု ဒီ Mr. Bachchan မှာတော့ မင်းသားကြီး Ravi Teja ပါဝင်သရုပ်ဆောင် အားဖြည့်ထားပါတယ်။ဘဂျမ်းဆိုတာ ဝင်ငွေခွန်ဌာနက မဟုတ်မခံ အမှန်တရားလက်ကိုင်ထားပြီး အကောင်ကြီးတွေကို လိုက်ဖြုတ်နေကြ အရာရှိဆရာကြီးပေါ့။ ဘဂျမ်းနာမည်ရလာတာလည်း ဖအေဖြစ်သူက မင်းသားကြီး အမီတာဘဂျမ်းကို အကြိုက်လွန်ရာကနေ သားဖြစ်သူကိုပါ နာမည်ပြောင်းပေးရတဲ့အထိပဲ ဒီလိုနဲ့ သူလည်း ဘဂျမ်း ဖြစ်လာခဲ့ရတာပေါ့။တစ်ရက်ကျ အကောင်ကြီးတစ်ကောင်ကို အလုပ်လွန်ပြီး ဟိုက အာဏာရှိတဲ့လူဖြစ်နေလို့ ဘဂျမ်းတစ်ယောက် တာဝန်ဆိုင်းငံ့ခံရပြီး မွေးရပ်မြေကို ပြန်လာရခဲ့တယ်။ အဲဒီမှာ ချစ်တဲ့ကောင်မလေးနဲ့တွေ့ပြီး အေးဆေးနေတော့မယ်ဆိုကာမှ မြို့ပေါ်က တကယ့်ဆိုးသွမ်းလာတဲ့ဆရာကြီးတစ်ပါးကို တာဝန်ယူဖို့အတွက် ဘဂျမ်းမှလွဲပြီး တခြားအရာရှိတွေ ...
movie

Mr Bachchan (2024)

Prasanna Vadanam (2024) 6.5
Prasanna Vadanam (2024) Prasanna Vadanam(2024)"မျက်နှာများ" ================================ဒါရိုက်တာ အာဂျွန်ဝိုင်ကေရဲ့ IMDb 8.2 ရတေလဂူးစကားပြော အက်ရှင်မှုခင်းရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။ဆူရီယာဟာ အက်ဆီးဒန့်တစ်ခုကြောင့် prosopagnosia လို့ခေါ်တဲ့ ခံစားနေရသူပါ။ Prosopagnosia ဆိုတာကတော့ ပြောရရင် မျက်နှာတွေကို မမှတ်မိနိုင်တဲ့ရောဂါပါ။ အဖေအမေရဲ့ မျက်နှာကိုတောင် မမှတ်မိတာကြောင့် နေ့တဒူဝ တွေ့နေကျလူတွေကို သူတို့ရဲ့ ထူးခြားတဲ့ဝိသေသတွေနဲ့ ကိုယ့်နည်းကိုယ့်ဟန်မှတ်ထားရတဲ့ ဆူရီယာဟာ တစ်နေ့မှာ ရာဇဝတ်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။သာမန်အချိန်တွေမှာ သူ့ရဲ့ရောဂါက သူ့အတွက် အားနည်းချက်ဖြစ်ပေမဲ့ အဲဒီရာဇဝတ်မှုမှာတော့ မျက်နှာတွေကို မမှတ်မိခြင်းက အားသာချက်ဖြစ်နေတဲ့အခါမှာတော့...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.36GB / 1.16GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Prasanna Vadanam (2024)

