Channel Myanmar

Satrya Ghozali

A Business Proposal (2025)
A Business Proposal (2025) A Business Proposal 2025 ကံကြမ္မာ၏ချစ်ခွင့်ပန်ခြင်းKdrama ဖန်တွေကြား မသိတဲ့လူမရှိတဲ့ A Business Proposal ဇာတ်လမ်းတွဲရဲ့ ဇာတ်အိမ်ကိုယူပြီး ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ အင်ဒိုသရုပ်ဆောင် အချောအလှလေးတွေနဲ့ ပြန်ပြီးလွမ်းဆွတ်လိုက်ရအောင်လားရှင်ဆာရီကငွေကြေးအခက်အခဲကြောင့် သူငယ်ချင်းဖြစ်သူအစား blind date တွေ့ဖို့သွားခဲ့ပါတယ် ဒီကမ်းလှမ်းချက်နောက်မှာ မထင်ထားတဲ့မြှုပ်ကွက်ကတော့ တစ်ဖက်လူက သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့ စီအီးအိုဖြစ်နေတာပါပဲ ဒီအဖြစ်အပျက်လေးကနေစပြီး ဆာရီနဲ့ စီအီးအိုတို့ကြားက ဆက်ဆံရေးက ရှုပ်ထွေးပြီး ရယ်စရာကောင်းတဲ့ အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်လာပါတော့တယ်အလုပ်ခွင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် မနှစ်သက်ခဲ့ကြပေမဲ့ အတုအယောင် Blind Date ကနေ ပေါက်ဖွားလာတဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်သွားမလဲ အတုအယောင် ဆက်ဆံရေးကနေ သူတို့နှစ်ဦး တကယ့်အချစ်စစ်ကို ရှာတွေ့နိုင်မလားဆိုတာကတော့ ရင်ခုန်စရာကောင်းတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေပါပဲမူရင်း တောင်ကိုရီးယားနာမည်ကျော် ဇာတ်လမ်းတွဲကို အခြေခံပြီး အင်ဒိုနီးရှားပုံစံနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ဒီရုပ်ရှင်ဟာ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေ ရယ်မောပျော်ရွှင်ရမဲ့ဇာတ်ဝင်ခန်းတွေနဲ့ စိတ်အပန်းပြေနိုင်စေမဲ့ ဇာတ်ကားကောင်းတစ်ကားပါလို့ ညွှန်းဆိုရင်း တင်ဆက်ပေးလိုက်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ် ) File size… ...
movie

A Business Proposal (2025)

Malam Pertobatan (2024)
Malam Pertobatan (2024) Malam Pertobatan (2024)ဆာမာရန်ဆိုတဲ့မြို့လေးမှာ ထူးဆန်းတဲ့အမှုတစ်ခုဖြစ်နေပါတယ် ဒါကတော့ အိတ်တွေထဲထည့်ပြီးစွန့်ပစ်ထားတဲ့ လူမိုက်တွေအလောင်းကို အစုလိုက်အပြုံလိုက်တွေ တွေ့ရလို့ပါပဲ သတင်းစာတွေထဲမှာပါ ပါလာရတဲ့ဒီသတင်းကို အများစုကတော့ လူမိုက်ဂိုဏ်းအချင်းချင်းရန်ဖြစ်လို့လုပ်တယ်ထင်ကြတာပေါ့ သူတို့ထင်နေကြသလို ဒီကိစ္စကရိုးရှင်းပါ့မလား...ဘာရွန်.. လောကမှာအကြောက်တရားဆိုတာကိုမသိတဲ့လူ ဈေးထဲမှာအနိုင်ကျင့် အကုန်ကြောက်ရပါတယ်ဆိုတဲ့လူမိုက်တွေတောင် တစ်ယောက်တည်းအနိုင်ယူလာတဲ့လူ ဒါပေမဲ့လူပေါင်းမှားတော့ လူမိုက်ဖြစ်လာပြီး ထောင်ကျတဲ့အထိဖြစ်လာခဲ့တယ်ထောင်ကလွတ်လာပြီး ကောင်မလေးရဲ့လမ်းပြမှုနဲ့ အတတ်နိုင်ဆုံးလမ်းမှန်လျှောက်ခဲ့ပေမဲ့ ဘော်ဒါတွေပါထောင်ကလွတ်လာပြီးတဲ့နောက်တော့ ပြဿနာတွေထဲ ပါခဲ့ရပြန်တယ် ဘော်ဒါတွေကောင်းမှုနဲ့ နာမည်ကြီးလူသတ်မှုထဲ သူတို့ဘယ်လိုပတ်သက်သွားမလဲ အသက်ကိုရင်းရတဲ့ကစားပွဲထဲ ဘယ်သူတွေသေပြီး ဘယ်သူတွေရှင်ကျန်ရစ်မယ်ဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo တို့ပဲဖြစ်ပါတယ် ) File size…500 MB / 400 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ ToMo
movie

Malam Pertobatan (2024)