2024
Geethanjali Malli Vachindi (2024) 6.5
Geethanjali Malli Vachindi (2024) Geethanjali Malli Vachindi (2024) "ဂီသန်ဂျာလီ ပြန်လာခန်း"IMDb 6.6 ရထားတဲ့ တေလဂူး ဟော်ရာကားလေး တင်ဆက်ပေးလိုက်ပါတယ် ကြမ်းသင့်ရင်ကြမ်း ဖောက်သင့်ရင် ဖောက်တဲ့ ဟာသကားလေးမို့ ရုံးပိတ်ရက်မှာ ပရိသတ်ကြီးအပန်းပြေစေမှာ အသေအချာပါပဲကောင်မလေးတစ်ယောက် ရုံးတစ်ရုံးမှာ လူမရှိတဲ့ညအချိန် အလုပ်ရှင်သူဌေးကို ရာထူးတိုးဖို့ သွားတောင်းဆိုပေမယ့် သူဌေးရဲ့ ဗလက္ကာရပြုတာကို ခံလိုက်ရတဲ့အချိန်...မိန်းမချင်းစာနာတတ်တဲ့ သရဲမက အလုပ်ရှင်ကို အသေဆိုးနဲ့သေအောင် ပညာပေးလိုက်တယ် တကယ်တော့ ယောကျာ်းတစ်ယောက်ရဲ့ ယုတ်မာရက်စက်ခြင်းကို ခံခဲ့ရတဲ့ မိန်းကလေးက မကျွတ်မလွတ်ပဲ ဝိညာဥ်ဖြစ်နေတာပါတစ်ဖက်မှာလည်း သူငယ်ချင်းတစ်စု - ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ မင်းသားဖြစ်သူတို့ ကုန်းကောက်စရာမရှိအောင် ကျရှုံးနေလို့ ရုပ်ရှင်လောကကို ကျောခိုင်းဖို့အလုပ် ....ဟော်ရာရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခြင်းခံရတယ် ဒီကနေ အိမ်ကြီးတစ်အိမ်မှာ ရုပ်ရှင်ရိုက်ကြရင်း အဲဒီအိမ်မှာ တစ္ဆေအစစ်သုံးကောင် ရှိနေတဲ့အခါမှာ ဘယ်လိုအလွဲတွေ ဆက်ဖြစ်ကြမလဲ... ဝိညာဥ်တွေရဲ့ ပင်မဇာတ်လမ်းက ဘယ်လိုလဲဆိုတာကို ပရိသတ်ကြီးက ဆက်လက်အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.6GB ...
movie

Geethanjali Malli Vachindi (2024)

2024
Chaari 111 (2024) 7.7
Chaari 111 (2024) Chaari 111 (2024) အေးဂျင့်ချာရီIMDb 8.2/10 ဒါရိုက်တာတစ်ဖြစ်လဲ ဟာသသရုပ်ဆောင်မင်းသားကြီး Vennela Kishore ပါဝင်သရုပ်ဆောင်ထားတဲ့ လျှို့ဝှက်စုံထောက်အေးဂျင့်ကားလေး ထွက်ရှိလို့လာပါပြီIMDb အရလည်းမဆိုးသလို ဇာတ်လမ်းသဘောအရလည်း ဟာသလေးတွေနှောထားတာဖြစ်လို့ အပျင်းပြေကြည့်ရှူဖို့ အဆင်ပြေတဲ့ဇာတ်ကားတစ်ကားပါပဲ အစိုးရဌာနတွေဆိုတာ စည်းမျဉ်းတွေအတိုင်း စာအုပ်ကြီးအတိုင်းလိုက်နာရတဲ့ အဖွဲ့အစည်းတွေပါ အမှုတစ်ခုအဆုံးသတ်ဖို့ဆို လိုအပ်တာထက် ကြာရှည်နေတော့ဝန်ကြီးချုပ်ကနေ တစ်နိုင်ငံလုံးမှာ ၃ယောက်ပဲသိတဲ့ လျှို့ဝှက်အေးဂျင့်အဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်ဒီအဖွဲ့ရဲ့တာဝန်ရှိသူကတော့ ဗိုလ်မှူးပရာဆပ်ရောင်ဝ် .. စာအုပ်ကြီးတိုင်းလုပ်ဖို့မလိုဘဲ တိကျမှန်ကန် မြန်ဆန်တဲ့နည်းနဲ့ တိတ်တဆိတ်ဖြေရှင်းကြတဲ့ အတော်ဆုံးတွေစုပေါင်းထားတဲ့အေးဂျင့်အဖွဲ့အစည်းတစ်ခုပေါ့ ဒီလိုနဲ့တစ်နေ့ ဈေးဝယ်စင်တာတစ်ခုမှာဗုံးပေါက်ခဲ့တယ် ဒဏ်ရာရသူအများအပြားနဲ့ သေဆုံးသူတွေရှိနေပေမဲ့ ဗုံးအစအနမတွေ့ရလို့ အကျပ်ရိုက်နေကြတာပေါ့ ဆိုတော့ထုံးစံအတိုင်းလျှို့ဝှက်အေးဂျင့်အဖွဲ့အစည်း ရူရမ်နီတရာခေါင်းပေါ်ကျလာပါလေရော ဖြစ်ချင်တော့ ရှိတဲ့အေးဂျင့်တိုင်းက ကိုယ်စီအမှုတစ်ခုဆီကိုင်ထားလို့ မအားမလပ်ဖြစ်နေပြီး ရာထူးဆိုင်းငံ့ထားတဲ့ ချာရီဆိုတဲ့အေးဂျင့်ပဲကျန်ပါတော့တယ်ချာရီဆိုတာက အဆုံးသတ်မှာအမှုကိုဖြေရှင်းနိုင်ပေမဲ့ ဖြေရှင်းနေစဉ်မှာတော့ အရှုပ်အထွေး အပျက်အစီးတွေများလို့ အထက်လူကြီးတွေနှလုံးရောဂါရရတဲ့လူတစ်ယောက်ပါ သူ့လက်ထဲဒီလိုပြည်သူစိတ်ဝင်စားနေတဲ့အမှုထည့်ဖို့ဖြစ်လာချိန်မှာတော့ ဘယ်လိုအလွဲတွေနဲ့ နှစ်ပါးသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းကိုတော့ Yunni မှရေးသားထားပြီး CM Bollywood Team ကဘာသာပြန်ဆိုထားပါတယ်) File size…1.6GB / ...
movie

Chaari 111 (2024)

2024
Hanu-Man (2024) 8.4
Hanu-Man (2024) Hanu-man (2024) Imdb8.4/10 Rtscore 86%လက်ရှိမှာ ဟင်ဒီအသံဖြင့်သာ အကြည်ထွက်ရှိလာသေးတာမလို့ ဟင်ဒီအကြည်ဗားရှင်းဖြင့်သာ တင်ဆက်ပေးထားပါတယ် ======================== စူပါမျောက်မင်း ဟာနုမန်ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ တီလဂူလ်စူပါဟီးရိုးကားလေးပဲ ဖြစ်ပါတယ် အမြတ်ငွေလည်း ၃၅၀ ကုဋေလောက်ရရှိခဲ့ပြီး 2024 မှာ ဒုတိယရုံဝင်ငွေအကောင်းဆုံးကားဖြစ်ပါတယ်ဇာတ်လမ်းလေးကို ပြောရရင် rating တွေ ကြည့်ရုံနဲ့ မခေလှတာကိုတော့ တွေ့မှာပါပဲ အထူးပြုလုပ်ချက်ဘာညာကလည်း ရိုးရာလဲမပျက် ခေတ်လဲမှီတဲ့ပုံစံလေးမို့ မဆိုးဘူးလို့ပဲ မှတ်ချက်ပေးရမှာပါ တစ်ခုပြောပြရမှာကတော့ ဗီလိန်ကတော့ ဆရာဘတ်နဲ့အဲဖရက်ကို Ref ယူထားတာပါ ဆရာဘတ်လိုမိဘတွေသေမှ စူပါဟီးရိုးဖြစ်မှာဆိုပြီး ကိုယ့်မိဘကိုယ်ပြန်သတ်တဲ့ ဆရာဘတ်အဇာတသတ် ဗားရှင်းကဗီလိန်ကြီးပါ အဲ့ချိန်မှာ မင်းသားတို့ရဲ့ရွာလေးမှာလည်း ရွာကိုအနိုင်ကျင့်စားနေတဲ့ လူမိုက်ခေါင်းဆောင်နဲ့ သူ့တပည့်တွေရှိပါတယ် အဲ့ကောင်တွေက မင်းသားရဲ့ကောင်မလေးနဲ့ ပြသနာဖြစ်လို့ အဲ့ကောင်မလေးကို သတ်ဖို့လုပ်တာကို မင်းသားကအချစ်စွမ်းအားနဲ့ ကြားကဝင်တားတာ ဟိုကောင်တွေက ချောက်ထဲကိုကန်ချလိုက်ပါတယ် ချောက်ထဲပြုတ်ကျပြီး သိုင်းကျမ်းမရပဲ အစွမ်းရသွားတဲ့ စူပါဟာနုမန်နဲ့ စူပါဟီးရိုးဖြစ်ချင်လှတဲ့ ဆရာဘတ်အတုတို့ ရင်ဆိုင်ကြရတဲ့အခါမှာတော့..... ပရိသတ်ကြီးပဲ အာရှစူပါဟီးရိုးကားလေးကို အားပေးကြပါဦး အခြေအနေကောင်းရင် စူပါဒဿဂီရိတွေ ထပ်ထွက်လာနိုင်ပါသေးတယ်...အညွှန်းနဲ့ဘာသာပြန်ကတော့ Saii ~ BpL ~ V ~ Thaik San တို့ပဲ ဖြစ်ပါတယ် File size…3.12GB / ...
movie