Temurun (2024) 6.6
Temurun (2024)  Temurun (2024)IMDb Rating (6.6)ဒေဝီနဲ့ဆီနာတို့ဟာမောင်နှမရင်းတွေဖြစ်ပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီးနဲ့အတူနေထိုင်ပါတယ်။ဆီနာကတော့ အစ်ကိုကြီးဖြစ်ပေမယ့် ဘာကိုမကျေနပ်လို့မကျေနပ်မှန်းမသိ လောကကြီးကိုအရွဲ့တိုက်နေပြီးသူတို့မိခင်ကြီးရဲ့ကိစ္စအ၀၀နဲ့ အိမ်ထောင့်တာဝန်တွေကို ဒေဝီကပဲတာဝန်ယူထားရတာပါ။တစ်ညမှာတော့ သူတို့အိမ်ကို မျက်နှာဖုံးစွပ်လူဆိုးတွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သူတို့ရဲ့မိခင်သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီလူဆိုးတွေဟာ ဆီနာကိုလာရှာတာဖြစ်ပြီး သူမရှိတဲ့အတွက် တွေ့တဲ့သူကိုရန်ရှာသွားခဲ့တာပါ။မိခင်သေဆုံးသွားတဲ့နောက် ကိုယ်စိတ်နှလုံးဂျုံးဂျုံးကျသွားတဲ့ ဒေဝီဟာ သူတို့အမေရဲ့ဝိဉာဉ်ကိုမကြာခဏမြင်လာရပါတယ်။အဲ့ဒီအခြေအနေမှာပဲ ငယ်စဉ်ကတည်းက မိခင်ကိုရောသူတို့ကိုပါစွန့်ခွာသွားခဲ့တဲ့ သူတို့ရဲ့ဖခင်က သူနဲ့အတူလိုက်ခဲ့ဖို့လာခေါ်တဲ့ အချိန်မှာတော့ဒေဝီအနေနဲ့ ဖခင်ကိုရော အစ်ကိုကိုပါစိတ်နာနေပေမယ့် ရွေးစရာလမ်းမရှိတဲ့အတိုင်း သူတို့ဖခင်ခေါ်ဆောင်ရာ သူတို့ရဲ့ အမွေခံ စံအိမ်ကြီးကိုလိုက်ခဲ့တဲ့နောက်မှာတော့..။အဲ့ဒီအိမ်ကြီးကိုရောက်တဲ့ အချိန်မှာ သူတို့မိခင်ရဲ့ခြောက်လှန့်မှုတွေ ရပ်တန့်သွားမှာလား?သူတို့မိဘနှစ်ပါးကွဲကွာခဲ့တဲ့ ကိစ္စရဲ့အဖြေက ဘာဖြစ်မလဲ?သူတို့ရဲ့ခေါ်ဆောင်လာတဲ့ ဖခင်ဖြစ်သူရဲ့ရည်ရွယ်ချက်တွေကရော ရိုးသားရဲ့လား?... အစရှိတာတွေကိုကျောချမ်းစရာ ရှုစားကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.1 GB) / (550 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Thriller Duration….01:27:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Temurun (2024)

2024
Spirit Doll(2023) 5.7
Spirit Doll(2023) Spirit Doll (2023)CM ပရိသတ်ကြီး ညဘက်ကြည့်ဖို့ အင်ဒိုနီးရှား Horror ကားပါ အာရှသရဲကားတွေက ဟောလိဝုဒ်သရဲကားတွေနဲ့ atmosphere (အငွေ့အသက်) ရော theme(အာဘော်) ပါ ကွဲပြားတာများပါတယ် ကျွန်တော့်အမြင်အရဆိုရင် အာရှ horror ကားတွေက အယူအဆတွေက ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့တွေနဲ့ ပိုပြီးနီးစပ်တာမို့ ပိုပြီး ကြောက်စရာကောင်းတယ် ထင်ပါတယ်ရုပ်ရှင်နာမည်အတိုင်းပဲ ဝိညာဥ်အရုပ်လေး တစ်ရုပ်အကြောင်းပါပဲ ဇာတ်လမ်းအကျဥ်းကတော့ ဒါရာ ဆိုတဲ့ နာမည်ကြီး horror queen မင်းသမီးတစ်ယောက် ရိုက်ကွင်းမှာ သုံးတဲ့ spirit doll အရုပ်လေးကို အိမ်ယူလာပါတယ် သူ့ရဲ့ အမျိုးသားနဲ့ကွာရှင်းထားတာဖြစ်ပြီး သမီးလေးတစ်ယောက်ကတော့ အဖေအိမ်နဲ့ အမေ့အိမ်တစ်လှည့်စီ သွားနေနေရပါတယ် သမီးလေးကလည်း အဖေ့ဆီမှာပဲ အမြဲနေချင်တာကြောင့် သားအမိနှစ်ယောက် ပြဿနာတက်ကြရင်း တစ်နေ့ သမီးလေး လှေကားပေါ်က မတော်တဆ ကျပြီး သေဆုံးသွားပါတော့တယ် "မိခင်သောက" အင်ဒိုဗားရှင်းကို ကျောထဲစိမ့်နေအောင် ညဘက် မီးပျက်တဲ့အချိန် စောင်ခြုံသာ ကြည့်ကြပါအညွှန်းရေးသားသူက KKKZ ဖြစ်ပြီး ဘာသာပြန်ကတော့ Zwe Yan ...
movie

Spirit Doll(2023)

2023