Hanu-Man (2024)

2024
Devil (2023) 8.4
Devil (2023) Devil The British Secret Agent (2023) ချစ်မိသွားသော ကိုနှင်းမောင်CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် ခေါင်းစဉ်ကြည့်လိုက်တာနဲ့ ကြည့်ချင်စိတ်ပေါက်သွားမယ်လို့ ယူဆပါတယ် တကယ့်ကို ဆားပုလင်းနှင်းမောင် အိန္ဒိယဗားရှင်းပါပဲ ဒါပေမဲ့ ကိုနှင်းမောင်လိုတော့ စုံထောက်ပဲသက်သက်လုပ်ပြီး လူသတ်မှုပဲစုံစမ်းနေတာတော့ မဟုတ်ပါဘူးစုံထောက် အက်ရှင် အချစ်ဇာတ်ကြမ်းလေးပေါ့ဗျာ အဲ့လိုရေးထားလို့ ကြည့်မကောင်းဘူး ပေါမယ်မထင်လိုက်ပါနဲ့ တကယ့်ကို အိန္ဒိယကားပီပီ အချိတ်အဆက်မိမိနဲ့ အက်ရှင်ဒရာမာအချိုးအစားစားကျကျ တင်ဆက်ပေးထားတာပါဇာတ်လမ်းအစမှာ လူသတ်မှုတစ်ခုဖြစ်ပါတယ် အဲ့ဒါကို ဗြိတိသျှအစိုးရက အထူးအေးဂျင့်ဒေဗယ်(နတ်ဆိုး)ကို ဖြေရှင်းဖို့တာဝန်ပေးလိုက်ပါတယ် လူသတ်မှုကသပွတ်အူလိုရှုပ်ထွေးနေတာကို ဒေဗယ်တစ်ယောက်အသေးစိတ်စုံစမ်းရင်း လူသတ်မှုသံသယတရားခံရဲ့တူမလေး ဒေဗီကို ချစ်မိသွားပါတော့တယ်လူသတ်မှုကလည်း နောက်ကွယ်က လျှို့ဝှက်ချက်မြှပ်ကွက်ပေါင်းများစွာနဲ့ ထင်ထားတာထက်ပိုနက်နဲပြီး ဒါကိုစုံစမ်းခိုင်းတဲ့ ဗြိတိသျှအစိုးရကိုယ်တိုင်က အခြားရည်ရွယ်ချက်တွေ ရှိနေတဲ့အခါမှာတော့...အေးဂျင့်ဒေဗယ်တစ်ယောက် ဘာတွေကြုံတွေ့ရပြီး ဘာဆက်ဖြစ်ကြမလဲဆိုတာ စုံစမ်းရေးနောက်ခံဇာတ်ကားပေမဲ့ လူသတ်မှုစုံထောက်တာလေးနဲ့ အချစ်ဇာတ်လေးကို ကျောရိုးယူထားတော့ ကြည့်ရတာမပျင်းစေမဲ့ ဗြိတိသျှခေတ်စတိုင် အက်ရှင်ကားအလန်းလေးကို ပရိသတ်တို့ ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File ...
movie

Devil (2023)

2023
4K HEVC
Spark: L.I.F.E. (2023) 9.4
Spark: L.I.F.E. (2023) Spark L.I.F.E (2023) IMDb -9.4/10Mark Wahlberg ရဲ့ The Happening(2008)ကားကို မှတ်မိကြသေးလား။ လေထဲက ဘာမှန်းမသိတဲ့အရာတစ်ခုကြောင့် လူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာလေ။ ဒီတလေဂူးလ်ကားမှာလည်း လူတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေကြတယ်။လေထဲက အရာကြောင့်တော့ မဟုတ် SPARKလို့ခေါ်တဲ့ အရာကြောင့်။ထူခြားတာက သတ်မသေခင်မှာ ဘေးနားကလူတွေကိုပါရက်ရက်စက်စက် သတ်သွားကြတာပဲ။ လက်ခါဆိုတဲ့ ကောင်မလေးဟာ ထူးထူးဆန်းဆန်းပဲ သူ့ရဲ့အိပ်မက်ထဲကို အပြင်မှာတစ်ခါမှ မတွေ့ဘူးတဲ့ ကောင်လေးတစ်ယောက်က ဆယ်နှစ်တိုင်တိုင် အမြဲတမ်း ရောက်ရောက်လာတတ်ပါတယ်။အိပ်မက်ထဲကကောင်လေးကိုပဲ လက်ထပ်ချင်နေပြီး သူ့အဖေပေးစားဖို့ ရည်ရွယ်ထားသူမှန်သမျှကို ငြင်းပစ်နေတဲ့အခါမှာတော့ လက်ခါအဖေဖြစ်သူကနေ ရက်၃၀အတွင်းမှာမှ သူ့ရဲ့ အိပ်မက်ထဲက ကောင်လေးကို သူ့ရှေ့ခေါ်လာမပြနိုင်ရင် သူပေးစားတဲ့သူနဲ့ ယူရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တဲ့အချိန်မှာတော့ လက်ခါတစ်ယောက် ချစ်သူရှာပုံတော် ထွက်ရပါတော့တယ်။ဒီလိုနဲ့ တစ်ရက်မှာ လက်ခါလေးဟာ သူ့ရဲ့ အိပ်မက်ထဲကချစ်သူကို ရှာတွေ့ပြီး နောက်ကလိုက်တဲ့အခါမှာတော့ အဲဒီကောင်လေးဟာ ဆေးရုံကို ဓားပြလာတိုက်တဲ့သူ ဖြစ်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ လက်ခါတို့မြို့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ဖြစ်ပွားနေပါတယ်။ သတ်သေသွားသူတွေကလည်း သူတို့ကိုယ်တိုင် သတ်မသေခင်မှာ လူတချို့ကို သတ်ပြီးမှ ...
movie

Spark: L.I.F.E. (2023)

2023
Rules Ranjann (2023) 6.9
Rules Ranjann (2023) Rules Ranjan (2023) "ငယ်ချစ်ဦးနှင့် ပြန်လည်တွေ့ဆုံခြင်း" IMDb 6.9ရုံးပိတ်ရက်မှာ အမောပြေရယ်မောလို့ရမယ့် ပေါ့ပေါ့ပါးပါး rom-com တစ်ကားဖြစ်ပါတယ် Telugu သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kiran Abbavaram နဲ့ Neha Shetty တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မန်နိုရန်ဂျန် ဆိုတဲ့ ရိုးရိုးအေးအေး အင်ဂျင်နီယာ ဘွဲ့ရလေးတစ်ယောက်က မွန်ဘိုင်းက ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသွားပါတယ် တစ်ရုံးလုံးက သူ့ကို ဟင်ဒီစကားမတတ်လို့ ဝိုင်းအနိုင်ကျင့်ကြပြီး တစ်နေ့မှာတော့ အဲလက်ဆာ ဆိုတဲ့ AI စက်ကလေးရဲ့ အကူအညီနဲ့ ဟင်ဒီလို နားလည်ဖို့ ကြိုးစားပါတယ် အဲလက်ဆာရဲ့ အကူအညီနဲ့ ဆော့ဖ်ဝဲလ်မိတ်ဆက်ပွဲတစ်ခုမှာ မသမာမှုတစ်ခုကို အများရှေ့ ဖော်ထုတ်လိုက်နိုင်တာကြောင့် ရာထူးတိုးသွားပြီး သာမန် ရိုးရိုးအအ ဝန်ထမ်းလေး ရန်ဂျန်ကနေ ဘော့စ်ကပါ ကြောက်ရတဲ့ စည်းစနစ်ကျတဲ့ စာအုပ်ကြီးရန်ဂျန် ဖြစ်လာပါတော့တယ်အရာရာကို စည်းနဲ့ကမ်းနဲ့ လှေနံဓားထစ်လုပ်တတ်တဲ့ ရန်ဂျန်တစ်ယောက် တစ်နေ့မှာတော့ ကျောင်းတုန်းက ကြိတ် crush ...
movie

Rules Ranjann (2023)

2023
Bedurulanka 2012 (2023) 6.3
Bedurulanka 2012 (2023) Bedurulanka 2012 (2023)IMDB 6.2/10 ရထားတဲ့ အိန္ဒိယ Telugu ဘာသာစကားပြော ဟာသ/ဒရာမာ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ် Telugu မင်းသား Kartikeya Gummakonda သရုပ်ဆောင်ထားပါတယ်2012 ဆိုတာ တစ်ချိန်က နာမည်ပေါက်သွားခဲ့တဲ့ Hollywood ကမ္ဘာပျက်ဇာတ်လမ်းပါ ဒီကားလေးကလည်း အဲဒီ 2012 ဒီဇင်ဘာ 21ရက်နေ့အကြောင်းကိုသတင်းမီဒီယာတွေ တကြော်ကြော်ပြောနေတာတွေနဲ့ စတင်ထားပါတယ် Bedurulanka ဆိုတဲ့ ရွာလေးက ပညာတတ်နည်းပါးပြီး အုပ်ချုပ်ရေးမှူးကအစ တကယ့်သောက်တလွဲပါ ထိုအချိန်မှာ မီဒီယာရဲ့စကားတွေကို ထပ်ဆင့်ခုတုံးလုပ်ပြီး စီးပွားရှာချင်တဲ့ လူတစ်စုကလည်း ရှိနေပြန်ပါတယ်ရှီဗာဆိုသူက ရွာမွေးခြံပေါက်ဆိုပေမဲ့ မြို့မှာ ရုပ်ရှင်ဇာတ်ကားတွေအတွက် CGI effect တွေပြုလုပ်တဲ့ artist တစ်ယောက်ဖြစ်ပါတယ် ရွာမှာတော့ သူချစ်ရတဲ့ မိန်းကလေးကျန်နေခဲ့ပါတယ်တစ်နေ့ လက်ပေါက်ကပ်တဲ့ စီးပွားရှင် နဲ့ အနုပညာသမား ရှီဗာနဲ့ စကားအဝေ မတည့် ဖြစ်ပြီး ရှီဗာတစ်ယောက် အလုပ်ကထွက်လို့ ရွာပြန်လာပါတော့တယ် "ကမ္ဘာမီးလောင် သားကောင်ချနင်း" ဆိုတဲ့ အတိုင်း ဘေးဒုက္ခရောက်မယ်ဆိုကာမှ | အသွင်ပေါ်လာတဲ့လူတွေရဲ့ ကိုယ်ကျင့်တရားကို ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးပဲ အပန်းပြေအောင်ရိုက်ကူးထားပါတယ်အညွှန်းကို KKKZ ...
movie

Bedurulanka 2012 (2023)

2023
Bhola Shankar (2023)
Bhola Shankar (2023) Bhola shankar (2023) ===================ဘိုင်ရာဗာမင်းသား ရမ်ချရန်ရဲ့အဖေ မင်းသားကြီးချီရန်ဂျီဗီး၊ နာမည်ကြီး တောင်ပိုင်းမင်းသမီးချောတွေဖြစ်ကြတဲ့ သမန်းနားနဲ့ ကရီသီဆူရက်ရှ်တို့ ပါဝင်ထားကြပြီး ကုဋေ ၁၀၀၀ ကျော် ဘက်ဂျက်သုံးရိုက်ကူးခဲ့တဲ့ ရုံတင်ကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ မိန်းကလေးတွေ‌ ပျောက်ဆုံးမှုက ကိုလ်ကာတာမြို့ကြီးထဲ တွင်တွင်ကျယ်ကျယ်ကို ဖြစ်နေပါတယ် ဝန်ကြီးချုပ်အထိပါ ခေါင်းခဲရတဲ့ကိစ္စတစ်ခုဖြစ်တာကြောင့် တစ်ချက်အတိမ်းစောင်းမခံဘဲ ပြစ်မှုရှင်းလင်းရေးရဲ့ အတော်ဆုံးအရာရှိကိုလွှတ်တာတောင် အသတ်ခံလိုက်ရတဲ့အမှုဆိုတော့ တော်ရုံလူမကိုင်ရဲ ပျောက်ဆုံးမှုတွေဖြစ်မြဲပါပဲဘိုလာ.. ဒီလူ့အကြောင်းပြောရမယ်ဆိုရင် တစ်ပါးလူအပေါ်ဘယ်သူရယ်ဘယ်ဝါရယ်မတွေး ကူညီချင်စိတ်အပြည့်နဲ့ပေါ့ဗျာ အဖေအမေမရှိတဲ့ သူ့မှာ မိသားစုဆိုလို့ သူ့ညီမလေးမဟာတစ်ယောက်တည်းရှိတယ် ညီမလေးက သူ့ဘဝရဲ့ အရာရာ‌ပေါ့ ညီမလေးကို တုန်နေအောင်ချစ်တဲ့လူပေါ့ တစ်နေ့ .. လူပျောက်မှုတွေဖြစ်တဲ့မြို့ထဲ အကြောင်းမသိဘဲ သွားတိုက်ခန်းငှားနေမိရာကစ ဘာတွေဆက်မယ်ဆိုတာကတော့ ...ဒီ Bhola Shankar ရုပ်ရှင်ဟာဆိုရင် တမီလ်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Vedalam ကို တေလေဂူဗားရှင်း remake ပြန်ရိုက်ထားတာဖြစ်ပြီး မူရင်းကို မီမလားဆိုတာကို ပရိသတ်ကြီးကပဲဆုံးဖြတ်ပေးကြပါဦး...။ ( Yunni~Zwe ~Cherry ~YH~ToMo တို့က ညွှန်းဆိုဘာသာပြန်ပေးထားပါတယ်။ ) File size…4.4GB / 2.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 39m Subtitle….Myanmar ...
movie

Bhola Shankar (2023)

2023
Ramabanam (2023) 5.6
Ramabanam (2023) Ramabanam 2023 IMDb 5.9/10 Action/Dramaအခုတစ်ခါတင်ဆက်ပေးမယ့် တေလဂူးရုပ်ရှင်ကတော့ အက်ရှင်အကြမ်းစားတွေအပြင် မိသားစုတွေကြားထဲက ၅၂၈မေတ္တာ ချစ်သူတွေကြားက ၁၅၀၀မေတ္တာကိုပါ ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ရိုးသားမှုကို အရင်းခံပြီး သမာအာဇီဝကျကျနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ ရာဂျာရမ်မှာ ဗစ်ကီလို့ခေါ်တဲ့ ညီလေးတစ်ယောက်ရှိပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဖို့ အစ်ကိုဖြစ်သူက အမြဲဆုံးမလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူ မတရားသဖြင့် ဒုက္ခခံနေရတာကို မြင်ရပြီးနောက် လက်တုံ့ပြန်ခဲ့ပါတယ်။အစ်ကိုဖြစ်သူသိသွားပြီး ဗစ်ကီနဲ့ အချေအတင်ဖြစ်ကြတဲ့အခါ ဗစ်ကီတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ကာလကတ္တားမြို့ကို လက်ဗလာနဲ့ရောက်သွားတဲ့ဗစ်ကီတစ်ယောက် လုပ်ငန်းရှင်တစ်ဦးနဲ့ချိတ်ဆက်မိပြီး ယုံကြည်အားကိုးရတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ ထင်ထားသလောက်မရိုးရှင်းတဲ့စီးပွားရေးလုပ်ငန်းမှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူမကြိုက်တဲ့ ဒုစရိုက်မှုတွေလုပ်ပြီး ကြီးပြင်းလာခဲ့ပါတယ်။အချိန်တန်အရွယ်ရောက်လို့ ချစ်ရတဲ့သူတွေ့လာတဲ့အခါ လက်ထပ်ထိမ်းမြားဖို့ မိသားစုက အရေးပါတယ်ဆိုတာ ဗစ်ကီသိရတဲ့အခါ အစ်ကိုဖြစ်သူနဲ့မိသားစုဝင်တွေရှိရာဆီကို ပြန်လာခဲ့ပါတယ်။ မိသားစုတွေ ပြန်လည်ပေါင်းစည်းကြမိပေမယ့် ဖုံးကွယ်ထားရတဲ့အခက်အခဲကိုယ်စီလည်း ရှိနေကြပါတယ်။ ဗစ်ကီနဲ့အစ်ကိုဖြစ်သူ ဘာတွေဆက်ဖြစ်ကြမလဲ။ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ။ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နေသွားရမလားဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V, BpL, Zwe Yan, Dee နဲ့ Cherryတို့ဖြစ်ကြပါတယ်။) File size…3.2GB / ...
movie

Ramabanam (2023)

2023